Cupid Diary

Cupid Diary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cupid Diary, Dating service, Mandalay.

Blind Date MDY gp ရဲ့ ရေဘေးအလှူကျေးဇူးတင်အသိအမှတ်ပြုလွှာ -ရေဘေးသင့် ပြည်သူတွေကိုမြင်ရကြားရပီး စိတ်မကောင်းလို့ ကိုယ်တတ်နိ...
22/09/2024

Blind Date MDY gp ရဲ့ ရေဘေးအလှူကျေးဇူးတင်အသိအမှတ်ပြုလွှာ

-ရေဘေးသင့် ပြည်သူတွေကိုမြင်ရကြားရပီး စိတ်မကောင်းလို့ ကိုယ်တတ်နိူင်သလောက် ကြိုးစားကြည့်မယ်ဆိုပီး စခဲ့လိုက်တာ မထင်မှတ်ပဲ အလှူငွေတွေ တခဲနက်ဝိုင်းထည့်ကြတဲ့အတွက် တာဝန်တွေပိုကြီးလာခဲ့

-လှူတဲ့ငွေတွေပစ္စည်းတွေများလို့ admin team နဲ့အပြင် gp member တွေထဲက ရင်းနှီးရတဲ့ ညီအကိုမောင်နှများကို အပူကပ်အကူညီတောင်းပီး volunteer team လေးဖွဲ့ပီး တာဝန်ကိုယ်စီ ခွဲဝေယူခဲ့ကြ

-အများအလှူငွေတွေကိုဖြုန်းတီးရာမရောက်ပဲ ထိထိရောက်ရောက်နဲ့ လိုအပ်နေတဲ့ ပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိအောင် အဆက်အသွယ်တွေ ရွာခံတွေရှာပီး သေချာစီစဉ်ခဲ့ကြပါတယ်
(ကူညီချိတ်ဆက်စီစဉ်ပေးတဲ့ ပုလိပ်အင်းနားရွာခံ ညီလေးနဲ့ မြစ်သားမြို့နယ် ဒါးရယ်ကောင်းရွာခံ ညီမကိုကျေးဇူးတင်ပါတယ်
ပီးတော့ နှစ်ရွာလုံးခရီးစဉ်မှာ ကားကြီးကူညီပေးခဲ့တဲ့ ကိုမွန်ကြီး နဲ့ဇနီး ရွှေမြင့်မိုရ်လောင်စာတောင့်စက်ရုံ ကိုလဲ ကျေးဇူးတင်ပါတယ်🙏)

ရရှိတဲ့အလှူငွေ, အဝတ်အထည် နဲ့ ပစ္စည်းတွေကို တကယ်ခက်ခဲလိုအပ်နေတဲ့ ရွာနှစ်ရွာကို သုံးခေါက် ခွဲပီး သေချာစီစဉ်လှူဒါန်းခဲ့ပါတယ်

-ဒါတွေအားလုံးက လှူဒါန်းပေးကြတဲ့ အလှူရှင်တွေနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းမိမိတတ်နိူင်တဲ့ဘက်က အားဖြည့်ကူညီပေးကြတဲ့ ညီအကိုမောင်နှမ များရဲ့ စုပေါင်းအင်အားကြောင့်ခုလို ဘာအခက်အခဲမှမရှိပဲ အောင်အောင်မြင်မြင် ဖြစ်မြောက်ခဲ့တာပါ

-အယောက်စီတိုင်းက တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်မှုတွေကြောင့်
သဘောထားကွဲလွဲမှုတွေ ငြင်းခုန်မှုတွေရှိခဲ့ကြပေမယ့် အားလုံးစိတ်ဝမ်းမကွဲပဲ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ပဲ ပျော်ရွှင်စွာ ပြီးဆုံးခဲ့ပါတယ်

-တကယ်ကို လေးစားဖို့ကောင်းချစ်ဖို့လဲကောင်းတဲ့ လူငယ်လေးတွေပါဗျာ
နောက်များမှာလဲ အများအကျိုးအတွက် ကူညီလုပ်ဆောင်မှုလေးတွေကို တတ်အားသ၍ကြိုးစားလုပ်ဆောင် သွားအုံးမှာပါ☺️

-ခုကြိုးစားမှုလေးကတော့ gp သက်တမ်း ၂နှစ်ကျော်အတွင်းမှာ ပီတိအဖြစ်ရဆုံးနဲ့ အမှတ်အရဆုံး တခုဖြစ်ခဲ့ပါပီဗျာ 🤍

(အလှူငွေစာရင်းရှင်းတမ်း နှင့် မှတ်တမ်းphoto video များကိုလဲ မကြာခင်မှာတင်ပေးသွားပါမယ်)

Cupid Diary by Blind Date MDY

Dd




BDM Team ရဲ့21.9.2024ရက်နေ့တွင် မြစ်သားမြို့နယ်ရေဘေးသင့် ကျေးရွာများသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်မှုများ 💪💪💪အိမ်ခြေ ...
20/09/2024

BDM Team ရဲ့21.9.2024ရက်နေ့တွင် မြစ်သားမြို့နယ်ရေဘေးသင့် ကျေးရွာများသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင်မှုများ 💪💪💪

အိမ်ခြေ 348 အိမ်စာ

တစ်မိသားစုခြင်းစာ အတွက်

1. ဆန် တစ်ပြည်
2. ဆီ ၃၀သား တစ်ဗူး
3. ဆား တစ်ထုပ်
4. ကြက်ဥ 5 လုံး
5. ဘာလချောင်ကြော် ၅ ကျပ်သားထုပ်
6. ဖွားထွေး လက်ဖက်ထုပ်
7. မုန့်ခြောက်
8. ခေါက်ဆွဲခြောက်
9. ဖယောင်းတိုင်ထုပ်
10. မီးခြစ်
11. ဆပ်ပြာမှုန့်
12. ရေဖလား
13. သောက်ရေခွက်
14. စတီးဇလုံ
15. ရေသန့် တစ်လီတာ ၃ ဗူး
16. ဆပ်ပြာခဲ

သီးသန့်

1. အိမ်သုံးဆေးဝါးများ
2. ဒန်အိုး အရေအတွက်အလုံး (၅၀)
3. မိသားစုခြင်ထောင်အလုံး (၁၀၀)
4. အမျိုးသမီးလစဉ်သုံးပစ္စည်းများ
5. ဖိနပ် လူကြီးစီး ၁၃၂ ရံ
6. ဖိနပ် ကလေးစီး ၂၄ ရံ
7. အဝတ်အထည်များ






Blind Date MDY Group မှမြန်မာနိုင်ငံလုံးဆိုင်ရာ တိုက်ကြက်ဝါသနာရှင်များ အသင်း သို့ #ရမည်းသင်းဒေသ ရေဘေးကူညီကယ်ဆယ်ရေးအတွက် ...
18/09/2024

Blind Date MDY Group မှ

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုက်ကြက်ဝါသနာရှင်များ အသင်း သို့

#ရမည်းသင်းဒေသ ရေဘေးကူညီကယ်ဆယ်ရေးအတွက်

အလှူငွေ 100000 ကျပ် ပြန်လည် လှူဒါန်းလိုက်ပါတယ် ။

ခုလို BDM အဖွဲ့ကိုယ်တိုင် မသွားရောက်နိုင်တဲ့ နယ်ဝေး ရေဘေးသင့်ဒေသတွေအတွက် တတ်နိုင်သလောက် ပြန်လှူပေးခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် ရှင်။

ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များအားလုံးလဲ
ကျန်းမာချမ်းသာဘေးကင်းကြပါစေ 🙏

𝘾𝙪𝙥𝙞𝙙 𝘿𝙞𝙖𝙧𝙮 𝙗𝙮 𝙗𝙡𝙞𝙣𝙙 𝙙𝙖𝙩𝙚 𝙈𝘿𝙔








 #အဖြူရောင်ပရဟိတအဖွဲ့ ကို Blind Date Mdy Group မှ တောင်ငူမြို့ရေဘေးသင့်ပြည်သူများအတွက် 100,000 ကျပ်တိတိလှူလိုက်ပါတယ်ရှင့...
17/09/2024

#အဖြူရောင်ပရဟိတအဖွဲ့ ကို
Blind Date Mdy Group မှ တောင်ငူမြို့ရေဘေးသင့်ပြည်သူများအတွက် 100,000 ကျပ်တိတိလှူလိုက်ပါတယ်ရှင့်
၇ ရက်သားသမီးများ ကောင်းမှု ထပ်တူရကြပါစေ 🙏🙏🙏






ယနေ့ 17-9-2024 Cupid Diary by Blind Date MDY  Group မှ #ဒုတိယအကြိမ်_ရေဘေးလှူဒါန်းမှု ပုလိပ်မြို့ဒုတ္ထဝတီမြစ် ဟိုဘက်ကမ်းမ...
17/09/2024

ယနေ့ 17-9-2024

Cupid Diary by Blind Date MDY Group မှ

#ဒုတိယအကြိမ်_ရေဘေးလှူဒါန်းမှု

ပုလိပ်မြို့
ဒုတ္ထဝတီမြစ် ဟိုဘက်ကမ်းမှာရှိတဲ့
သောက်ရေခက်ခဲလိုအပ်နေတဲ့ အင်းနားအနောက်ရွာ
ရဲ့ အိမ်ခြေ၂၂၀ စာ အတွက်

✅Alpine ရေသန့် 5လီတာ ဗူးကြီး 330
✅ ငါးခြောက်ကြော် နှင့် ဘာလချောင်ကြော်အထုပ်သေး ၂၀၀
✅ရွှေမြင့်မိုရ် လောင်စာတောင့်လုပ်ငန်းမှ
ကို မွန် ကြီးနှင့် ဇနီး မိသားစုတို့ လှူဒါန်းသော
ကြက်ဥကဒ် ၄၀ ကို

သွားရောက်ပေးပို့ လှူဒါန်းခဲ့ပါတယ်။

ဘုန်းဘုန်းမှတဆင့် အိမ်ထောင်စုစာရင်းအတိုင်းပြန်လည် ဝေမျှပေးသွားမည်ဖြစ်ပါသည် 🙏

တဖက်မှာလည်း
Blind Date MDY gp ရဲ့ Volunteer Team မှ

လာမယ့် 21-9-2024 စနေနေ့မှာ

#တတိယအကြိမ် လှူဒါန်းရန်

မြစ်သားမြို့နယ် ဒါးရဲကောင်းကျေးရွာ ပြန်လည်ထူထောင်ရေးအတွက်

မိသားစု တစ်စုခြင်းစာ အခြေခံလိုအပ်သမျှ
ရိက္ခာ ၊ အခြောက်ခြမ်း၊ ဆေးဝါးနှင့် အိမ်သုံးပစ္စည်း အစုံလှူဒါန်းနိုင်ဖို့
စုစည်းတိုင်ပင်ပြီး ဝယ်ခြမ်းဖို့အတွက် ပြင်ဆင်နေကြပါပြီ ။

လူအားဖြင့်လဲ အင်အားဖြည့်ပါဝင်နိူင်သလို
အကြံဉာဏ်အားဖြင့်လဲ ကူညီပြောပြလို့ရပါတယ်ရှင်







15-9- 2024 (Sunday ) နေ့တွင် Cupid Diary by Blind Date MDY Group မှပထမအကြိမ် ရေဘေးလှုဒါန်းမှု ပုလိပ်မြို့ အင်းနား အရှေ့ ...
17/09/2024

15-9- 2024 (Sunday ) နေ့တွင်

Cupid Diary by Blind Date MDY Group မှ

ပထမအကြိမ် ရေဘေးလှုဒါန်းမှု

ပုလိပ်မြို့ အင်းနား အရှေ့ / အနောက် နှစ်ရွာစာအပြင် မြစ်သားဘက်ရှိ
ရေဘေးသင့်ဒေသများသို့

✅ထမင်းဗူးရေ ၁၀၀၀
✅ရေသန့်ဗူး ၁၂၀၀
✅လက်ဖက်ထုပ်များ
✅မုန့်များ
✅ဆေးဝါးများ
✅အမျိုးသမီး လစဉ်သုံးနှင့် Underwear အစုံ ၅၀
✅အဝတ်အထည်များ နှင့်

သွားရောက်လှူဒါန်းကြသည့် အဖွဲ့သားများမှ
ကလေးများ အတွက် သီးသန့် မုန့်ဖိုးများပေးဝေခဲ့ကြပါတယ်။

ဒါ့အပြင်
အင်းနားဘုန်းကြီးကျောင်းသို့

✅ဆန်တစ်အိတ်
✅ဆီ ၁၀ ပိဿာ
✅အလှူငွေကျပ် - တစ်သိန်း

တို့ကို လှူဒါန်းခဲ့ပါတယ်။

အင်းနားအရှေ့ရွာက ရေကျနေပြီဖြစ်၍
အဖွဲ့သားများကိုယ်တိုင် လှေဖြင့် တစ်အိမ်ချင်းစီ သွားရောက်လှူဒါန်းခဲ့ကြပြီး

အင်းနား အနောက်ရွာအတွက် ကျေးရွာဘုန်းကြီးကျောင်းမှ တဆင့် စက်လှေဖြင့် ပေးပို့လှူဒါန်းခဲ့ကြပါတယ်

ရွာသူရွာသားများ အဖိုး အဖွားများမှ
လာရောက်လှူဒါန်းပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း တဖွဖွပြောကြပြီး
အလှူရှင်များအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတွေ တသီကြီး ပေးကြလို့လဲ
ပိုပြီး ကြည်နူးပီတိဖြစ်ရပါတယ်ရှင် 🙏

အတူ ကုသိုလ်ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များအားလုံးလဲ သာဓုခေါ်ဆိုနိုင်ရန်
လှူဒါန်းမှု ပုံရိပ်များကို မျှဝေလိုက်ပါတယ် ရှင် 🙏🙏🙏






ကျောက်ဆည်မြို့ ၊မြစ်သားမြို့၊ ပုလိပ်မြို့ ရေဘေးအလှူသို့လှူဒါန်းသောအလှူရှင်များအား BDmdy Group မှမှတ်တမ်းတင်ခြင်း သာဓုခေါ...
15/09/2024

ကျောက်ဆည်မြို့ ၊မြစ်သားမြို့၊ ပုလိပ်မြို့ ရေဘေးအလှူသို့

လှူဒါန်းသောအလှူရှင်များအား BDmdy Group မှ

မှတ်တမ်းတင်ခြင်း သာဓုခေါ်ပါတယ်🙏🙏🙏

Like&share လုပ်ပေးကြပါဦး







ကျောက်ဆည်မြို့ ၊ မြစ်သားမြို့၊ ပုလပ်မြို့ ရေဘေးအလှူသို့လှူဒါန်း‌သောအလှူရှင်များအား BDmdy Group မှမှတ်တမ်းတင်ခြင်း သာဓုခေ...
15/09/2024

ကျောက်ဆည်မြို့ ၊ မြစ်သားမြို့၊ ပုလပ်မြို့ ရေဘေးအလှူသို့

လှူဒါန်း‌သောအလှူရှင်များအား BDmdy Group မှ

မှတ်တမ်းတင်ခြင်း သာဓုခေါ်ပါတယ်🙏🙏🙏

Like&Shareလေးလုပ်ပေးကြပါ






တော်ဝင်ဆေးရုံဝန်ထမ်း မိသားစု  ရေဘေးအတွက်အလှူ 213,000 ကျပ်တိတိလှူဒါန်းမှူအား BDmdy Groupမှ မှတ်တမ်းတင်ခြင်းသာဓုခေါ်ပါတယ်🙏...
15/09/2024

တော်ဝင်ဆေးရုံဝန်ထမ်း မိသားစု ရေဘေးအတွက်

အလှူ 213,000 ကျပ်တိတိ

လှူဒါန်းမှူအား BDmdy Groupမှ မှတ်တမ်းတင်ခြင်း

သာဓုခေါ်ပါတယ်🙏🙏🙏

Like&Share လုပ်ကြပါဦး







 **e_Myanmar မိသားစု ရေဘေးအလှူVS V**e Myanmar  MDY/ YGN/ ဝန်ထမ်းများ/ Warehouse စုပေါင်း  1484000 (တစ်ဆယ့်လေးသိန်းရှစ်သေ...
15/09/2024

**e_Myanmar မိသားစု ရေဘေးအလှူ

VS V**e Myanmar MDY/ YGN/ ဝန်ထမ်းများ/ Warehouse

စုပေါင်း 1484000 (တစ်ဆယ့်လေးသိန်းရှစ်သောင်းလေးထောင်တိတိ)

ပါဝင်လှူဒါန်းမှုအား BDmdy Group မှတ်တမ်းတင်ခြင်း

VS V**e Myanmar မိသားစု စီးပွာဥစ္စာတိုးပွားပြီး
ဆထက်တပိုးလှူနိုင်ပါစေ ပေးသောလက်ဖြစ်ပြီး
အကျိုးပြုလုပ်ငန်းများလဲဒီထက်လုပ်ဆောင်နိုင်ပါစေ
ဆိုင်ခွဲ‌တွေလဲများများဖွင့်နိုင်ပါစေရှင့်

like&Share လုပ်ပြီးဂုဏ်ပြုကြအောင်ရှင့်







 **e_Myanmar မိသားစု ရေဘေးအလှူVS V**e Myanmar  MDY/ YGN/ ဝန်ထမ်းများ/ Warehouse စုပေါင်း  1484000 (တစ်ဆယ့်လေးသိန်းရှစ်သေ...
15/09/2024

**e_Myanmar မိသားစု ရေဘေးအလှူ

VS V**e Myanmar MDY/ YGN/ ဝန်ထမ်းများ/ Warehouse

စုပေါင်း 1484000 (တစ်ဆယ့်လေးသိန်းရှစ်သောင်းလေးထောင်တိတိ) ပါဝင်လှူဒါန်းပါတယ်ရှင့်

VS V**e Myanmar မိသားစု စီးပွာဥစ္စာတိုးပွားပြီး
ဆထက်တပိုးလှူနိုင်ကြပါစေ ပေးသောလက်ဖြစ်ပြီး
အကျိုးပြုလုပ်ငန်းများလဲအများကြီးလုပ်ဆောင်နိုင်ပါစေ
ဆိုင်ခွဲတွေလည်းများများဖွင့်နိုင်ပါစေရှင့်

like&Share လုပ်ပြီးဂုဏ်ပြုကြအောင်ရှင့်







အခုချိန်ထိ Update အလှူငွေ သိန်း ၉၀ ကျော်ပါပြီ 🎉🙏မနက်ဖြန် သွားလှူဖို့ အတွက် လိုအပ်တာတွေ အားလုံးလဲ အဆင်သင့် ပြင်ဆင်ထားပြီး...
14/09/2024

အခုချိန်ထိ Update အလှူငွေ သိန်း ၉၀ ကျော်ပါပြီ 🎉🙏

မနက်ဖြန် သွားလှူဖို့ အတွက် လိုအပ်တာတွေ အားလုံးလဲ အဆင်သင့် ပြင်ဆင်ထားပြီးပါပြီ

အားလုံးအတူတူ ပင်ပန်းကြရပေမယ့်လဲ
တကယ်ကို ပီတိဖြစ်ရပါတယ်

မနက်ဖြန်အတွက်လဲ အားလုံးက Energy အပြည့်ပါပဲ 💪

နောက်အပတ် Sat/Sun မှာလဲ ဒုတိယအသုတ်အနေနဲ့ သွားလှူကြဦးမှာမို့

နောက်အပတ်တွက် ထပ်လှူဖို့ ပြောထားတဲ့ အလှူရှင်တွေလဲ ရှိပါသေးတယ်

ထပ်မံပါဝင် လှူဒါန်းလိုတဲ့ အလှူရှင်များက

Page Messenger ကိုဖြစ်စေ

ADMIN TEAM ကို ဖြစ်စေ ဆက်သွယ်ပြီး လှူနိုင် ကူနိုင်ပါတယ်

အားလုံးလဲ ထပ်တူ ပီတိဖြစ်ရအောင်လို့ ယနေ့ပြင်ဆင်မှူ ပုံလေးတွေ တချို့ကို မျှဝေလိုက်ပါတယ်ရှင်

**မြင်ရသူတိုင်းလဲ မုဒိတာပွားနိူင်အောင် ညီမတို့ post လေးကို like and share လေးလုပ်ပေးကြပါအုံးရှင့် **

𝘾𝙪𝙥𝙞𝙙 𝘿𝙞𝙖𝙧𝙮 𝙗𝙮 𝙗𝙡𝙞𝙣𝙙 𝙙𝙖𝙩𝙚 𝙈𝘿𝙔





Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Cupid Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category