Life

Life Certificate, Diploma, Bachelor, Master

စိတ်ထဲမှာ မ၀ံမရဲဖြစ်တာ ဘယ်လိုထိန်းချုပ်ရမလဲ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬(ဓမ္မအမေးအဖြေ  - Mindfulness Based Emotion and Management ...
26/05/2019

စိတ်ထဲမှာ မ၀ံမရဲဖြစ်တာ ဘယ်လိုထိန်းချုပ်ရမလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(ဓမ္မအမေးအဖြေ - Mindfulness Based Emotion and Management အပိုင်း -၂၈)

👩 မေး။ ။ မင်္ဂလာပါဘုန်းဘုန်းဘုရား မေးခွန်းနှစ်ခုလောက် မေးခွန်းပြုပါ ဘုရား။ (၁) လုပ်ငန်းခွင်မှာ meeting လုပ်တာပဲဖြစ်ဖြစ် presentation လုပ်တာပဲဖြစ်ဖြစ် စိတ်ထဲမှာ မ၀ံ့မရဲ confidence မရှိသလို ခံစားရပါတယ် ဘုရား။ အဲဒီစိတ်ကို ဘယ်လို control လုပ်ရမှာလဲ ဘုရား။

💡ဖြေ။ ။

★ Non-Judgemental Mindfulness နဲ့ အစည်းအဝေးတက်ခါနီးဖြစ်ဖြစ် presentation လုပ်ခါနီးဖြစ်ဖြစ် nervous ဖြစ်နေတဲ့ဟာကို register လုပ်ပါ။ တခါတခါကျ ကိုယ်က အရမ်းကို perfect ဖြစ်ချင်လို့ ကိုယ်ရဲ့ pressure ကို ကိုယ်မြင့်တင်တယ်။

★ တခါတခါကျတော့လည်းပဲ presentation လုပ်တဲ့အခါမှာ ဒီလို pressure မျိုးကို ကိုယ်ကပဲ ခံစားရတယ်။ ကျန်တဲ့လူတွေက pressure လုံးဝမရှိဘူးလို့ထင်တယ်။ အမှန်ကတော့ အဲလို မဟုတ်ဘူး။ ကိုယ်က personalize လုပ်လို့ ကိုယ်ပဲ ရှိတယ်ထင်တာ။ သူများက မရှိဘူး အဲလိုထင်တာ။

★ ကျောင်းသားတွေက ဘယ်လိုထင်တုန်း စာမေးပွဲဖြေတော့မယ်ဆိုရင် ဆရာတွေဆရာမတွေက မေးခွန်းအရမ်းခက်အောင် မေးတယ်။ ဒို့ဘ၀ကို ခက်အောင်လုပ်တယ်။ ဆရာမတွေကျတော့ အငြိမ့်သားပေါ့နော် သူက။ ဘာပြဿနာမှ မရှိဘူး။

★ ကိုယ်ကိုယ်တိုင်လည်း အဲကျောင်းသားတွေ ဆရာမဖြစ်လာရော သူတို့က ကျောင်းရဲ့မျက်နှာကိုလည်း ကြည့်ရတယ်။ ကြည့်ပြီးတော့ ကြိုးစားတယ် ကျောင်းအဆင့်နဲ့၊ အစိုးရမျက်နှာလည်း ကြည့်ရတယ်။ မိဘမျက်နှာလည်း ကြည့်ရတယ်။ အဲတော့ ကျောင်းဆရာတွေမှာ သူတို့မှာလည်း စိတ်ဖိစီးမှုတွေ အများကြီးရှိတယ်။

★ အဲချိန်ကျတော့ အဲကျောင်းဆရာ ဆရာမတွေက ဘယ်လိုပြန်တွေးတုန်းဆိုတော့ ကျောင်းသူကျောင်းသားတွေမှာ စိတ်ဖိစီးမှု မရှိဘူးလို့ ထင်တယ်။ ဒီကလေးတွေက သူတို့အတွက်ပဲ ကျက်ဖို့လိုတာ ဒို့ကမှ အားလုံးအတွက် လုပ်ပေးရတာ။ ဒါကြောင့် ဒီကလေးတွေ သူတို့အတွက်တောင်မှ သူတို့မကျက်ဘူး။

★ သူတို့မှာ ပိုက်ဆံရှာဖို့လည်း မလိုဘူး။ မိဘအကုန်လုံး လုပ်ပေး ဒါကိုတောင်မှ ဒီကလေးတွေ စာမကြိုးစားဘူး ဆိုပြီးတော့မှ ကလေးတွေမှာ pressure မရှိဘူး။ ဆရာဆရာမတွေပဲ pressure ရှိတယ် တွေးပြန်ရော။ မိဘတွေလည်း အဲလိုပဲ။

★ အဲတော့ ဘယ်လိုထင်တုန်းဆိုတော့ အတ္တအခြေခံပြီးတော့ တွေးတာ။ ငါ့ ဒုက္ခမှ ကြီးတယ်၊ တခြားလူမှာ ဒုက္ခမရှိဘူး။ အဲဒီ စိတ်ကြောင့် ဘုန်းဘုန်းတို့က ပိုပြီး nervous ဖြစ်တယ်။ အဲဒါကြောင့် ဒီလို ကရုဏာ မုဒိတာ လုပ်တယ်ဆိုရင် nervous ဖြစ်တဲ့ဟာတွေ သူ့ဟာသူ လျော့သွားတယ်။

🧘‍♀️ Slow and deep breathing… လုပ်ပါ။

👩 မေး။ ။ နံပါတ်(၂)က Compassion meditation ပွားတဲ့နေရာမှာ group လေးခုပိုင်းပြီး ပွားတဲ့အချိန်မှာ စိတ်က လွှင့်သွားတတ်ပါတယ်ဘုရား စိတ်မလွှင့်အောင် ဘယ်လိုပွားရမှာလဲ?

💡ဖြေ။ ။ စိတ်ကတော့ သူ့ဟာသူ လွှင့်သွားတယ်။ လွှင့်သွားတဲ့ စိတ်ကို Non-Judgemental Mindfulness နဲ့ ပြန်ကြည့်ရမယ်။ ပြန်ကြည့်ပြီးတော့မှ ကရုဏာပြန်လုပ်။ အဲလိုလုပ်ရင်းလုပ်ရင်းနဲ့ အဲဒီလွှင့်သွားတဲ့စိတ် သူ့ဟာသူ နည်းသွားလိမ့်မယ်။

ဗြဟ္မစိုရ်တရားထဲက ဥပေက္ခာဆိုတာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

👩 မေး။ ။ ဘုန်းဘုန်း Non-Judgemental သဘော ဥပက္ခာဆိုတာ ignorance ဒါမှမဟုတ် detest နှစ်မျိုးထဲမှာ ဘယ်ဘက်ကနေ မှတ်ယူသင့်ပါသလဲ။

💡ဖြေ။ ။

★ ဒါကတော့ ဘုန်းဘုန်းဟောထားတဲ့ တရားရှိပါတယ်။ “လျစ်လျူမရှုကျောမခိုင်းသောဥပေက္ခာ” ဆိုတာ ရှိတယ်။ Ignorance လည်း မဟုတ်ဘူး ဥပေက္ခာဆိုတာ balance ဖြစ်တာကို ပြောတာ။

★ ကရုဏာနဲ့ မုဒိတာ နှစ်ခုထဲမှာ balance ဖြစ်တာ။ တချို့ ကရုဏာလုပ်နိုင်တယ် မုဒိတာ မလုပ်နိုင်ဘူး။ တချို့က မုဒိတာ လုပ်နိုင်တယ် ကရုဏာမလုပ်နိုင်ဘူး။

★ တချို့ ကရုဏာနည်းနည်းလုပ်နိုင်တယ် နောက်ပြီးတော့ ကရုဏာဖြစ်လိုက် ဒေါသဖြစ်လိုက်၊ တချို့ကျတော့ မုဒိတာ ဖြစ်လိုက် jealousy ဖြစ်လိုက် အဲဒါမျိုးတွေဖြစ်တယ်။ အဲဒါမျိုးကျ သူက balance မဖြစ်ဘူး။

★ ဥပေက္ခာရဲ့ နောက်ထပ် နာမည်တစ်ခုကို "တတြမဇ္ဈတ္တတာ" လို့ခေါ်တယ်။ အလယ်အလတ်မှာ ရှိတာတဲ့။ 'တတြ' - ကရုဏာနဲ့ မုဒိတာကြားမှာ 'မဇ္ဈတ္တတာ' အလယ်တည့်တည့်မှာ။ အဲဒါဆို ဒုက္ခကို သူက ignore မလုပ်ဘူး။ ဗမာကပြောတယ် လျစ်လျူရှုတယ် ဗမာဥပေက္ခာကတော့ give up လုပ်တာ ပြောတာ။

★ လူတစ်ယောက်ကို ကူညီချင်တယ် အဲဒါ ကူညီတာ ဟိုလူက ဘာမှ လိုက်မလုပ်ဘူးဆိုရင် စိတ်တွေကုန်ပြီးတော့ လက်လျော့လိုက်တာ အဲဒါကို ဗမာက ဥပေက္ခာခေါ်တာ။ အဲဒါက ဗမာဥပေက္ခာပဲ။ ဗြဟ္မစိုရ်ထဲက ဥပေက္ခာ မဟုတ်ဘူး။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏

အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရ (စင်ကာပူ) ကျောင်းတိုက် တည်ထောင်ခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော "Mindfulness Based Emotion and Management” တရားသင်တန်း ဒုတိယနေ့ (၂၀-၄-၂၀၁၉) (ဒုတိယအချိန်) တရားတော်မှ ရေးသားပူဇော်ပါသည်။

Photo credit

မင်း မဟုတ်တဲ့တခြားတစ်ယောက်နဲ့တော့အိုမင်း မသွားလိုဘူး ❤️(Credit to ကိုစိုင်းဝင်းမြင့်)Photo Credit
08/02/2019

မင်း မဟုတ်တဲ့
တခြားတစ်ယောက်နဲ့တော့
အိုမင်း မသွားလိုဘူး ❤️

(Credit to ကိုစိုင်းဝင်းမြင့်)

Photo Credit

" မှတ်သားထိုက်တဲ့စကား (၁ဝဝ) "________________________၁။ အတင်းမပြောပါနဲ့။၂။ အရေးကြီးတဲ့ကိစ္စတွေမှာ ကလေးဆန်စွာမဆုံးဖြတ်ပါနဲ...
24/01/2019

" မှတ်သားထိုက်တဲ့စကား (၁ဝဝ) "
________________________
၁။ အတင်းမပြောပါနဲ့။

၂။ အရေးကြီးတဲ့ကိစ္စတွေမှာ ကလေးဆန်စွာမဆုံးဖြတ်ပါနဲ့။

၃။ သင့်ဘဝကို အပြစ်မတင်ပါနဲ့။

၎။ အမှန်တရားကို ဖုံးကွယ်မထားပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အသိအမှတ်ပြုသင့်တဲ့အရာတွေကို ဥပက္ခာမပြုပါနဲ့။

၆။ သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောပါနဲ့။

၇။ အရေးကြီးကိစ္စတွေကို မက်ဆေ့ဂ်ျပို့ပြီး အကြောင်းမကြားပါနဲ့။

၈။ လုပ်နိုင်တယ်ဆိုတိုင်း လုပ်သင့်တယ်မထင်ပါနဲ့။

၉။ မကောင်းတဲ့အမူအကျင့်တွေကို ဆုပ်ကိုင်မထားပါနဲ့။

၁ဝ။ အခွင့်အရေးကောင်းတွေကို လက်လွှတ်မခံပါနဲ့။

၁၁။ ဘာကိစ္စပဲဖြစ်ဖြစ် ရေတိုမတွေးပါနဲ့။

၁၂။ အဆိုးနောက်မှာ အကောင်းရှိတာမမေ့ပါနဲ့။

၁၃။ အကောင်းဆုံးတွေကို မျှော်လင့်နေချိန်မှာ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားဖို့လည်း မမေ့ပါနဲ့။

၁၄။ ဘဝထဲက ပထမဆုံးအမှတ်တရတွေကို မမေ့ပါနဲ့။

၁၅။ ပန်းတိုင်အတွက် စံပြထားဖို့ မမေ့ပါနဲ့။

၁၆။ ကားမောင်းနေရင်း မက်ဆေ့ခ်ျမပို့ပါနဲ့။

၁၇။ ဆရာဝန်ကို မညာပါနဲ့။

၁၈။ တန်ဖိုးရှိတဲ့အရာတိုင်းကို လွယ်လွယ်နဲ့မရနိုင်တာ မမေ့ပါနဲ့။

၁၉။ ပြဿနာကိုလက်ယပ်မခေါ်ပါနဲ့။

၂ဝ။ ကျေးဇူးတရားတွေကို ထုတ်ဖော်ပြောဆိုဖို့ ဝန်မလေးပါနဲ့။

၂၁။ အွန်လိုင်းပေါ်မှာပဲ အချိန်မဖြုန်းပါနဲ့။

၂၂။ အချည်းနှီးအရာတွေအတွက် အချိန်ကုန်ခံမကြိုးစားပါနဲ့။

၂၃။ ကိုယ့်သမိုင်းကိုယ်ရေးဖို့ မမေ့ပါနဲ့။

၂၄။ အခွင့်အရေးဆိုတဲ့တံခါးပေါက်တွေ့ရင် အချိန်မဆွဲပါနဲ့။

၂၅။ စိတ်အားထက်သန်မှုမရှိဘဲ ဘာမှမလုပ်ပါနဲ့။

၂၆။ ထူးခြားချင်ရင် သူများနဲ့ မတူတာတွေလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။

၂၇။ အလေးထားရမယ့်နေ့တွေမှာ မပျက်ကွက်ပါနဲ့။

၂၈။ သတိဆိုတာ ပိုတယ်မရှိတာကို မမေ့ပါနဲ့။

၂၉။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို မရောထွေးပါနဲ့။

၃ဝ။ မိတ်ဆွေသစ်ရှေ့မှာ မိတ်ဆွေဟောင်းအကြောင်း မပြောပါနဲ့။

၃၁။ ဝန်ထမ်းတွေကို အလေးထားဖို့ မမေ့ပါနဲ့။

၃၂။ လူအများရှေ့မှာ ကိုယ့်ကိုယ်ကို အမွှမ်းမတင်ပါနဲ့။

၃၃။ တောင်းပန်ရမယ့်ကိစ္စတွေမှာ ဘယ်တော့မှမနောက်ကျပါနဲ့။

၃၄။ အမှားအတွက် ရူးချင်ယောင်မဆောင်ပါနဲ့။

၃၅။ မှန်ကန်တဲ့လမ်းကြောင်းပေါ် လျှောက်ဖို့မတွန့်ဆုတ်ပါနဲ့။

၃၆။ ဂုဏ်သိက္ခာထိခိုက်မယ့်အလုပ်တွေ မလုပ်ပါနဲ့။

၃၇။ ချစ်သူနဲ့လက်ထပ်တာဟာ ချစ်သူရဲ့မိသားစုနဲ့ပါ လက်ထက်တယ်ဆိုတာ မမေ့ပါနဲ့။

၃၈။ ဒုက္ခရောက်နေသူကို တွန်းအားမပေးပါနဲ့။

၃၉။ တစ်ဖက်သားအခြေအနေမှန်မသိဘဲ ပြစ်တင်စကားမပြောပါနဲ့။

၎ဝ။ မျိုးရိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းဖို့ မမေ့ပါနဲ့။

၄၁။ ပြဿနာတွေကို မဖန်တီးပါနဲ့။

၄၂။ ကျေးဇူးတင်စကားကို အရှည်ကြီးမပြောပါနဲ့။

၄၃။ လောကဓံကို မေ့မထားပါနဲ့။

၄၄။ ခိုးကြောင်ခိုးဝှက်မလုပ်ပါနဲ့။

၄၅။ ငွေကြေးကို ပေါ့ပေါ့ဆဆမသိမ်းဆည်းပါနဲ့။

၄၆။ သင့်မွေးနေ့ဟာ သင့်အမေအတွက်လည်း အထူးနေ့ဆိုတာ မမေ့ပါနဲ့။

၄၇။ အသေးအဖွဲပဲဖြစ်ဖြစ် စေတနာတိုင်းကို အလေးထားဖို့ မမေ့ပါနဲ့။

၄၈။ ကြင်နာမှုက သင့်ဘဝတလျှောက်လုံးကို အကျိုးပြုမယ့်အမူအကျင့်ဆိုတာ မမေ့ပါနဲ့။

၄၉။ သူများကိုချီးကျူးပါ။ ကိုယ့်ကိုယ်ကို နှိမ့်ချဖို့ မမေ့ပါနဲ့။

၅ဝ။ သည်းခံသင့်တဲ့နေရာမှာသည်းခံဖို့ မမေ့ပါနဲ့။

၅၁။ ကြီးသူကိုရိုသေဖို့ မမေ့ပါနဲ့။

၅၂။ သူတပါးကို စိုက်မကြည့်ပါနဲ့။

၅၃။ အကူအညီပေးခဲ့ဖူးသူတွေကို မမေ့ပါနဲ့။

၅၄။ အခွင့်ကောင်းတွေကို လက်လွှတ်မခံပါနဲ့။

၅၅။ အရေးကြီးတာနှစ်ခုကို တစ်ပြိုင်တည်းမလုပ်ပါနဲ့။

၅၆။ မှားမိတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။

၅၇။ ကူညီချင်တယ်ဆိုရင် သူများအလုပ်လုပ်ပြီးတဲ့အထိ တိတ်ဆိတ်မနေပါနဲ့။

၅၈။ ကျေးဇူးတင်တတ်ဖို့ မမေ့ပါနဲ့။

၅၉။ အသိအမှတ်ပြုဖို့ မမေ့ပါနဲ့။

၆ဝ။ မိသားစုထမင်းဝိုင်းမှာ ဖုန်းပြောမနေပါနဲ့။

၆၁။ မတော်တဆအမှားအတွက် သင့်ကိုယ်သင်ခွင့်လွှတ်ဖို့ မမေ့ပါနဲ့။

၆၂။ အသက်ရှည်ဖို့ ဟာသကို မှီဝဲဖို့ မမေ့ပါနဲ့။

၆၃။ တစ်ဖက်သားကို မလေးမစားမဆက်ဆံပါနဲ့။

၆၄။ အချက်အပြုတ်သင်ဖို့ မမေ့ပါနဲ့။

၆၅။ ဘဝဝမ်းစာတွေဖြည့်တင်းနေဖို့ မမေ့ပါနဲ့။

၆၆။ နာမည်တစ်လုံးကို လွယ်လွယ်တည်ဆောက်လို့မရတာ မမေ့ပါနဲ့။

၆၇။ တစ်ယောက်တည်းလည်း နေတတ်အောင် ကြိုးစားဖို့ မမေ့ပါနဲ့။

၆၈။ မိဘကို အလေးထားဖို့ မမေ့ပါနဲ့။

၆၉။ အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်ဖို့ မတွန့်ဆုတ်ပါနဲ့။

၇ဝ။ ဧည့်ခံကျွေးမွေးသူကို ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။

၇၁။ နားမလည်တာကို ပြန်မေးဖို့ နောက်မကျပါစေနဲ့။

၇၂။ မိသားစုကို အလေးထားဖို့ မမေ့ပါနဲ့။

၇၃။ စကားပြောပါများရင် အမှားပါတတ်တာ မမေ့ပါနဲ့။

၇၄။ သင်စကားပြောတဲ့အလှည့်ချည်းပဲ မယူပါနဲ့။

၇၅။ နှုတ်စောင့်စည်းဖို့ မမေ့ပါနဲ့။

၇၆။ လိုချင်တာတွေအတွက် ကြိုးစားဖို့ မမေ့ပါနဲ့။

၇၇။ သင်ငယ်ငယ်က သင့်အမေက ပွေ့ချီခဲ့ဖူးတာ မမေ့ပါနဲ့။

၇၈။ လူတိုင်းဟာ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်ဆိုတာ မမေ့ပါနဲ့။

၇၉။ ရုပ်ရှင်ရုံထဲမှာ စကားမပြောပါနဲ့။

၈ဝ။ မကြွားဝါပါနဲ့။

၈၁။ အလုပ်များများလုပ်ပါ။ စကားများများမပြောပါနဲ့။

၈၂။ ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ မမေ့ပါနဲ့။

၈၃။ လူတိုင်းမှာ အခက်အခဲရှိတာ မမေ့ပါနဲ့။

၈၄။ လူကြီးမိဘတွေကို အချိန်ပေးဖို့ မမေ့ပါနဲ့။

၈၅။ ကလေးမဆန်ပါနဲ့။

၈၆။ သင် ချစ်ခင်ရသူတွေအတွက် သင့်ထင်မြင်ချက်က အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။

၈၇။ ကြိုးစားရင် အရာအားလုံးဖြစ်နိုင်တာ မမေ့ပါနဲ့။

၈၈။ ဘယ်သူ့ကိုမှ ညဥ့်နက်သန်းခေါင် ဖုန်းမဆက်ပါနဲ့။

၈၉။ ကိုယ့်တန်ဖိုးကိုယ် လိုတာထက်ပိုမလျှော့မိပါစေနဲ့။

၉ဝ။ အသေးအဖွဲတွေကအစ သတိထားဖို့ မမေ့ပါနဲ့။

၉၁။ အလုပ်မှာ အိနြေ္ဒရရဝတ်ဆင်ဖို့ မမေ့ပါနဲ့။

၉၂။ မအားတာနဲ့ ပျင်းရိတာမတူတာကို မမေ့ပါနဲ့။

၉၃။ သင့်အမေက သင့်အတွက် အမြဲအရေးပါတာ မမေ့ပါနဲ့။

၉၄။ ပျော်ရွှင်မှုတွေကို ရှာဖွေဖို့ မတွန့်ဆုတ်ပါနဲ့။

၉၅။ နိုင်ငံတော်သီချင်းစာသားတွေကို မမေ့ပါနဲ့။

၉၆။ အလုပ်တိုင်းမှာ အကျိုးကျေးဇူးရှိတာ မမေ့ပါနဲ့။

၉၇။ ပတ်ဝန်းကျင်ကို အလေးထားဖို့ မမေ့ပါနဲ့။

၉၈။ ပန်းတိုင်ကို အရောက်သွားဖို့ မပျင်းပါနဲ့။

၉၉။ အိပ်စက်ခြင်းနဲ့ပဲ အသက်မကြီးမိပါစေနဲ့။

၁ဝဝ။ ဘာသာတရားကို မမေ့ပါနဲ့။

# Credit to original writer.

စကားအပိုလက်ဆောင် _____
( ဤပို့စ် မျှဝေပေးသူကိုလည်း သင်မမေ့ပါနဲ့ )

ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက်➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ယောက်ျားများရဲ့ ဦးနှောက်ထဲမှာအကြောင်...
16/01/2019

ယောက်ျားဦးနှောက် နှင့် မိန်းမဦးနှောက် ကွာခြားချက်
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

ယောက်ျားများရဲ့ ဦးနှောက်ထဲမှာအကြောင်းအရာတွေ ကို သေတ္တာများနဲ့ စီရီပြီး ထားရှိ ထားပါတယ်။ အဲ့ဒီ့ သေတ္တာများထဲမှာ ကျနော်တို့ အကြိုက်နှစ်သက်ဆုံး သေတ္တာလေး တစ်လုံးရှိပါတယ်… အဲ့ဒီ့ သေတ္တာထဲမှာ ဘာမှမပါပါဘူး။ Nothing Box လို့ ခေါ်ပါတယ်… ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် အချိန်ရရင် ရသလို ခဏခဏ ထထဖွင့်ကြည့်ဖြစ်တဲ့အထိအောင်ပါပဲ ။

ဆိုလိုတာကတော့ ကျနော်တို့ ယောက်ျားတွေဟာ ဘာမှကို မစဉ်းစားဘဲလဲ.. အကြာကြီး (သို့) ခဏခဏ နေနိုင်တယ် ဆိုတာပါဘဲ။.
ဥပမာ… ပက်လက်ကုလားထိုင်လေးပေါ်ထိုင်.. မုတ်ဆိတ်မွှေးလေး ဆွဲနှုတ်ရင်း…(သို့) တီဗွီကြီး ဖွင့်ထားပြီး အဝေးထိန်းခလုတ်(ရမုတ်) ကိုလည်း လက်မှာ ကိုင်ထားရင်း…ဘာစဉ်းစားနေသလဲဆိုတော့.. ဘာမှ မစဉ်းစားနေပါဘူး။စောစောကပြောတဲ့ဘာမှမရှိတဲ့
သေတ္တာကို ဖွင့်ထားတာလေ…

အဲ့ဒီ့အချိန်မျိုးမှာ ဘေးနားက မိန်းမတွေက ပြောတတ်ပါတယ်။
“ရှင်..တော်တော် အားယားနေတယ်..ဟုတ်လား” “ဘာမှလည်း လုပ်တာမဟုတ်ဘဲနဲ့..”။

ဟုတ်ပါတယ်..ကျနော်တို့ ဘာမှ လုပ်တာမဟုတ်ပါဘူး။ ဘာမှလည်း မတွေးပါဘူး.. ဒီလိုလေးဘဲနေတာပါ.. အဲလိုအချိန်မျိုးမှာ လာနှောက်ယှက်တာလည်း မကြိုက်ပါဘူး..

မိန်းမများဟာ ကျနော်တို့ရဲ့ ဘာမှမရှိတဲ့ သေတ္တာကို လုံးဝ.. လုံးဝ..နားမလည်ပါဘူး။ ကျနော်တို့လိုလည်း မလုပ်နိုင်ပါဘူး.. သူတို့စိတ်ဟာ လုံးဝ မရပ်မနား လည်ပတ်နေတာပါ။
စိတ်လည်ပတ်နေလေလေ.. ဦးနှောက်ထဲက ကေဘယ်ဝါယာ ကြိုးတွေဟာလည်း တရစပ် လည်ပတ်နေလေပါဘဲ။အဲ့ဒီ့တော့ သူတို့ဟာ ဘယ်တော့မှ.. ဘယ်တော့မှ.. Nothing Box (ကျနော်တို့ ဦးနောက်ထဲက ဘာမှမရှိတဲ့ သတ္တာလေး) ကို နားလည်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီ့ သေတ္တာက မိန်းမများကို စိတ်ပျက်သွားစေနိုင်ပါတယ်။ စဉ်းစားလေလေ.. ဘာမှမရှိလေ..စိတ်ပျက်လေလေ..
ဒေါသတွေ ထွက်လာလေလေ ပါဘဲ..
နောက်ဆုံးတော့ စကားတစ်ခွန်း ထွက်လာပါတယ်..
”ရှင် ဘာမှ မလုပ် ဖူးလား”…
“ဘာမှကို အဓိပ္ပါယ် မရှိဘူး”…

ဒီ့ထက် (စိတ်) ပိုဆိုးလာရင်တော့..

“ရှင့် အရင် ငယ်ရည်းစားအကြောင် စဉ်းစားနေတာ မဟုတ်လား”…
“ရှင်..ကျမ မသိအောင် ဘာတွေမဟုတ်တာလုပ်နေလဲ”.. စတဲ့မေးခွန်းတွေမေးလာတော့တာပါဘဲ..

ကျနော်တို့မှာလည်း မှန်သော အဖြေ တစ်ခုသာ
ရှိပါတယ်…ဘာမှမစဉ်းစားပါဘူးကွာ..

စိတ်ဖိစီးမှုတွေများလာကြတဲ့အခါ..

#ယောက်ျားများစိတ်ဖိစီးကြတဲ့အခါ..
————————————
ယောက်ျားများစိတ်ဖိစီးမှု(စိတ်ညစ်စရာ)တွေများလာတဲ့
အခါမှာတော့ သူတို့အလုပ်ချင်ဆုံးအလုပ်ဟာ သူတို့ ဦးနှောက်ထဲက ဘာမှ မရှိတဲ့ သေတ္တာကိုအမြန်ပြေး ဖွင့်ချင်တာပါဘဲ။
ဆိုလိုတာကတော့……
စိတ်ညစ်လာတဲ့အခါ ယောက်ျားများဟာ
ဘာမှမစဉ်းစားဘဲ အေးအေးဆေးဆေး နေချင်တာပါ။ ဘာမှလည်း မပြောချင်ပါဘူး.. ဒီအတိုင်းလေး အေးအေးဆေးဆေး နေချင်တာပါ..

အဲ့ဒီ့အချိန်မှာ မိန်းမလုပ်သူက ဘေးနားရောက်လာပြီး..

“ရှင်..ဘာစဉ်းစားနေတာလဲဟင်.. ကျမကိုပြောပြပါလား..ဘာတွေဖြစ်လာတာလဲ.. ” စတဲ့မေးခွန်းတွေ မေးတတ်ကြပါတယ်။ မိန်းမသဘာဝ စိတ်ပူတတ်တာကိုး.. စိတ်ပူတော့ သူ့ဦးနှောက်ထဲက ကေဘယ်ဝါယာတွေလည်း ပူလာတော့တာပါဘဲ.. ဒီအချိန်မှာ ယောက်ျားလုပ်သူက…
“ငါ..ဘာမှ မစဉ်းစားပါဘူးကွာ… အေးအေးဆေးဆေး နေချင်လို့ပါ.. ဝေးဝေးမှာနေပေးပါ” လို့ ပြောလိုက်မိတတ်ပါတယ်။ အဲ့ဒီမှာ ကေဘယ်ဝါယာပူပြီး စိတ်ကောက်တော့တာပါဘဲ။ဝါယာရှော့များ..
ဖြစ်သွားရင်တော့

“ဘယ်မိန်းမအကြောင်းတွေးနေမှန်းမှမသိတာ..
ဘယ်ပြောချင်မလဲ..မဟုတ်တာလုပ်နေတာကို…@ #%$^” စသည်ဖြင့် တန်ပို (Tempo)တွေတက်လာရာက လင်မယား ရန်ဖြစ်ကြတော့တာပါဘဲ..

ကျနော်တို့လည်း စိတ်ညစ်နေတဲ့အချိန် အဲ့ဒီ့လို ဘေးနားက ထပ်ပြီး ဗျစ်တောက် ဗျစ်တောက် ပူလာရင် မခံနိုင်တော့ဘဲ ပေါက်ကွဲတတ်ကြပါတယ်။

ယောက်ျားများဟာ စိတ်ဖိစီးမှုများလာရင်…သူ့ရင်ထဲက စိတ်ညစ်စရာများကို ဖြေရှင်းပေးနိုင်မယ့် မိတ်ဆွေ၊ အပေါင်းအသင်း၊ ညီအကို၊ မိဘများနှင့်သာတိုင်ပင်လေ့ ရှိပါတယ်။

#မိန်းမများစိတ်ဖိစီးကြတဲ့အခါ..
——————————-
မိန်းမများစိတ်ဖိစီးမှု(စိတ်ညစ်စရာ)တွေ ကြုံလာရင်တော့ အဲ့ဒီ့ကိစ္စကို သူဖွင့်ပြောမှ ပေါ့သွားမှာပါ။ပြောကိုပြောရမှ။ မပြောရရင်တော့သူ့ရဲ့ဦးနှောက်ထဲက ကေဘယ်ဝါယာကြီး ဟာပေါက်ကွဲလို့သွားတော့မှာပါ..

“လုံးဝထင်မထားဘူး..
အဲ့ဒီ့မိန်းမ အဲ့ဒိလိုလုပ်သွားလိမ့်မယ်လို့… တော်တော်ဒေါသထွက်ဖို့ကောင်းတယ်.@ #%$^..” ဘာဘာ ညာညာ ပြောလာရင် အမျိုးသားများ ဂရုတစိုက် နားထောင်ပေးလိုက်ပါ။ ဘာမှဝင်မဖြေရှင်းပေးပါနဲ့… အကြံမပေးပါနဲ့…သူပြောတာကိုဘဲနားထောင်ပေး လိုက်ပါ။ ၀င်ပြောလိုက်တာနဲ့ သေပြီဆရာဘဲ.. ဒေါသအိုးက သင့်အပေါ်ကျသွားနိုင်ပါတယ်။

အမျိုးသားတွေ လုပ်ပေးနိုင်တာကတော့ ကျနော်တို့ရဲ့ ဦးနှောက်ထဲက ဘာမှမရှိတဲ့ သေတ္တာလေးကို ဖွင့်ပြီး.. သူမ ပြောသမျှ နားထောင်ပေးလိုက်ရုံပါဘဲ.. သူလည်း ပြောချင်တာပြောပြီး Stress တွေလျှော့.. ကျနော်တို့လည်း ဘာမှမစဉ်းစားဘဲ.. အေးအေး ဆေးဆေးလေးပေါ့…

(အမေရိကန် စာရေးဆရာ Mark Gungor ရဲ့
“A Tale of Two Brains ကို ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက် ကွာခြားချက်လို့ ဘာသာပြန်ပြီး ပြန်လည် မျှဝေပေးလိုက်ပါတယ်။ အချို့သောဥပမာများဟာ မြန်မာပြည်နဲ့လိုက်လျှောညီထွေ ဖြစ်အောင် ပြန်လည် တင်ဆက်ပေးထားတာဖြစ်ပါတယ်။)
ကျေးဇူးတင်ပါတယ်။

Credit

သင့်ရဲ့  #အနိမ်ဆုံးရာထူး ဘယ်ရာထူးဖြစ်ခဲ့ဘူးလဲ
14/01/2019

သင့်ရဲ့ #အနိမ်ဆုံးရာထူး ဘယ်ရာထူးဖြစ်ခဲ့ဘူးလဲ


ဘဝမှာ အချစ်ထက် အနှစ်ရှိဖို့အရေးကြီးတယ်။
14/01/2019

ဘဝမှာ အချစ်ထက် အနှစ်ရှိဖို့အရေးကြီးတယ်။


Address

Shwe Phyu Plaza, 1st Floor, Between 32nd × 33rd Street, Between 77th × 78th Street, Mandalay.
Mandale
05024

Alerts

Be the first to know and let us send you an email when Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Life:

Share