ဇိဝိ - ZeetWeet

ဇိဝိ - ZeetWeet Zeet Weet

သဘာဝဘေးအန္တရာယ်များကြောင့် ခက်ခဲနေသော မန္တလေးမြို့တွင်းနေ ပြည်သူ/သားများ အနေဖြင့်လိုအပ်နေသော အကူအညီများကို ကျွန်တော်တို့...
06/04/2025

သဘာဝဘေးအန္တရာယ်များကြောင့် ခက်ခဲနေသော မန္တလေးမြို့တွင်းနေ ပြည်သူ/သားများ အနေဖြင့်
လိုအပ်နေသော အကူအညီများကို

ကျွန်တော်တို့ဇိဝိ ရဲ့ page messager တွင် (သို့) အောက်ဖော်ပြပါ
online volunteers များ၏
Telegram အကောင့်များတွင်

🍱အစားအစာ လိုအပ်ချက်အတွက်
👩🏻ညီမ Kywal Kywal Phyo

👕အဝတ်အစား လိုအပ်ချက်အတွက်
👩🏻ညီမ Aye Myat Mon

💊ဆေးဝါး လိုအပ်ချက်အတွက်
👩🏻ညီမ Khin Hnin Phyu

🧳အသုံးအဆောင်ပစ္စည်း
လိုအပ်ချက်အတွက်
👩🏻ညီမ Saung Mon San

🛖 နေထိုင်ရေး လိုအပ်ချက်အတွက်
👩🏻ညီမ Khin Myanmar

😔 စိတ်လုံခြုံမှု အကူအညီအတွက်
👩🏻ညီမ War War

အသီးသီး ဆက်သွယ်၍
အကူအညီတောင်းခံပေးပါရှင်

မိဘပြည်သူများကို
ကျွန်တော်တို့ ဘက်မှ တတ်နိုင်သလောက်
ဖေးမကူညီဆောင်ရွက်ပေးချင်ပါတယ်ရှင် 🙏🏻

အားလုံးပဲ ဘေးအန္တာရယ်အပေါင်း
ကင်းရှင်းကြပါစေ ကြောင်း
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်
🙇🏼‍♀️🙇🏼‍♀️🙇🏼‍♀️

ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်နေချိန် ကိုယ်က ဘာမှမကူညီပေးနိုင်လို့ဆိုပြီး ကိုယ့်ကိုကိုယ် အားမလို အားမရမှုတွေဖြစ်တတ်ပါတယ်...
02/04/2025

ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်နေချိန်

ကိုယ်က ဘာမှမကူညီပေးနိုင်လို့ဆိုပြီး

ကိုယ့်ကိုကိုယ် အားမလို အားမရမှုတွေဖြစ်တတ်ပါတယ် 😔

ဒီလိုအချိန်မျိုးမှာ

🛜Online လေးရနေတဲ့
⌨️Keyboard ကျွမ်းကျင်နေတဲ့

ကျွန်တော်တို့ရဲ့ အကူအညီကိုလိုအပ်နေတဲ့သူတွေ
ရှိနေတယ်ဆိုတာ သင်သိပါသလား ??

online လေးရရုံနဲ့ မိမိပြည်သူ/သား တွေကို
ကူညီနိုင်မယ်ဆိုရင်

ကျွန်တော်တို့ ဇိဝိနဲ့အတူတူ
အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေကို
လက်ကမ်းပေးဖို့ အသင့်ဖြစ်ပေးကြမလားရှင့် 🥰

ဒါဆို ကူညီဖို့ ဘာတွေလိုအပ်မလဲ

🛜 Wi-Fi or Data ရနေဖို့လိုအပ်ပါမယ်ရှင်

💬 လိုအပ်တဲ့ချိန် reply ပြန်နိုင်ရပါမယ်

☎️ စကားချိုချိုသာသာနဲ့အားပေးစကားပြောတတ်ရန်လိုပါတယ်ရှင်

👩🏻‍💻 လိုအပ်တဲ့ information တွေကို တစ်ဖက်နဲ့တစ်ဖက် share လုပ်ပေးနိုင်ရပါမယ်ရှင်

🫂Volunteer တွေအချင်းချင်း ဖေးမကူညီတတ်ရပါမယ်ရှင်

Registration ဒီနေ့ပိတ်မှာဖြစ်တဲ့အတွက် Register မလုပ်ရသေးရင် မြန်မြန် Register လုပ်လိုက်တော့နော်
28/03/2025

Registration ဒီနေ့ပိတ်မှာဖြစ်တဲ့အတွက် Register မလုပ်ရသေးရင် မြန်မြန် Register လုပ်လိုက်တော့နော်

28/03/2025

Media Partnership Announcement 📯

ဇိဝိ-ZeetWeet 🤝🏻 Innovative Learning Center

March 29 ရက်နေ့မှာ ဇိဝိ-ZeetWeet ကနေ ကျင်းပပြုလုပ်သွားမယ့် “ Financial IQ“ ဆိုတဲ့ on ground seminar ပွဲလေးအတွက် ကျွန်တော်တို့ရဲ့ Innovative Learning Center မှ Media Partnership အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။

🎯 စီးပွားရေးလုပ်ငန်းရှင်တွေသာမက Business ပိုင်းကိုစိတ်ဝင်စားတဲ့လူငယ်တွေပါ join သင့်တဲ့ Financial IQ ဆိုတဲ့ seminar လေးအကြောင်း သိပြီးကြပြီလား။

💡လက်ရှိ မြန်မာ့စီးပွါးရေးအခြေအနေမှာ Businesses Owners တွေအနေနဲ့ ကြုံတွေ့ခံစားနေရတဲ့ ငွေကြေးဆိုင်ရာအခက်အခဲများကို Financial IQ Seminar မှာ အချိန် (၃) နာရီအတွင်းကူညီအဖြေရှာပေးသွားမှာပဲဖြစ်ပါတယ်။

🔹Financial IQ Seminar မှာဘာတွေပြောပြသွားမှာလဲဆိုရင်
✅ငွေကြေးကို ထိထိရောက်ရောက် စီမံခန့်ခွဲနည်း (Smart Money Management💰 )
✅Business Tips & Strategies 📊
✅Risk တွေကိုသုံးသပ်ပြီး ရင်းနှီးမြုပ်နှံမှုမှာ အောင်မြင်နိုင်ရန်နည်းလမ်းများ 📈
✅မြန်မာ့စီးပွားရေးအခြေအနေနဲ့ ကိုက်ညီတဲ့ Financial Decisions 📄.. စတဲ့နည်းလမ်းကောင်းများကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်လေးတွေကို သိချင်ရင်တော့ lunch လုပ်ထားတဲ့ ဒီ post အောက်လေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်📨

https://www.facebook.com/share/p/15KYeeX8WA/?mibextid=wwXIfr

ကဲ… ဒါဆိုရင် ကိုယ့်ရဲ့ Business Growth ကို မြှင့်တင်နိုင်ဖို့ ၊ ငွေကြေးအရ အလွဲအမှားတွေမဖြစ်စေဖို့ကို suggestion လုပ်ပေးသွားမယ့်အပြင် Business Owners, Entrepreneurs တို့နဲ့ Network ချိတ်ဆက်နိုင်မယ့် အခွင့်အရေးကောင်းတွေအများကြီးရှိတာမလို့ အခုပဲ အမြန် Register လုပ်လိုက်တော့နော် 👇🏻

📩 Registration Form Link : https://forms.gle/fpLGBkvV3xb1fowHA

📅 Date : 29.3.2025 (Saturday)
⏳ Time : 9:00 AM__12:00 AM
📍Location : New Next International College , Mingalar Mandalay (New Ocean)






"ငါ့ပိုက်ဆံတွေဘယ်ရောက်သွားလဲ❓" ပိုက်ဆံစုဖို့ ဘယ်လောက်ကြိုးစားကြိုးစား၊ အဆုံးသတ်မှာ ငွေတွေလေထဲပျောက်သွားသလိုပဲ ခံစားနေရလာ...
26/03/2025

"ငါ့ပိုက်ဆံတွေဘယ်ရောက်သွားလဲ❓"

ပိုက်ဆံစုဖို့ ဘယ်လောက်ကြိုးစားကြိုးစား၊ အဆုံးသတ်မှာ ငွေတွေလေထဲပျောက်သွားသလိုပဲ ခံစားနေရလား?

အမြဲသုံးဖို့ ငွေမလောက်ဖြစ်နေရင် လူကြီးမင်းက ဒီနှစ်ချက်ကို သေချာမစီမံထားလို့ပါ

💰 Income (ဝင်ငွေ)
💰 Expenses (အသုံးစရိတ်)

အရိုးရှင်းဆုံး‌နည်းလမ်းကတော့
• ကိုယ့်ဝင်ငွေဘယ်လောက်ရှိလဲ အတိအကျသိအောင်လုပ်
• ကိုယ်သုံးသမျှအရာတိုင်း အသေးအဖွဲ့ကစ စာရင်းနဲ့မှတ်

ပြီးရင် မှတ်ထားတဲ့ဒေတာတွေကိုကြည့်ပြီး မလိုအပ်ဘဲ သုံးမိနေတာတွေကို ရပ်၊ တကယ်လိုအပ်တာကိုပဲ သုံး

အခုပြောပြသွားတာက income နဲ့ expense နဲ့ပတ်သက်ပြီး လူတိုင်းသိသင့်တဲ့ basic knowledgeတစ်ခုပါ။

ဒီလို သူငယ်ချင်းအတွက် အသုံးဝင်မဲ့နည်းလမ်းတွေကို မျှဝေပေးဖို့ ကျွန်တော်တို့ Seminar တစ်ခု စီစဉ်ထားပါတယ်။

ZeetWeetနဲ့ Mentor Me တို့ ပူးပေါင်းကျင်းပမယ့် "Financial IQ" Seminarကနေ

✅ ရိုးရှင်းပြီး နေ့စဉ်ဘဝမှာ ပြန်အသုံးချနိုင်မဲ့ money lessons တွေ

✅ လူအများစုပိတ်မိနေတဲ့ "Rat Race"ကနေ လွတ်မြောက်နိုင်မဲ့ နည်းလမ်းတွေ

✅ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ friendship တွေ၊ networkတွေ ရသွားဖို့ အာမခံတာမို့ အောက်က registiration formမှာ လူမပြည့်ခင် စာရင်းပေးထားဖို့ တိုက်တွန်းချင်ပါတယ်ဗျ။

🖇️ Registration Form:
https://forms.gle/Vr5i44krX8zAkUfK8

ကိုယ့်သူငယ်ချင်းတွေလည်းသိအောင် postလေးကို shareပေးလိုက်ဦးနော် 💌

📌 ‌လူကြီးမင်းအတွက် အကျိုးရှိမယ့် updateတွေ လွတ်မသွားရအောင် ကျွန်တော်တို့ပေ့ခ်ျကို Like & Share လုပ်သွားကြပါဦးနော်💕



မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်‌တွေ၊ စီးပွားရေးအပိုင်း စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် သတင်းကောင်းလေးတစ်ခု ကျွန်တော်တိ...
24/03/2025

မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်‌တွေ၊ စီးပွားရေးအပိုင်း စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် သတင်းကောင်းလေးတစ်ခု ကျွန်တော်တို့ "ဇိဝိ - ZeetWeet" မှာ ရှိနေပါတယ်🎉

မတ်လ 29 ရက်နေ့မှာ ZeetWeet နဲ့ Mentor Me Learning Platform တို့မှ ပူးပေါင်းကျင်းပမယ့် "Financial IQ" Seminar လေးကို New Next International College, Mingalar Mandalay မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်ခင်ဗျာ💫

◾Financial IQ Seminar ဆိုတာ ဘာလဲ
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေ ကြုံတွေ့ခံစားနေရတဲ့ ငွေကြေးဆိုင်ရာ အခက်ခဲများကို အချိန်(၃)နာရီအတွင်း ကူညီအဖြေရှာပေးသွားမယ့် Seminar လေးပဲဖြစ်ပါတယ်

◾ Financial IQ Seminarမှာ ပါဝင်ချင်ရင် Registration Fee ပေးရမှာလား
မည်သည့်အခကြေးငွေမှ ပေးစရာမလိုဘဲ 'အခမဲ့' ပါဝင်နိုင်မှာ ဖြစ်တာကြောင့် လက်လွှတ်မခံသင့်ဘူးနော်

◾Financial IQ Seminar ကို အတူတူပါဝင်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ
🛑 မိမိတကိုယ်ရေစာ ငွေကို ထိရောက်စွာ စီမံခန့်ခွဲနည်းများ
🛑 အကြွေးနွံထဲမကျအောင် ရှောင်ရှားနိုင်မည့် နည်းလမ်းများ
🛑 မိမိကိုယ်ပိုင်ငွေကို တိုးပွားလာအောင် စနစ်တကျ ရင်းနှီးမြှုပ်နှံနိုင်မယ့်နည်းလမ်းတွေ သိရှိလာမှာပါ

ဒီ Seminar ကနေတဆင့် ပြင်ပလက်တွေ့ဘဝမှာ အသုံးချနိုင်မယ့် ငွေကြေးစီမံခန့်ခွဲမှု နည်းစနစ်များကို အချိန်တိုအတွင်း သိရှိသွားနိုင်ဖို့အတွက် အာမခံတာကြောင့် ကန့်သတ်လူဦးရေ မပြည့်ခင် အမြန် Register လုပ်ထားလိုက်တော့နော်

Registration Form Link:
https://forms.gle/fpLGBkvV3xb1fowHA

Location: New Next International College , Mingalar Mandalay
Date: March 29, 2025 (Saturday)
Time: မနက် 9နာရီမှ နေ့လယ် 12နာရီအထိ





"သင် Rat Race ထဲမှာပိတ်မိနေပြီလား❗️ "Rat Race ဆိုတာ နေ့စဉ် ဝင်ငွေအတွက် အလုပ်လုပ်ရင်း၊ ငွေကုန်ရင်း၊ နောက်လစာကို စောင့်ရင်...
23/03/2025

"သင် Rat Race ထဲမှာပိတ်မိနေပြီလား❗️ "

Rat Race ဆိုတာ နေ့စဉ် ဝင်ငွေအတွက် အလုပ်လုပ်ရင်း၊ ငွေကုန်ရင်း၊ နောက်လစာကို စောင့်ရင်း ပိတ်မိနေတဲ့ ဘဝသံသရာကို ဆိုလိုတာပါ။ ဒီသံသရာထဲမှာ လူတွေဟာ ပိုကောင်းတဲ့ဘဝအတွက် ကြိုးစားနေပေမယ့် ဘယ်တော့မှ လွတ်မြောက်မလာဘဲ စိတ်ဖိစီးမှုတွေနဲ့ ပင်ပန်းနေရပါတယ်။

အောက်မှာပြောပြမယ့်အချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ မိတ်ဆွေလည်း Rat Race ထဲမှာ ပိတ်မိနေပါပြီ ⬇️

🛑 အလုပ်လုပ်ပေမယ့် ငွေမတိုးဘူး

- လစာတိုးလာပေမယ့် အသုံးစရိတ်တွေလည်း တိုးလာတယ်။
- ငွေကို စနစ်တကျမစုမိဘဲ အခြေခံလစာလေးနဲ့ပဲ လစဉ်လည်ပတ်နေရတယ်။

🛑 အကြွေးတွေနဲ့ ပိတ်မိနေတယ်

- ချေးငွေနဲ့ အိမ်ခြံမြေချေးငွေတွေကြောင့် ငွေတွေအများကြီး ပေးနေရတယ်။

🛑 ရင်းနှီးမြှုပ်နှံမှု မရှိဘူး

- ငွေကို သုံးပဲသုံးတတ်တယ် ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲ မသိဘူး။

- ငွေစုထားပေမယ့် မိမိမျှော်မှန်းသလောက် ငွေကြေးအကျပ်တည်းကို မဖြေရှင်းနိုင်ဘူး။

အခုပြောလိုက်တဲ့အချက်တွေထဲမှာ လူကြီးမင်းတို့နဲ့တူနေတဲ့ အချက်တွေရှိလား❓
ရှိတယ်ဆိုရင်လည်း စိတ်ညစ်စရာမလိုပါဘူး 😉

ဒီ Rat Race ကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်း‌ကောင်းတွေကို သိချင်တယ်ဆိုရင်တော့ New Next International Collegeမှာပြုလုပ်သွားမယ့် ကျွန်တော်တို့ရဲ့ "Financial IQ" Webinarကို တက်ရောက်ဖို့ အကြံပေးချင်ပါတယ်။

"Financial IQ" Webinarကနေ

✅ လူအများစုပိတ်မိနေတဲ့ "Rat Race"ကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းတွေ

✅ ရိုးရှင်းပြီး နေ့စဉ်ဘဝမှာ ပြန်အသုံးချနိုင်မဲ့ money lessons တွေ

✅ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ friendship တွေ၊ networkတွေ ရသွားဖို့ အာမခံတာမို့ Webinarနဲ့ပတ်သက်တဲ့ အသေးစိပ် Announcementလေးကို "Stay Tuned"ပါနော်🔔

🖇

📌 ‌လူကြီးမင်းတို့အတွက် အကျိုးရှိမယ့် updateတွေ လွတ်မသွားရအောင် ကျွန်တော်တို့ Pageကို Like & Followလုပ်ထားဖို့ အကြံပြုလိုပါတယ်



"ဇိဝိ - ZeetWeet"မှ လူငယ်များရဲ့ အနာဂတ်ဘဝလှပဖို့အတွက် ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပါပြီနော်✨"ဇိဝိ - ZeetWeet"က Facebookပေါ...
21/03/2025

"ဇိဝိ - ZeetWeet"မှ လူငယ်များရဲ့ အနာဂတ်ဘဝလှပဖို့အတွက် ကူညီပေးဖို့ အဆင်သင့်ဖြစ်နေပါပြီနော်✨

"ဇိဝိ - ZeetWeet"က Facebookပေါ်မှာအပြင် အခြားသော Social Media Platformများတွင်ပါ သင်နဲ့အတူ ရှိနေမှာပါ💫

Your Reliable Friend, ZeetWeet 💝

Instagram:
https://www.instagram.com/zeetweet_org?igsh=MWtvdHo2aGl4c2lvZA==

Telegram:
https://t.me/zeetweetorg

TikTok:
tiktok.com/

YouTube:
https://youtube.com/?si=M8TpYc46IQTBkkgW



ကျွန်တော်တို့ရဲ့ 'ဇိဝိ - ZeetWeet' Economic Empowerment Organizationလေးနဲ့ မိတ်ဆက်ပေးပါရစေ ✨ 'ဇိဝိ - ZeetWeet' Organizat...
20/03/2025

ကျွန်တော်တို့ရဲ့ 'ဇိဝိ - ZeetWeet' Economic Empowerment Organizationလေးနဲ့ မိတ်ဆက်ပေးပါရစေ ✨

'ဇိဝိ - ZeetWeet' Organizationကိုတော့ Techstars_ Startup Weekend Mandalay ပြိုင်ပွဲမှာ SME Development ဆိုတဲ့ Ideaနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ လူငယ်လေးဦးက စုပေါင်းတည်ထောင်ထားတာ ဖြစ်ပါတယ်။

▪️'ဇိဝိ - ZeetWeet' တည်ထောင်ရခြင်း ရည်ရွယ်ချက်

ကျွန်တော်တို့ 'ဇိဝိ - ZeetWeet' Economic Empowerment Organization အနေနဲ့ လူငယ်တွေအတွက် စီးပွားရေးဆိုင်ရာ အသိပညာ၊အတတ်ပညာတွေကို လွယ်ကူထိရောက်စွာ မျှဝေပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ လူငယ်တွေရဲ့ အိပ်မက်တွေကို တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပေးလိုခြင်းဖြစ်ပါတယ်။

▪️ကျွန်တော်တို့ 'ဇိဝိ - ZeetWeet' ကနေ ဘာတွေလုပ်ဆောင်သွားမလဲ

💡စီးပွားရေးစလုပ်ပြီဆိုတာနဲ့ သိထားဖို့လိုအပ်တဲ့ Money Mindset, Smart Money Habits, Budgeting & Saving Practices တွေ

💡လူငယ်တွေရဲ့ တိုးတက်မှုအတွက် အချက်အချာဖြစ်တဲ့ Self awareness ကောင်းမွန်လာရေး နည်းလမ်းကောင်းတွေ

💡 လက်တွေ့ စီးပွားရေးလောကမှာ လူငယ်တွေ ရင်ဆိုင်လာရနိုင်တဲ့ Fraudတွေနဲ့ Scamsတွေကို ရှောင်ရှားနိုင်မယ့် Knowledge တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

▪️ဘယ်လိုမျှဝေသွားမှာလဲ

Professional Mentor တွေရဲ့ Free High-quality Contents တွေနဲ့ Affordable & Effective Service တွေကနေ တဆင့် လူငယ်တွေ စီးပွားရေးအသိအမြင်ကောင်းများ ရရှိလာဖို့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် 'ဇိဝိ'ရဲ့ Online Webinar တွေနဲ့ On ground Event ‌တွေ ပြုလုပ်ပေးဖို့ ရှိတာကြောင့် သူငယ်ချင်းတို့အတွက် အခွင့်ရေးကောင်း‌တွေ လက်လွှတ်မသွားရအောင် ကျွန်တော်တို့ရဲ့ Pageလေးကို Like & Follow လုပ်ထားဖို့ အကြံပြုလိုပါတယ်😉

Your Reliable Friend, ZeetWeet 💝



Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ဇိဝိ - ZeetWeet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share