လမင်း-ဝါယာရိန်းနှင့် လျှပ်စစ်မီးပြုပြင်ရေး ဝန်ဆောင်မှု့

  • Home
  • Myanmar
  • Mandalay
  • လမင်း-ဝါယာရိန်းနှင့် လျှပ်စစ်မီးပြုပြင်ရေး ဝန်ဆောင်မှု့

လမင်း-ဝါယာရိန်းနှင့် လျှပ်စစ်မီးပြုပြင်ရေး ဝန်ဆောင်မှု့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လမင်း-ဝါယာရိန်းနှင့် လျှပ်စစ်မီးပြုပြင်ရေး ဝန်ဆောင်မှု့, In-Home Service, နန်းရှေ့ သံလမ်း, Mandalay.

01/11/2025

What is Choke Coil ?
Choke coil ဆိုတာက electrical နဲ့ electronic နယ်ပယ်မှာအသုံးများတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ တကယ်တော့ choke coil ဆိုတာက inductive coil တစ်ခုပါဘဲ။ တကယ်တော့ choke coil က inductive coil တစ်ခုဖြစ်ပြီး inductor အလုပ်လုပ်သလိုမျိုး လုပ်ဆောင်ပါတယ်။ Choke coil က high frequency signal (သို့မဟုတ်) ac current ကို block ပြီးတော့ low frequency signal (သို့မဟုတ်) dc current ကို pass ပေးခြင်းကို အဓိကလုပ်ဆောင်ပါတယ်။ Choke coil ကို ferromagnetic material နဲ့ပြုလုပ်ထားတဲ့ အူတိုင် (core) ပေါ်မှာ ဝါယာကြိုးနဲ့ရစ်ပတ်ပြီးပြုလုပ်ထားတာဖြစ်ပါတယ်။

Properties of choke coil

1) Choke coil ရဲ့အတွင်းပိုင်းခုခံမှုက အလွန်နည်းပါတယ်။

2) လျှပ်စီး (current) စီးဆင်းတဲ့အခါမှာ choke coil ရဲ့ inductive reactance က frequency နဲ့တိုက်ရိုက်အချိုးကျပြီးပြောင်းလဲပါတယ်။

3) Frequency တိုးလာတယ်ဆိုရင် inductive reactance ကတိုးလာပြီးတော့ frequency လျော့လာတယ်ဆိုရင် inductive reactance က လျော့လာပါမယ်။

4) Choke coil က frequency များပြီး inductive reactance များလာတဲ့အတွက် impedance ကိုဖြစ်စေပါတယ်။

5) Choke coil ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ dc current နဲ့ low frequency ac ကို pass ပေးပြီးတော့ high frequency ac ကို block ပါတယ်။

6) Reactance ဂုဏ်သတ္တိအရ choke coil ကလျှပ်စီး စီးဆင်းမှုလားရာနဲ့ဆန့်ကျင်ပြီး ခုခံမှုဂုဏ်သတ္တိမရှိပါဘူး။ ဒါကြောင့် ပါဝါဆုံးရှုံးမှုနည်းပါတယ်။

7) Choke coil က inductor (သို့မဟုတ်) inductive coil တစ်ခုဖြစ်ပြီး လျှပ်စစ်စွမ်းအင်ကို သံလိုက်စက်ကွင်းအနေနဲ့ သိုလှောင်နိုင်ပါတယ်။

8) Choke coil က electromagnetic interference (EMI) ကိုထုတ်နိုင်ပါတယ်။

#မူးရင်း

04/11/2019

Generator kVA/kW တွက်ချက်ခြင်း''

ကျွန်တော်တို့ Generator တစ်လုံးဝယ်ရင် kVA/kW ကိုအနီးစပ်ဆုံး အဆင်ပြေအောင် ဘယ်လိုတွက်ချက်ကြမလဲ??

Generator ဆိုတာကတော့ လူတိုင်းသိပြီးသား ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Mechanical Energy ကို Electrical Energy အဖြစ်ပြောင်းပေးတဲ့ ပစ္စည်းတစ်ခုပါ။ တစ်နည်းအားဖြင့် Electricity ကို generate လုပ်ပေးတဲ့အတွက် Generator လို့ ခေါ်ကြခြင်းလဲ ဖြစ်ပါတယ်။

Generator တွေမှာ output power ကို kVA တွေနဲ့ ပြလေ့ ရှိပါတယ်။ kVA တန်ဖိုးကြီးလာတာနဲ့အမျှ Generator ရဲ့ စျေးလဲ ကြီးလာမှာ ဖြစ်ပါတယ်။ ဥပမာ 20kVA၊ 45kVA အစရှိသဖြင့်ပေါ့လေ။ 45kVA မို့လို့ သူ့ရဲ့Output Power ကို 45kW ထွက်မယ်လို့ အမှတ်မှားတတ်ကြပါတယ်။ တကယ့်လက်တွေ့မှာတော့ 45kVA မီးစက်တစ်လုံးဟာ 45kW မထွက်ပါဘူး။ 45kVA ကို Apparent Power လို့ခေါ်ပါတယ်။

Power factor = Effective Power ÷ Apparent Power
ဆိုတဲ့ ပုံသေနည်းနဲ့ ရှင်းမှ တကယ်သုံးနိုင်မဲ့ kW ထွက်လာမှာပါ။

သူပေးထားတဲ့ 45kVA ကို power factor တန်ဖိုး 0.8 နဲ့ မြှောက် (×) လိုက်မယ်ဆိုရင်တော့ တကယ်အသုံးပြုနိုင်မဲ့ kW ကိုရမှာဖြစ်ပါတယ်။

45kVA × 0.8 = 36kW ကိုသာ တကယ်အသုံးပြုနိုင်မှာပါ။ 36kW ကိုတော့ Effective Power လို့ခေါ်ကြပါတယ်။

အချို့ 50Hz, 60Hz နှစ်မျိုးသုံးနိုင်တဲ့ မီးစက်တွေမှာဆိုရင် တစ်မျိုးပြန်တွက်ရမှာ ဖြစ်ပါတယ်။ ဥပမာ 45kVA မီးစက်ဆိုရင် 60Hz မှာမှ 45kVA ရတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ 50Hz ကိုသာ သုံးတဲ့အတွက် 50Hz အတွက် kVA ကိုရအောင် အရင်တွက်ရပါမယ်။ သုံးချက်တွက်နည်းနဲ့ တွက်လို့ရပါတယ်။
For 60Hz >>> 45kVA
For 50Hz >>> ???
(50×45) ÷ 60 = 37kVA ထွက်လာပါတယ်
အဲ့ဒီ 37kVA ကိုမှ Power Factor တန်ဖိုး 0.8 နဲ့ ထပ်မြှောက်ပေးရမှာပါ။
37kVA × 0.8 = 29.6kW

50Hz တစ်မျိုးတည်းသာ သုံးနိုင်တဲ့ 45kVA မီးစက်ဝယ်မယ်ဆိုရင်တော့ 36kW ကို အမှန်တကယ် သုံးနိုင်မှာ ဖြစ်ပါတယ်။

50Hz နဲ့ 60Hz နှစ်မျိုးသုံးနိုင်တဲ့ 45kVA မီးစက်တစ်လုံးကို ဝယ်မယ်ဆိုရင်တော့ 29.6kW သာ အမှန်တကယ် အသုံးပြုနိုင်မယ်လို့ဆိုလိုပါတယ်။

အိမ်သုံး/လုပ်ငန်းသုံးပစ္စည်းတွေရဲ့ Watt တန်ဖိုးတွေကို ပေါင်းပြီး Generator တစ်လုံးကိုရွေးချယ်တဲ့အခါမှာလည်း အချို့သော ပစ္စည်းများဟာ ရှိရင်းစွဲ Watt တန်ဖိုးထက် ပိုပြီးတွက်ပေးရတာကို သိထားရပါမယ်။

Fluorescent Light (အိမ်သုံးမီးချောင်း)တွေဆိုရင် မူလတန်ဖိုးရဲ့ ၂ဆ (သို့) ၃ဆ နဲ့တွက်ရပါတယ်။
အုတ်ဖောက်တဲ့ Gun ( Drilling Machine) တွေဟာလဲ ၂ဆ (သို့) ၃ဆနဲ့ တွက်ပေးရမှာပါ။
Motor, Compressor တို့လို Starting Ampere များတဲ့ ပစ္စည်းတွေကိုတော့ မူလ Watt တန်ဖိုးထက် ၃ဆ (သို့) ၅ဆ ပိုတွက်ပေးရပါတယ်။

ဥပမာ - ၄ပေမီးချောင်းဆယ်ချောင်း၊ မော်တာ 10000 Watt သုံးလုံး အတွက် သင့်တော်မဲ့ kVA ကိုတွက်ပါဆိုရင်
* ၄ပေ မီးချောင်း မူလ Watt - 40W × 2 = 80W
တစ်ချောင်းကို 80W နဲ့ အနည်းဆုံးတွက်ပေးသင့်ပါတယ်။ ဆယ်ချောင်းဆို 800W ရပါမယ်
* 10000W မော်တာတစ်လုံးအတွက် အနည်းဆုံး 30000W တွက်ပေးရပါမယ်။ သုံးလုံးဆိုရင် 90000W ရပါမယ်

90000W + 800W = 90800W ~ 91kW

91kW ÷ 0.8 (power factor) = 113.75kVA

၄ပေမီးချောင်းဆယ်ချောင်းနဲ့ 10000W မော်တာသုံးလုံးအတွက် သင့်တော်မဲ့ kVA ကတော့ 113.75 kVA လို့ပြောနိုင်ပါတယ်။
သိုပေမဲ့ ဒီ kVA ပမာဏဟာ safe မဖြစ်သေးပါဘူး။ Generator ရောင်း/ငှါး လုပ်ကြတဲ့ ကုမ္ပဏီတွေက safe ဖြစ်စေဖို့အတွက် 113.75 kVA ရဲ့ 20%ကို ထပ်မံပေါင်းထည့်လေ့ ရှိကြပါတယ်။

20% of 113.75 kVA = 22.75kVA

113.75 + 22.75 = 136.5kVA

နောက်ဆုံးအနေနဲ့ ၄ပေမီးချောင်း ဆယ်ချောင်းနဲ့ 10000W မော်တာ သုံးလုံးအတွက် သင့်လျော်သော မီးစက်မှာ 136.5 kVA မီးစက်ဖြစ်ပါတယ်။

Credit #

03/11/2019
မိန်းက​လေးဖြစ်​တဲ့သင်​ တစ်​​ယောက်​တည်း ရှိတဲ့အချိန်​ တစ်​ရပ်​ကွက်​လုံး မီးလာ​ပေမယ့်​ သင့်​အိမ်​တစ်​အိမ်​တည်း မီးပျက်​...
02/12/2017

မိန်းက​လေးဖြစ်​တဲ့သင်​ တစ်​​ယောက်​တည်း ရှိတဲ့အချိန်​ တစ်​ရပ်​ကွက်​လုံး မီးလာ​ပေမယ့်​ သင့်​အိမ်​တစ်​အိမ်​တည်း မီးပျက်​သွားခဲ့ရင်​ ဘယ်​လိုလုပ်​မလဲ...

အဲ့ဒီလို မီးပျက်​သွားရတယ်​ဆိုတာ.. ဖျူးစ်​ ဒါမှမဟုတ်​ Breaker
တော့ ကျသွား​လောက်​ပြီ။
၁။ ကြိုး
၂။ ခလုပ်​ခုံ
၃။ လျှပ်​စစ်​ပစ္စည်း တစ်​ခုခုမှာ ဖြစ်​​နေပြီ​ပေါ့... အိုကီ...

စပြီး​တော့ အ​ဖြေရှာကြရ​အောင်​...

Test one။ ။ အ​ကောင်းဆုံးက​တော့ အ​မေ​ပေးခဲ့တဲ့ မျက်​လုံး ရယ်​ နှာ​ခေါင်းရယ်​ ကိုသုံးပြီး​တော့ အာရုံခံကြည့်​ပါ။ ​ညှော်​နံရ​နေလား။ ဘယ်​ကရလဲ ။ ဘယ်​အခန်းကလဲ ။ ​ဟော... အနံရတာ​သိပြီ.. ။ ဒီအခန်းက ပဲ.... ဒီအခန်းမှာရှိတဲ့ ဝါယာကြိုး၊ ခလုပ်​ခုံ ၊ လျှပ်​စစ်​ပစ္စည်း​တွေကို လှည့်​ပတ်​ကြည့်​ပါ။ မဲ​နေတာ မီးခိုးမှိုင်းဖြစ်​​နေတာ ​တွေ့ပြီဆိုရင်​ တရားခံက အဲ့ဒါပဲ​လေ... အဲ့တရားခံကို အသစ်​သာ လဲလိုက်​ပါ.. အို​ကေပါပြီ...

မ​တွေ့​တော့ဘူး။ အို​ကေ..
Test two ။ ။ အဲ့ဒါဆိုရင်​​တော့ ပတ်​လမ်းထဲမှာ တစ်​ခုခု​တော့ လွဲသွားပြီ။ မီး​ချောင်းကလား မီးလုံးကလား ပန်​ကာလား အဝတ်​​လျှော်​စက်​လား ဟာ.... ဘယ်​ကဖြစ်​တာလဲဟာ.. အို​ကေ..
သေချာသွား​အောင်​ ...
၁။ တစ်​အိမ်​လုံး ရှိသမျှမီး​တွေ ပိတ်​။ သုံး​နေတဲ့ လျှပ်​စစ်​ပစ္စည်း​တွေ ကြိုးဖြုတ်​။
၂။ ဖျူးစ်​ အသစ်​ပြန်​တပ်​ ဒါမှမဟုတ်​ breaker ကို ပြန်​တင်​။
၃။ တစ်​အိမ်​လုံးက မီး​တွေကို တစ်​ခုချင်းစီလိုက်​ဖွင့်​။
၎။ ဖွတ်​ ဒါမှမဟုတ်​ ​တောက်​ ဆိုပီး မီးပြန်​ပျက်​သွားရင်​ ​သေချာပီ..
အဲ့​ကောင်​ တရားခံ.... အဲ့​ကောင်​ကို အသစ်​လဲ ပြီးပြီ​ပေါ့....
ဖျူးစ်​ပြန်​ဖြုတ်​ ခလုပ်​ခုံကို ဖွင့်​ကြည့်​ ​လောင်​​နေတာ ကြိုးပူး​နေတာ​တွေ့ရင်​ (ဓာတ်​ပုံရိုက်​ facebook ​ပေါ်တင်​.. မှားလို့ ပြန်​တပ်​ရင်​ ကြိုး​တွေ မမှတ်​မိ​တော့မှာစိုးလို့ပါ ) ဖြုတ်​... ပုံစံတူ ဆိုင်​မှာပြပြီး ပြန်​ဝယ်​တပ်​... အို​ကေပြီ​ဗျာ..

ဟာ... မီးလုံး​တွေဖွင့်​တာလည်း ကုန်​ပြီ။ မ​တွေ့​သေးဘူး။
Test three။ ။ လျှပ်​စစ်​ပစ္စည်း​တွေ ပလပ်​ထိုး၊ တစ်​ခုချင်းစီဖွင့်​ကြည့်​... ​​ပြန်​ပျက်​သွားပြန်​ပြီ.... အဲ့ဒါ မီးပူ​ကြောင့်​ မီးဖို​ကြောင့်​ ပန်​​ကာ​ကြောင့်​ လက်​ညှိုးသာ ထိုးပလိုက်​​ပေ​တော့​..​နောက်​မှပဲ
ပြင်​ဆိုင်​ပို့ရင်​ပို့ ဒါမှမဟုတ်​ အသစ်​သာဝယ်​​တော့​ဗျို့....

ဟား..... လျှပ်​စစ်​ပစ္စည်း​တွေ အကုန်​ဖွင့်​တာလည်း ဘာမှမထူးဘူး.. ( သင့်​မှာ ​ရွေးချယ်​ခွင့်​ မရှိ​တော့ပါဘူး )
မီးသမားသာ ​ခေါ်​ပါ​တော့​လေ.. သူတို့က ပိုကျွမ်းတာ​ပေါ့...
လျှပ်​စီး​ကြောင်း ပမာဏ​တွေတိုင်းမယ်​။ သုံးစွဲပမာဏ​တွေတွက်​မယ်​။ လိုအပ်​တာကို ပြန်​ပြင်​​ပေးကြပါလိမ့်​မယ်​။

ကဲ... ဒီ​လောက်​ဆိုရင်​ သင်​ကိုယ်​တိုင်​ ပြဿနာ တစ်​ခုကို
ဖြေရှင်းပြီး ဖြစ်​မယ်​လို့ ထင်​ပါတယ်​။ ဖျူးစ်​ ပျက်​ရခြင်းအ​ကြောင်း​တွေမှာလည်း ဒီအ​ကြောင်းအရာ​တွေက ၈၀ ရာခိုင်းနှုန်း​လောက်​က
သေချာ​နေတာကိုး....

သင့်​အိမ်​ အခု မီးမပျက်​​သေးလည်း ပျက်​လာမယ့်​အချိန် ရှိလာရင်
ဗျာမများရ​တော့​အောင်​ ဒီ Post ကို ခဏ Save ထားလိုက်​​ပေါ့​ဗျာ။

ဤ Post ကို မိန်းက​လေးများအတွက်​သာ ရည်​ရွယ်​ပါတယ်​ ခင်​ည။
အဆင်​​ပြေကြပါ​စေ​ဗျား။

#မူရင်း credit

Address

နန်းရှေ့ သံလမ်း
Mandalay
979

Telephone

+959259018729

Website

Alerts

Be the first to know and let us send you an email when လမင်း-ဝါယာရိန်းနှင့် လျှပ်စစ်မီးပြုပြင်ရေး ဝန်ဆောင်မှု့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share