Silver-Star Online Store
Silver-Star Online Store အရည်အသွေး နှင့်  ဈေးနှုန်းကို အာမခံ
14/03/2016
13/03/2016
09/03/2016
ပန်းနုရောင် နှုတ်ခမ်းသား ပိုင်ဆိုင်စေရန်
============================
နွားနို့ထဲမှာ နှင်းဆီပွင့်ဖတ်တွေ ထည့်မွှေပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ အိပ်ရာမဝင်ခင်ညတိုင်း နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးရင် သိပ်မကြာခင် သင့်နှုတ်ခမ်း
သားဟာ ပန်းနုရောင်သန်းလာပါလိမ့်မယ်။
ဝက်ခြံပြဿနာ ကင်းစင်စေရန်
------------------------------
ဆယ်ကျော်သက်အရွယ်မှာ အကြီးမားဆုံး ပြဿနာက ဝက်ခြံပါ။ ဝက်ခြံပျောက်ဖို့ အတွက် ကြက်သွန်နီကို ကြိတ်ချေပြီး ရှလကာရည်ထဲ စိမ်ပါ။ ပြီးရင် နာရီအနည်း ငယ်ကြာမှ ဝက်ခြံတွေပေါ် သုတ်လိမ်းပေးပါ။ နှစ်ကြိမ်-သုံးကြိမ်လောက် လုပ်လိုက်ရင် ဝက်ခြံကင်းစင်သွားပါလိမ့်မယ်။
မျက်တောင် ရှည်လျားစေရန်
-------------------------------
မိန်းကလေးအများစုဟာ မျက်တောင်တွေ ရှည်လျားလှပချင်ကြပါတယ်။ မျက်တောင် ရှည်လျားသန်စွမ်းစေမယ့် အိမ်တွင်းကုထုံးက သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီထဲမှာ ဂွမ်းစနှစ်ပြီး မအိပ်ခင်ညတိုင်း မျက်တောင်တွေပေါ် သုတ်လိမ်းပေး ဖို့ဖြစ်ပါတယ်။
အသားအရေ ဝင်းပကြည်လင်စေရန်
----------------------------------------
ကြက်ဥ၊ ဘဲဥအနှစ်ကိုယူပြီး သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ဗာဒံစေ့ဆီ ထမင်းစားဇွန်းနှစ်ဇွန်းတို့ ရောမွှေကာ စေးပျစ်လာအောင် မွှေပါ။ ပြီးရင် မျက်နှာအသား အရေပေါ်မှာ သုတ်လိမ်းပြီး အချိန် ၁၀ မိနစ်ခန့် ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ တစ်လလောက် ပုံမှန်နှိပ်ပေးရင် အသားအရေ နုပျိုကြည်လင်နေပါလိမ့်မည်။
ဗောက်ကင်းစင်ရန်
---------------------
ဗောက်ထတာကြောင့် ဝက်ခြံပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။ မျက်နှာပေါ်ဝဲကျနေတဲ့ ဆံပင်တွေ ညစ်ပတ်ရင်လည်း ဝက်ခြံအဖုအပိမ့်တွေ ပေါက်စေနိုင်ပါတယ်။ သံပရာရည်နဲ့ အုန်းဆီကို ရောပြီး တစ်ပတ်မှာ နှစ်ကြိမ်-သုံးကြိမ်လောက် ဆံပင်တွေပေါ် သုတ်လိမ်းပေး ပါ။ အချိန်အနည်းငယ်ကြာမှ ခေါင်းလျှော်လိုက်ရင် ပထမ သီတင်းပတ်အတွင်း မှာပဲ ဗောက်ပျောက်သွားပါလိမ့်မယ်။
လက်ချောင်း၊ ခြေချောင်း လှပကြည့်ကောင်းစေရန်
-------------------------------------------------------
သံပရာရည်၊ နှင်းဆီရေနဲ့ သံလွင်ဆီ အစက်အနည်းငယ်ကို ရောမွှေပြီး လက်ချောင်းနဲ့ ခြေချောင်းတွေပေါ် သုတ်လိမ်းကာ အိပ်ရာဝင်ပါ။ ဒီနည်းလမ်းဟာ လက်ချောင်း၊ ခြေချောင်းတွေကို ချောမွေ့ကြည်လင် တောက်ပစေတဲ့နည်း ဖြစ်ပါတယ်။
အရေပြားတွင် အစက်အပြောက်ကင်းစေရန်
------------------------------------------------
သံလွင်ဆီ၊ မုန်ညှင်းဆီနဲ့ နှင်းဆီရည်တို့ကို ရောမွှေပြီး တစ်ကိုယ်လုံးအနှံ့ လိမ်းကာ
နှိပ်နယ်ပေးပါ။ သင့်အသားအရေ အစက်အပြောက် ကင်းစင်ပြီး ဖြူ စင်ဝင်းပ လာပါလိမ့်မယ်။
သွားဖြူ စင်တောက်ပစေရန်
------------------------------
သွားဖြူ စင်ချင်ရင် ဆော်ဒါမှုန့်နဲ့ တစ်နေ့တစ်ကြိမ် သွားတိုက်ပေးပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.275, June 2015, Pg.108
မှတ်ချက်။ ။ ဤဆောင်းပါးနှင့် ပတ်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment (သို့မဟုတ်) message box ထဲတွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။ ရုံးချိန်အတွင်း ဆရာဝန်များ ကိုယ်တိုင် ပြန်လည်ဖြေကြား ပေးနေပါသည်။
15/02/2016
အဆီပြန်တဲ့ ဝက်ခြံ၊ဆားဝက်ခြံရှိတဲ့သူတွေအတွက်အဓိကပြသနာ===================================ထုံးစံအတိုင်း အိမ်တွင်းနည်းလွယ်လွယ်လေးတွေမို့ အဆင်ပြေမှာပါနော်1.ရေခဲကပ်ပေးပါ..အထိရောက်ဆုံးနဲ့အသုံးအများဆုံးနည်းလေးပါနော်..ရေအေးဟာချွေးပေါက်တွေကိုကျဉ်းစေတယ်..ရေနွေးဟာပိတ်နေတဲ့ခွေ
31/01/2016
ကဲ ဖိနပ်လှလှလေးတွေတော့ စီးချင်တယ်
ကိုယ့်ခြေထောက်က ကြမ်းလို့ ခြေခုံကညိုလို့ ခြေဖနောင့်ကရင့်လို့ ခြေထောက် လှလှလေးနဲ့ နူးနူးညံ့ညံ့ဖြစ်ဖို့အတွက် အိမ်တွင်း ပိုက်ဆံမကုန်နည်းလေးမျှဝေပေးလိုက်ပြီနော်
လိုအပ်တဲ့ပစ္စည်းလေးတွေကတော့
သံပုရာသီး ၃ လုံး
ပျားရည်နှစ်ဇွန်း
ရေချိုးဆပ်ပြာ ခရင်မ် လက်တစ်ခုပ်
စားတဲ့ဆော်ဒါ ၃ ဇွန်း
မကျည်းသီး တစ်လုံး
ရေနွေးအဖြူ
ရေအေး
အဲ့တာတွေကို အကုန်ရောထည့်ပါ
ရေအပူအအေးကိုတော့ကိုယ့်ခြေထောက်ခံနိုင်သလောက် ခြေခုံမြုပ်လောက်အောင်ထည့်ပါနော်
ပြီးရင် ခြေထောက်ကို ၁ နာရီစိမ်ပါ
သံပုရာဖတ်ကလေးတွေနဲ့ ခြေသည်း ခြေခုံအစရှိတာလေးတွေတိုက်ပေးပါနော် ဘရက်နုနုလေးနဲ့တိုက်ပေးနေလဲပိုကောင်းပါတယ်
တစ်နာရီမပြည့်ခင် ရေအေးသွားရင် ရေနွေးနည်းနည်းထပ်ရောလို့ရပါတယ်နော်
တစ်နာရီပြည့်ပြီး ခြေထောက်ထုတ် ရေဆေးချပြီး moisture lotion ဖြစ်ဖြစ် သံလွင်ဆီဖြစ်ဖြစ် လိမ်းပေးထားပါနော်
တစ်ပတ် တစ်ကြိမ်လောက်အနည်းဆုံးလုပ်ပေးပါ
ကဲ အားလုံးပဲ ကျန်းမာလှပတဲ့ ခြေထောက်ကလေးပိုင်ဆိုင်ရပါစေနော်
16/01/2016
16/01/2016
အမျိုးသမီးတို့ ဘဝကို အသစ်တဖန် မွေးဖွားပေးမဲ့  Fillymor
ကော်ဖီကြိုက်သူများအတွက် အစာလည်းဆေး ဆေးလည်း အစာ
16/01/2016
ကော်ဖီကြိုက်သူများအတွက် အစာလည်းဆေး ဆေးလည်း အစာ
16/01/2016
အသားအရည်ကို အလျင်မြန်ဆုံး နူးညံ့ ဖြူစင် ကြည်လင်မှု့ နှင့် အတူ ဒီဇိုင်းအသစ် နဲ့ Body Cheer
Dewy Body Lotion - 17900 ks (350 ml)
Ease Shower Cream - 17900 ks (350 ml)
အရင်က Day & Night ခွဲပြီး အသုံးပြုရပေမဲ့ အခု တစ်မျိုးတည်းနဲ့ Day ရော Night ပါ သုံးလို့ ရပြီး ပါဝင်ပစ္စည်းနဲ့ ပမာဏ ပိုတိုးလာလို့ အရမ်းကောင်းပြီး အရမ်းတန်ပါတယ်နော်
Dewy Body Lotion - 17900 ks (350 ml)
- Vitamin C များစွာပါဝင်လို့ အသားအရည်ကို အနူးညံ့ ဆုံး ဖြူစင် ကြည်လင် တောက်ပ လာစေပြီး Collagen ကို လှုံ့ ဆော်ပေးသောကြောင့် အသားအရည်ကို တင်းရင်းစေပြီး ဆဲလ် အသစ် ကို ဖြစ်ပေါ်စေပါတယ်
- အရွယ်တင်စေပြီး နေ့ တိုင်းလိမ်းပေးရင် ငယ်ရွယ် နုပျိုတဲ့ အသားအရည်ကို ပိုင်ဆိုင်ရမှာပါ
- လိမ်းလိုက်တာနဲ့ အသားထဲ ချက်ချင်းစိမ့် ဝင်သွားပြီး အစိုဓာတ်ကို ဖြည့် ပေးပါတယ်
- ခရမ်းလွန် ရောင်ခြည်ကြောင့် ဖြစ်သော ပိုးမွှားများကို ကာကွယ်ပေးပြီး အရေးအကြောင်းဖြစ်ခြင်းကို လျော့ ချပေးပါတယ်
- Body lotion လိမ်းထားရုံနဲ့ ရေမွှေး သုံးစရာ မလိုတော့ အောင် မွှေးပျံ့ နေစေပါတယ်
Ease Shower Cream - 17900 ks (350 ml)
- B White Technology နဲ့ ထုတ်လုပ်ထားလို့ အသားအရည်ကို ဖြူစင်တဲ့ Effect ကို ရေချိုးတိုင်း ပိုင်ဆိုင်ရမှာပါ
- Ultra Moisture ကြောင့် အသားအရေကို နူးညံ့ စိုပြေပြီး ကျန်းမာစေပါတယ်
- ရနံ့ လေးရဲ့ မွှေးပျံ့ မှု့ ကြောင့် တနေ့ လုံး စိတ်ကိုပေါ့ ပါး လန်းဆန်းနေစေပါတယ်
- နည်းနည်းပဲ သုံးဖို့ လိုလို့ တစ်ဗူးဆို အကြာကြီး အသုံးခံပါတယ်နော်
မှာယူလိုပါက chat box (or) viber 09 450003626 (or) 09 971663403 သို့ ဆက်သွယ်မှာယူနိုင်ပါတယ့် 
Address
Maubin
Telephone
09971663403
Website
Alerts
Be the first to know and let us send you an email when Silver-Star Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share