20/02/2025
#စလစ်မြေ
စလစ်မြေ ကို၀ယ်လို့ရလား ?
ယနေ့ခေတ်မှာ ဂရန်မြေက စျေးများတာ ရယ် အမည်ပြောင်း ဝယ်ခွန်ဆောင်ရတာရယ်ကြောင့်အချို့က စလစ် မြေကို ရွေးချယ် ဝယ်ယူကြတာတွေ လည်း ရှိကြပါတယ်။
စလစ်မြေဆိုတာ တိုးချဲ့ မြို့မြေ, လယ်ယာမြေ အစား အစားထိုးချပေးတဲ့မြေ နဲ့ မြို့နယ် မြေစာရင်း က စလစ်ထုတ်ပေးပြီး အမည်ပေါက်နေထိုင်ခိုင်းတဲ့ မြေပဲ ဖြစ်ပါတယ်။ မြေပြေစာ ထွက်ပါတယ်။
အရွယ်အစားကတော့ လက်ဖဝါးအရွယ် ဝါကျင့်ကျင့်အရောင်ပါ။
အဲ့ဒီစလစ်စာရွက်နောက်ကျောမှာ မြေကွက်ချထားပေးတဲ့ဌာန၊ ဥပမာ- မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအမည်တံဆိပ်အဝိုင်းနှင့် တာဝန်ခံအရာရှိရဲ့လက်မှတ်ပါရှိပါတယ်
စလစ်မြေမဝယ်ခင် စလစ်မှာပါတဲ့ အမည် ပေါက် နဲ့ ရောင်းသူနဲ့ မည်သို့တော်စပ်သလဲ...သို့မဟုတ် စပ်ဆက်စာချုပ် အဆက်ဆက် နဲ့ မြေရာဇဝင်ကို သိဖို့လိုပါတယ်။
စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့်စလစ် အမည်ပေါက်သူ မဟုတ်ဘဲ တစ်ဆင့်ခံ ရောင်းချခြင်းများ ရှိနေသောကြောင့်
နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတန်းများကို သေချာစိစစ်ဝယ်ယူသင့်ပါတယ်။
စလစ်သည် အတု ဟုတ် မဟုတ် သက်ဆိုင်ရာ မြေစာရင်းမှာ စစ်ဖို့လိုသလို ရောင်းသူ လက်ရောက်ပိုင်ဆိုင်ခြင်း ရှိ၊မရှိ သွား စစ်ဆေးဖို့လည်း လိုပါတယ်..
စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။
စလစ်မြေကို အမည်တိုက်ရိုက်ပြောင်းလို့မရပါ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။
စာချုပ် ချုပ်တဲ့အခါ မြေတိုင်းပြီး သေချာ ချုပ်ပါ လို့အသိပေးအပ်ပါတယ်။
စလစ်မြေမှာလည်း အိမ်ဆောက်လုပ်ပြီး နေထိုင်လို့ရပါတယ်၊ အမွေပေးလို့ရတယ်၊ အရောင်းအဝယ်ပြုလုပ် လို့လည်းရတယ်။
၁။
စလစ်မြေမ၀ယ်ခင်မှာ မြေကွက်တည်နေရာကိုလည်း သွားရောက်ကြည့်ရှုဖို့သင့်ပါတယ် တစ်ခါတစ်ရံမှာ ကျူးကျော်နေထိုင်သူတွေရှိတတ်လို့ပါ မြေချစလစ်လည်း အတုတွေရှိနိုင်တဲ့အတွက် အရောင်းအ၀ယ် မပြုလုပ်ခင် သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ သွားရောက်စစ်ဆေးဖို့လည်းလိုပါတယ်
၂။
စလစ်မြေကို လွှဲပြောင်းရောင်းချသည့်အခါမှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခွင့် မရပါ၊ အရပ်စာချုပ် (အရောင်းအ၀ယ်ကတိစာချုပ်) ဖြင့်သာ ချုပ်ဆိုပြီး အရောင်းအ၀ယ် ပြုလုပ်နိုင်ပါတယ်။
၃။
စလစ်မြေကို အမည်တိုက်ရိုက်ပြောင်းလို့မရပါ ပါမစ်မြေ၊ ဂရမ်မြေ စသည့်မြေအမျိုးမျိုးကို အရင်လျှောက်ထားရပါတယ်၊ အရောင်းအ၀ယ်စာချုပ်မှုရင်းနဲ့ စလစ်မှုရင်းကိုယူပြီး မြေပေးအမိန့် သက်ဆိုင်ရာမြေစီမံခန့်ခွဲရေးဌာနမှာ အရင်သွားရောက်လျှောက်ရပါတယ် ထို့မှတဆင့် ပါမစ်မြေ၊ ဂရမ်မြေအဖြစ် အဆင့်ဆင့်ထပ်လျှောက်ထားနိုင်ပါတယ်။
#စလစ်မြေ
စလစ်မြေဝယ်မယ်ဆိုရင်
အတုအပတွေ များလွန်းလို့ စာရေးသူကတော့ အလွန်ဂရုတစိုက်ဝယ်ကြရန် အကြပြုအပ်ပါသည်
စလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်ပြီးတော့ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်။
မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်
နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်။
ပါမစ်မြေ
ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်။
ဂရန်မြေ
နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်။
စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်သင့်ပါတယ်။