ပြင်ဦးလွင် လီလီပန်းနှင့် ပန်းဥရောင်းဝယ်ရေး။

  • Home
  • Myanmar
  • Maymyo
  • ပြင်ဦးလွင် လီလီပန်းနှင့် ပန်းဥရောင်းဝယ်ရေး။

ပြင်ဦးလွင် လီလီပန်းနှင့် ပန်းဥရောင်းဝယ်ရေး။ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပြင်ဦးလွင် လီလီပန်းနှင့် ပန်းဥရောင်းဝယ်ရေး။, Business, Padaythar, Pyin Oo Lwin, Maymyo.

လီလီပန်းစိုက်ရန်စိတ်ဝင်စားသူတိုင်း ၀၉၄၂၀၁၀၂၁၀၈တွင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
07/02/2026

လီလီပန်းစိုက်ရန်စိတ်ဝင်စားသူတိုင်း ၀၉၄၂၀၁၀၂၁၀၈
တွင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဂျပန်လီလီဆိုတာ သည်ပန်းကိုခေါ်ပါတယ်။
19/12/2025

ဂျပန်လီလီဆိုတာ သည်ပန်းကိုခေါ်ပါတယ်။

ပြင်ဦးလွင်မြို့တွင်စာရေးဆရာ၊ဆရာမောင်သာလိ တို့စိုက်ဖူးခဲ့တဲ့ နယ်သာလန်မျိုးလီလီ ပန်းခင်များက သည်လိုအလှတွေပါ။
18/12/2025

ပြင်ဦးလွင်မြို့တွင်
စာရေးဆရာ၊
ဆရာမောင်သာလိ တို့စိုက်ဖူးခဲ့တဲ့ နယ်သာလန်မျိုးလီလီ ပန်းခင်များက သည်လိုအလှတွေပါ။

ဖားအံမြို့တွင်ဂျပန်လီလီပန်းအားအောင်မြင်စွာစိုက်ပျိုးခဲ့သောဇနီးမောင်နှံ။
16/09/2025

ဖားအံမြို့တွင်ဂျပန်လီလီပန်းအားအောင်မြင်စွာစိုက်ပျိုးခဲ့သောဇနီးမောင်နှံ။

 #လီလီပန်းနှင့်နန်းလီလီ  ဂျပန်နိုင်ငံသည်၊ပန်းနိုင်ငံတော်ဖြစ်၏။ တိုကျိုမြို့ကားရာသီမလပ်ပန်းများပွင့်ရာ ပန်းမြို့တော်ဖြစ်သ...
24/04/2025

#လီလီပန်းနှင့်နန်းလီလီ

ဂျပန်နိုင်ငံသည်၊ပန်းနိုင်ငံတော်ဖြစ်၏။ တိုကျိုမြို့ကားရာသီမလပ်ပန်းများပွင့်
ရာ ပန်းမြို့တော်ဖြစ်သည်။
တနည်းအားဖြင့်ပန်းများကြောင့်အမြဲ
တမ်းလှနေသောမြို့ဖြစ်သည်။
ကျွန်တော်တို့ တိုကျိုမြို့သို့အလယ်သွားတိုင်း
အိမ်တိုင်း၏ရှေ့များတွင်လီလီပန်းများအားစိုက်ထားသည်ကိုတွေ့ရသည်။
အပြာရောင်၊အဖြူရောင်များနှင့်အရောင်စုံအောင်စိုက်ထားကြပါသည်။အလှစိုက်ထားခြင်းဖြစ်သည်။
#ဘာကြောင့်လီလီပန်းအားဦးစားပေးပြီးစိုက်ပါသလဲ၊စုံစမ်းကြည့်တော့၊
#လီလီပန်းစိုက်ထားယင်ကံကောင်းပါသတဲ့။
#ကံကောင်းခြင်းပန်းအဖြစ်စိုက်ပါသတဲ့။
ဘာသာမဲ့နိုင်ငံမှာလည်း၊ပန်းများနှင့်လာဘ်ဖွင့်ထားပါတယ်။
တိုကျိုမြို့တွင်၊ပင်အမြင့်တွင်ချယ်ရီ
ပန်းများကြောင့်လှပနေသလို၊
လမ်းဘေး၏ဝဲယာတို့တွင်လည်း
အခြားပန်းများကြောင့်အမြဲတမ်းလှလို့
နေပါသည်။ကိုယ်အိမ်ရှေ့တွင်ခြံရှင်
တိုင်းသည်လှပစွာစိုက်ပျိုးနေထိုင်
တတ်ကြသလိုခြံအတွင်းတွင်လည်း
လှအောင်စိုက်ပျိုးနေထိုင်တတ်ကြသည်။

#ကျွန်တော်ကျိုင်းတုံမြို့သို့ရောက်သွားတော့အင်မတန်ဘုန်းကြီးသောလာဘ်ရွှင်သောဆရာတော်အားဖူးခဲ့ရပါတယ်။ဒကာကြီးကျုပ်ဥယျာဉ်ထဲမှာလီလီပန်းစိုက်ဖြစ်အောင်စိုက်ပေးပါတဲ့။
ဘာကြောင့်ပါလဲဘုရားလို့လျှောက်တော့၊
ဒကာကြီးမသိသေးဖူးထင်တယ်၊သရုပ်ဆောင်မင်းသားမင်းသမီးတွေလီလီပန်းစိုက်ပြီးချမ်းသာသွားကြတာ၊ဒကာကြီးမမြင်ဖူးလား။လီလီပန်းစိုက်ထားရင်၊ဓနသိဒ္ဓိ၊လာဘသိဒ္ဓိရှိပြီးလူချစ်လူခင်အင်မတန်ရှိတယ်ဗျ...တဲ့။
အော်...သည်လိုလား၊
မောင်သာလိ မသိခဲ့ပါ။

#လီလီဆိုတဲ့ဗုဒ္ဓဟူးနံအတွဲနှင့်ပန်းဖြူ၊ပန်းပြာဆိုတဲ့ကြာသပတေးနံတို့ရဲ့တွဲစပ်မှုအကြောင်းကို၊ကျွန်တော်ဆရာ၏အိမ်တွင်၊ကိုအောင်ထွန်း
(ဆရာမင်းသိင်္ခ)နှင့်ကျွန်တော်တို့ဆုံတော့၊သူကဒီလိုရှင်းပြဖူးတယ်။

ဒီမှာကျူရှင်ဆရာရဲ့၊
#ဗုဒ္ဓဟူးနံကအရောင်းအဝယ်လာဘ်လာဘ၊ကြာသာပတေးကလာဘ်လာဘရရှိခြင်း၊မဟုတ်လား၊ဗုဒ္ဓဟူးရဲ့အညွန့်က ကြာသပတေးမဟုတ်လား၊တခါဖြူ၊ပြာ ကြာသပတေးနံတွေထပ်ကပ်တော့၊
လီလီပန်းဖြူ၊လီလီပန်းပြာ၊
ဗုဒ္ဓဟူး၊ကြာသပတေးနှစ်လုံးစီထပ်ကပ်ထားယင်၊ #လာဘသိဒ္ဓိအတွက်သည့်ထက်ကောင်းတာဘာရှိအုံးမှာလဲ။
ဒါကြောင့်လီလီပန်းကို၊လာဘ်ဝင်မဲ့နံသင့်အရပ်တွေမှာစိုက်ထားသင့်ပါတယ်။

#မှတ်သားလောက်ပါပေတယ်ဆရာရယ်။
ကျွန်တော်ကျူရှင်တွေနားရင်၊ချမ်းသာဖို့
လီလီပန်းစိုက်ချင်ပါသေးတယ်..လို့ပြောမိခဲ့၏။

စကားနောက်တရားပါသွားပါသည်။

ကျူရှင်တွေနားတော့၊ပြင်ဦးလွင်မြို့သို့
ရောက်သွားသည်။
အပါပါး...ပြင်ဦးလွင်မှာ၊လီလီပန်းခင်းတွေကလှမှလှပါဘဲ။

ဓာတ်ပုံရိုက်ဖို့ဝါသနာပါတဲ့ကျွန်တော်အမျိုးသမီးအတွက်အဆင်ပြေလှသည်။
တောင်သူုကြီးကျွန်တော်ကတော့၊ပန်းပညာရှင်ထံသင်တန်းတက်ရသည်။

စာသင်တဲ့ဆရာ၊ပန်းပညာသင်တန်းမှာ
တပည့်ဖြစ်သွားပါပြီ။ အမေးအမြန်းထူလို့
သင်တန်းဆရာများစိတ်ညစ်သွားပါသည်။

သားတော်မောင် ကိုရွှေဖြိုးက၊ပန်းခင်းထဲက
ပန်းစိုက်သူရှမ်းမလေးများနှင့် ပွဲကျနေသည်။တိုင်းသိပြည်သိ အဆိုတော်ဆိုတော့လည်း၊
ချစ်ခင်သူတွေများလှသည်။

ကြည့်ပါအုံးဗျာ၊ ကျွန်တော်မွေးထားတဲ့
ခွေးကလေးကတောင်၊လီလီပန်းချစ်သူ
တွေကျွေးတဲ့မုံ့ကိုစားပြီး၊အမြီးနှန့်လို့ပန်းခြံအစပ်မှာပြေးဆော့နေသည်။တိရစ္ဆန်
တောင်ပျော်တဲ့နယ်မြေပါ။
အော်...လီလီဥယျာဉ်ရယ်...။

သင်တန်းဆရာက၊ဒီလိုရှင်းပြပါသည်။

လီလီပန်းမျိုးပေါင်း၁၀၀ကျော်ရှိသည်။
အဓိက မျိုးဥမှစိုက်ယူသည်။ အပင်စိုက်ထားလျှင်၊ ပိန်းဥကဲ့သို့မျိုးဥများပွားသည်။

မျိုးဥ၏ဘေးအကာ ဥဖတ်များမှလည်းအပင်ဖြစ်နိုင်သည်။

အချို့လီလီပန်းများသည်၊အသီးသီးပြီး၊
အသီးအစေ့များမှအပင်ဖောက်လို့ရသည်။
လီလီပန်းအားပုံမှန်စိုက်လျှင်၊သက်တမ်း
ခြောက်လကျော်ကြာမှ ပွင့်သည်။

မျိုးပန်းဥပြန်လည်ရရှိရန်၊စိုက်ပြီးတနှစ်ပတ်လယ်ထားမှရင့်သည်။

မြန်မာနိုင်ငံမှ၊အဖြူရောင်လီလီနှစ်မျိုးသာ
မျိုးယူပြီး၊စိုက်ပျိုးနိုင်သည်။

အရောင်ရှိလီလီပန်းဥများအား၊
နယ်သာလန်နိုင်ငံမှသာ၊မျိုးဥများအား
ရောင်းချပေးသည်။ ပန်းဥသိုလှောင်ထားသောခြင်းတောင်းအတွင်းတွင်၊ဥသက်သုံးလလောက် ရှည်စေပြီး၊မြေချစိုက်ပျိုးချိန်
သုံးလအတွင်းပန်းပွင့်သည်။

တရုတ်ပြည်နှင့်ဗီယက်နာမ်နိုင်ငံများတွင်
နယ်သာလန်နိုင်ငံမှမျိုးယူပြီးအများအပြားစိုက်ပျိုးကြသည်။ယ္ခုအခါတွင်
မြန်မာနိုင်ငံသို့နယ်သာလန်နိုင်ငံမှ၊
တိုက် ရိုက်တင်သွင်းမှုမရှိပါ။

ရောင်စုံလီလီပန်းများအား၊တရုတ်ပြည်မှကတ်သိကတ်သတ်၊တင်သွင်းနေသည်။

နယ်သာလန်လီလီပန်းဥအားနယ်သာလန်မှမတင်သွင်းနိုင်သဖြင့်၊ယ္ခင်စိုက်ပျိုးဖူးသောနှစ်ကြာ၊ဥအကျများနှင့် တရုတ် ဥအကျများအား F2 ဟုအမည်တတ်ခါ၊ရောင်းချနေပါ
သည်။စိုက်ပျိုးသူတောင်သူတို့အတွက်အကျိုးမဖြစ်ပါ။

စနစ်တကျစိုက်ပျိုးတတ်လျှင်၊ဒေသအတော်များများတွင်စိုက်ပျိုးနိုင်ပြီး၊အေးသောတောင်တန်းဒေများတွင်ပိုမိုဖြစ်ထွန်းသည်။

မြေကျစ်များအားမကြိုက်တတ်ပါ။
ဖွယ်သောမြေပွများ၊ဥဖြစ်ထွန်းသောမြေများတွင်စိုက်ပျိုးသင့်သည်။

ဥဖြစ်ထွန်းသောမြေသည်သာလျှင်အပင်သန်နိုင်ကြောင်းသတိပြုရပါမည်။မြန်မာနိုင်ငံတွင်စီးပွားဖြစ်အနေဖြင့်၊အဖြူရောင်ရှိ၊ဒေသလီလီ
နှင့်ဂျပန်လီလီတို့ကိုသာစိုက်ပျိုးကြသည်။

သင်တန်းကသင်ပေးသမျှ၊အကုန်မပြောတော့ပါ။
ကျွန်တော်ဝတ္ထုလမ်းကြောင်းပျောက်သွားမည်။
ကိစ္စကမတော်ရသေးသော၊ချွေးမလေးအားလာပြီးကြည့်ခြင်းဖြစ်သည်။မိဘများကရှမ်းတောင်သူမျိုးရိုးဖြစ်သဖြင့်အေးချမ်းပါသည်။

ချွေးမမတော်ရသေးသော်လည်း၊
မိဘနှင့်သားသမီးဆက်ဆံသလို၊နွေးထွေးမှုရှိသည်။မောင်သာလိတို့အား၊ဟော်တယ်တွေမှာတည်းခွင့်မပေး၊ကန်တော်ကြီးစောင်းကသူတို့အိမ်တွင်တည်းရသည်။
ကန်ကြီးဘေးကပ်ယက်မို့သာယာလှ
ပါ၏။ခြံအတွင်းတွင် လီလီပန်းများစိုက်ထားပါသည်။
ချွေးမလောင်းလေး၏အမည်မှာ၊
နန်းလီလီ မို့နန်းလီလီနှင့်ပန်းလီလီပါ။
သူတို့အိမ်မှ၊ မနက်စောစော၊ခေါပုတ်ကြော်နှင့်သဘာဝကော်ဖီစစ်စစ်ဖြင့်ဧည့်ခံပါသည်။

အိပ်ယာမဝင်ခင်၊ နံသာဖြူနံ့သင်းသော
အိပ်ယာဘေးတွင်နွေးထွေးစွာနေနိုင်ပါသည်။တစ်အိမ်လုံးပြင်ဦးလွင်ထွက်
နံ့သာဖြူနံ့ကြောင့်မွှေးကြိုင်နေပါသည်။
မြန်မာပန်းများတွင်အမွှေးနံ့ထွက်ခြင်းက
ဂျပန်ထက်သာ၏။သူတို့ပန်းများက
ကျွန်တော်တို့ပန်းများလိုမမွှေးပါ။
သို့သော်လှပါသည်။

အိပ်ယာဝင်ခါနီး နွားနို့ပူပူလေးသောက်ပြီး
အေးမြခြင်းအား အံတုပြီး နွေးထွေးစွာ
အိပ်စက်နိုင်ပါသည်။
သက်တောင့်သက်သာရှိလှပါ၏။

ချွေးမလောင်းလေးတို့မိသားစုက၊
မောင်သာလိတို့ထက်ချမ်းသာပါသည်။
သို့သော်ငွေကြေးဥစ္စာကြောင့်မာန်မာနမရှိကြပါ။

ပညာကြောင့်မာနမထားတတ်သော
မောင်သာလိနှင့်တွေ့တော့၊
လမ်းကြောင်းတစ်ခုတည်းဖြစ်၍၊လမ်း
ကြောင်းမှန်ပေါ်သို့အတူရောက်ပြီးပျော်
ရွှင်ကြရပါသည်။

မိသားနှစ်စုပေါင်းပြီးတစ်စုတည်းဖြစ်
အောင်ဖန်တည်း၍နောင်ချိုမြို့ရှိကုတ်ထိပ်တံတားသို့၊ရထားစီးပြီးသွားရောက်လယ်ကြသည်။လမ်းတလျှောက်၊တောင်ကုန်းတောင်တန်း ရှုမျှော်ခင်းများ
ကလွန်သာမောပေစွ။
တောပန်းကလေးများကလည်းအစီအရီပွင့်လျက်၊လေခိုစီးပြီးယိမ်းကနေကြသည်နှယ်ပသာဓရှိလှပါသည်။
ပြည်နယ်နှင့်ပြည်မသို့မေတ္တာပေါင်းကူး
ကုတ်ထိပ်တံတားကြီးဝန်ကျင်တွင်၊သဘာဝဖန်တည်းပေးထားသော အလှတရားတို့သည်ကြည်ရှုလို့မဝနိုင်အောင်ပင်၊ သာယာလှပါပေသည်။

သားကိုဖြိုးနှင့်သမီးချွေးမနန်းလီလီတို့အားမန်တိုင်ထားပြီး၊သည်တစ်ခေါက်ပြင်ဦးလွင်မြို့သို့အလယ်လာရသည်မှာ၊အလွန်ပျော်စရာကောင်းပါသည်။

မိတ်ဆွေများလည်းပြင်ဦးလွင်မြို့သို့အလယ်လာကြပါ။အလယ်လာချိန်မှာလီလီပန်းတွေပွင့်နေပါစေလို့၊.....
လီလီပန်းတို၏၊လာဘ်ကောင်းခြင်းများလည်းအိမ်တိုင်း၊မြို့ရွာတိုင်းသို့၊ကူးစက်နိုင်ပါစေ။
မောင်သာလိကတော့၊ပန်းစိုက်ရင်း၊
ကဗျာ ဝတ္ထုတွေရေးရင်း၊
ပြင်ဦးလွင်လီလီပန်းခင်းထဲကစောင့်နေ
ပါမယ်နော်။
ရှုမျှော်ခင်းတွေကြည့်ရင်း၊ကဗျာတွေ
စာတွေရေးကြရအောင်နော်၊
မျော်နေပါသည်။
ဆရာမောင်သာလိ
. ၁၃.၁၁.၂၃

သည်လိုပန်းတွေရာသီမပြတ်ပွင့်အောင်စိုက်တတ်ရင်၊အကျိုးမဖြစ်ပေဖူးလား။ယ္ခုရန်ကုန်မြိုမှာလက်လီစျေး၊တစ်ခက်၇၀၀၀ကျပ်ရောင်းနေပါတယ်ဗ...
15/12/2024

သည်လိုပန်းတွေရာသီမပြတ်ပွင့်အောင်စိုက်တတ်
ရင်၊အကျိုးမဖြစ်ပေဖူးလား။
ယ္ခုရန်ကုန်မြိုမှာလက်လီစျေး၊တစ်ခက်၇၀၀၀ကျပ်
ရောင်းနေပါတယ်ဗျာ။
နည်းစနစ်နှင့်အကြံဥာဏ်က၊ပြင်ဦးလွင်လီလီပန်း
စိုက်ပျိုးရေးမှာသာရှိပါတယ့်။

Big shout out to my new rising fans! Mg Mg
27/09/2024

Big shout out to my new rising fans! Mg Mg

ဗျိုင်းဝါပင်စောက်လို့ခေါ်ပါတယ်တစ်ပေခန့်မြင့်ပါတယ်။ကျွဲနွားများပခုံးပေါက်အနာဖြစ်လျှင်ထုထောင်းပြီးအုံပေးပါက၊အနာကျက်ပါတယ်။ဆ...
14/07/2024

ဗျိုင်းဝါပင်စောက်လို့ခေါ်ပါတယ်
တစ်ပေခန့်မြင့်ပါတယ်။
ကျွဲနွားများပခုံးပေါက်အနာဖြစ်လျှင်
ထုထောင်းပြီးအုံပေးပါက၊အနာကျက်ပါတယ်။
ဆေးဒါန်းဖမ်းရန်အသုံးပြုပါတယ်။
ကုန်းယောင်ယောင်နေရာများတွင်
အစုလိုက်အပြုံလိုက်ပေါက်တတ်ပါတယ်။(ဤကားစာတွေ့ပါ။)
မိတ်ဆွေများအားအကူအညီ
တောင်းပါသည်။ကျွန်တော်အတွက်အရေးတကြီးအသုံး
လိုလို့ပါ။
ဤဆေးပင်အားတွေ့ရှိပါက၊
၀၉၉၇၉၂၆၈၇၇၈ သို့
အကြောင်းကြားပေးပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျား။

23/02/2024
11/01/2024
မသမာသူသည်၊အောက်ပုံပါကြော်ငြာဖြင့်ကျွန်တော်၏၊အမည်နှင့်ပုံအားအသုံးပြု၍၊ဖော်ပြပါအမည်နှင့်၊ကျွန်တော်၏၊ကြော်ငြာများအား၊တဆင့်ရ...
07/01/2024

မသမာသူသည်၊
အောက်ပုံပါကြော်ငြာဖြင့်
ကျွန်တော်၏၊အမည်နှင့်ပုံ
အားအသုံးပြု၍၊
ဖော်ပြပါအမည်နှင့်၊ကျွန်တော်၏၊ကြော်ငြာများအား၊
တဆင့်ရှယ်ပြီး၊ကြော်ငြာ
ဖွင့်ပြီးတင်နေပါသည်။
ကျွန်တော်မဟုတ်ကြောင်း
အားလုံးအားအသိပေးအပ်ပါသည်။

Address

Padaythar, Pyin Oo Lwin
Maymyo
12466

Telephone

09420102108

Website

Alerts

Be the first to know and let us send you an email when ပြင်ဦးလွင် လီလီပန်းနှင့် ပန်းဥရောင်းဝယ်ရေး။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category