Ko ပေါက် စီ

Ko ပေါက် စီ ဘာပဲ လုပ်လုပ်စေတနာထားပါ ။
ထို အရာက တ?

(ရိန်း)Ring ဘာကြောင့်ကျသလဲရိန်းမှာ နှစ်မျိုးရှိပါတယ်။Compressionring လို့ခေါ်တဲ့ အပေါ်ဆုံးက top ring နှစ်ကွင်းနဲ့Oil rin...
02/11/2022

(ရိန်း)Ring ဘာကြောင့်ကျသလဲ

ရိန်းမှာ နှစ်မျိုးရှိပါတယ်။
Compressionring လို့ခေါ်တဲ့ အပေါ်ဆုံးက top ring နှစ်ကွင်းနဲ့
Oil ring လို့ခေါ်တဲ့ ဆီထိမ်းတဲ့ အတွန့်ကွင်း တစ်ကွင်းနဲ့ အပါးကွင်းနှစ်ကွင်း ရှိပါတယ်။
တစ်ပြိုင်နက် ရိန်းကျ တတ်သလို တစ်မျိုးစီလည်း ကွဲပြားပြီး ရိန်းကျတတ်ပါတယ်။

(1)ရိန်းဘာလို့ကျရသလဲ။
(2)ရိန်းကျတာ ကို ဘယ်လို သိနိုင်သလဲ။
(3)ရိန်းကျရင် ဘာတွေ ဖြစ်နိုင်သလဲ။
(4)ရိန်းကျ ခြင်းနဲ့ စပ်ဆက် ပြသနာတွေက ဘာတွေလဲ။

(1) ရိန်း ကျတာအဓိက အကြောင်းအရင်းကတော့ အင်ဂျင်ဝိုင် ကြောင့် ကျပါတယ်။

အင်ဂျင် ဝိုင် မကောင်းတာ သုံးရင်
အင်ဂျင်ဝိုင် လဲသင့်တဲ့အချိန် မလဲရင်
အင်ဂျင် ဝိုင် ယိုနေစိမ့်နေခြင်းကို မပြုပြင်မိလို့ ယိုစိမ့်ပြီး အင်ဂျင်ဝိုင် ဂိတ်မီ အောင် မရှိတော့ရင်

နောက်တစ်ချက်က-

ဂရုတစိုက် စီးနှင်းမောင်းနှင်ခြင်းမပြုတာကြောင့်ဖြစ်ရတာပါ။

နာရီအတော်ကြာ ပစ်ထားပြီး စတင်နှိုးတဲ့အချိန်
လီဗာဖြဲခြင်း။
နာရီအတော်ကြာ ရပ်နေချိန် ဆိုင်ကယ် အင်္ဂျင် အတွင်းပိုင်းဆီများစစ်နေတဲ့အတွက် ဆီမရှိတဲ့ မေရာတွေ အတော်များပါတယ်။
ှရှေ့ ဘားပိုင်းလည်း ဆီမရှိသလို ရိန်းအတွင်းလည်း ဆီမရှိပါ။ စလစ်ကိုလည်း ဆီမရောက်သေးပါ။ အဲ့ဒီအချိန် သံသံချင်း တိုက်ရိုက် ပွတ်စားမှုကြောင့်
အချိန်မတိုင်ခင် ရိန်းရော စလစ်ပါ မြန်မြန်ကျစေပါတယ်။

စက်နိုးပြီးတာနဲ့ ဂီယာထည့် ထွက်ခြင်း ဟာလည်း
အလားတူပဲ ဆိုးရွားလွန်းပြီး ဆိုင်ကယ် သက်တမ်း တိုစေမှာပါ။

နာရီများစွာ မနားတမ်း ဆက်တိုက်မောင်းနှင်ခြင်း။

အင်ဂျင် အလွန်အမင်းပူလာတဲ့အခါ အင်ဂျင်ဝိုင်ရဲ့စွမ်းဆောင်ရည်ဟာ အကန့်အသတ် ကျော်လွန်လာမှာပါ။ ရေတိုင်ကီ ပါတဲ့ ဆိုင်ကယ်တွေမှာ ရေဆူ တဲ့အခါ နားပေးရသလိုပဲ မပါတဲ့ ဆိုင်ကယ်တွေမှာတော့ နာရီ များစွာ ဆက်တိုက် မမောင်းသင့်ပါ။
အခြေအနေ အရ နားနားပြီး မောင်းသင့်ပါတယ်။

နောက်တစ်ချက်ရှိပါသေးတယ်
ဆိုင်ကယ် အင်ဂျင်ဝိုင်ထဲရေပါခြင်း ရေဝင်ခြင်း
မနှိုးပဲ မစီးပဲ လပေါင်းများစွာ ပစ်ထားခြင်း

စတာတွေကလည်း ရိန်းကျစေနိုင်ပါတယ်။
ဆိုင်ကယ် အင်ဂျင်ထဲရေဝင်တာက ထားပါတော့။
မစီးဘဲ ပစ်ထားတာကြာရင် ဘာလို့ရိန်းကျရတာလဲ။

ပြောပြီးခဲ့ သလိုပါပဲ။
မစီးဘဲ လတွေ တော်တော်ကြာရင် ဆီမရှိတော့တဲ့
အစိတ်အပိုင်းတွေဟာ သံချေး တက် လာနိုင်ပါတယ်။
အထူးသဖြင့် စလစ်နဲ့ ရိန်းဟာ စိုထိုင်းမှုကြောင့် ဆီမရှိတော့တဲ့ အတွက်သံချေးတတ်ပါတယ်။
မစီးဘဲ အကြာကြီး ပစ်မထားသင့်ပါ။
တစ်ရက်တစ်ခါ နှိုးပေးသင့်ပါတယ်။
အချို့ဘီးတွေ ဆိုရင် နှိုးမရ တော့အထိ ရိန်းသေ
ဘားဟာ ဖြစ်ကုန်ပါတယ်။
နှိုးရရင်လည်း မီးခိုးဖြူ လိုက်နေတတ်ပါတယ်။

အဲ့ဒါတွေ အားလုံးခြုံကြည့်ရင် အင်ဂျင်ဝိုင်ဟာ အသက်သွေးဖြစ်တာကို မြင်သာ ပါလိမ့်မယ်။
ကျနော် ရေးခဲ့ ပြောခဲ့ပြီးပါပြီ။
နောက် တစ်ချက် ရိန်းတတ်တာကတော့
သက်တမ်းကုန်လို့ပါ။
သူ့အရည်အသွေးရှိသလောက်ပဲ ခံနိုင် သုံးနိုင်မှာလေ။ ဘယ်လောက်ဂရုစိုက်ပါစေ။ အချိန် တစ်ခု ကြာရင်တော့ ရိန်း ကျကို ကျရမှာပါ။

ဂရုစိုက်တဲ့လူတွေ အတွက်တော့ ရိန်းပဲ ကျပြီး ရိန်းပဲ လဲလှယ်ရုံနဲ့ အားလုံးအဆင်ပြေတတ်ပါတယ်။
ဂရုမစိုက်ရင်တော့ စလစ် ဘိုးရိန်းပါ အစင်းထင် ပြီး
တွင် ပြန်သ သုံးရမှာမို့ ပိုကုန်ကျမှာပါ။

2။ရိန်းကျတာကို ဘယ်လိုသိနိုင်လဲဆိုတော့
မီးခိုးဖြူ ထွက်နေပြီဆိုရင် လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ (2t သုံးရတဲ့ 2 stroke ဆိုင်ကယ်တွေ ကိုတော့ မပြောလိုပါ)
ဒါပေမယ့် မီးခိုးဖြူလိုက်တာကလည်း ရိန်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။
စလစ်မကောင်းတော့တာ၊ ဘားဝိုက်စီး မလုံတာ၊
အင်ဂျင် ဝိုင် ဂိတ်ကျော်အောင် ထည့်တာ တွေကလည်း မီးခိုးဖြူ ထွက်တတ်ပါတယ်။

အချို့ ဘီး တွေမှာ သိသိသာသာ မမြင်ရတတ်ပါဘူး။ဆီဂိတ် မမီတော့တဲ့အခါမှာလည်း မီးခိုးပါးနေတတ်ပါတယ်။ မြင်သာတာကတော့ အိတ်ဇောမှာ အင်ဂျင်ဝိုင် မီးခိုးကြောင့် ဆီ စိုလာတတ်တာပါပဲ။

မီးခိုးမမြင်ရပေမယ့် အိတ်ဇောမှာ ဆီစိုလာပြီဆိုရင် သေချာပါတယ် ရိန်းကျနေတာ သိပါပြီ။

အချို့ဘီးတွေမှာ အဆွဲအရုန်းကောင်းပါလျှက်နဲ့ မီးခိုးလိုက်လာတာကတော့ Compression ringကောင်းနေသေးပြီး Oil ring ကျလို့ ဖြစ်ရတာပါ။
တစ်ခါ ရိန်းတွေက အကုန်ကောင်းနေပါလျှက် စလစ်မှာ အစင်းကြီးကြီးမားမား ထင်နေရင်လည်း ဆီစိမ့်ကျော်ပြီး မီးခိုးဖြူ လိုက်မှာပါ။

(3)ဟုတ်ပါပြီ။ ရိန်းကျရင် ဘာတွေဖြစ်နိုင်လဲ ဆိုတော့..

ရိန်းကြောင့်ဖြစ်ဖြစ်.ဘားကြောင့်ဖြစ်ဖြစ် မီးခိုးဖြူလိုက်ပြီဆိုရင် အင်ဂျင် ကျန်းမာရေးညံ့နေတာတော့ သေချာပါတယ်။
ပလပ် တွေကို ဒုက္ခ ပေးတော့မယ်။
ဘားတွေ ပစ္စတင် တွေ ချိုးကပ်တော့မယ်။
ဘားဟာမယ်။နိုးရတာ ခက်မယ်။
စလစ်မှာ အစင်းတွေ ထင်လာနိုင်ပြီး ဘိုးရိန်းခုတ် ရတတ်ပါတယ်။

မီးခိုးဖြူလိုက်နေတာဟာ အင်ဂျင်ဝိုင် တွေ မီးလောင် နေတာကြောင့်ဖြစ်ပြီး အင်ဂျင်ဝိုင် စားပါမယ်။
ခဏခဏ ဖြည့်နေရမယ်။
မဖြည့်မိတဲ့အခါ ခမ်းလာပြီး မီးခိုးလိုက်တာ ပျောက်သွားတတ်ပါတယ်။
အဲ့ဒီ အခိုက်မှာ အရှိန်ပြင်းမောင်းတာ နဲ့ ခရီးဝေးသွားမိတဲ့အခါ မှာ အင်ဂျင် ရှေ့ပိုင်း ဂျမ်း ဖြစ်ပါမယ်။
ဘားကောက် သွားပါမယ်။
အခြားအင်ဂျင် အတွင်းပိုင်း ကလီစာတွေကိုလည်း
အမှုံ့ ခြေပစ်ပါတော့မယ်။

(4)ရိန်းကျခြင်းကြောင့် စပ်ဆက်ပြီး ပြသနာတွေ တက်ပါတယ်။
ပလပ် ထိခိုက်လို့ ပလပ်လဲရတာ ၊ဆီ ခမ်းလို့ဖြည့်ရတာ ရှိပါမယ်။
ဘားတွေလည်း မြန်မြန်ကျစေ ဟာစေပါတယ်။
အင်ဂျင်ဝိုင် ခမ်းစေတဲ့ အတွက် အတွင်းပိုင်း ကလီစာတွေ အခြေအနေ မြန်မြန် ဆိုးစေပါတယ်။
နောက် ကလပ်ပြားတွေ လောင်စေပါတယ်။
အဆွဲအရုန်းကျပြီး ဓာတ် ဆီလည်း သောက်ပါလိမ့်မယ်။

ရိန်း(Ring) ကျရင် ဖြစ်တဲ့ ဝေဒနါတွေက များလွန်းတယ်။ ရိန်းမကျအောင် ဂရုစိုက်ဖို့လိုတယ်။
အင်ဂျင် ဝိုင် ပုံမှန်လဲပေးမှ ဖြစ်မယ်။
ဆီယိုစိမ့်မှု မရှိအောင်လည်း ဝိုက်စီးတွေကိုဂရုစိုက် လဲလှယ်သင့်တယ်။
နောက် အရေးကြီး တာကတော့
ဆိုင်ကယ် စနိုးနိုးခြင်း လီဗာ အလွန်အမင်းတင်ခြင်း
ဂီယာထည့် ချက်ခြင်း ထွက်ခြင်း ရှောင်ကျဉ်ရပါမယ်။
နှိုးပြီးတာနဲ့ တစ်မိနစ်လောက်တော့ အနည်းဆုံး ပုံမှန်လေး လည်ပတ်စေသင့်ပါတယ်။
အင်ဂျင်ဝိုင် အင်ဂျင် အနှံ့ရောက်လောက်တဲ့ အနေအထားမှ သာလျှင် စတင် မောင်းနှင်သင့်ပါတယ် ခင်ဗျာ။
စာရေးသူအား ပေးပါတယ်ဗျ
ကိုပေါက်စီ (ကရိုင်းသ)
09259366800
09896504883
09426504883

တရုတ်အင်ဂျင် ကော်လံစား သွားတဲ့ အတွက်အင်ဂျင်ဘလောက်ကို ဂဟေဆော် လိုင်းဘိုးရိမ်း လုပ်ပီး ကရိုင်းကို လည်း ဂဟေဆော် ဖို့သလုပ်ကရ...
01/11/2022

တရုတ်အင်ဂျင် ကော်လံစား သွားတဲ့ အတွက်
အင်ဂျင်ဘလောက်ကို ဂဟေဆော်
လိုင်းဘိုးရိမ်း လုပ်ပီး
ကရိုင်းကို လည်း ဂဟေဆော် ဖို့သလုပ်
ကရိုင်းသ ပီးအဆင်ပြေအောင်တခါတည်း အင်ဂျင်ဘလောက်မှာထည့်စမ်းပေး လိုက်ပါတယ်နော်
ကိုပေါက်စီ (ကရိုင်းသ)
09259366800
09426504883
09896504883

ဆိုင်ကို တချို့ Custumer တွေ တရုတ်ကရိုင်း အသစ်တွေဝယ်လာတယ်သူတို့က မေးကြတယ် ကရိုင်း အသစ်ပဲ စစ်ဆေးဖို့ လိုလို့လားတဲ့ ☺️☺️ကျ...
05/09/2022

ဆိုင်ကို တချို့ Custumer တွေ
တရုတ်ကရိုင်း အသစ်တွေဝယ်လာတယ်
သူတို့က မေးကြတယ် ကရိုင်း အသစ်ပဲ
စစ်ဆေးဖို့ လိုလို့လားတဲ့ ☺️☺️
ကျွန်တော် အကြုံပြုချင်တာကတော့
တရုတ်ကရိုင်း အသစ်ဝယ်လာတိုင်း
စစ်ဆေးဖို့ 🙏🙏🙏
ကရိုင်းအသစ်ဆိုတိုင်း အနာမကင်းပါဘူးဗျ


စေတနာဖြင့်
ကိုပေါက်စီနှင့်ညီများ
(မြမြင့်မိုရ်)ကရိုင်းသ☺️☺️

17/06/2022

ယနေ့အတွက် PF-6☺️ကားကရိုင်းသခြင်း

စေတနာဖြင့်အလုပ်လုပ်ပါ ။

ထိုအလုပ်ကလည်း သင့်ကို စေတနာထား ပါတယ်ဗျ☺️☺️

‌ကိုပေါက်စီနှင့်ညီများ 🙏
‌(မြမြင့်မိုရ်ကရိုင်းသ)🙏

‌09259366800. 09896504883🙏

18/09/2021

Today ဆိုင်ကယ်ကရိုင်းလေး☺️☺️Super 4 ဘယ်ရင်လေးတွေရော 🏍️🏍️ဝယ်လို့ မရတဲ့ ဆိုင်ကယ်ဘယ်ရင် လေးတွေလည်း ☺️☺️ကိုပေါက်စီ ဆိုင်မာလုပ်လို့ ရပါတယ်နော်☺️☺️
Video လေး ကြည့်ပီး တော့ ကျွန်တော်တို့ ဆိုင်ရဲ့ page လေးကို လည်း ဝင်ရောက်လေ့လာနိုင်ပါတယ် ဗျ ☺️☺️☺️
မန္တလေး မှာ ကရိုင်းသချင်တယ်ဆိုရင် တော့ 🥠🥠🥠🥠🥠ကိုပေါက်စီ ကို သတိရလိုက်ပါဗျ
Ph no 09259366800 ကိုဆက်သွယ်မေးမြနိးနိုင်ပါတယ်ဗျ ☺️☺️☺️☺️

ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါတယ်ဗျ ☺️☺️ ကျွန်တော်တို့ ဆိုင်ရဲ့ page လေးကို လည်း ဝင်ရောက်လေ့လာနိုင်ပါတယ် ဗျ ☺️☺️☺️မန္တလေး...
10/09/2021

ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါတယ်ဗျ ☺️☺️
ကျွန်တော်တို့ ဆိုင်ရဲ့ page လေးကို လည်း ဝင်ရောက်လေ့လာနိုင်ပါတယ် ဗျ ☺️☺️☺️
မန္တလေး မှာ ကရိုင်းသချင်တယ်ဆိုရင် တော့ 🥠🥠🥠🥠🥠ကိုပေါက်စီ ကို သတိရလိုက်ပါဗျ
Ph no 09259366800 ကိုဆက်သွယ်မေးမြနိးနိုင်ပါတယ်ဗျ ☺️☺️☺️☺️

ရွှေဘိုကနေပီး တော့ တကူးတက လာပီး အားပေးတဲ့ အကိုကြီး ကျေးဇူးပါ ဗျ ☺️☺️ကျွန်တော်တို့ ဆိုင်ရဲ့ page လေးကို လည်း ဝင်ရောက်လေ့လ...
10/09/2021

ရွှေဘိုကနေပီး တော့ တကူးတက လာပီး အားပေးတဲ့ အကိုကြီး ကျေးဇူးပါ ဗျ ☺️☺️
ကျွန်တော်တို့ ဆိုင်ရဲ့ page လေးကို လည်း ဝင်ရောက်လေ့လာနိုင်ပါတယ် ဗျ ☺️☺️☺️
မန္တလေး မှာ ကရိုင်းသချင်တယ်ဆိုရင် တော့ 🥠🥠🥠🥠🥠ကိုပေါက်စီကို သတိရလိုက်ပါဗျ
Ph no 09259366800 ကိုဆက်သွယ်မေးမြနိးနိုင်ပါတယ်ဗျ ☺️☺️☺️☺️

09/09/2021

Fighting 💪💪💪💪
Video လေး ကြည့်ပီး တော့ ကျွန်တော်တို့ ဆိုင်ရဲ့ page လေးကို လည်း ဝင်ရောက်လေ့လာနိုင်ပါတယ် ဗျ ☺️☺️☺️
မန္တလေး မှာ ကရိုင်းသချင်တယ်ဆိုရင် တော့ 🥠🥠🥠🥠🥠ကိုပေါက်ဆီ ကို သတိရလိုက်ပါဗျ
Ph no 09259366800 ကိုဆက်သွယ်မေးမြနိးနိုင်ပါတယ်ဗျ ☺️☺️☺️☺️

အခုလိုအားလုံး ခက်ခဲနေတဲ့ အချိန်လေး မာ ယုံကြည်စွာ လက်ရောက်အပ်နှံကြတဲ့ တယောက်ချင်းဆီတိုင်း ကို အထူး ပင်ကျေးဇူးတင်ရှိပါတယိဗ...
08/09/2021

အခုလိုအားလုံး ခက်ခဲနေတဲ့ အချိန်လေး မာ ယုံကြည်စွာ လက်ရောက်အပ်နှံကြတဲ့ တယောက်ချင်းဆီတိုင်း ကို အထူး ပင်ကျေးဇူးတင်ရှိပါတယိဗျ ☺️☺️
ကျွန်တော်တို့ ဆိုင်ရဲ့ page လေးကို လည်း ဝင်ရောက်လေ့လာနိုင်ပါတယ် ဗျ ☺️☺️☺️
မန္တလေး မှာ ကရိုင်းသချင်တယ်ဆိုရင် တော့ 🥠🥠🥠🥠🥠ကိုပေါက်ဆီ ကို သတိရလိုက်ပါဗျ
Ph no 09259366800 ကိုဆက်သွယ်မေးမြနိးနိုင်ပါတယ်ဗျ ☺️☺️☺️☺️

08/09/2021

အသုံးများ တဲ့ ခွေးဘီလူးSUZUKI ကရိုင်း (K6A )လေး ☺️☺️☺️
Video လေး ကြည့်ပီး တော့ ကျွန်တော်တို့ ဆိုင်ရဲ့ page လေးကို လည်း ဝင်ရောက်လေ့လာနိုင်ပါတယ် ဗျ ☺️☺️☺️
မန္တလေး မှာ ကရိုင်းသချင်တယ်ဆိုရင် တော့ 🥠🥠🥠🥠🥠ကိုပေါက်ဆီ ကို သတိရလိုက်ပါဗျ
Ph no 09259366800 ကိုဆက်သွယ်မေးမြနိးနိုင်ပါတယ်ဗျ ☺️☺️☺️☺️

Address

Between 14th And 15th Street On 86 Road
Mandalay
5555

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959259366800

Website

Alerts

Be the first to know and let us send you an email when Ko ပေါက် စီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share