Nay Linn Oo Aircon sales & services

Nay Linn Oo Aircon sales & services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay Linn Oo Aircon sales & services, Business service, May Zin Thein Street, Htein Gone, Mandalay.

မကြာမီ နွေဦးပေါက်တော့မယ်..ချစ်ရတဲ့ customer ကြီးများအားလုံးဆီ အေးမြခြင်း‌တွေ ယူဆောင်လာနိုင်ဖို့လင်းသစ္စာက အမြဲအတူရှိနေပါ...
04/02/2023

မကြာမီ နွေဦးပေါက်တော့မယ်..
ချစ်ရတဲ့ customer ကြီးများအားလုံး
ဆီ အေးမြခြင်း‌တွေ ယူဆောင်လာနိုင်ဖို့
လင်းသစ္စာက အမြဲအတူရှိနေပါတယ်နော်👷

ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေဝေတဲ့ ‌‌နွေဦးကိုရောက်ရှိလာပါပြီခင်ဗျာ🍂နွေရဲ့အပူဒဏ်ကို ခံနိုင်ရည်ရှိဖို့Linn Thit Sar Air...
02/03/2022

ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေဝေတဲ့ ‌‌နွေဦးကိုရောက်ရှိလာပါပြီခင်ဗျာ🍂
နွေရဲ့အပူဒဏ်ကို ခံနိုင်ရည်ရှိဖို့
Linn Thit Sar Aircon Sales & Services ကိုအစဉ်အမြဲယုံကြည်စွာလုပ်ငန်းများအပ်နှံပေးပါသော ချစ်ရတဲ့ customer များအားလုံး စိတ်၏ ချမ်းသာခြင်း
ကိုယ်၏ ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ🥰

🌵မကြာမှီရောက်ရှိလာတော့မည့် ``နွေရာသီ´´ရဲ့ အပူဒဏ်ကိုကာကွယ်နိုင်ဖို့

"လူကြီးမင်းတို့" ၏ အဲကွန်းများကို ဂျီးဆေးခြင်း/အသစ်တပ်ဆင်ခြင်း/ ပြုပြင်ခြင်းများကိုကြိုတင်လုပ်ဆောင်ထားဖို့အကြံပြုလိုက်ပါရစေခင်ဗျာ

📱ဖုန်းလေးဆက်လိုက်ရုံနဲ့ လူကြီးမင်းတို့ကို
🏡အိမ်တိုင်ရာရောက်ဝန်ဆောင်မှုပေးပါသည်
-----------------------------
👨‍💼လူကြီးမင်းတို့အနေနဲ့အသေးစိတ်သိရှိ လိုပါက
Ph 📱09976310221
09760787908 ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

Air Con Services ဝန်ဆောင်မှုများ👷
================================
အဲကွန်း ဂျီးဆေးခြင်း☃️
အဲကွန်း ပြုပြင်ခြင်း
အဲကွန်း အသစ်တပ်ဆင်ခြင်း
အဲကွန်း အဟောင်းဖြုတ်ရွေ့တပ်ဆင်ခြင်း ရေခဲသေတ္တာ အဝတ်လျှော်စက် ရေပူစက်များ
ပြုပြင်ခြင်းလုပ်ငန်းများဝန်ဆောင်မှုပေးလျှက်ရှိ
ပါသည်
--------------------
ပိတ်ရက်မရှိ🤗⏰📅
အကောင်းဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးလျှက်ရှိပါသည် 🙏
ဈေးနှုန်းမှန်ကန်မှုနဲ့ ပြီးပြည့်စုံတဲ့ service အတွက်‌တော့ Linn Thit Sar ကအာမခံပါတယ်ခင်ဗျာ🥰

👉ပုံကကျော်သွားမှာစိုးလို့😁

ရေခဲသေတ္တာ တစ်လုံး မပျက်အောင် ဘယ်လိုသုံး မလဲ။ အချိန်တန်ရင်တော့ အနိစ္စသဘောနဲ့ ပျက်ရတာပါပဲ။ဒါပေမယ့် အချိန်မတိုင်ခင် မပျက်အ...
03/06/2020

ရေခဲသေတ္တာ တစ်လုံး မပျက်အောင် ဘယ်လိုသုံး မလဲ။ အချိန်တန်ရင်တော့ အနိစ္စသဘောနဲ့ ပျက်ရတာပါပဲ။

ဒါပေမယ့် အချိန်မတိုင်ခင် မပျက်အောင် သက်တမ်းကြာကြာ အသုံးခံအောင် တော့ ထိန်းသိမ်း စောင့်ရှောက်လို့ ရပါတယ်။

ကဲ. . . အဲတော့ ရေခဲသေတ္တာ တစ်လုံး သက်တမ်းကြာကြာ အသုံးခံအောင် ဘယ်လို ထိန်းသိမ်း စောင့်ရှောက် မလဲ။

ပိုက်ဆံပေါတဲ့သူတွေ အတွက် ရေခဲသေတ္တာ တစ်လုံး ပျက်ရင် နောက်တစ်လုံး ထပ်ဝယ် ဖို့ လွယ်ပေမယ့် ရှားတဲ့လူတွေ အတွက် ကတော့ မပျက်အောင် ဂရုစိုက် သုံးစွဲဘို့ လိုပါတယ် ခင်ဗျာ။

မပျက်အောင် ထိန်းသိမ်း စောင့်ရှောက်မယ် ဆိုရင် သူ့ကို ဘာတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားလဲ။ ဘယ်လို အလုပ် လုပ်သလဲ။ အကြမ်းဖျင်း သိထားဖို့တော့ လိုမယ် ခင်ဗျ။

ရေခဲသေတ္တာတွေကို အဓိက ခွဲခြားလိုက်ရင် Chamber type နဲ့ Fan type ဆိုပြီး ၂မျိုးပဲ ရှိတယ်ဆိုတာ အရင် ပို့စ် မှာ အကျယ် ရှင်းပြ ထားပြီး ဖြစ်ပါတယ်။

အခု Chamber type အကြောင်း ပြောပါမယ်။

Chamber type တစ်လုံးမှာ ဘာတွေ ပါလဲ လေ့လာကြည့်ပါမယ်။

၁။ Thermostat
၂။ Door Lamp ( တံခါး မီးလုံး )
၃။ Door switch ( တံခါး ခလုတ် )
၄။ Compressor Motor
၅။ PTC relay
၆။ OLP
၇။ Evaporator ( အအေးကွိုင် ) ၊ Condenser ( အပူကွိုင် ) စတဲ့ ပိုက်လိုင်းတွေပဲ ရှိပါတယ်။

၁။ Thermostat သာမိုစတတ်

Thermostat ဆိုတာကတော့ ရေခဲသေတ္တာထဲမှာ ကိုယ် လိုချင်တဲ့ အပူချိန် အမြဲ ရှိနေနိုင်အောင် ချိန်ညှိ ပေးနိုင်တဲ့ ခလုတ် တစ်ခု ဖြစ်ပါတယ်။
Temperature control switch တစ်ခုပါ။
ပိုအေးချင်ရင် ဂဏန်းပိုများတဲ့ ဘက်ကို လှည့်ပေးပါ။ နာရီလက်တံ လည်တဲ့ လားရာ အတိုင်း လှည့်ပေး ရပါမယ်။
အအေး လျှော့ချင် ရင်တော့ ပြောင်းပြန် လှည့်ပါ။

၂။ Door Lamp ( တံခါး မီးလုံး )

တံခါးဖွင့်လိုက်ရင် မီးလင်းပြီး အခန်းထဲက ပစ္စည်းတွေကို မြင်နိုင်ဖို့ တပ်ပေး ထားတာပါ။ တံခါးဖွင့်ရင် မီးလင်းပြီး တံခါး ပိတ်ရင် မီးပြန် ပိတ်သွား ပါတယ်။

၃။ Door switch ( တံခါး ခလုတ် )

တံခါးဖွင့်လျှင် ထိပေးပြီး တံခါးပိတ်လျှင် ခွာပေးခြင်းဖြင့် Door lamp ကို ဖွင့်/ပိတ် ပြုလုပ်ပေးတဲ့ ခလုတ်လေး ပါ။ ရေခဲသေတ္တာ အတွင်းနံရံမှာ အထိုင်ချ ထားပါတယ်။ တံခါးပိတ်လျှင် ခလုတ်ကို ဖိပေးခြင်းဖြင့် မီးပိတ်သွားစေပြီး တံခါး ဖွင့်လျှင် ခလုတ်ကို လွှတ်ပေးခြင်းဖြင့် မီးလင်း စေပါတယ်။

၄။ Compressor Motor ကွန်ပရက်စာ မော်တာ

ရေခဲသေတ္တာ ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ။ လူတွေအတွက် နှလုံးဟာ အဓိက အသက် ဆိုရင် ကွန်ပရက်စာ မော်တာ ဟာလည်း ရေခဲသေတ္တာရဲ့ နှလုံးလို့ ပြောရလောက်အောင် အရေးကြီးပါတယ်။ ရေခဲသေတ္တာရဲ့ အနောက် အောက်ခြေမှာ အလုံပိတ် အိုးတစ်ခု အနေနဲ့ ပါရှိပါတယ်။ အချို့လူတွေက ဂက်စ် အိုးလို့ ထင်ထား သိထား ကြတဲ့ အိုးလေးပါ။ Gas အိုး မဟုတ်ပါဘူး။ အထဲမှာ မော်တာ နဲ့ ကွန်ပရက်စာ ကို တွဲလျက် တပ်ဆင် ထားတာပါ။ မော်တာ လည်တာနဲ့ ကွန်ပရက်စာ လိုက် လည် ပါတယ်။
Compressor မှာ Suction နဲ့ Discharge ဆိုတာ ရှိပါတယ်။ Suction က စုပ်ယူ ပြီး Discharge က ရိုက်ထုတ်ပေးတာပါ။
Compressor လည်တာနဲ့ Evaporator ( အအေးကွိုင် ) ဘက်က Gas တွေကို စုပ်ယူ၊ Condenser ( အပူကွိုင် )ဘက်ကို ရိုက်ထုတ် ပေးခြင်းဖြင့် အပူချိန်ပြောင်းလဲပေးခြင်း၊ ဖိအား ပြောင်လဲပေးခြင်း စတဲ့ အလုပ်တွေကို လုပ်ဆောင် ပါတယ်။
မော်တာ မလည်လျှင် ကွန်ပရက်စာ မလည်ပါ။ ကွန်ပရက်စာ မလည်လျှင် စုပ်ယူခြင်း ရိုက်ထုတ်ခြင်း မရှိတော့တဲ့အတွက် အပူချိန်၊ ဖိအား ပြောင်းလဲမှု မရှိပါ။ ထိုအခါမျိုးတွင် ရေခဲ သေတ္တာ မအေးတော့ပါ။

၅။ PTC relay

Compressor Motor လည်ဖို့ အတွက် အထောက်အကူပြု ပစ္စည်း တစ်ခုပါ။ Motor စတင် လည်ပတ်ရန် Starting Relay အဖြစ် အသုံးပြု ထားတာပါ။
Positive Temperature Coefficient Resistance ကို သုံး၍ Relay တစ်ခု ကဲ့သို့ အသုံးပြု ထားတာမို့ PTC Relay လို့ ခေါ်တာပါ။
Compressor Motor အိုးလေးရဲ့ body မှာ ကပ်ထားပြီး အဖုံးလေး ဖုံး ထားပါတယ်။

၆။ OLP

OLP = Over Load Protector
အချို့ကတော့ ( အိုဗာလုတ် ) လို့ပဲ အလွယ် ခေါ်ကြတယ် ခင်ဗျ။ သူကတော့ Compressor Motor ရဲ့ အသက် အန္တရာယ် မထိခိုက်ရအောင် အကာအကွယ် အစောင့်အရှောက် ပြုလုပ် ပေးရတဲ့ ကာကွယ်ရေး ပစ္စည်းလေးပါ။
အကြောင်း တစ်စုံ တစ်ခုကြောင့် Compressor Motor မှာ သတ်မှတ် Current ထက် များနေလျှင်၊ သို့မဟုတ် Compressor အပူလွန်ကဲ လာလျှင် Compressor Motor တွင် ဝန်ပို ရုန်းနေရပြီဟု သတ်မှတ်၍ လျှပ်စီးအား ဖြတ်တောက် ပေးခြင်းဖြင့် ကွန်ပရက်စာ မော်တာ လောင်ကျွမ်းခြင်းမှ ကာကွယ်ပေးပါတယ်။
အလွယ် ပြောရရင် ကွန်ပရက်စာ မော်တာ ဝန်ပို ( over load ) ရုန်း ရ၍ လောင်ကျွမ်းခြင်း မဖြစ်အောင် ကာကွယ် ပေးတဲ့ အလုပ်ကို လုပ်ပေး ရတာပါ။ ဘယ်လို ကာကွယ်ပေးလဲ ဆိုရင် ကွန်ပရက်စာ မော်တာကို သွားနေတဲ့ လျှပ်စီးကို ဖြတ်တောက် ပေးလိုက်တာပါ။ ဖြတ်တောက်ပေးပြီး သုံးမိနစ်ခန့် ကြာရင် ပြန်ဆက်သွယ် ပေးပါတယ်။ over load ထပ်ဖြစ်ရင် ပြန်ဖြတ်ပါတယ်။ အကြိမ်များစွာ ဖြတ်လိုက် ပြန်ဆက်ပေးလိုက် လုပ်နေရရင်တော့ အဲဒီ OLP လေး ပျက်သွားတတ်ပါတယ်။ တစ်ခါတစ်လေမှာ မဖြတ်ပေးနိုင် တော့ပဲ အသေကပ် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲလို ဖြစ်သွားရင်တော့ ကွန်ပရက်စာ မော်တာလောင်ဖို့ ရာနှုန်း များသွားပါပြီ။
အဲဒီ OLP လေးကိုတော့ PTC Relay နဲ့ အတူ compressor motor အိုးလေးရဲ့ body မှာ ကပ်ထားပြီး အဖုံးလေး ဖုံး ထားပါတယ်။

၇။ Evaporator နဲ့ Condenser ဆိုတာကတော့ Compressor နဲ့ ဆက်ထားတဲ့ ပိုက်လိုင်းတွေပါ။
Expension နဲ့ Filter စတာတွေလည်း ရှိသေး ပေမယ့် အသေးစိတ်ပြောမှ ဖြစ်မှာမို့ မပြောတော့ပါဘူး။
Evaporaor ကို ရေခဲသေတ္တာရဲ့ အတွင်းနံရံမှာ ပတ်ခွေ တပ်ဆင်ထားပြီး အခန်းထဲက အပူကို စုပ်ယူခြင်းဖြင့် ရေခဲသေတ္တာကို အေးစေပါတယ်။
Condenser ကို ရေခဲသေတ္တာရဲ့ အပြင်နံရံ မှာ ပတ်ခွေ တပ်ဆင်ထားပြီး အပူတွေကို စွန့်ထုတ်ခြင်း အလုပ်ကို လုပ်စေပါတယ်။ ဒါကြောင့် ရေခဲသေတ္တာ မောင်းနှင် နေစဉ် ရေခဲ သေတ္တာတွေရဲ့ အပြင်နံရံတွေ နွေးနေတာ တွေ့ရ ပါလိမ့်မယ်။

သုံးစွဲသူ user တွေကို အဓိက ပြောချင်တာမို့ အသေးစိတ် မရေးပေးတာ နားလည်ပေးပါ ခင်ဗျာ။ ပို့ချချက်တွေ အတွက် အသေးစိတ် ထပ်ရေး ပေးပါမယ်။

အခုလောက်ဆိုရင် ရေခဲသေတ္တာ အသုံးပြုသူတွေ အနေနဲ့ Chamber Type ရေခဲသေတ္တာ တစ်လုံးမှာ ဘာတွေပါလဲ ဆိုတာနဲ့ တစ်ခုခြင်းစီရဲ့ အလုပ် လုပ်ပုံတွေကို အကြမ်းဖြင်း သိရှိ ပြီးလောက် ပါပြီ။

အဲတော့ Chamber Type ရေခဲသေတ္တာတွေမှာ ဘာတွေ ပျက်တတ်သလဲ။
မပျက်အောင် ဘယ်လို ထိန်းသိမ်း ရမလဲ ဆိုတာ ဆက်ပြော ပါမယ်။

အဓိက ဆောင်ရန် ရှောင်ရန်များ

၁။ ရေခဲသေတ္တာအား ဆေ့ဖ်ဂတ် ခံ သုံးပါ။ လျှပ်စစ်မီး မတည်ငြိမ်ခြင်း၊ မီးအား နည်းလွန်းခြင်း၊ မီးအား များလွန်းခြင်း၊ မီး ခဏခဏ လာလိုက် ပြတ်လိုက် ဖြစ်ခြင်း၊ များကြောင့် ရေခဲသေတ္တာ မပျက်စီး ရလေအောင် ကာကွယ် ပေးထား နိုင်ပါတယ်။

၂။ ရေခဲသေတ္တာအား နေရာ ရွှေ့ပြောင်း သယ်ဆောင် သည့်အခါ ၄၅ ဒီဂရီ ထက် ပိုစောင်းမခြင်း၊ လှဲ ချထားခြင်းမျိုး မလုပ်ပါနဲ့။ လုပ်မိလျှင် အနည်းဆုံး ၂၄ နာရီခန့် ပြန်ထောင်မတ် ထားပေးရပါမယ်။ ၂၄နာရီ ကျော်မှ ပြန်လည် မောင်းနှင် ရပါမယ်။
မဟုတ်ရင် ပိုက်ပိတ် သွားတတ်ပါတယ်။

၃။ ရေခဲသေတ္တာ အခဲခန်းထဲတွင် ရေခဲမှို အများကြီး မတက်ပါစေနှင့်။ ရေခဲထု ကြီးလာလျှင် စက်ကို ရပ်၍ ရေနွေးလောင်း ဖျော်ချ ပေးပါ။ ရေခဲခွက်များ အသားဘူးများ ရေခဲနှင့် ကပ်နေပါက ဓား၊ ဝက်အူလှည့် စသည့် ချွန်ထက်သည့် အရာဝတ္ထုများနှင့် ထိုး ကလော်ခြင်း မပြုရ။ evaporator ပိုက် ပေါက် သွား တတ်သည်။

၄။ Thermostat အား အဆုံးထိ လျှော့ချ မထားပါနှင့်။ အမြဲလိုလို အဆုံးထိ တင်ထားဖို့လည်း မလိုပါဘူး။ အလယ်လောက် ကို ထားပေးပါ။

၅။ ရေခဲသေတ္တာအား နံရံနှင့် အနည်းဆုံး ၆" ခွာထားပေးပါ။ အပူကွိုင် မှ အပူစွန့်ရန် လေဝင်လေထွက် ချန်ထား ပေးစေ လိုတာပါ။

အဖြစ်များသော ပြဿနာများ

၁။ ပိုက်ပိတ်ခြင်း
၂။ ပိုက်ပေါက်ခြင်း
၃။ မီးမလင်းခြင်း
၄။ Compressor Motor မလည်ခြင်း

၁။ ပိုက်ပိတ်ခြင်း

ရေခဲသေတ္တာအား အချိန်ကြာမြင့်စွာ မမောင်းပဲ ထားရှိခြင်း၊ နေရာရွှေ့ပြောင်းရာတွင် လှဲလျှက် သယ်ဆောင်မိခြင်း၊ စသည် တို့ကြောင့် ပိုက် ပိတ်တတ် ပါတယ်။ ပိုက်ပ်ိတ်လျှင် Gas များ ဖောက်ထုတ်၍ ပိုက်လိုင်း သန့်ရှင်းရေးလုပ်၊ Filter အသစ်လဲ Gas ပြန်ထည့် ရပါမယ်။
ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။

၂။ ပိုက်ပေါက်ခြင်း

အသားဘူး၊ ရေဘူးများ ရေခဲနှင့် ကပ်နေ၍ ဓား၊ ဝက်အူလှည့် စသည့် ချွန်ထက်သော အရာများဖြင့် ထိုးခွာရာမှ အအေးကွိုင် ( Evaporator ) ပေါက်ခြင်း၊
ရေခဲသေတ္တာထဲတွင် သိမ်းဆည်းရန် ထည့်သည့် ပစ္စည်း များတွင် chemical များပါလျှင် alluminium အလူမီနီယံ ပိုက်လိုင်းများ ဓာတ်စား၍ ပေါက်ခြင်း စသည်တို့ ဖြစ်တတ် ပါသည်။
ပိုက်ပေါက်လျှင် အပေါက် အရင်ဖာ၊ ဖာမရရင် အသစ်လဲ၊ ပြီးရင် gas ပြန်ထည့် ရပါမယ်။
ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။

၃။ မီးမလင်းခြင်း
မီးလုံး Door Lamp မကောင်းလျှင် သို့မဟုတ် Door Switch မကောင်းလျှင် ဖြစ်တတ် ပါတယ်။ ကိုယ်တိုင် ဖြုတ်တပ် လဲလှယ် နိုင်ပါတယ်။

၄။ Compressor Motor မလည်ခြင်း

Compressor Motor မလည်လျှင်တော့ ဖြစ်နိုင်ခြေ ၅ မျိုး ရှိပါတယ်။ တစ်ခုခြင်း ရေးပေးပါမယ်။

က။ မော်တာ မလည်လျှင် သာမိုစတတ်ကို အရင် စစ်ပါ။ သာမိုစတတ်အား အဆုံးထိ လျှော့ချ ထားမိ လျှင်လည်း မော်တာမလည်ပါ။ အလယ်လောက်ထိ ပြန်လှည့် ပေးပါ။
သုံးစွဲသူ ကိုယ်တိုင် လုပ်ဆောင် နိုင်ပါတယ်။

ခ။ သာမိုစတတ် ပျက်နေလျှင်လည်း မော်တာ မလည်ပါ။ သာမိုစတတ် အသစ်လဲလှယ် ပေးရမည်။
( ပျက်လေ့ပျက်ထ အလွန်နည်း ပါသည်။ )
ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။

ဂ။ PTC နှင့် OLP များ ပျက်နေလျှင်လည်း မော်တာ မလည်ပါ။ ( မီးအားနည်း၊ မီးအား မငြိမ်၊ ဆေ့ဖ်ဂတ် မခံလျှင် အပျက်များသည်။ )
ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။

ဃ။ မော်တာကိုယ်တိုင် လောင်နေတာမျိုးလည်း ဖြစ်တတ်သည်။ များသောအားဖြင့် PTC နှင့် OLP များ ပျက်ပြီးမှ မော်တာ လောင်လေ့ ရှိသည်။ ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။

င။ ကွန်ပရက်စာ ဂျမ့် ဖြစ်နေလျှင်လည်း မော်တာ မလည်နိုင်ပါဘူး ခင်ဗျာ။ ကျွမ်းကျင်သူထံ အပ်နှံ ပြုပြင် ရပါမယ် ခင်ဗျာ။

အားလုံး စုံသလောက် ဖြစ်သွား ပါပြီ။
Chamber type ရေခဲသေတ္တာတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေ ကတော့ စုံသလောက် ဖြစ်သွား ပါပြီ။

စာဖတ်သူ ရေခဲသေတ္တာ အသုံးပြုသူ များ အနေနဲ့ ထိုက်သင့် သလောက် အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

တစ်ခုခု ရလိုက်တယ် ဆိုရင်ပဲ ကျေနပ် ပါတယ် ခင်ဗျာ။

အားလုံးပဲ ကျန်းမာ ချမ်းသာ ပျော်ရွှင် နိုင်ကြပါစေ ခင်ဗျာ။

အဲကွန်း၊ ရေခဲသေတ္တာ ပညာရပ်များကို လေ့လာလိုသူ လူငယ်များ Page ကို Like and Share လုပ်ပြီး see first လုပ်ထားခြင်းဖြင့် စောင့်မျှော် ကြည့်ရှု လေ့လာ နိုင်ပါတယ် ခင်ဗျ

✳️ Short Way Air-con; Training

26/05/2019

ဆက်ဖတ်ရန်နှိပ်ပါ

Panasonic 2hp R410a 5set installation
19/05/2019

Panasonic 2hp R410a 5set installation

ခုတင်၅၅၀ ဖျားနာဆောင်၂(ခ) R410a 2.hp floor ceiling installation
30/04/2019

ခုတင်၅၅၀ ဖျားနာဆောင်၂(ခ) R410a 2.hp floor ceiling installation

အဲကွန်းဆိုင်ရာ အမေးအဖြေများ...................................................၁။ အဲကွန်းက အလုပ်တော့လုပ်တယ် အေးတော့မအေးဘူ...
15/04/2019

အဲကွန်းဆိုင်ရာ အမေးအဖြေများ...................................................
၁။ အဲကွန်းက အလုပ်တော့လုပ်တယ် အေးတော့မအေးဘူး (လေအေးမထွက်ဘူး)?

အဲကွန်းစနစ်တခုမှာ အခြေခံအားဖြင့် အစိတ်အပိုင်း ၂ခု ပါဝင်ပါတယ်။ အခန်းအတွင်းရှိ Fancoil နဲ့ အခန်းအပြင်ဘက်ရှိ Condenser တို့ဖြစ်ပါတယ်။
Fancoil ဟာ Condenser ကြောင့်ဖြစ်ပေါ်လာတဲ့ အေးမြမှုကို အခန်းတွင်းသို့ထုတ်လွှတ်ပေးတဲ့အလုပ်လုပ်ပါတယ်။
Fancoil မှလေအေးတွေမထွက်လာဘူးဆိုရင် Condenser အလုပ်မလုပ်တာကြောင့်ဖြစ်ပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးကြည့်ဖို့အကြံပြုပါတယ်။

၂။ အဲကွန်းက ရေတွေဘာကြောင့်ကျလာသလဲ?

ပုံမှန်အားဖြင့်တော့ fancoil မှာ အခန်းတွင်းရှိရေငွေ့များ ငွေ့ရည်ဖွဲ့ပြီး ရေခံဗန်းကတဆင့် ရေစွန့်ပိုက်ထဲသို့ရေတွေသွားပါတယ်။
အဲ့လိုမဟုတ်ဘဲ ရေတွေ fancoil မှထွက်ကျလာတယ်ဆိုတာ ရေစီးဆင်းမှုမှာ အတားအဆီးတခုခုဖြစ်နေလို့ပါ။
Servicing လုပ်ခြင်းမှာ ထိုရေစီးဆင်းမှုကောင်းမွန်အောင် လုပ်ဆောင်ခြင်းတာဝန်လည်းပါပါတယ်။

၃။ အဲကွန်းကို မောင်းထားတာ အချိန်အတိုင်းအတာတခုရှိပြီ အခန်းက အေးမလာဘူး?

ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေတချို့ပြောပြပေးပါမယ်။
ဖြစ်နိုင်ချေ ၁။ Fancoil မှာ (ဂျီး) များပိတ်နေပြီး လေအေးထုတ်လွှတ်နိုင်မှု နည်းနေခြင်း။
ဖြစ်နိုင်ချေ ၂။ Condenser မှာ (ဂျီး) များပိတ်နေပြီး အေးမြမှုပေးမယ့် Gas ကို ထုတ်လုပ်ပေးနိုင်မှု အားနည်းနေခြင်း။
ဖြစ်နိုင်ချေ ၃။ အဲကွန်းစနစ်အတွင်းရှိ Gas လုံလောက်မှုမရှိခြင်း။
ဖြစ်နိုင်ချေ ၄။ အဲကွန်းစနစ်ပုံမှန်အလုပ်မလုပ်ဘဲ လည်လိုက်ရပ်လိုက်ဖြစ်နေခြင်း။
ဖြစ်နိုင်ချေ ၅။ Setting Temperature ချိန်ညှိ့ထားမှု များနေခြင်း။
ဖြစ်နိုင်ချေ ၆။ တပ်ဆင်ထားသော မြင်းကောင်ရေ လုံလောက်မှုမရှိခြင်း။

၎။ အဲကွန်း ဘာကြောင့် အလုပ်မလုပ်သလဲ?

အရင်ဆုံးဖြစ်နိုင်ချေတခုကတော့ Electrical power supply မရောက်လို့ပါ။
Safeguard ကိုမီးရောက်မရောက်စစ်ပါ။
Safeguard ရဲ့ Output ကိုမီးတကယ်ထွက်မထွက်စစ်ပါ။
Safeguard မလိုလို့မသုံးထားတဲ့အိမ်ဆိုရင် Power Socket အဝင်အထွက် မီးရှိမရှိစစ်ပါ။
မီးရောက်တယ်လို့ သေချာရင်တော့ အဲကွန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူကို ဆက်သွယ်ပါလို့ အကြံပြုလိုပါတယ်။

၅။ အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးကဘာပါလဲ?

အဲကွန်းကို ပုံမှန် servicing လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
အကျိုးကျေးဇူး ၁။ အဲကွန်း ပိုမိုကောင်းမွန်စွာ အေးမြစေပါလိမ့်မယ်။
အကျိုးကျေးဇူး ၂။ မီတာစားကို သက်သာစေပါလိမ့်မယ်။
အကျိုးကျေးဇူး ၃။ အဲကွန်းရေကျခြင်းပြသနာကို လျော့ချပေးပါလိမ့်မယ်။
အကျိုးကျေးဇူး ၄။ အဲကွန်းအကြီးစားပြုပြင်မှုလိုအပ်ခြင်းကို လျော့ချပေးပါလိမ့်မယ်။
အကျိုးကျေးဇူး ၅။ အဲကွန်း စက်ပစ္စည်းသက်တမ်းကို ပိုကြာရှည်စွာအသုံးပြုနိုင်ပါမယ်။

၆။ အဲကွန်း servicing ဘယ်လောက်တခါလုပ်သင့်သလဲ?

ယေဘုယျအားဖြင့်တော့ အိမ်သုံးတွေအတွက်ဆိုရင် ၃လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
ရုံးသုံးတွေအတွက်ဆိုရင် ၁လ တကြိမ် Servicing ပြုလုပ်သင့်ပါတယ်။
လုပ်ကိုလုပ်ရမယ်လို့ဆိုလိုခြင်းမဟုတ်ဘဲ အသုံးပြုမှုနှုန်း ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မူပါတယ်။
ကျွမ်းကျင်တဲ့ aircon technician နဲ့တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။

၇။ အဲကွန်းကို အသုံးပြုသူ ကိုယ်တိုင်ရော maintenance လုပ်လို့ရသလား?

အခြေခံ maintenance အနေနဲ့ Air filter နှင့် body အဖုံးကို ၂ပတ်တကြိမ် ဆေးကြောပေးလို့ရပါတယ်။
အဲ့လိုလုပ်ခြင်းအားဖြင့် အခန်းတွင်းအေးမြမှုကို ပိုမိုကောင်းမွန်စေပါတယ်။

၈။ အဲကွန်း ဘာကြောင့် အနံ့ထွက်နေရတာလဲ?

အနံ့တွေဟာ fancoil အတွင်းမှာ မှိုနဲ့ ဘက်တီးရီးယားတွေ ဖြစ်ပေါ်လာမှုကြောင့် ထွက်လာတာဖြစ်ပါတယ်။
အနံ့တွေ တအားဆိုးနေရင်တော့ Chemical Cleaning လုပ်ဖို့လိုအပ်နေပါပြီ။

၉။ April Air-Con Services က ဘယ်လို အဲကွန်းတွေကို ဝန်ဆောင်မှုပေးတာလဲ?

April Air-Con Services က Brands မျိုးစုံနဲ့ Air-Con Types မျိုးစုံကို ဝန်ဆောင်မှုပေးပါတယ်။
-Window Type Air Conditioner (All Brand)
-Split Type Air Conditioner (All Type and Brand)
-VRV System Air Conditioner (All Type and Brand)

၁၀။ April Air-Con Services က ဘယ်လိုဝန်ဆောင်မှုတွေပေးတာလဲ?

April Air-Con Services က အဲကွန်းဆိုင်ရာ အမျိုးမျိုးသော ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးပါတယ်။
-Aircon Servicing/ Aircon Maintenance
-နှစ်ချုပ်၊ လချုပ်ဖြင့် Maintenance Services
-Chemical overhual Servicing
-အဲကွန်း တပ်ဆင်ခြင်းများ
-အဲကွန်း ပြုပြင်ပေးခြင်း
-အကဲဖြတ်ပေးခြင်းနှင့် အကြံပြုပေးခြင်း

၁၁။ အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက ဘာလုပ်သင့်သလဲ?

အဲကွန်း Gas ယိုစိမ့်မှုဖြစ်နေပါက Gas ဖြည့်ခြင်းဟာ အဖြေတခုမဟုတ်ပါဘူး။
Gas တွေဘယ်ကထွက်နေသလဲဆိုတာ High Pressure Testing လုပ်ပြီး အပေါက်ရှာရပါမယ်။
ထိုအပေါက်ကို ပြုပြင်ပြီးမှ သင့်တော်သော Gas ပမာဏပြန်လည်ဖြည့်သွင်းရပါမယ်။

၁၂။ Condenser ကိုရော Servicing လုပ်ဖို့လိုအပ်သလား?

ရန်ကုန်ဟာ ဖုန်ထူထပ်တာကြောင့် April Air-Con Servicng မှာ Condenser ကိုပါ Servicing ပြုလုပ်ပေးပါတယ်။
Condenser မှာ (ဂျီး) များပိတ်နေခြင်းကလည်း အအေးနှုန်းကိုထိခိုက်စေသလို Compressor သက်တမ်းကိုလည်းတိုစေပါတယ်။
မီးအားလည်းပိုစားစေပါတယ်။

၁၃။ Condenser ရဲ့ အဝင်အထွက်ကြေးပိုက်တွေ ဘာလို့ ရေခဲနေရတာလဲ?

ဖြစ်နိုင်ချေ ၂ခုရှိပါတယ်။
ပိုက်အသေးမှာ ရေခဲနေခြင်းဟာ System အတွင်း Gas လုံလောက်မှုမရှိဘူးဆိုတာပြပါတယ်။
ပိုက်အကြီးမှာ ရေခဲနေခြင်းဟာ Fancoil or Filter မှာ (ဂျီး) ပိတ်နေခြင်း သို့မဟုတ် Blower မလည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

၁၄။ အဲကွန်းက သူ့အလိုလိုပိတ်ပြီး မီးလုံးလေးတွေမှာ မှိတ်တုတ်မှိတ်တုတ် ဘာလို့ဖြစ်နေတာလဲ?

Fancoil ရဲ့ မီးလုံးလေးတွေ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတာဟာ System ထဲမှာ တခုခုပြသနာရှိနေတာကိုပြပါတယ်။
ဒါကြောင့်အဲကွန်းက ဆက်အလုပ်မလုပ်ဘဲ သူ့အလိုလိုပိတ်သွားပါတယ်။
ကျွမ်းကျင်တဲ့ Aircon Technician ကိုခေါ်ယူစစ်ဆေးဖို့လိုအပ်ပါတယ်။
သူ့အလိုလိုပိတ်သွားတာဟာ ကာကွယ်ခြင်းသဘောတရားဖြစ်ပြီး။
electrical power supply ကို reset လုပ်ပြီးထပ်မသုံးသင့်ပါဘူး။
နောက်ဆက်တွဲ ပြုပြင်ရမယ့်စရိတ်တွေရှိလာနိုင်လို့ပါ။

၁၅။ အဲကွန်းက သူ့အလိုလို ပိတ်လိုက်ဖွင့်လိုက် ဘာလိုဖြစ်နေတာလဲ?

Remote Controller မှာ Timer Setting ချိန်ထားမိလို့ဖြစ်နိုင်သလို။
Fancoil ရဲ့ Printed Circuit Board ပြသနာလည်းဖြစ်နိုင်ပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။

၁၆။ အဲကွန်း Remote Controller ကနေ ဖွင့်လိုမရတော့ဘူး?

ပြသနာက Remote controller or Fancoil Printed Curcuit Board မှာရှိနေနိုင်ပါတယ်။
Remote Controller ကို တခြား Fancoil မှာစမ်းသပ်ကြည့်ပါ။
အလုပ်လုပ်တယ်ဆိုရင် ပြသနာက PCB မှာရှိနေပါတယ်။
ပြုပြင်လို့ရမယ့်အခြေအနေဆို ပြုပြင်နိုင်ပြီး မရတော့ရင် PCB ကို လဲဖို့လိုအပ်ပါမယ်။

၁၇။ အဲကွန်း Pressure စစ်ဆေးတယ်ဆိုတာဘာလုပ်တာလဲ။ ဘာကြောင့်လိုအပ်တာလဲ?

အဲကွန်းတလုံးဟာ Gas တွေယိုစိမ့်မှုဖြစ်ပေါ်ပြီး ခဏခဏပြန်ပြန်ဖြည့်နေရပြီဆိုရင်
တနေရာရာမှာ ထွက်ပေါက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်။
အဲ့ဒီ ထွက်ပေါက်ကို ရှိဖို့ရင်အတွက် High Pressure Testing လုပ်ရပါတယ်။
Condener, Fancoil and Pipe Line တွေကို High Pressure ထိုးပြီး လိုက်ရှာရပါတယ်။
အပေါက်ပေါ်မူတည်ပြီး လိုအပ်သလိုပြုပြင်ရပါမယ်။ ပြီးမှ သင့်တော်တဲ့ Gas ပမဏပြန်ထည့်ရပါမယ်။

Credit - ကိုနန္ဒမိုး

Address

Mandalay
100105

Telephone

+959976310221

Website

Alerts

Be the first to know and let us send you an email when Nay Linn Oo Aircon sales & services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share