28/09/2026
နေပူလွန်းရင် ဆိုလာပြားတွေ မီးထွက်နည်းသွားပါသလား? ☀️⚡
"ဒီနေ့တော့ နေအရမ်းပူတာပဲ... ဆိုလာမီး အပြည့်ရတော့မှာပဲ" လို့ တွေးနေရင်တော့ အယူအဆ မှားနေပါပြီနော်!
ဆိုလာပြားတွေဟာ "နေအလင်းရောင် (Sunlight)" ကိုပဲ ကြိုက်တာဖြစ်ပြီး "အပူချိန်လွန်ကဲတာ (Extreme Heat)" ကိုတော့ မကြိုက်ပါဘူး။
🌡️ ဘာကြောင့် အပူလွန်ရင် ထွက်အားကျသွားရတာလဲ?
စံနှုန်းအပူချိန် (STC): ဆိုလာပြားတွေရဲ့ Standard Test Condition စွမ်းဆောင်ရည်ကို အပူချိန် 25°C မှာ စမ်းသပ်တိုင်းတာထားတာဖြစ်ပါတယ်။
အပူချိန်ညွှန်းကိန်း (Temperature Coefficient): အပူချိန် 25°C ထက် 1°C မြင့်တက်လာတိုင်း ဆိုလာပြားရဲ့ ထွက်အား (Voltage) ဟာ 0.3% မှ 0.5% အထိ လျော့ကျသွားပါတယ်။
ရာသီဥတုပူပြင်းချိန် အခြေအနေ: အပြင်အပူချိန် 35°C မှ 40°C ရှိတဲ့နေ့တွေမှာ ဆိုလာပြားမျက်နှာပြင် အပူချိန်ဟာ 60°C မှ 70°C အထိ မြင့်တက်သွားနိုင်တာကြောင့် စွမ်းဆောင်ရည် 10% မှ 20% နီးပါး သိသိသာသာ လျော့ကျသွားရခြင်းဖြစ်ပါတယ်။
💡 စွမ်းဆောင်ရည် မကျဆင်းအောင် ထိန်းသိမ်းရန် အချက်များ
1. လေဝင်လေထွက်ကောင်းအောင် တပ်ဆင်ပါ
ဆိုလာပြား အောက်ခြေနဲ့ အမိုးကြားမှာ အနည်းဆုံး ၄ လက်မမှ ၆ လက်မ အထိ Air Gap (လေဝင်လေထွက်ပေါက်) ထားပေးရပါမယ်။ ဒါမှ အောက်ခြေမှ လေအေးဝင်ရောက်ပြီး အပူချိန်ကို အလိုအလျောက် လျှော့ချပေးနိုင်ပါမယ်။
2. Temperature Coefficient နည်းသော ပြားများ ရွေးချယ်ပါ
N-Type TOPCon သို့မဟုတ် HJT နည်းပညာသုံး ဆိုလာပြားများသည် ယခင် P-Type (PERC) ပြားများထက် Temperature Coefficient နည်းပါးသဖြင့် အပူဒဏ်ကြောင့် စွမ်းဆောင်ရည်ကျဆင်းမှုကို ပိုမိုခံနိုင်ရည်ရှိပါတယ်။
3. ❌ ပူနေချိန် ရေမလောင်းပါနဲ့ (အထူးသတိပြုရန်)
ပူပြင်းနေသော ဆိုလာပြားပေါ်သို့ ရေအေးလောင်းချပါက Thermal Shock (ရုတ်တရက် အပူအအေး ပြောင်းလဲမှု) ကြောင့် မှန်ကွဲသွားခြင်း သို့မဟုတ် အတွင်းရှိ Micro-cracks (မျက်စိဖြင့် မမြင်နိုင်သော အက်ကြောင်းများ) ဖြစ်ပေါ်ပြီး ဆိုလာပြား သက်တမ်းတိုသွားနိုင်ပါတယ်။
(ရေဆေးလိုပါက မနက်စောစော သို့မဟုတ် ညနေ နေအေးချိန်တွင်သာ ဆေးကြောပေးရပါမည်။