27/01/2026
ပြိုင်မငြင်းချင်ဘူး။
မဖြေရှင်းချင်ဘူး။
ကိုယ့်ကို ပန်းတစ်ပွင့်လို့မြင်ရင် ပန်းတစ်ပွင့်ပေါ့၊
ဆူးလို့ မြင်ရင်လည်း ဆူးတစ်ချောင်းပေါ့။
လက်ဖဝါးဖြစ်ဖြစ်၊ လက်ဖမိုးဖြစ်ဖြစ်။
လူတွေရဲ့ အမြင်တွေကို မငြိချင်တော့ဘူး။ မလိုရင် ဘေး ထွက်ပေးမယ်။ လိုအပ်ရင် ဘေး ရပ်ပေးမယ်။
အရာရာကို ဥပေက္ခာပဲ ပြုလိုက်တော့မယ်