Laminn Forex-Advisor

Laminn Forex-Advisor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Laminn Forex-Advisor, Business service, Aung Myae Thar Zan Township, Mandalay.

🤣🤣
13/03/2024

🤣🤣

ဘယ်အရာကိုမှ အကောင်းမမြင် တစ်ယောက်တည်း အထီးကျန်ရင်း စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် ဒီ ဇာတ်ကားလေးက အဖြေဖြစ်မယ်လို့ထင်ပါတယ်။ဒီဇာ...
09/03/2024

ဘယ်အရာကိုမှ အကောင်းမမြင် တစ်ယောက်တည်း အထီးကျန်ရင်း စိတ်ဓာတ်ကျနေတဲ့သူတွေအတွက် ဒီ ဇာတ်ကားလေးက အဖြေဖြစ်မယ်လို့ထင်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင်လည်း ကိုယ့်ကိုကိုယ် အခြားသူတွေနဲ့ အဆင်‌မပြေဘူးလို့ထင်နေတဲ့ လူတစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ပြီးတော့ မင်းသားက Carl Allen အဖြစ် Jim Carrey ကသရုပ်ဆောင်ထားတာမလို့ လုံး၀ ကြည့်သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ကြည့်ခါမှ အရသာ ပိုကောင်းစေအောင်လို့ အစပိုင်းလေးပဲ ပြောပြေပေးပါမယ်။
Carl ဆိုတဲ့ လူက ကိုယ့်ကိုကိုယ် အဆိုးမြင်တဲ့အပြင် အခြားသူတွေကိုလည်း ကြည့်မရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။သူငယ်ချင်းတွေ လာခေါ်ရင်တောင် မလိုက်ဘဲ သူဘာသူတစ်ယောက်တည်း အရာအားလုံးကို အဆိုးမြင်ရင်း ဖြတ်သန်းနေတဲ့ လူတစ်ယောက်ပေါ့။သူကိုယ်သူလည်း အခြားသူတွေနဲ့ မပေါင်းသင်းတတ်သူလို့ ထင်နေတဲ့သူမလို့ အလုပ်မှာ အဆင်မပြေတဲ့အပြင် ပျော်စရာအချိန်ဆိုတာတောင် မရှိခဲ့တာကြာပါပြီ။ဒါပေမယ့်လည်း တစ်ရက်မှာတော့ ဟောပြောပွဲ တစ်ခုကို သွားနားထောင်ရင်း သူ့အတွက် လိုအပ်နေတဲ့ ကွက်လပ်လေးရဲ့ အဖြေကို တွေ့သွားပါတယ်။အဲ့ဒီအဖြေလေးအတိုင်းပဲ ကျင့်သုံးရင်း သူက လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံတာ ကောင်းမွန်လာပြီး အလုပ်မှာလည်း ရာထူးတွေပါ တိုးလာခဲ့ပါတယ်။သူ့အတွက် အရာရာ အဆင်ပြေလာပေမယ့် သူ့က အဖြေအတိုင်း ကျင့်သုံးရာမှာ လိုအပ်‌ချက်လေးတွေ ရှိနေခဲ့ပါတယ်။အဲ့ဒီ အဖြေက ဘာဖြစ်မလဲ ၊ သူကရော ဘာလိုအပ်လေးတွေ ရှိနေလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းလေးကတော့ ကိုယ့်ကိုကို အဆိုးမြင်နေတဲ့သူတွေအတွက် ရလာတဲ့ အခွင့်အရေးတွေကို လက်မလွှတ်သင့်ကြောင်းကို ဟာသလေးနဲ့ ရောနှောပြီး ပြောပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။အဲ့တာကြောင့်မလို့ တစ်ယောက်တည်း အထီးကျန်နေတယ် စိတ်ညစ်နေတယ်ဆိုရင် "Yes Man(2008)" ဆိုတဲ့ ရုပ်ရှင်လေးက အဖြေပေးနိုင်မယ်ထင်လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

Yes Man (2008)

ဇာတ်ကားကြည့်ရန် တယ်လီဂရမ် လင့်

https://t.me/apexorigin101/46



Forex & Stock Tradingလုပ်ငန်းနဲ့ပတ်သတ်ပြီးသင်တန်းတတ်လိုတာဖြစ်စေ၊Trading Accountဖွင့်လိုတာဖြစ်စေ ကျတော့်ဖုန်းနံပါတ်ဖြစ်တဲ့ 09976277051( သို့မဟုတ် ) Page Messenger ( သို့မဟုတ် ) Chat Box သို့အသေးစိပ်ဆက်သွယ်၍ စုံစမ်းနိုင်ပါတယ်၊

Ko Lamin Naing
09976277051
Vision Global Myanmar

❝ နေ့စဉ်ဘုရားရှိခိုး၊တရားထိုင်တာကို  ပုံမှန်လုပ်ပေးခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ ❞═══════════════════════လူတချို့...
01/06/2023

❝ နေ့စဉ်ဘုရားရှိခိုး၊တရားထိုင်တာကို
ပုံမှန်လုပ်ပေးခြင်းဖြင့် ရလာမယ့်
အကျိုးကျေးဇူးများ ❞
═══════════════════════

လူတချို့က ဘုရားရှိခိုးတာ၊
တရားထိုင်တာတွေဟာ ဆုတောင်းချင်လို့၊
ကိုယ်လိုချင်တာတစ်ခုခုအတွက်
ဘုရားကိုအသုံးချဖို့ကြိုးစားနေတာမျိုးလို့
ထင်နေတတ်ကြပါတယ်။
တကယ်တော့ ဘုရားရှိခိုးတာ၊
တရားထိုင်တာဟာ လောကုတ္တရာ
အကျိုးတင်မကဘဲ လောကီ
ဆိုင်ရာအကျိုးတွေလည်း ရစေတဲ့
ကောင်းမွန်တဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။

နေ့စဉ်ဘုရားရှိခိုးခြင်းက
ဒီလိုအကျိုးကျေးဇူးတွေကို ရစေပါတယ်။

#စိတ်ကြည်လင်စေတယ်
နေ့တိုင်းဘုရားရှိခိုး၊ မိနစ်အနည်းငယ်
လောက်တရားထိုင်တာကို
ပုံမှန်လေးလုပ်ပေးနိုင်ရင်

နေ့စဉ်စိတ်ကြည်လင်မှုကိုဖြစ်စေပြီး
ရက်တွေကြာလာတဲ့အခါမှာလည်း
စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပိုင်းမှာ
အံ့သြစရာကောင်းလောက်အောင်
တိုးတက်လာတာကိုတွေ့ရပါလိမ့်မယ်။

#ကောင်းတဲ့စိတ်ကိုဖြစ်စေတယ်
ပတ်ဝန်းကျင်နဲ့ လူတွေအပေါ်
အဆိုးမြင်စိတ်ကိုလျော့နည်းစေတယ်။

ကောင်းမွန်တဲ့စိတ်ကိုဖြစ်ပေါ်စေပြီး
မျက်နှာကြည်လင်စေတယ်။
စိတ်ပျံ့လွင့်မှုတွေနည်းလာအောင်
ကိုယ့်ကိုယ်ကိုထိန်းချုပ်လာနိုင်ပြီး
ကောင်းမွန်တဲ့အတွေးတွေပေါက်
ဖွားလာစေပါလိမ့်မယ်။

#အာရုံစူးစိုက်မှုပိုကောင်းစေတယ်
စိတ်ငြိမ်းချမ်းမှုကိုဖြစ်ပေါ်စေတာကြောင့်
ကိုယ့်ရဲ့အတွေးတွေကိုထိန်းချုပ်လာနိုင်ပြီး
အာရုံစူးစိုက်မှု ပိုမိုအားကောင်းလာစေတယ်။

အဲ့ဒါက ပညာရပ်တွေလေ့လာ
သင်ယူတဲ့အခါမှာ၊ လုပ်ငန်းခွင်မှာ
ပိုအဆင်ပြေလာစေပြီး မိသားစု
အတွင်းဆက်ဆံရေးပိုမိုပြေလည်လာစေခြင်း၊ ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာခြင်း
စတဲ့အကျိုးဆက်တွေကို ရရှိစေပါတယ်။

#ဘဝမှာနေပျော်လာစေတယ်
ဘုရားပုံမှန်ရှိခိုးခြင်း၊ တရားထိုင်ခြင်းကြောင့်
စိတ်ကြည်လင်ငြိမ်းချမ်းခြင်းအပြင်
ဘဝမှာလည်း အရင်ကထက်
ပိုပြီးနေပျော်လာစေပါတယ်။

အဆင်မပြေမှုတွေ၊
အရှုံးတွေကြုံလာရင်လည်း
စိတ်ကိုထားတတ်လာမယ်၊
ရောင့်ရဲတတ်လာမယ်၊
ကိုယ်ချင်းစာနာစိတ်ပိုတိုးလာပါမယ်၊
ဒါကြောင့် ဘဝမှာ ပိုပြီးနေပျော်လာပါလိမ့်မယ်။

#ကျန်းမာရေးအတွက်လည်းကောင်းမွန်တယ်
ဘုရားရှိခိုး၊ တရားထိုင်ခြင်းက
စိတ်ပိုင်းဆိုင်ရာကိုကောင်းကျိုး
ဖြစ်စေရုံမက ခန္ဓာကိုယ်အတွက်လည်း
ကောင်းကျိုးဖြစ်စေပါတယ်။
သွေးတိုးကျစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ချေကိုလျှော့ချပေးခြင်း၊ ဦးနှောက်ကျန်းမာရေးပိုမိုကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။

21/05/2023

တနေ့က ဒီ Forex ကို လုပ်လာတာ ၁၀နှစ်ကျော်ရှိပြီး Broker တွေနဲ့ပတ်သတ်တာတွေ၊ Server တွေနဲ့ပတ်သတ်ပြီး လုပ်ပေးတဲ့ အကိုတယောက်နဲ့ ဘီယာဆိုင်မှာ ဆုံရင်း မိတ်ဖြစ်ဆွေဖြစ် စကားတွေပြောဖြစ်ခဲ့တယ်၊

အဲ့အကိုကတော့ မြန်မာပြည်မှာ Forex လုပ်ငန်းဒီလောက် Develop မဖြစ်သေးခင် လွန်ခဲ့တဲ့၁၀နှစ်လောက်ကတည်းက Singapore မှာစTrade လာတာပေါ့၊
အခုဆို You Tube က Forex စကားဝိုင်းတွေ၊Crypto စကားဝိုင်းတွေမှာလည်း Guest အနေနဲ့ အမြဲသူ့ကိုတွေ့ရတယ်၊

သူနဲ့စကားပြောဖြစ်တဲ့အခါမှာ သူဒီ Forex ကို စTradeတုန်းက ဘယ်လောက်ထိရှုံးဖူးလဲဆိုတော့ $30000 ထိသူရှုံးဖူးတယ်ပေါ့၊ အဲ့မှာမေးမိတာက ဒီလောက် ရှုံးတာတောင် ဒီ Market ကနေ စိတ်နာပြီးထွက်မသွားခဲ့ဘူးလားပေါ့၊ ကျွန်တော်သာဆို အဲ့လောက်ရှုံးရင် ဒီလုပ်ငန်းကိုဆက်လုပ်ဖြစ်မှာမဟုတ်လောက်ဖူးပေါ့လေ ၊

သူက ဘာပြန်ပြောလဲဆိုတော့ သူသာအဲ့အချိန် အဲ့အရှုံးနဲ့ ရပ်ခဲ့ရင် အိမ်ပေါ်က ခေါင်းနဲ့ဆင်းရမှာပေါ့ :3 , ပြီးတော့ လက်ရှိလိုမျိုး အမြတ်ကိုစနစ်တကျ နဲ့ပုံမှန်သေချာရှာနိုင်တဲ့ level တခုလည်းသူရောက်လာမှာမဟုတ်ဖူးပေါ့၊( အမြတ် အနည်းအများတော့ကွာတာပေါ့ )

သူက အဲ့ရှုံးတဲ့အရှုံးတွေကနေ သင်ခန်းစာယူပြီး သူ့ရဲ့အမှားတွေ၊လိုအပ်ချက်တွေကိုလိုက်ရှာတယ်၊ ထောက်ကြည့်တယ်၊ အချိန်ယူတယ်၊ပြင်ဆင်တယ်၊လေ့ကျင့်တယ် ၊ အခုဆို သူ့ရဲ့ ၁၀နှစ်ကျော် Experience နဲ့ တလကို Average $1000 လောက် သူပုံမှန် Profits ရှာနိုင်တဲ့ အနေအထားဖြစ်နေပြီ၊

ဒီ Market ဟာ အရမ်းငွေမြန်သလို အရမ်းလည်းငွေဆုံးရှုံးမြန်ပါတယ်၊ ကျွန်တော်တို့တော်တော်များများဟာTrading လုပ်လို့ရှုံးပြီဆို ဒီအရှုံးတွေကို အရမ်း Emotion လိုက်ဝင်ပြီးစိတ်ဖိစီးတတ်ကြတယ်၊

သေချာတာကတော့ ကိုယ်ဟာ Beginner အနေနဲ့ ဒီ Market ထဲဝင်Tradeရင် ရောင်းမှားဝယ်မှားဆိုတဲ့ အရှုံးတွေကတော့ကြုံရမှာပါပဲ၊ ဒါဟာ Trader တိုင်းဖြတ်ကျော်ရတဲ့ state ပါ၊

အဲ့လိုအချိန်မှာ ရှုံးကြတဲ့အခါ တချို့ကြတော့လည်း ဒီလုပ်ငန်းနဲ့ သူနဲ့ မကိုက်ဖူးထင်ပြီးနားသွားကြသူတွေရှိသလို တချို့ကြတော့လည်း ဒီ့ထပ်ပိုမရှုံးချင်တော့ဘူး၊ဒီလောက်အရှုံးနဲ့ ပဲရပ်လိုက်တာကောင်းမယ်ဆိုပြီးနားသွားကြသူတွေလည်းရှိပါတယ်၊

ဆိုတော့ အရောင်းအဝယ်လုပ်ငန်းတခုမှာ အရှုံးအမြတ်ဆိုတာကတော့ရှိစမြဲပါပဲ၊ မြတ်ရင်တော့ ပျော်ကြပေမယ့် ရှုံးပြီဆိုရင်လက်မခံနိုင်ကြတဲ့သူတွေများပါတယ်၊ လက်မခံနိုင်တဲ့အခါမှာ တကယ်လည်းရှုံးရော ရှုံးတဲ့အရှုံးကိုအမြတ်ပြန်လိုက်ရင်းကနေ ထပ်ရှုံးသွားတာမျိုးတွေ၊ emotion တွေဝင်ပြီး ထပ်Tradeတဲ့အခါမှာ အမှားတွေ၊စျေးကွက်အမှန်မမြင်နိုင်တာမျိုးတွေ၊ထပ်Tradeဖို့ကြောက်သွားတာမျိုးတွေ ဖြစ်ကြပါတယ်၊

တကယ်တော့ ကျွန်တော်တို့ဟာ စtradeကတည်းက ကိုယ်tradeတဲ့Lot နဲ့ကိုယ့်ရဲ့ Risk ဒဏ်ခံနိုင်မယ့်အရှုံးအမြတ်ကိုကြိုသတ်မှတ်ထားသင့်ပါတယ်၊ ဒီအနေအထားကိုမှ ကိုယ်ကရှုံးသွားပြီဆိုရင် ဒီအရှုံးကို Emotion ဝင်ရမှာမဟုတ်ပဲ ကိုယ်ဘာကြောင့်ရှုံးတာလဲ ?

ဥပမာ- ကိုယ်က ဝယ်ထားတယ်၊စျေးကကျလို့ရှုံးသွားတယ်၊ဘာလို့ရှုံးသွားလဲ၊ကိုယ်ဘာမှားသွားလဲဆိုတဲ့ အချက်ကိုလိုက်ရှာပြီး ကိုယ့်ရဲ့လိုအပ်ချက်တွေကို ပြင်ဆင်ပြီး နောက်ပိုင်း အရှုံးနည်းပြီး အမြတ်များများရနိုင်မယ့် ကိုယ်ပိုင် Trading Strategy တစ်ခု ရှာတွေ့ဖို့လိုပါတယ်၊

မိတ်ဆွေတို့လည်း မာယာများလှတဲ့ ဒီ Market ကြီးရဲ့ လစ်ဟာချက်ကိုရှာတွေ့ပြီး ကိုယ့်ရဲ့ အားသာချက်အဖြစ်ပြောင်းလဲအသုံးချနိုင်မယ်ဆိုရင်တော့ ရေရှည်မှာ အမြတ်တခုနဲ့ပုံမှန်ရပ်တည်နိုင်ပါလိမ့်မယ်၊ ကျနော်အဓိကပြောချင်တဲ့ Message ကိုအားလုံးနားလည်ကျမယ်လို့မျှော်လင့်ပါတယ်။

"1938 ခုနှစ်မှ 2017 ခုနှစ်အထိ နှစ်၈၀အတွင်း အဆင့်ဆင့်ပြောင်းလဲလာခဲ့သော မြန်မာ့ရွှေစျေးနှုန်းများ"1938ခုနှစ်က မြန်မာ့ရွှေဟ...
10/05/2023

"1938 ခုနှစ်မှ 2017 ခုနှစ်အထိ နှစ်၈၀အတွင်း အဆင့်ဆင့်ပြောင်းလဲလာခဲ့သော မြန်မာ့ရွှေစျေးနှုန်းများ"

1938ခုနှစ်က မြန်မာ့ရွှေဟာ ၁ကျပ်သားကို ၅၀ကျပ် တန်ဖိုးကနေ အဆင့်ဆင့် ပြောင်းလဲလာခဲ့ပြီး 2017ခုနှစ်မှာ ၉သိန်း၆သောင်းကျပ် တန်ဖိုးဝန်းကျင် ကိုရောက်ရှိခဲ့ပါတယ်၊ပြီးခဲ့တဲ့ 2022 ခုနှစ်မှာတော့မြန်မာ့ရွှေဟာသမိုင်းတလျှောက်အမြင့်ဆုံးစျေးတန်းကိုရောက်ရှိလာခဲ့ပါတယ်၊မိတ်ဆွေကိုယ်တိုင်ရော ဘယ်စျေးနှုန်းတွေရဲ့ခေတ်ကိုမှီခဲ့ပါသလဲ ?

အခုဆို နည်းပညာတွေတိုးတတ်လာတာနဲ့အမျှ မြန်မာ့ရွှေကိုလည်း Online ကနေအရောင်းအဝယ်ပြုလုပ်လို့နေပြီဆိုတာအတော်များများသိပြီးကြမှာပါ၊ ဒီလိုနည်းစနစ်ရဲ့အခြေခံဖြစ်တဲ့ ပိုမိုငွေဖြစ်မြန်ပြီး ပိုမိုကြီးမားတဲ့ ကမ္ဘာ့ရွှေစျေးကွက်ကိုလည်းဒီနေ့လိုခေတ်ကြီးမှာ စတင်လေ့လာပြီးလုပ်ကိုင်သင့်နေပါပြီ၊

🔗 ကမ္ဘာ့ရွှေအရောင်းအဝယ်ကဘယ်လိုလုပ်ရတာလဲ ?

အလွယ်ကူဆုံးပြောရရင်တော့ စျေးတတ်မယ်လို့တွက်ချက်မိရင် လက်ရှိစျေးကနေ ကြိုဝယ်ထားပြီး စျေးကျမယ်လို့တွက်ချက်မိရင် လက်ရှိစျေးကနေ ကြိုရောင်းခြင်းအားဖြင့် အရောင်းအဝယ်လုပ်၊အကျိုးအမြတ်ရှာရတာဖြစ်ပါတယ်(ဒီလိုစျေးအတတ်အကျတွေကိုလည်း စနစ်တကျခန့်မှန်းတတ်အောင် ကျွန်တော်တို့ဘက်မှအသေးစိတ်သင်ပြပေးသွားဦးမှာပဲဖြစ်ပါတယ်)

ဥပမာ ကမ္ဘာ့ရွှေက လက်ရှိ၁အောင်စကို $1800စျေးတန်းမှာရှိနေတယ်၊ကျွန်တော်တို့ကစျေးကွက်သဘောတရားခန့်မှန်းချက်တွေနဲ့ခန့်မှန်းတွက်ချက်ပြီး စျေးတတ်မယ်လို့ခန့်မှန်းမိတဲ့အတွက်ကြိုဝယ်ထားလိုက်တယ်၊ကျွန်တော်တို့ခန့်မှန်းထားတဲ့အတိုင်းပဲစျေးက $1800 စျေးကနေ $2000စျေးကိုတတ်သွားမယ်ဆိုရင် $200( 4သိန်း8သောင်း) အကျိုးအမြတ်ရခဲ့မှာပဲဖြစ်ပါတယ်၊ ( ငွေသွင်းငွေထုတ်ကိုလည်း ကျွန်တော်တို့ Company နဲ့ချတ်ဆတ်ထားတဲ့ Bank တွေကနေတဆင့်ပြုလုပ်နိုင်ပါတယ်)

ကမ္ဘာ့ရွှေမှာ ဒီလိုစျေးတန်းတွေက စက္ကန့်ပိုင်း၊မိနစ်ပိုင်းအတွင်း အတတ်အကျ ၊အပြောင်းအလဲဖြစ်နေတဲ့အတွက် မြန်မာ့ရွှေလို အကျစျေးတန်းတစ်ခုမှာဝယ်ထားပြီး အတတ်စျေးတန်းတစ်ခုရောက်ဖို့ထိစောင့်နေစရာမလိုပဲ စက္ကန့်ပိုင်း၊မိနစ်ပိုင်း၊နာရီပိုင်းအတွင်း အရောင်းအဝယ်လုပ် အကျိုးအမြတ်ရှာနိုင်သလိုရောင်းသူနဲ့ဝယ်သူကိုလည်းစောင့်စားနေစရာမလိုပါဘူး၊

မြန်မာ့ရွှေ မှာဆို အကျစျေးတန်း တစ်ခုမှာဝယ်ထားပြီး အတတ်စျေးတန်းရောက်မှ ထုတ်ရောင်းခြင်းဖြင့်သာ နည်းလမ်းတစ်မျိုးတည်းနဲ့ပဲအမြတ်ရှာလို့ရတာဖြစ်ပြီး ကမ္ဘာ့ရွှေမှာတော့ စျေးကျတဲ့အချိန်ရော ၊စျေးတတ်တဲ့အချိန်မှာပါ နည်းလမ်း၂မျိုးဖြင့် အရောင်းအဝယ်လုပ်၊အကျိုးအမြတ်ရှာနိုင်ပါတယ်၊ဒါကိုတစ်နည်းအားဖြင့်2Ways Marketလို့လည်းခေါ်ပါတယ်၊

ကမ္ဘာ့ရွှေနဲ့မြန်မာ့ရွှေရဲ့အဓိကကွာခြားချက်ကတော့ မြန်မာ့ရွှေဟာရွှေတုံးရွှေခဲတွေကိုဆိုင်ကိုသွားရောက်ဝယ်ယူရောင်းချကာအရောင်းအဝယ်လုပ်ရတာဖြစ်ပြီး ကမ္ဘာ့ရွှေမှာတော့သူ့ရဲ့စျေးနှုန်းတစ်ခုကိုပဲOnlineကနေအရောင်းအဝယ်လုပ်ရတာဖြစ်တဲ့အတွက် ဆိုင်ကိုသွားရောက်ဝယ်ယူဖို့အချိန်သီးသန့်ပေးရတာတွေ၊ပင်ပန်းတာတွေကိုသက်သာစေပါတယ်။

ကမ္ဘာ့ရွှေကိုအရောင်းအဝယ်လုပ်ခြင်းရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ မိမိရဲ့ အရှုံး၊အမြတ် ပမာဏကိုလည်းကန့်သတ်ထားနိုင်ပြီး တကယ့်စီးပွားရေးတစ်ခုအနေနဲ့မစတင်မီ Demo Accountလို့ခေါ်တဲ့ မိမိရဲ့တကယ့်ရင်းနှီးမြုပ်နှံငွေထည့်ထားရသေးတာမဟုတ်တဲ့ Accountအတုနဲ့လည်းစမ်းသပ်အရောင်းအဝယ်လုပ်၊ လေ့ကျင့်လို့လည်းရပါသေးတယ်၊

ဖုန်းတစ်လုံးရှိရုံနဲ့အင်တာနက်ရှိတဲ့ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမဆိုတစ်ပတ်ကို၂၄နာရီ၊၅ရက်ခန့် အရောင်းအဝယ်ပြုလုပ်နိုင်တာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့ Covidကပ်ရောဂါအခြေအနေနဲ့သာမက အခုခေတ်လိုအခြေအနေမျိုးမှာပါ အဆင်ပြေစွာ အရောင်းအဝယ်လုပ်၊အကျိုးအမြတ်ရှာနိုင်ပါတယ်၊

ကြိုတင်လေ့လာလိုသူများအနေနှင့်သင်တန်းတွင်သင်ကြားပေးမည့်သင်ခန်းစာများ -


(ကမ္ဘာ့ နာမည်ကြီး စတော့ ကုမ္ပဏီကြီး တွေရဲ့ စတော့တွေကိုအရောင်းအဝယ်လုပ် အကျိုးအမြတ်ရှာဖွေနိုင်တဲ့ စတော့ စျေးကွက်အကြောင်း)


( မြန်မာပြည်မှာ ဖွံဖြိုးစ ပြုလာတဲ့ အာမခံရှိတဲ့ အစိုးရ ငွေတိုက် စာချုပ်တွေကို ဘယ်လို ဝယ်ယူရမလဲ ဆိုတဲ့အကြောင်း )


( ဒေါ်လာ ၊ ယူရို၊ ပေါင် စသဖြင့် နိုင်ငံတကာငွေကြေး အစုံလင်ကို ရောင်း/ဝယ် လုပ်ပြီး အကျိုးမြတ်ရှာခြင်း စျေးကွက်အကြောင်း)


( လူတွေ အရမ်းကြိုက်တဲ့ ကမ္ဘာ့ရွှေ၊ငွေ၊ရေနံ စသဖြင့် ကုန်စည်တွေကို ရောင်း/ဝယ် လုပ်ပြီး အကျိုးမြတ်ယူနည်း စျေးကွက်အကြောင်း)


(နိုင်ငံတကာငွေကြေးဈေးကွက်များအကြောင်း)


(ကမ္ဘာ့ရွှေဈေးကွက် ရောင်း၀ယ်ခြင်းဆိုင်ရာနည်းပညာများအကြောင်း)


( ကမ္ဘာတစ်ဝန်းလုံးမှငွေကြေးအတွဲများရဲ့ ရောင်းဝယ်ခြင်းဆိုင်ရာ နည်းပညာများအကြောင်း )


(Forex Market မှာ ဘယ်လို၀င်ရောက် လုပ်ကိုင်နိုင်ကြောင်း)


(Online ကိုအသုံးပြုပြီး အရောင်း၀ယ် ပြုလုပ်ခြင်းဆိုင်ရာ နည်းပညာများအကြောင်း)


(အကျိုးမြတ်ရရှိအောင် ဈေးကွက်မှာ အရောင်း၀ယ်ပြုလုပ်ခြင်းနည်းဗျူဟာများ)


(ဈေးကွက်ထဲလက်တွေ့အရောင်း၀ယ်လုပ်ရတဲ့ Meta Trader 5 Software အကြောင်းအသေးစိတ်)


(ဈေးကွက်ကိုဘယ်လိုစနစ်တကျခန့်မှန်းသုံးသပ်ရမလဲ)

များစွာသော အကြောင်းအရာစုံကို စာတွေ့၊လက်တွေ့၂မျိုးလုံးဖြင့် စနစ်တကျသင်ပေးသွားမှာပါ၊

သင်တန်းအမျိုးအစားများ -

◾️Face to Face(One by One )Class - 150,000MMK
◾️One by One Zoom Class - 150,000 MMK

ပညာရပ်တစ်ခုအနေနဲ့လေ့လာလိုသူများအတွက် သင်တန်းတတ်ရုံဖြင့်ပြန်ရနိုင်မယ့်အကျိုကျေးဇူးများ 👇

https://m.facebook.com/story.php?story_fbid=538287808316122&id=100064047212850&mibextid=qC1gEa

ဒီသင်တန်းကိုတတ်ယုံနဲ့ ပြန်ရနိုင်မယ့်အကျိုးကျေးဇူးတွေ က သင်တန်းကြေးနဲ့တောင်တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး ၊

အသေးစိတ်ထပ်မံသိရှိလိုလျှင် Chat boxမှဖြစ်စေ၊
📱09 976096798သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို ကြိုတင်Appointmentယူပြီး ရုံးသို့လူကိုယ်တိုင်လာရောက်၍လည်းလေ့လာနိုင်ပါတယ်၊

Ko Laminn Naing
📱09976096798

အပိုဝင်ငွေ ရှာလို့ရမယ့် နည်းလမ်းတွေ ?ဒီနေ့လိုခေတ်မျိုးမှာ ဝင်ငွေ လမ်းကြောင်းတစ်ခု ထဲအပေါ်မှာ ရပ်တည်တယ် ဆိုတာ တကယ်တော့ အန...
05/05/2023

အပိုဝင်ငွေ ရှာလို့ရမယ့် နည်းလမ်းတွေ ?

ဒီနေ့လိုခေတ်မျိုးမှာ ဝင်ငွေ လမ်းကြောင်းတစ်ခု ထဲအပေါ်မှာ ရပ်တည်တယ် ဆိုတာ တကယ်တော့ အန္တရာယ် များပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ ပင်မ ဝင်ငွေ ရရှိမှု နည်းလမ်းအပြင် အခြားသော အပိုဝင်ငွေရနိုင်မယ့် နည်းလမ်း တွေကို ရှာဖွေ လုပ်ဆောင်ကြရလေ့ရှိပါတယ်။

ဥပမာ အမေရိကန်လိုနိုင်ငံမျိုးမှာ ဆိုရင် လူတိုင်းနီးပါး ဟာ စတော့ရှယ်ယာ စျေးကွက်၊ Forexဈေးကွက်Bond စျေးကွက် တို့ကို ရင်းနှီးကျွမ်းဝင်ကြပြီး အပိုဝင်ငွေ ရရှိနိုင်ဖို့ တစ်နိုင်တစ်ပိုင် ရင်းနှီးမြုပ်နှံကြလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကရော အပိုဝင်ငွေ တကယ် ရရှိ စေနိုင်မယ့် ဘယ်လို နယ်ပယ် တွေ နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျွန်တော့် အတွေ့အကြုံအရ မျှဝေပေးချင်ပါတယ်။

(၁) အကျိုးတော်ဆောင်….
အကျိုးဆောင် လို့ ခေါ်ဆိုကြတဲ့ အရပ်အခေါ် ပွဲစား လုပ်ငန်းဟာလည်း အပိုဝင်ငွေ ရရှိစေတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ အကျိုးဆောင် လို့ ဆိုရာမှာ ပိုင်ဆိုင်မှု Assets တွေကို ရောင်းရာ ဝယ်ရာမှာ အကျိုး ပြုပေးတာမျိုး ရှိသလို Service တစ်ခုခုပေးအပ် ခြင်းဖြင့်လည်း အကျိုးဆောင်ပေးတာမျိုးတွေ ရှိပါတယ်။ ဥပမာ အင်တာနက် ဘေဆောင်ပေးတာ၊ ဟင်းချက်စရာ ဝယ်ပေးတာ၊ နိုင်ငံခြား ကိုငွေလွဲပေးတာ၊ ကနေ အစ တိုက်ခန်း ၊ ကားအရောင်းအဝယ်၊ မြေကွက်အရောင်းအဝယ် စတဲ့ Assets တွေ အထိ ရောင်းသူ ဝယ်သူ ချိတ်ဆက်ပေး တာမျိုး တွေ ရှိ လေ့ရှိပါတယ်။ ဒါ့အပြင် အချို့ နယ်တွေ မှာ ဆန်စပါး၊ ပဲ စတဲ့ကုန်စည် တွေကို ဝယ်ယူ သိုလှောင်ချင်သူတွေ ရှိရင် ပေါက်စျေးကိုငွေလွဲပေးပြီး ဝယ်ယူပေးကာ ကိုယ်ပိုင်ဂိုဒေါင်မှာသိုလှောင်ပေးတဲ့ Service မျိုး တွေ လဲ တွေ့ရှိရတာပါပဲ။ ဒီလုပ်ငန်းနယ်ပယ်ဟာ လည်း ကိုယ့်ရဲ့ အဓိက အလုပ်ချိန်ပြင်ပမှာ အပိုဆောင်းအနေနဲ့ လုပ်ဆောင်နိုင်တဲ့ ငွေရှာနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။
(၂) ဝယ်ရောင်း
ဒီနည်းကတော့မိမိမှာ စုဆောင်းထားတဲ့ ငွေပမာဏ အသင့်အတင့်တစ်ခု ရှိမယ်ဆိုရင် ဆောင်ရွက်လို့ရ တဲ့ အပိုဝင်ငွေရှာနည်းပါပဲ။ ရွှေ၊ ဒေါ်လာ၊ နိုင်ငံခြားငွေကြေး၊ ကား၊ အိမ်ခြံမြေ၊ ဖုန်း Second၊ လျှပ်စစ်ပစ္စည်း ကအစ Assets အမျိုးအစား အများစု ဟာ ဝယ်ရောင်းလုပ်ခြင်းကနေ အပိုဝင်ငွေရှာ လို့ ရ နိုင်ပါတယ်။
ဒီလို လုပ်ဆောင်ရာမှာကတော့ အချိန် ကို အသုံးချခြင်း၊ နေရာကိုအသုံးချခြင်းဆိုပြီး နှစ်မျိုး ဆောင်ရွက် နိုင်ပါတယ်။ စျေး ကျတဲ့ အချိန်မှာ ဝယ်ထားပြီး စျေးတက် တဲ့ အချိန်မှာ ရောင်းချ အမြတ်ယူ တာကတော့ အချိန်ကို အသုံးချ ခြင်းဖြစ်ပြီး စျေး သက်သာ တဲ့ နေရာ ကနေ ဝယ်ယူပြီး စျေး များ တဲ့ နေရာ ကို ယူဆောင်ရောင်းချ တာကတော့ နေရာကို အသုံးချခြင်းဖြစ်ပါတယ်။
ကျွန်တော် ငယ်စဉ် အလယ်တန်းကျောင်းသားဘဝ မှာ တုန်း က ဘုရားဖူးထွက်ရင်း နယ်ဖက် ကနေ သနပ်ခါးတုန်းအရှည် ကြီးတွေကို စျေး သက်သက်သာသာ နဲ့ ဝယ်လာခဲ့ပါတယ်။ ရန်ကုန်အိမ်လဲ ရောက်ရော အဖေ့ တပည့် ကို လက်တစ်ဝါး စာ သနပ်ခါးတုံးတွေ အဖြစ် လွှနဲ့ တိုက် ဖြတ် ဖို့ ပူဆာ ပြီး အမေ့ ကုန်စုံဆိုင်မှာ တင်ရောင်းကာ မုန့်ဖိုး ရှာ ခဲ့ဖူးပါတယ်။ ဒါကတော့ နေရာကို အသုံးချခြင်း ပါပဲ။
(၃) မျှဝေပို့ချခြင်း…
မိမိတတ်မြောက်ရာ ကျွမ်းကျင်ရာ အတတ်ပညာ တစ်ခုခုကိုလဲ အပိုဝင်ငွေရဖို့ လူအများကို သင့်တင့်တဲ့ ပညာကြေး ရယူပြီး မျှဝေနိုင်ပါသေးတယ်။ ဥပမာ မိမိ က အမျိုးသမီးဝတ် ဖက်ရှင် အထည်တွေ ကိုယ်တိုင် ချုပ်လုပ်ရောင်းချ နေတယ်ဆိုပါစို့။ ဒါဆိုရင် ဒီပညာ ရပ်ကိုပဲ အင်္ကျီ ချုပ်သင်တန်း ဖွင့် လှစ်ပြီး အပိုဝင်ငွေရယူနိုင်ပါတယ်။ အဲဒီကနေမှ တစ်ဆင့် သင်တန်း သားတွေကို ကုန်ကြမ်း တွေ ရောင်းချ တာ၊ ဒီဇိုင်းတွေ ရောင်းချတာ၊ လက်ကားစျေးနဲ့ ချုပ်ပြီးသား အထည်တွေ ပြန်ဖြန့်တာ စတာတွေကို ဆက်လက် တိုးချဲ့ သွားလို့ရပါတယ်။
(၄) အချိန်ပိုင်းအလုပ်တွေ..
ဒီဖက်ခေတ်မှာ ဝင်ငွေကောင်းတဲ့ အချိန်ပိုင်းအလုပ်လေးတွေ ကနေလဲ အပိုဝင်ငွေ ရရှိနေနိုင်ပြီ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အိမ်မှာကို အိမ်သားတွေ အလုပ်များပြီး အိမ်သန့်ရှင်းရေး မလုပ်နိုင်တော့တဲ့ အခါ တစ်ပတ် တစ်ခါ လောက် သုံးနာရီစာ သန့်ရှင်းရေး Service ကိုခေါ်ယူရလေ့ရှိပါတယ်။ သုံးနာရီ အတွင်း အိမ် သန့်ရှင်းရေးကို အကောင်းဆုံး လုပ်ဆောင်ပေးပြီး Service Fees ကလည်း သောင်း ဂဏာန်း ခန့် ပေးရလေ့ရှိပါတယ်။
ကျွန်တော့် အိမ်ရှေ့ စျေး ထဲမှာ ဆိုက်ကားဆရာကြီး တစ်ဦးရှိပါတယ်။ သူ ရဲ့ အလုပ်ကြိုးစားမှု ကလဲ နမူနာယူစရာပါပဲ။ မနက်ကနေ ညနေ ခင်း အထိ ဆိုက်ကား နင်းတဲ့ အလုပ်ကို အဓိက လုပ်ပါတယ်။ ဒါပေမယ့် အဲဒီ ကနေ အချိန်ပိုင်း အနေနဲ့ စျေးထဲက ဆိုင်တွေ ၊ အိမ်တွေ မှာ လိုတာလေးတွေ အစုံ လိုက် လုပ်ပေးပါတယ်။ ရေပိုက်ပြင်တာ၊ မီးလိုင်းရိုက်တာ၊ ရေဆိုးမြောင်းရှင်းတာ စတဲ့ အသေးစား အလုပ် ၊ ညစ်ပတ်လို့ လူအများမလုပ်ချင်တဲ့ အလုပ်လေးတွေ နဲ့ အရင်စတာပါပဲ။ အဲဒီကနေ သူ အတွက် လိုတဲ့ ပညာတွေလဲ ထပ်သင်၊ လိုတဲ့ ပစ္စည်း ကိရိယာလေးတွေ လဲ ဝယ်စုပြီး နှစ်နည်းနည်း ကြာတော့ ကွန်ကရစ်ခင်းတာ၊ အုတ်တံတိုင်းဆောက်တာ၊ ကြွေပြားကပ်တာ ၊ အိမ်အလှဆင် ဆေးသုတ် တာ၊ စတဲ့ အလုပ်ကြီးတွေကိုပါ လက်ခံ လုပ်လာနိုင်ပါရော။ နောက်တော့ သူ့ဆိုက်ကား ကို အငှားပြန်ချ နင်းခိုင်းလိုက်ပြီး သူက အိမ်တွေ ရဲ့ အထက်ကလို လုပ်ငန်းတွေကို ပုတ်ပြတ် ဖြစ်စေ နေ့စား ဖြစ်စေ လက်မလည်အောင်လုပ်ရင်း အဆင်ပြေသွားပါတော့တယ်။
(၅) ငှားစားမယ်….
အပိုဝင်ငွေ အလွယ်တကူ ရနိုင်တာက Assets တွေကို ငှားရမ်း တာပါပဲ။ တိုက်ခန်း ဝယ်ပြီး ငှားထားမယ်၊ တက်စီ ကားဝယ်ပြီး အငှားချ အုံနာခယူမယ်၊ ဆိုင်ကယ် ဝယ်ပြီး ငှားထားမယ်၊ ဆိုက်ကား အငှားချမယ်၊ နောက်ဆုံး အသုပ်သည်တွေ အတွက် တွန်းလှည်းတွေကအချ အငှားချပြီး ဝင်ငွေ ရရှိနေသူတွေ ရှိပါတယ်။
သက်ဆိုင်ရာ နယ်ပယ်အလိုက် လိုအပ်တာတွေကို အငှားချပြီး ဝင်ငွေ ယူကြတာပါပဲ။ အိမ်တက် ဆွမ်းကပ် လို ပွဲတွေ အတွက် ပန်းကန်ခွက်ယောက်တွေ ငှားတာ၊ ကော်ဇောတွေ ထိုင်ခုံတွေ ငှားတာ၊ မင်္ဂလာဆောင်တွေ အတွက် နောက်ခံ အလှကားတွေ၊ မီးစလိုက်တွေ ပန်းတွေ ငှားတာ၊ လက်ဝတ်ရတနာ ငှားတာ၊ ဝတ်စုံတွေ ငှားတာ၊ စသဖြင့် အစုံပါပဲ။
လျှပ်စစ်မီးခက်ခဲ တဲ့ ရွာတွေ မှာဆိုရင် မီးထွန်းဖို့ ဘက်ထရီ အိုးလေးတွေ ကို နေ့စဉ် လိုက်လံ ငှား ရမ်း တဲ့ လုပ်ငန်း မျိုးကိုတောင် တွေ့ခဲ့ ရဖူးပါသေးတယ်။
(၆) လက်ကား ယူ လက်လီပြန်ရောင်း..
မီးဖိုချောင်သုံး ပစ္စည်းလေးတွေ၊ အလှကုန်တွေ၊ အထည်အလိပ်တွေ၊ လူသုံး ပစ္စည်းတွေကို လက်ကား အနေနဲ့ ပြန်ယူပြီး ကိုယ့်ရပ်ကွက်၊ကိုယ့်ရုံး က အသိ တွေကို တစ်ဆင့်ပြန်လည် ရောင်းချ တဲ့ နည်းနဲ့ လဲ အပိုဝင်ငွေ ရှာလို့ ရပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝ က ရုံး ဝန်ထမ်းတွေအတွက် ဖုန်းဘေ ကတ် တွေကို တစ်လ လုံး အကြွေးဖြည့်ပေးတဲ့ service ပေးခဲ့ ပါသေးတယ်။ တစ်လ လုံးစိတ်ကြိုက်ဖြည့် လကုန် လစာထုတ်မှ ပေါင်းပေးရ တဲ့ စနစ်ပါပဲ။ ဒီလို အကြွေးပေးရတဲ့ အတွက် တစ်သောင်းကျပ်ကို ငါးရာ ကျပ် အပိုဆောင်းရယူ မှုတော့ ရှိပေမယ့် အားလုံးက လက်ခံ ပြီး အားပေးကြလို့ ဝင်ငွေ တစ်ခု ရရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီဖက် ခေတ်မှာ Multi Level Marketing လို အမြတ် များများယူပြီး လူ ဆွယ် မန်ဘာကြေး ကောက်တဲ့ စနစ်မျိုး ကိုမလုပ်ကိုင်မိဖို့တော့ လိုပါတယ်။
(၇) လုပ်ငန်းကြီးတွေ နဲ့ချိတ်ဆက်…
အကျိုးဆောင်သဘောတော့ သက်ရောက် ပေမယ့် နည်းနည်း သဘာဝ ကွဲလို့ ခေါင်းစဉ် တစ်ခုအဖြစ် ထားလိုက်တာပါပဲ။ ဥပမာ တစ်ချို့ မီးစက် ၊ ဆိုလာရောင်းချ တဲ့ လုပ်ငန်းတွေက သူတို့ ရဲ့ Product ကို အားပေး တဲ့ ဝယ်ယူတဲ့ Customer တစ်ဦး မိတ်ဆက်ပေးနိုင်ရင် ရာခိုင်နှုန်းတစ်ခု ပေး တဲ့ အလုပ်မျိုးပါပဲ။ ဆေးဖက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ၊ အားကစားပစ္စည်းတွေ၊ ဆောက်လုပ်ရေး စတဲ့ တန်ဖိုး မြင့်တဲ့ Product တွေ မှာ ဒီလို လုပ်ဆောင် ခွင့်ပေးလေ့ရှိပါတယ်။
အချို့သော ခရီးသွားလုပ်ငန်းတွေ ဆိုရင် ခရီးစဉ် Package တစ်ခုအတွက် ခရီးသွား ၁၀ ဦး ရှာပေးနိုင်ရင် တစ်ဦးစာ အခမဲ့ ပေးတာမျိုး ရှိပါတယ်။ ဒါမျိုးကိုချိတ်ဆက်ပြီး ခရီးသွား ၁၀ ဦးရှာပေးကာ အခမဲ့ တစ်ဦး စာ ကိုပြန်လည်ရောင်းချ တာမျိုး တွေ လဲ တွေ့ရှိဖူးပါတယ်။
(၈) နည်းပညာ အခြေပြု အပိုဝင်ငွေ…
ဒီဖက်ခေတ်မှတော့ နည်းပညာ အခြေပြု ဝင်ငွေ အမျိုးအစားတွေ အတော်လေးပေါများလာပါတယ်။ Youtube ကနေ ဝင်ငွေ ရရှိတာ၊ website.တွေ ကနေရတာ၊ instant articles, ad breaks စတဲ့ facebook ကနည်းလမ်းတွေ ,Online Tradingတွေ စသဖြင့် များစွာ ရှိလာပါတယ်။ ဒါ့အပြင် လူများများ ရှိတဲ့ page, Group, Website တွေ ဖန်တီးထားပြီး ကြော်ငြာတွေ လက်ခံတာ၊ Live Sales အနေနဲ့ Product တွေကို ကိုယ်စား ရောင်းချပေးတာ၊ စတာတွေ ရှိလာပါတယ်။
တစ်ခုသတိပြုရမှာကတော့ ဘယ်နည်းလမ်းက တကယ် အလုပ်ဖြစ်သလဲ၊ အချိန် နဲ့ငွေ ဘယ်လောက် ရင်းနှီးရမလဲ၊ အကျိုးရှိမှုနဲ့ ဘဝတက်လမ်း စတာတွေ ပါ ချိန်ထိုးပြီး ရွေးချယ် လုပ်ဆောင် သင့်တာပါပဲ။
(၉) ကိုယ့်လက်ရှိလုပ်ငန်းနဲ့ ချိတ်ဆက် ဝင်ငွေ..
တကယ်လို့ ကိုယ်က ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူဆိုရင်တော့ အပိုဝင်ငွေကို လက်ရှိလုပ်ငန်း နဲ့ပဲ ချိတ်ဆက် ရယူလို့ ရပါသေးတယ်။ ဥပမာ ရောင်းရ တဲ့ ပစ္စည်းတွေ များလာတဲ့ အခါ Delivery Service ကိုပါ Charges တစ်ခု ယူပြီး ထပ်ဆောင်းဝန်ဆောင်မှုပေးတာ၊ အဆောင်ငှား ထားပြီး အငှားနေသူ များကို ကုန်စုံနဲ့ လူသုံးပစ္စည်းတွေ ရောင်းချတာ၊ စတဲ့ နည်းလမ်းမျိုးစုံ စဉ်းစားလို့ ရနိုင်ပါသေးတယ်။
(၁၀) သတင်းအချက် အလက် ရောင်းမယ်…
တကယ်လို့ မိမိ မှာ အခြား သူတွေ အတွက် အသုံးဝင်မယ့် သတင်းအချက်အလက် တွေ ရရှိ နေတယ် ဆိုရင်လဲ ဒါတွေကို လစဉ်ကြေးနဲ့ ဖြစ်စေ၊ ပုတ်ပြတ် စနစ်ဖြစ်စေ ရောင်းချ လို့ရနိုင်ပါသေးတယ်။ ဥပမာ ကမ္ဘာကျော် Bloomberg တီဗီလိုင်းဆိုရင် အခကြေးငွေ ရယူပြီး စီးပွားရေး သတင်း တွေကို ဦးဦးဖျားဖျား လွှင့် ပေးလေ့ရှိပါတယ်။ ဒါမှ မဟုတ် မိမိ မှာ မြန်မာ တစ်ပြည်လုံး ရဲ့ အရောင်းဆိုင်စာရင်းတွေ၊ အထည် အလိပ် ဆိုင်စာရင်းတွေ၊ စသဖြင့် data တွေ ကောက်ယူ ရရှိထားတယ်ဆိုရင်လဲ ဒါတွေကို အသုံး လိုမယ့် သူများကို ပြန်လည်ရောင်းချ နိုင်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ပိုင် ကောက်ယူ ထားတဲ့ အချက်အလက် တွေ ဖြစ်ဖို့ လိုတဲ့ အပြင် ကျင့်ဝတ် နဲ့ညီ တဲ့ ရယူ ရောင်းချ မှုတော့ ဖြစ်ဖို့လိုပါတယ်။
(၁၁) လက်မှု ပစ္စည်း လေးတွေ ကိုယ်ပိုင် လုပ်ရောင်းမယ်…
အပိုဝင်ငွေ ရဖို့ ဟိုးယခင်ကထဲက လုပ်ဆောင်ကြတဲ့ နည်းလမ်းတစ်ခုကတော့ တစ်နိုင်တစ်ပိုင် လက်မှု ပစ္စည်း Handmade လေးတွေ ပြုလုပ်ရောင်းချ ကြတာပါပဲ။ ဒီဖက်ခေတ်မှာတော့ ခေါင်းစဉ်းကြိုးလေးတွေ ၊ ကလစ်လေးတွေ၊ပိုက်ဆံအိတ်လေးတွေ၊ အရုပ်လေးတွေ၊ အကျင်္ီ လေးတွေ စသဖြင့် အမျိုးအစား အစုံ ကို ပြုလုပ်ရောင်းချ လေ့ရှိပါတယ်။ ဒါ့အပြင် အကျင်္ီ ချုပ် ဆိုင် လိုမျိုး ကို ပုံမှန် ပြန်သွင်းနိုင်တဲ့ အလှ ပန်းဒီဇိုင်းတွေ၊ကြယ်သီးတွေ၊ စတာတွေ ကိုရယူ ဖန်တီးတာမျိုးတွေလဲ ရှိပါတယ်။ ဒါ့အပြင် ပန်းပင် စိုက် ၀ါသနာ ပါရာကနေ အပင်လေးတွေ ပြုစုပျိုးထောင်ပြီး ပွားလာ တဲ့ အပင်လေးတွေကို ပြန်လည်ရောင်းချတာ၊ ပန်းချီကားလေးတွေ ဆွဲတာ၊ ပုံတူ ပန်းချီ ရုပ်ပြောင်းပန်းချီ လေးတွေ ဖန်တီးရောင်းချတာ၊ အလှကိတ်မုန့် လေးတွေ ပြုလုပ်တာ၊ ပန်းစည်း အလှ လေးတွေ ပြင်ပေး တာ တွေကလဲ ဒီဖက်ခေတ်မှာ ခေတ်စားလာပါတယ်။
(၁၂) Freelance အလွတ်တန်း အလုပ်တွေ
မိမိကျွမ်းကျင်မှု တစ်ခုပေါ်မူတည်ပြီး အားတဲ့ အချိန် ဆောင်ရွက်နိုင်တဲ့ Freelance အလုပ်တွေကလဲ အလုပ်ဖြစ် လေ့ရှိပါတယ်။ ဥပမာ Digital Marketing လုပ်ဆောင်ပေးတာ၊ application, website တွေ ရေးဆွဲပေးတာ၊ စီးပွားရေး အကြံပေး System တွေ Setup ချပေးတာ၊ လုပ်ငန်းတွေကို Financial Service တွေ လုပ်ဆောင်ပေးတာ၊ စတာတွေပါပဲ။
(၁၃) ရှယ်ယာ စပ်တူ လုပ်မယ်…
မိမိမှာ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်း လုပ်ကိုင်နေသူ အသိမိတ်ဆွေ တွေ ရှိမယ် ဆိုရင် သူတို့ရဲ့ လုပ်ငန်းတွေ မှာ ငွေပမာဏ တစ်ခု ရှယ်ယာ အစုစပ်အနေနဲ့ ထည့်ထားပြီး အပိုဝင်ငွေရယူတာမျိုး လဲ လုပ်ဆောင်လို့ရပါသေးတယ်။

(၁၄) Online Trading လုပ်မယ်...

ကမ္ဘာ့အကြီးဆုံးငွေကြေးဈေးကွက်တွေဖြစ်တဲ့ Forex Market,Stock Market,Cryptocurrency marketတွေမှာ Tradingလုပ်ရင်းငွေရှာလို့လည်းရပါတယ်၊Online Businessဖြစ်တဲ့အတွက်အချိန်ကုန်၊လူပင်ပန်းမှုကိုလဲသက်သာစေပါတယ်၊ဒီဈေးကွက်တွေဟာငွေဖြစ်မြန်သလောက် ငွေဆုံးရှုံးမှုလည်းမြန်တဲ့အတွက်သေချာလေ့လာပြီးမှ စနစ်တကျအရောင်းအဝယ်လုပ်ဖို့အကြံပြုချင်ပါတယ်။
ဒါတွေကတော့ ဒီနေ့ခေတ် မြန်မာပြည်မှာ အလုပ်ဖြစ်နိုင်လောက်တဲ့ အပိုဝင်ငွေ ရနည်းလေးတွေ ကို ကျွန်တော့် အတွေ့အကြုံပေါ်မူတည် မျှဝေပေးခဲ့တာဖြစ်ပါတယ်။ အားလုံးပဲ ဝင်ငွေတိုးလို့ အောင်မြင် ကြပါစေကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။
Crd_Kaung Hein Soe – Strategic

အခုဖော်ပြခဲ့တဲ့လုပ်ငန်းတွေထဲမှာရင်းနှီးပြီးသားလုပ်ငန်းတွေလည်းပါသလိုမရင်းနှီးသေးတဲ့လုပ်ငန်းတွေလည်းပါမှာပါ။ဆန်းသစ်လာတဲ့လုပ်ငန်းတွေမှာRiskယူရသလောက် Reward ပြန်ရတဲ့လုပ်ငန်းတွေလည်းရှိပါတယ်။ဒါ့ကြောင့်သေချာနားလည်အောင်အရင်ဆုံးလေ့လာပြီးမှလုပ်စေလိုပါတယ်။

ဒီလုပ်ငန်းတွေထဲမှ ကမ္ဘ့ာရွှေနဲ့နိုင်ငံတစ်ကာငွေကြေးတွေကိုအရောင်းအဝယ်လုပ်ပြီးအကျိုးအမြတ်ရှာရတဲ့ Forex Trading လုပ်ငန်းအကြောင်း အသေးစိတ်သိရှိလို၍ မေးမြန်းလိုသည်ဖြစ်စေ၊သင်တန်းတတ်လိုသည်ဖြစ်စေ၊Trading Account ဖွင့်၍အရောင်းအဝယ်လုပ်လိုသည်ဖြစ်စေ ၊ဈေးကွက်အကြံဉာဏ်များရယူကာတိုင်ပင်ဆွေးနွေးလိုသည်​ြဖစ်စေ chat boxမှစုံစမ်းနိုင်သလို၊09 976096798သို့ဆက်သွယ်၍သော်လည်းကောင်းစုံစမ်းမေးမြန်းနိုင်ပါတယ်။

Forex Trading ဆိုတာဘယ်လိုလုပ်ငန်းမျိုးလဲ ?

https://www.facebook.com/110633338162035/posts/120918550466847/

သင်တန်းနှင့်ပတ်သတ်၍စုံစမ်းရန် 👇

https://www.facebook.com/100064047212850/posts/592695389542030/?mibextid=cr9u03

Laminn Naing
📱09 976096798

မနေ့ကAccountဖွင့် ဒီနေ့မြတ် 💲💵ရတဲ့ Profits နဲ့ Trade တဲ့ Lot size ကအသက် 🔥Trading မှာ Risk များများယူမှ Reward များများရမ...
22/03/2023

မနေ့ကAccountဖွင့် ဒီနေ့မြတ် 💲💵

ရတဲ့ Profits နဲ့ Trade တဲ့ Lot size ကအသက် 🔥

Trading မှာ Risk များများယူမှ Reward များများရမှာလား ?

' NO ❌ လို့ပဲပြောပါရစေ '

Tradingလုပ်တာဖြစ်တဲ့အတွက် Tradeတဲ့အခါတိုင်းRiskကတော့ယူရမှာပါပဲ။Riskများများယူမှ Reward များများရတာမဟုတ်ပဲ Riskနည်းနည်းနဲ့လဲ Rewardများများရနိုင်ပါတယ် 🔥

အောက်ကပုံကတော့ လက်ရှိကျွန်တော်တို့Team အကြံပေးနေတဲ့ Clientတစ်ယောက်ရဲ့ အသစ်စက်စက်ဖွင့်ထားတဲ့Account ရဲ့စTrade ချင်းရတဲ့ Profits ပါ ၊💸

$117 ( 1$ - 2400 MMK ) - 280000 MMK

သူများတွေတစ်လလောက်လုပ်မှ ရတဲ့ငွေဟာ ဒီMarketထဲမှာ အခုလိုတစ်နေ့ထဲနဲ့လည်းရှာလို့ရနိုင်ပါတယ်။

ဘာလို့လဲ ❓

ကမ္ဘာ့အကြီးဆုံးငွေ​ကြေးဈေးကွက်ဖြစ်လို့ပါပဲ၊ နေ့စဉ် $7 Trillionကျော်ပမာဏအရောင်းအဝယ်လုပ်နေကြတဲ့အတွက် ငွေဖြစ်မြန်သလို ငွေဆုံးရှုံးမှုလည်းမြန်တာကိုသိထားရပါမယ် ‼️

ဒီလို Marketထဲမှာ Riskများများယူပြီး Tradeရင် Rewardလည်းများများရနိုင်ပေမယ့် တစ်ဖက်မှာ Loss ဖြစ်ရင်လည်း များများ ဆုံးရှုံးနိုင်ပါတယ်။Riskနည်းနည်းပဲယူပြီး Rewardများများ ရအောင်ဘယ်လိုလုပ်ရမလဲ ?

🔰 Marketကို အလွယ်ကူ၊အရိုးရှင်းဆုံး Technicalတွေကိုပဲသုံးပြီးသေချာ Analysisလုပ်မယ်၊

🔰Supply,Demandသဘောတရားကိုပဲသေချာကြည့်မယ်၊

🔰ကိုယ်သတ်မှတ်ထားတဲ့ Entry pointကို​ေရာက်အောင်စောင့်မယ်၊

🔰ကိုယ့်် Analysis,ကိုယ့် Signalကိုပဲယုံပြီး Take Profit,Stop lossတွေကိုသတ်မှတ်ကာ စိတ်ရှည်ရှည်နဲ့စောင့်မယ်၊

🔰Marketကနေ အမြဲတမ်း Experience တွေ၊သင်ခန်းစာတွေယူမယ်၊အကောင်းဆုံးပြင်ဆင်မယ်။

ဒါတွေအပြင် ကျွန်တော်နဲ့လက်တွဲပြီး ဒီMarketထဲမှာ လေ့လာသင်ယူကာ အပြန်အလှန် Sharingနဲ့ Discussionတွေလုပ်ပြီး အကျိုးအမြတ်တွေရှာဖို့ရော အသင့်ဖြစ်နေပြီလား 😉

ဒါဆိုရင်တော့ ကျွန်တော့်ရဲ့ Personal chat boxမှဖြစ်စေ၊09 976096798ကိုဖြစ်စေ အခုပဲဆက်သွယ်လိုက်ပါဗျ ၊

အကောင်းဆုံးဝန်ဆောင်မှုတွေ၊အကောင်းဆုံးအကြံဉာဏ်တွေနဲ့အတူ ရေရှည်လက်တွဲသွားနိုင်ဖို့မျှော်လင့်ပါတယ် 🤝

Laminn Naing
09 976096798

17/03/2023

ရွှေချစ်သူများအနေနဲ့ မြန်မာ့ရွှေ ကို UAB Pay နဲ့ One Pay တို့မှတဆင့် Online ပေါ်မှာ တရားဝင် အရောင်းအဝယ် ပြုလုပ်၍ရနိုင်ပါပြီ

ယနေ့ရန်ကုန်ရုံးတွင်လူကိုယ်တိုင်လာရောက်ကာ ၁၄၄သိန်း ( $6000 ) တန်Trading Account နဲ့ ၇၂သိန်း ( $3000 ) တန် Trading Account...
10/03/2023

ယနေ့ရန်ကုန်ရုံးတွင်လူကိုယ်တိုင်လာရောက်ကာ ၁၄၄သိန်း ( $6000 ) တန်Trading Account နဲ့ ၇၂သိန်း ( $3000 ) တန် Trading Account 2ခု လူကိုယ်တိုင်လာရောက်ဖွင့်လှစ်သွားတဲ့ Client ညီအကို ၂ယောက် 🤝🔥

လက်ရှိ ရန်ကုန်မှာရှိနေသေးတဲ့အတွက် ရန်ကုန်မြို့မှ Forex Trading ကိုစိတ်ဝင်စားတဲ့ မိတ်ဆွေများအနေနဲ့ လုပ်ငန်းနဲ့ပတ်သတ်ပြီး Trading Accountဖွင့်လိုသည်ဖြစ်စေ၊ သင်တန်းတတ်လိုသည်ဖြစ်စေ၊ Appointment တွေ့လိုသည်ဖြစ်စေ 09 976096798 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤝

ကျွန်တော်တို့ Moon Forex Myanmar Team နှင့်လက်တွဲကာ Trading Account ဖွင့်ခဲ့တဲ့အတွက်လည်း အကောင်းဆုံး Servicesတွေ ၊အကောင်းဆုံးအကြံဉာဏ်တွေနဲ့အတူ ဈေးကွက်အကြောင်းအရာများကို Sharingလုပ်ကာ အပြန်အလှန်ဆွေးနွေးတိုင်ပင်ရင်း အကျိုးအမြတ်များနဲ့အတူ ရေရှည်လက်တွဲသွားနိုင်ဖို့သာ မျှော်မှန်းပါတယ် 🤍

Ko Laminn Naing
📱09976096798


လက်ရှိ ကမ္ဘာ့ရွှေ ဘယ်လိုဆက်ဖြစ်နိုင်မလဲ ?လက်ရှိ H4 Chart အရပြောမယ်ဆိုရင်တော့ Downtrend ရဲ့အထက်ကို Breakout ဖြစ်ထားတာဖြစ်...
01/03/2023

လက်ရှိ ကမ္ဘာ့ရွှေ ဘယ်လိုဆက်ဖြစ်နိုင်မလဲ ?

လက်ရှိ H4 Chart အရပြောမယ်ဆိုရင်တော့ Downtrend ရဲ့အထက်ကို Breakout ဖြစ်ထားတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အတတ်လားရာတစ်ခုကိုမြင်တွေ့ရနိုင်ပါတယ်၊

တတ်မယ်ဆိုရင်တော့ 1845, 1865စျေးတန်းတွေထိအတတ်မြင်ရနိုင်ပါတယ်၊ ဒါပေမယ့်လည်း ဒီနေ့မနက်စျေးကွက်ဟာ Gapဟပြီးတတ်ထားတာဖြစ်တဲ့အတွက်
1820လောက်ကိုလည်းခဏအကျပြန်ယူနိုင်ပါတယ်၊

လက်ရှိမှာအဝယ်လိုက်မယ်ဆိုရင်တော့ လက်ရှိစျေး 1830 လောက်ကနေလည်း အဝယ်လိုက်နိုင်သလို 1820 လောက်အကျယူခဲ့ရင်လည်း ပြန်ဝယ်နိုင်ပါတယ်၊

အားလုံးအတွက်အမြတ်ကိုယ်စီပိုင်းနိုင်မယ့် စျေးကွက်ဖြစ်ပါစေဗျာ 🔥

ကမ္ဘာ့ရွှေရောင်းဝယ်ရေး ၊ Forex Trading လုပ်ငန်းနဲ့ပတ်သတ်လို့ Trading Account ဖွင့်လိုသည်ဖြစ်စေ ၊ သင်တန်းများတတ်ရောက်လိုသည်ဖြစ်စေ Chat Box သို့မဟုတ် 📱0997609678 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်၊

Ko Laminn Naing
📱09 976096798


01/03/2023

ကမ္ဘာ့ရွှေဟာ ကျွန်တော်ဝယ်သင့်တဲ့စျေးတန်း အခြေနေဖြစ်နေပါပြီ 🏅

မနေ့ညက တင်ခဲ့သလို D1 Bullish Harami Pattern ကြောင့် 1820 ကို Breakout ဖြစ်သွားတာ ထို Pattern အသက်ဝင်တယ် ပြောရမှာပါ။

1821 စျေးတန်းဝင်ကျင်မှာ ဝယ်နိုင်ပြီး အမြတ်ကို 1830 မှာခွဲပိတ်နိုင်ပြီး 1861 ထိလည်း ကိုင်စောင့်လို့ရပါတယ်။

အရောင်းအဝယ်ကောင်းသော နေ့ရက်လေးဖြစ်ကြပါစေ ❤️📊

Paing Min Khant - Forex Advisor 🇲🇲
NFX International Consultant
Ph 09757606845

Address

Aung Myae Thar Zan Township
Mandalay
0805

Telephone

+959976096798

Website

Alerts

Be the first to know and let us send you an email when Laminn Forex-Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Laminn Forex-Advisor:

Share