ဂန္ဓမာပျိုးပင် ရောင်းဝယ်ရေးနှင့်စိုက်ပျိုးမျိုးထုတ်သူများ

  • Home
  • Myanmar
  • Maymyo
  • ဂန္ဓမာပျိုးပင် ရောင်းဝယ်ရေးနှင့်စိုက်ပျိုးမျိုးထုတ်သူများ

ဂန္ဓမာပျိုးပင် ရောင်းဝယ်ရေးနှင့်စိုက်ပျိုးမျိုးထုတ်သူများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဂန္ဓမာပျိုးပင် ရောင်းဝယ်ရေးနှင့်စိုက်ပျိုးမျိုးထုတ်သူများ, Business service, ရကက(၁၇) အနီးစခန်း ပြင်ဦးလွင်, Maymyo.

20/01/2024

ဒီနှစ်ပန်းမျိုးများ ရှားပီးဝယ်ရခက်လိုက်တာ တစ်ခါမှမကြုံဘူးသေးဘူး ဟူးးး

ဂန္ဓမာပန်းမျိုးသန့်​များ ဝယ်​ယူရရှိနိုင်​ပါပြီ လိပ်​ပြာ ခိုင်​​ရွှေဝါ ဖြူကြီး ပုလဲဖြူ ​ရွှေဝါဝင်း ....စသည့်​မျိုး​ကောင်း...
15/06/2017

ဂန္ဓမာပန်းမျိုးသန့်​များ ဝယ်​ယူရရှိနိုင်​ပါပြီ လိပ်​ပြာ ခိုင်​​ရွှေဝါ ဖြူကြီး ပုလဲဖြူ ​ရွှေဝါဝင်း ....စသည့်​မျိုး​ကောင်းမျိုးသန့်​များကို အနယ်​နယ်​အရပ်​ရပ်​မှ ဆက်​သွယ်​စုံစမ်းမှာယူနိုင်​ပါသည်​။

၀၉ ၄၀၂၆၀၁၂၇၀
၀၉ ၇၈၅၇၃၀၈၂၃

11/02/2017

ဂန္ဓမာ စိုက်ပျိုးနည်း (အခြေခံ)
•••••••••••••••••••••••••••••
၁။မြေပြင်ရန်
-----------
စိုက်ပျိုးရန် မြေနေရာကို
ထယ်ရေးကောင်းမွန်စွာ ပြုပြင်ပါ။ အမှိုက်သရိုက်များနှင့်ပေါင်းမြက်များကို သန့်ရှင်းဖယ်ရှားပါ။
နွေရာသီနှင့် ဆောင်းရာသီတွင် ပန်းဘောင်ကို ကန်သင်းပြုလုပ်ပြီး ဘောင်အနိမ့် ဖော်ဆောင်၍ မိုးရာသီတွင် မြေခုံအမြင့် ၄ လက်မခန့်တင်၍ ဘောင်ပြုပြင်ခြင်းကို ရွက်ဆောင်သင့်ပါသည်။

ပန်းဘောင်၏ အနံကို ၃ ပေအများဆုံးထား၍ လူလျောက်လမ်းကို ၂ ပေခန့် ထားကာ အလျား စိုက်ပျိုးသူမှ စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။

စိုက်ပျိုးမည့် ပန်းဘောင်အတွင်းသို့ မိမိစိုက်ပျိုးမြေ၏ အခြေအနေကို ချိန်ဆ၍ ဆပ်ဖွဲပြာ ( ကြက်ချေး ၊ နွာချေး) ဆွေး တီစူပါ ထည့်သွင်း၍ သမအောင် ပြုလုပ်၍ ရေအဝ သွင်းပေးထားရပါမည်။
မိမိတို့ အသုံးပြုသော မြေဆွေးသည် လတ်ဆတ်၍ အပူထုတ်လုပ်နိုင်သော ဂုဏ်သတ္တိရှိလျှင် မစိုက်ပျိုးမှီ ၂၁ ရက်ခန့် ကြိုတင်၍ ပြုလုပ်ပေးပါ။ထိုသို့ကြိုတင်ချိန် မရလျှင် နွားချေး ကြက်ချေးကို ထည့်သွင်း၍ မြေပြင်ခြင်းကို(လုံးဝ) လုံးဝ မပြုလုပ်သင့်ပေ။

၂ ။ မျိုးရွေးချယ်ခြင်း
--------------
မိမိဒေသနှင့် ကိုက်ညီမည့် ပန်းမျိုးကို နားလည်တတ်ကျွမ်းသူနှင့် ဦးစွာ တိုင်ပင်ပါ။
ပထမဆုံး စိုက်ပျိုးမည့်သူ ဖြစ်ခဲ့လျှင် ပိုးမွှားရောဂါနှင့် ရာသီဥတုဒဏ်ကို ခံနိုင်ပြီး ကာလတိုဖြင့် ပွင့်နိုင်သော မျိုးကိုရွေးချယ်ပါ။ဥပမာ- မော်ဒယ်၊ သရဖူ၊ ရွေစိမ်း ၊ ကျောက်စိမ်း၊ ကိုးရီးယား ရောင်စုံ။

၃။ စိုက်ပျိုးခြင်း
----------
ပန်းမျိုးရောက်လာသည်နှင့်တပြိုင်နက် ပျိုးပင်များကို ပျိုးပုံးအတွင်းမှ စိစစ်ရေတွက်ပြီး လေဝင်လေထွက်ကောင်း၍ အရိပ်ရသောနေရာတွင် ဖြန့်ခင်းထားပါ။
ရော်ရိနေသော အပင်များကို သီးခြားဖယ်ထားပေးပါ။
အောက်ရွက်ဝါသော ပျိုးပင်များမှ အရွက်များကို ဖယ်ရှားသန့်စင်ထားပေးပါ။ပျိုးပင်၏ အမြစ်များ ရှည်လျားလွန်းပါက ကက်ကြေးဖြင့် တိရိစွာ ဖြတ်တောက်ပေးပါ။
ကျန်းမာသန်စွမ်းသော ပျိုးပင်များကို မြစ်ပွားဆေး ၁၀ စီစီတွင် ရေ၂ဂါလံရောစပ်ပြီးဖျော်၍ အရွက်များကို တတ်စွမ်းသမျှ မထိစိုစေဘဲ ၅ မိနစ်ခန့် ရေစိမ်ထားပေးပါ။
ပင်ကြား ၆ လက်မ တန်းကြား ၆လက်မ ထား၍ ပျိုးပင်ကို အမြစ်မနာ မခေါက်စေဘဲ ဂရုတစိုက် ချစိုက်ပါ။
စိုက်ပျိုးပြီး ပျိုးဘောင်များကို ပြီးလျှင်ပြီးခြင်း ရေဖြန်းပေးရပါမည်။

၎။ ပြုစုခြင်း
------------
စိုက်ပျိုးသက် ၁၄ ရက် မြောက်သောနေ့တွင် ပင်ခြေအား မြေဆွ ( ခါးလှည့်) ခြင်း၊ပေါင်းမြက်များကို ရှင်းလင်းစေပြီးလျှင်
စပ်ဖွဲပြာ နှင့် ယူရီးယား ၁၀၀: ၁ ရောစပ်ပြီး ပန်းပင်နှစ်ပင်ကြား ပန်းခုံပေါ်သို့ ထည့်သွင်ပြီး ရေအဝ တိုက်ကျွေးပါ။( ပက်ဖြန်းပါပေးပါ)
့် မိုရယ်မုန်း ၁၀ စီစီ ၊ 30: 10 :10 အချိုး ရေပျော်ရွက်ဖျန်းဆေးမှုန့်ကို ရေ ၄ ဂါလံနှင့် ဖျော်စပ်ပြီး နေရောင်မရှိချိန်တွင် နှံ့စပ်ညီညာစွာ ပက်ဖြန်းပေးပါ။

စိုက်သက် ၂၄ ရက်မြောက်သောနေ့တွင် ဒုတိယအကြိမ် ပေါင်းသင်ခြင်း မြေစာကျွေးခြင်းပြုပြီး ခေါင်ညွန့်ကို ဆိတ်ဖယ်ပေးရပါမည်။ထိုသို့ခေါင်ညွန်ကို နှိမ်ပေးခြင်းဖြင့် ကိုင်းတက်ပွားများစေလာခြင်း
ထိုသို့ပွားများပြီး ပန်းပင်များ တပင်နှင့်တပင် ထိန်းမတ်ပေးရာ ရစေပြီး ထိုက်သင့်သော လေဒဏ်မိုးဒဏ်ကို ကာကွယ်ပြီး ဖြစ်စေပါ့မည်။

ထိုသို့ခေါင်ညွှန့်နှိမ်ပေးရာတွင် မိမိစိုက်ပျိုးသောမျိုးနှင့် ဒေသရာသီ ဈေးကွက်ကို ချင့်ချိန်ခြင်းအမှုကိုလည်း ဂရုပြုစေလိုပါသည်။
စိုက်သက် ၃၅ ရက်မြောက်သောနေ့တွင် ခါးလှည့်မြေဆွပေးခြင်း သဘာဝမြေသြဇာနှင့် ၁၅ ပတ်လည် ရောစပ်၍ ပန်းဘောင်အား အစာကြွေးခြင်း၊
မိုရယ်မုန်း ၁၀ စီစီ ဂျီပဲလစ်အက်ဆစ် ၅ ဂရမ် ကို ရေ ၄ ဂါလံနုံးထားဖြင့် ရောစပ်ပက်ဖျန်းပေးရပါမည်။

စိုက်ပျိုးသော ပန်းအမျိုးအစားပေါ် မူတည်၍ ပန်းပွင့်ချိန် ညီညာစေရန် သန်မာသောအဖူးနှင့် သေးနုတ်သော ပန်းအဖူးများကို ခြွေပေးရပါမည်။ ပဒေသာထား၍ ပွင့်လိုသော အဖူးခြွေခြင်းအမှုကို လုပ်ဆောင်ရန် လိုအပ်မည်မဟုပ်ပါ။
ပန်းအမျိုးစားပေါ်တည်မှီပြီး အပင်အရပ် တပေကျော်ချိန်
ဖူးတံဝင်လာချိန်မှစ၍ ရွက်ဖြန်းဆေး ဖြန်းရာတွင် နိုက်ထရိုဂျင်ဓာတ်ပါဝင်မှု နည်၍ ပိုတက်ရှ်နှင့်ဖော့စ်ဖ်ပ်အချိုးများသော ရွက်ဖြန်းရေပျော်အားဆေးကို အသုံးပြုပေးပါ။
ဥပမာ npk - 0: 25 :25

၅။ရောဂါနှင့် ပိုးမွှား
-----==-------
မိမိစိုက်ခင်း တွင် ပိုးမွှား ရောဂါ ကျရောက်ခြင်း ရှိမရှိကို အချိန်နှင့်တပြေးညီ စစ်ဆေးကြည့်ရှု့ရပါမည်။
ဂန္ဓမာတွင် အဓိကကျရောက်သော ဖျက်ပိုးများမှာ-
-ယင်ဖြူ
-ပ်
-့လှေးပိုး
-ရွက်စားပိုး တို့ကျရောက်လေ့ရှိပြီး ယင်းပိုးမွှားများကို နှိမ်နှင်ရန်
အင်မီတာကလိုဖစ်နှင့် အဆီဖိတ်အုပ်စုများမှ ထုတ်လုပ်သော ဆေးဖြင့် အလှည့်ကျသော်လည်းကောင်း လိုအပ်လျှင် နှစ်မျိုးရောစပ်၍သော်လည်းကောင်း အသုံးပြုပေးရပါမည်။
ထိုသို့ပိုးမွှားကျရောက်သည်နှင့်တပြိုင်နက် ပင်ပိုင်းခုခံအားနည်းပြီး နောက်ဆက်တွဲ ရောဂါကိုပါ ထပ်မံဖြစ်စေခြင်းကို ကြုံတွေ့နိုင်ပါသည်။

ပူလွန်းခြင်း ၊ အေးလွန်းခြင်း၊ အစိုဓာတ်များခြင်း၊ ခြောက်သွေ့ခြင်၊ မျိုးဆောင်ရောဂါများကြောင့်ကျောက်ရောဂါ ( ကုသရန် ခက်ခဲခြင်း)ခါးရိ ၊ မဲ့ပြောက်စွန်း၊ ဖားဥမှို၊ ပင်စည်ပုတ် ရောဂါများကို တွေ့ကြုံရနိင်ပါသည်။

ထိုသို့ရောဂါ လက္ခဏာများ တွေ့ကြုံလာရပါက မန်ကိုရ်ဇက် အုပ်စုဝင်မှိုသတ်ဆေးဖြင့် ကုသပျောက်ကင်းစေခြင်း၊ ရောဂါလက္ခဏာ မတွေ့ကြုံမှီ တင်ကြို၍ ကာဗင်ဒါဇင် မှိုသတ်ဆေးတို့ဖြင့် ကာကွယ်ခြင်းဖြင့် ရောဂါကျရောက်ခြင်းကို ရှောင်လွဲ နိုင်ပါ့မည်။

မှတ်ချက်
--------
တောင်သူအများစု အပင်ရှည်ဆေး၊
ဆွဲဆေးဟု သိမှတ်ထားသော
ဂျီပဲလစ် အက်ဆစ်ကို အပင်သက်တမ်းတလျောက်
နှစ်ကြိမ်ထက် ပိုမို အသုံးပြုရန် မသင့်လျော်ပါ။
မိမိပန်းပင်၏ အနိမ့်အမြင့်ကို ချိန်ဆ၍ လိုအပ်သည့်အချိန်တွင် သင့်တော်မှန်ကန်စွာ
အသုံးပြုရန် လိုအပ်ပါလိမ့်မည်။

ကနဦးပန်းစိုက်တောင်သူများး ယျေဘူယျ သိမှတ်စေရန်
ရည်ရွယ်ပါသောကြောင့် ပညာရှင်များး ဝါရင့် ပန်းစိုက်တောင်သူများမှ လိုအပ်သည်များကို ထပ်မံ၍ ဖြည့်စွတ်ပေးပါရန် လေးစားစွာ ပြောကြားပါရစေလားခင်ဗျာ။

. ကို​အောင်​မင်း

01/11/2016

လိပ်​ပြာ လပ်​ကီး မြသစ်​ခွ ပျိုးပင်​​တွေရပြီ​နော်

20/04/2016

Address

ရကက(၁၇) အနီးစခန်း ပြင်ဦးလွင်
Maymyo

Telephone

+959785730823

Website

Alerts

Be the first to know and let us send you an email when ဂန္ဓမာပျိုးပင် ရောင်းဝယ်ရေးနှင့်စိုက်ပျိုးမျိုးထုတ်သူများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share