Aladin Design

Aladin Design Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aladin Design, Business service, Mandalay.

"အမြင်အာရုံ ဆုံးရှုံးသွားတာဟာ ကျွန်တော့်ရဲ့ ဗိသုကာပညာကို ပိုပြီး နက်နဲသွားစေပါတယ်။ ကျွန်တော်ဟာ အဆောက်အအုံတစ်ခုကို မျက်စိ...
02/01/2026

"အမြင်အာရုံ ဆုံးရှုံးသွားတာဟာ ကျွန်တော့်ရဲ့ ဗိသုကာပညာကို ပိုပြီး နက်နဲသွားစေပါတယ်။ ကျွန်တော်ဟာ အဆောက်အအုံတစ်ခုကို မျက်စိနဲ့ ကြည့်ရုံတင်မဟုတ်ဘဲ တစ်ကိုယ်လုံးနဲ့ ခံစားတတ်လာတာပါ" - Chris Downey

မျက်မမြင် ဗိသုကာပညာရှင် ခရစ်ဒွန်နီ (Chris Downey) ရဲ့ အကြောင်းဟာ တကယ့်ကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ဖြစ်ရပ်တစ်ခုပါ။ သူဟာ အမြင်အာရုံမရှိတော့ပေမဲ့ ဒီဇိုင်းလောကမှာ အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ ကမ္ဘာ့အနည်းငယ်သော မျက်မမြင်ဗိသုကာပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။
သူ့ရဲ့အကြောင်းကို အချက်အလက်အချို့နဲ့ ခွဲခြားပြောပြပေးပါ့မယ်။
၁။ အမြင်အာရုံ ဆုံးရှုံးခဲ့ပုံ
ခရစ်ဒွန်နီဟာ မွေးရာပါမျက်မမြင် မဟုတ်ပါဘူး။ သူဟာ ဗိသုကာပညာရှင်အဖြစ် အလုပ်လုပ်ကိုင်နေရင်း ၂၀၀၈ ခုနှစ်၊ အသက် ၄၅ နှစ်အရွယ်မှာ ဦးနှောက်အကျိတ် (Brain Tumor) ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ်။ ခွဲစိတ်မှုအပြီး ၃ ရက်အကြာမှာတော့ သူဟာ လုံးဝအမြင်အာရုံ ဆုံးရှုံးသွားခဲ့ပါတယ်။
၂။ လက်မှုပညာနဲ့ နည်းပညာကို ပေါင်းစပ်ခြင်း
အမြင်အာရုံမရှိတော့ပေမဲ့ သူဟာ ဗိသုကာအလုပ်ကို လက်မလျှော့ခဲ့ပါဘူး။ သူက ဒီဇိုင်းတွေကို ဘယ်လိုဆွဲသလဲဆိုရင်-
• Wiki-Sticks: ဖယောင်းနဲ့ပြုလုပ်ထားတဲ့ နူးညံ့တဲ့ကြိုးလေးတွေကို အသုံးပြုပြီး ပုံစံကြမ်းတွေကို စမ်းသပ်ထိတွေ့ကာ ဆွဲပါတယ်။
• Tactile Tools: အထူးပြုလုပ်ထားတဲ့ အထိအတွေ့ခံစားလို့ရတဲ့ ပေတံနဲ့ ကိရိယာတွေကို သုံးပါတယ်။
• Tactile Printer: ကွန်ပျူတာပေါ်က ဒီဇိုင်းတွေကို အဖုအထစ်တွေပါတဲ့ စက္ကူပေါ်မှာ ရိုက်ထုတ်ပြီး လက်နဲ့စမ်းကာ နားလည်အောင် ကြိုးစားပါတယ်။
၃။ Universal Design (လူတိုင်းအတွက် ဒီဇိုင်း)
ခရစ်ဒွန်နီရဲ့ ထူးခြားချက်က သူဟာ "အမြင်" ထက် "အထိအတွေ့နဲ့ အသံ" ကို အခြေခံတဲ့ ဗိသုကာပညာကို ဖော်ဆောင်လာနိုင်တာပါ။
• လမ်းလျှောက်တဲ့အခါ ကြမ်းပြင်ရဲ့ အသွင်အပြင် (Texture) ပြောင်းလဲမှုကို ကြည့်ပြီး နေရာကို ခွဲခြားနိုင်အောင် ဖန်တီးပါတယ်။
• အသံရဲ့ တုံ့ပြန်မှု (Acoustics) ကို အသုံးပြုပြီး အခန်းရဲ့ အကျယ်အဝန်းကို ခံစားမိအောင် လုပ်ဆောင်ပါတယ်။
• သူဟာ ဆေးရုံတွေ၊ ပြန်လည်သန်စွမ်းရေးစင်တာတွေနဲ့ အများပြည်သူသုံး နေရာတွေကို မသန်စွမ်းသူတွေရော၊ သန်စွမ်းသူတွေပါ အဆင်ပြေပြေ သွားလာနိုင်အောင် အကြံပေး ဒီဇိုင်းထုတ်ပေးလေ့ရှိပါတယ်။
သူရဲ့ ထင်ရှားတဲ့ လက်ရာအချို့
• San Francisco LightHouse: မျက်မမြင်တွေအတွက် ရည်ရွယ်တဲ့ အဆောက်အအုံဖြစ်ပြီး သူကိုယ်တိုင် အဓိက အကြံပေး ဒီဇိုင်းထုတ်ခဲ့တာပါ။
• Duke University Hospital: မျက်စိကုသဆောင်သစ်အတွက် သူက ဒီဇိုင်းပိုင်းဆိုင်ရာ အကြံပေးအဖြစ် ပါဝင်ခဲ့ပါတယ်

ခရစ်ဒွန်နီရဲ့ အကြောင်းဟာ အခက်အခဲတွေကြားက ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို နည်းလမ်းအသစ်နဲ့ ဘယ်လို ဆက်လက် အသုံးချရမလဲဆိုတာကို ပြသနေတဲ့ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်


ပြာသိုလပြည့်နေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့ တစ်ကမ္ဘာလုံးမှ မိခင်များ အမေများအားလုံး Happy Mother’s Day ပ...
02/01/2026

ပြာသိုလပြည့်နေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျရောက်တဲ့
အမေများနေ့

တစ်ကမ္ဘာလုံးမှ မိခင်များ အမေများအားလုံး Happy Mother’s Day ပါ


9.7.2025 ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့လေးမှာ ( ၇ )ရက်သားသမီးများ သက်ရှည်ကျန်းမာပြီး လိုအင် ဆန္ဒများပြည့်ဝပါ...
09/07/2025

9.7.2025 ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့လေးမှာ ( ၇ )ရက်သားသမီးများ
သက်ရှည်ကျန်းမာပြီး လိုအင် ဆန္ဒများပြည့်ဝပါစေ၊
မြန်မာပြည်ကြီးလည်း ဘေးရန်အမျိုးမျိုးမှ
အမြန်ဆုံးကင်းဝေး ပယ်ပျောက်ပြီး အေးချမ်းပါစေ 🙏🙏🙏

#ဝါဆိုလပြည့်နေ့

Dainty coffee shops 🤍
12/06/2024

Dainty coffee shops 🤍

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )--------------------------ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒ...
22/05/2024

ကဆုန်လပြည့်နေ့ ( ဗုဒ္ဓနေ့ )
--------------------------
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ လို့ လူသိများကြတဲ့ ဒီနေ့ဟာဆိုရင်

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားရှင်ဖွားမြင်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃) ဘဲဖြစ်ပါတယ်ရှင်🙏

ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပြီး တရားဘာဝနာများ ပွါးများနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်🙏

#ကဆုန်လပြည့်နေ့
Crd:

ပုံဆွဲပြီးအိမ်ဆောက်ခြင်းနဲ့ ပုံမဆွဲပဲဆောက်ခြင်း===============================အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့ပု...
01/05/2024

ပုံဆွဲပြီးအိမ်ဆောက်ခြင်းနဲ့ ပုံမဆွဲပဲဆောက်ခြင်း
===============================

အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့
ပုံဆွဲခ ပေးရမှာအလွန်နှမျှောကြပါတယ်။
သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားလို့ အယူရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက်

အဲတော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။
- ပုံစံ မရှိတဲ့အတွက် ပစ္စည်းဒေသ ပေါက်ဈေးနဲ့
တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူး။
အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။
အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေ အလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။

- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
-
-အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့
အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြား ဖြစ်လာပြီး တစ်သက်လုံး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
-
-ပြီးတော့လဲ ကန်ထရိုက်ရဲ့ ဂျင်းပါမက ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတတ်ပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊ သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။

- ပုံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီး ပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။

ပိုကုန်သွားတတ်တာမဟုတ်ဘူး ကြိမ်းသေ ပိုကုန်မှာပါ။

တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်း အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။

ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုံဆွဲပြီး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
-
ပစ္စည်း အလေအလွင့်တွေနည်းသွားပြီး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
-
-တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
-
-အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။

အဲ့တော့ အိမ်ကို ပုံစံဆွဲပြီး
ဆောက်သင့်မဆောက်သင့်
ကိုယ်တိုင် စဉ်းစားကြပါ


Happy Chinese New Year 2024 🎉🎉🎉
09/02/2024

Happy Chinese New Year 2024 🎉🎉🎉

2024 မှာ ခေတ်စားလာမဲ့ Color Theme နဲ့ Living Room Interior Design လူကြီးမင်းတို့ရဲ့ နေအိမ် ဆိုင်ခန်း အဆောက်အအုံများ အတွက...
26/01/2024

2024 မှာ ခေတ်စားလာမဲ့ Color Theme နဲ့ Living Room Interior Design

လူကြီးမင်းတို့ရဲ့ နေအိမ် ဆိုင်ခန်း အဆောက်အအုံများ အတွက်
Renovation / Decoration & Construction လုပ်ငန်းများအတွက် Aladin မှ ကျွမ်းကျင် Designer များဖြင့် Design ပိုင်း တာဝန်ယူပီး စိတ်တိုင်းကျ ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်

တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေများအားလုံးကို ဂါရဝပြုလျက်Happy Mother’s Day ပါရှင် ❤️ အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
25/01/2024

တစ်ကမ္ဘာလုံးမှာရှိတဲ့ အမေများအားလုံးကို ဂါရဝပြုလျက်
Happy Mother’s Day ပါရှင် ❤️ အမေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင် 🙏🙏🙏

Address

Mandalay
12345

Website

Alerts

Be the first to know and let us send you an email when Aladin Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share