Design Eain

Design Eain လှပသေသပ်သော အိမ်လေးတစ်လုံး ရစေဖို့ ဒီဇိုင်းအိမ် Design Eain မှာ ရှာဖွေစို့

03/06/2026
03/06/2026

03/06/2026

သင့်အိမ်မက်တွေကို
Design Eain နဲ့
အကောင်အထည်ဖော်ပါ

အိမ်နှင့်လောကီပညာ ............................အိမ်တစ်အိမ် ဆောက်ရင် အဓိက ၃ချက်ရှိတယ်အိမ် ပနပ်အိမ် ဦးရင်တိုင် လှေကားအဲ့ဒါ ...
03/06/2026

အိမ်နှင့်လောကီပညာ ............................

အိမ်တစ်အိမ် ဆောက်ရင်
အဓိက ၃ချက်ရှိတယ်

အိမ် ပနပ်
အိမ် ဦးရင်တိုင်
လှေကား

အဲ့ဒါ အဓိက ဘဲ။

မဆောက်ကောင်းသောအိမ်.................................

အိမ်ပ်ံ
အိမ်ရင်ကြဲ
အိမ်ပလ္လင်
အိမ်ဖိုခနောက်
အိမ်နွား
အိမ်ပတ္တလား
ကျောင်းနှင့်တူသောအိမ်
မဆောက်ကောင်းပါ ။

ရင်ကြဲ အိမ် (ကြဲ...သေ)
ဝါးခေါင်းထိုးဆက်သောအိမ် (ရန်ဖြစ်)
သစ်ဆက်ဝါးဆက် ဆက်သောအိမ် (ရန်ဖြစ်)

အဲ့အိမ်တွေမှာ
ထုပ်ယောက် မိုက်ဖွဲ့ပြီး
၃နဲ့စားလို့ပျက်ရင်
၃လအတွင်း လူသေဖို့
၁၀၀%ပါ

အိမ် ပတ္တလား နဲ့ အိမ်နွားက
ဆင်းရဲရုံဘဲရှိတယ် လူမခိုက်ပါ

အိမ်မွာ သစ်စုံန်းပါရင်
သစ်မင်း စိုက်ထားပါ။

အိမ်ထက် အိမ်သာ မကောင်းစေသင့်
အိမ်အရင် အိမ်သာ မဆောက်ကောင်း
ခြံစည်းရိုး မရှိဘဲ အိမ်မတည်သင့်ပါ။

အိမ်တိုင်တွေကို
ကြေးပြားမှာ
စည်းခ်ဂါထာ ရေးပြီး
အောက်ကခံရင် ကြီးပွားတိုးတက်စေပါတယ်
မီးမခနိုင်
ဧည့်သည် ကောင်းမ်ားလာစေတက်
လောင်မီးစက် မခ နိုင်
မိစၦာ မ်ားမနေနိုင်ပါ။

အိမ်တစ်အိမ်မွာ
ချမ်းသာချင်လည်း လှေကားဘဲ
မွဲချင်လည်း လှေကားဘဲ

လှေကားက အဓိကပါ ဘဲ။

အိမ်နဲ့ပတ်သတ်ပြီး
သိပ္ပံခေတ်မွာ ယုံစရာမလိုဘူး ဆိုလို့
မယုံကြည်ရင်
အိမ်ရဲ့ဘယ်ဘက်ညာဘက် ၂ဘက်လုံး
အဖီ ဆြဲ နေ လေ ။

မြဲ အေးရော ။

အကြားအမြင် ပြည့်ဝကြပါစေ။

အောင်- ဧကပုတ္တမနုရကေ္ခ

လူမှန်သမွ် .အိမ်နှင့်မကင်းနိုင်.
ထိုအိမ်ဆောက်ရာတွင်
အကျိ ု းအပြစ်ကို..စလေဦးပုည၏
ဟောစတမ်းမွ..အကျိ ု းမ် ား၍..အမ် ားအကျိ ု း
တွက်..တင်ပေးပါအံ့။................................................

တနင်္ဂနွေ နေ့ အိမ်ဆောက်လွ် င်..ဥရုတိုင်
အရပ်ခေါ် ဦးရင်တိုင်၏ စရွေးအောက်မွာ
တစ်ထွာခန့်အမျ က်ရှိတတ်၏..
ထိုအမ် က်ကား..အိမ်လူတွေကိုဒုက္ခပေးတတ်၏..
ပယ်နိုင်ကပယ်လိုက်...မပယ်နိုင်လွ် င်ထိုဥရု
တိုင်နှင့် အရှေ့မြောက်ကတိုင်နှင့်လဲ၍စိုက်
စည်းစိမ်ဥစ္စာ တိုးပြား၏။

တနင်္လာ နေ့အိမ်ဆောက်မူ..အနောက်မြောက်
ယက်မအောက်တွင် အမ် က်အဆွေးရှိတတ်၏
သားသမီး မြေးမြစ်သေတတ်၏..
ပယ်လိုကပယ်..မပယ်လိုက..အရှေ့တောင်က
သစ်မင်းတိုင်နှင့်လဲ၍စိုက်..
ခြေလေးခြောင်းရကိန်းရှိ၏။

အင်္ဂါ နေ့အိမ်ဆောက်မူ.. မြောက်အလယ်တည့်တည့်..ယက်မအောက်တွင်.. သေချ ာ
ကြည့်မှမြင်ရသော အျမံအခေါင်းရှိတတ်၏.
အိမ်ရှိ တိရစၧာန် သေတတ်၏
ပယ်လိုကပယ်.. မပယ်လိုက.. တောင်ဘက်စဉ်
စိုက်တဲ့တိုင်တွေထဲမှ အလည်တိုင်နှင့်လဲစိုက်
သမီးရတနာရတတ်၏။

ဗုဒ္ဓဟူး နေ့တွင်အိမ်ဆောက်မူ..အရှေ့မြောက်
ထောင့်ကတိုင်တွင်မြေပေါ်တစ်ထောင်လောက်
အကြာအမ် က်ရှိတတ်၏..
ကိုယ်ခ် စ်ရသူသေတတ်၏
ပယ်လိုကပယ်.. မပယ်လိုက ...ဘူမိအရပ်က
တိုင်နှင့်လဲစိုက်...စုဒ်ကောင်း၀င်လတ္တံ့။

ကြာသာပတေးနေ့တွင် အိမ်ဆောက်လွ် င်
အရှေ့စွန်းက..တိုင်ခွတွင် အခေါင်းပါတတ်၏
ရောဂါရတတ်၏..သောကရောက်တတ်၏
ပယ်လိုကပယ်.. မပယ်လိုက ..အလည်တိုင်နှင့်လဲစိုက်.. ဘုန်းကြီးအံ့။

သောကြာနေ့ တွင်အိမ်ဆောက်မူ..
အလယ်တိုင်၏ဂြအောက်တစ်ထြာလောက်တွင်
အခေါင်းပါတတ်၏..
ရောဂါထူပြောအံ့
ပယ်လိုကပယ်.. မပယ်လိုက.. အလည်ဂွတိုင်
နှင့်လဲစိုက်..
လာဒ်ရအံ့။

စနေနေ့တွင် အိမ်ဆောက်မူ..
အနောက်တောင်ရှိတိုင်ထိပ်၌..စရွေးအောက်မွာ အမ် က်သေးပါတတ်၏..
မိန်းမမသေ ယောကျ် ားသေတတ်၏..
ပယ်လိုကပယ်.. မပယ်လိုက. အနောက်မြောက်အရပ်ကတိုင်နှင့်လဲစိုက်
လာဒ်ကြီးရလတ္တံ ့။

ဦးကဝိန္ဒ
ကျေ ာက်ပန်းတောင်း.......

အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သော အပင်များ၊

အိမ်ဆောက်ရက် ရွေးနည်း ၊

အိမ်ဆောက်လ ရွေးနည်း၊

မသုံးအပ်သော သစ် (၈) မျိုး၊

အိမ်၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာမ်ား ၊
.................................................................................

သစ်ပင် ပန်းမန်ဆိုတာ လူတွေအတွက် ကောင်းမွန်တဲ့ အရာပါ။ သဘာ၀ရာသီဥတုကို သင့်တင့်မျှတစေသလို သတ္တဝါတွေကိုလည်း အကျိုးပြုစေပါတယ်။ မိမိအိမ် ပတ်၀န်းကျင် ခြံ ထဲ၊ အိမ် ၀န်းထဲမှာ အပင်တွေ စိုက်ပျိုးခြင်းဟာ ကိုယ်ရောစိတ်ပါ ရွှင်လန်းစေမှာပါ။

ဒါပေမယ့်လို့ ရှေးမြန်မာအယူအရ မိမိ အိမ်၊ ခြံ ထဲမွာ မစိုက်အပ် ၊ မရှိသင့်တဲ့ အပင်တစ်ချို့ရှိပါတယ်။ သိပ္ပံခေတ်ကြီးထဲမှာ ဒီအယူအဆေတြ ခေတ်မမီတော့ဘူးလို့ဘဲ ဆိုဆို ၊ ရှေးထုံးကိုလည်း မပယ်နဲ့ဆိုတဲ့ စကားပဲ ပြောပြော အိမ်နဲ့ ပတ်သတ်ပြီး ရှေးမြန်မာ အယူတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

- အိမ်ပတ်၀န်းကျင်တွင် မစိုက်အပ်သောအပင်များ ။

အိမ်၏ အရှေ့ဘက် မျက်နှာဘက်တွင် ညောင် ၊ သပြေပင်များ မစိိုက်ရ။ စီးပွားပျက်တတ်သည်။
အနောက်ဘက်တွင် လက်ပံပင် ၊ ထိန်ပင် မ်ား မစိုက်ရ။
တောင်ဘက်တွင် သျှီသျှားပင် ၊ ဖီးခြမ်းငှက်ပျော ၊ သငေ်္ဘာပင်များ မစိုက်ရ။
မြောက်ဘက်တွင် ထန်းပင်၊ ဆန်းပင်၊သဖန်းပင် နှင့် သျှီသျှားပင် မစိုက်ရ။

အဆိုပါ အပင်များသည် ဖော်ပြပါ အရပ်မျက်နှာများတွင် ရှိနေပါက စီးပွားယုတ်လျော့မည်။ရောဂါဘယ ထူပြောမည်။ အိမ်တွင်း အိမ်ပြင် ဆူပူတတ်သည်။ အလိုအလျောက်ရှိနေပါကလည်း နှုတ်ပစ် ၊ ခုတ်ပစ်သင့်ပါသည်။

- အိမ်ဆောက်ရက် ရွေးနည်း ။

တနင်္ဂနွေ - ဒုက္ခဆင်းရဲ ရောက်တတ်သည်။
တနင်္လာ - နှစ်လမြောက်တွင် သား သမီး ဖွားမြင်သော် ချမ်းသာ ကြွယ်၀မည်။
အင်္ဂါ -ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
ဗုဒ္ဒဟူး၊စနေ- သုခ ချမ်းသာရမည်။
ကြာသပတေး - ချမ်းသာ ကြွယ်၀မည်။
သောကြာ - သုံးလ ကြာလျှင် သုခ ပွားမည်။

- အိမ်ဆောက်လ ရွေးနည်း ။

တန္ခူးလ - ချမ်းသာ ကြွယ်၀မည်။
ကဆုန္လ - ဆန်ရေစပါး ပေါများ ကြွယ်၀မည်။
ဝါခေါင်လ - ဥစ္စာ စီးပြား တိုးပွားမည်။
နတ်တော်လ - ထင်ပေါ် ကျော်စောမည်။
ပြာသိုလ - လူအမ်ား ချီးမွမ်းမှု ရမည်။
တပေါင်းလ - ချမ်းသာ ကြွယ်၀မည်။

ကျန်ခြောက်လတွင် ဆောက်ပါက ပျက်စီးခြင်းများ ကြုံရတတ်သည်။

ယနေ့ခေတ်မှာ အိမ္ကို သစ္သား အခြေပြုပြီး မဆောက်တော့သလောက်ပါဘဲ။ဒါပေမယ့် အတွင်းပိုင်း အလှဆင်တာမျိုးတို့ ၊ ပရိဘောဂတွေမှာတော့ တွင်တွင် ကျယ်ကျယ် သုံးနေကြသေးတာကြောင့် သစ်ဟာ အိမ်တစ်အိမ်ရဲ့ အဓိက ပါ၀င်ပစ္စည်း ဖြစ်နေပါသေးတယ်။ ရှေးမြန်မာ လူကြီးများကတော့ အိမ်နဲ့ပတ်သတ်ရင် သစ္ကို အလွန်စိစစ်ပါတယ်။

ဗဟုသုတ အလို့ငွာ သိသလောက် ဖော်ပြပေးလိုက်ပါတယ်။

- မသုံးအပ်သော သစ် (၈) မျိုး ။

၁။ ခုတ်ဖြတ်စဉ် တြဲလြဲ ကျနေသောသစ် (သစ်ဆွဲချ)
၂။ သစ္ခြ သစ်ကိုင်းကြားတို့တွင် တင်နေသောသစ် (လူကောင်တင်)
၃။ အဖျားကြီး၍ အရင်းရှူးသောသစ် (သစ္ဘီးလူး)
၄။ အရင်းအဖျားရှူး၍ အလယ်တွင် ကြီးသောသစ် (သစ်နပုန်း)
၅။ လမ်းကူး ချောင်းကူးသစ် (သစ္တံတား(ခ) သစ်လမ်းကူး)
၆။ အပင်ချင်း အကိုင်းချင်း ကြိတ်သောသစ် (သစ်ကြိတ်)
၇။ အပင်တွင် နွယ်ရစ်ပတ်နေသောသစ် (သစ္နဂါး)
၈။ မျက်ရည်ပေါက်ကဲ့သို့ အကွက်ထနေသောသစ် (သစ်စည်ယို)

-အိမ် ၊ ကျောင်း ဆောက်ရာတွင် မသုံးအပ်သော သစ် (၁၁) မျိုး ။

၁။ မိကျောင်း
၂။ မအူ
၃။ သခွတ်
၄။ ညောင်
၅။ သျှီသျှား
၆။ သီး(သား)
၇။ သပြေ
၈။ သစ်စိမ်ရေသား
၉။ ကေလာ
၁၀။ လက္ပံ
၁၁။ လဲ

- အိမ် ၊ ကျောင်း ဆောက်ရာတွင် မပြုအပ်သော အရာမ်ား ။

၁။ တိုင်ဟောင်းကို ပန်းမဆွဲရ ။
၂။ ထုပ်မစွပ်ခင် ယက်မ မတင်ရ ။
၃။ တိုင်တို (ထောက်တို) ကို ကြမ်းပေါ် မပိုစေရ ။
၄။ ကြမ်းခင်းတိုင်တွင် ဝါးမတင်ရ ။
၅။ ခေါင်လျှောက်ခွတွင် မပြီးခင် ကြမ်းမဖောက်ရ ။
၆။ တိုင်ထူရာတွင် တိုင်ချင်း မထိရ ။
၇။ အိမ်ဆောက်မပြီးခင် ၀န်း မခတ်ရ ။
၈။ ထုပ် ၊ လျှောက် ၊ ဒိုင်း ၊ မြား ၊ ခါးပန်း တို့ကို အလယ်တည့်တည့်တွင် မဆက်ရ ။
၉။ အမျိုးမတူသော သစ်ချင်း မဆက်ရ ။
၁၀။ အိမ်ဟောင်း၏ လျှောက်ပေါ်တွင် အိမ်သစ်၏ လျှောက်ကို တင်၍ မဆက်ရ ။

တိုးတက်လာသော ယနေ့ခေတ် အေနအထားအရ အထက်ပါ အကြောင်းအရာတို့အား လုံး၀ရှောင်ကြဉ်ရန် မဖြစ်နိုင်တော့ပါဘူး ။
ဒါပေမယ့်လို့ " ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့'' စကားလိုမျိုးပါပဲ။ နှစ်ပေါင်းများစွာ တည်မြဲခဲ့တဲ့ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို မျှေ၀ချင်တဲ့ သေဘာပါ။

ဖတ်ရှူ့သူအားလုံး သာယာအေးချမ်းတဲ့ အိမ်ဂေဟာလေးများ ပိုင်ဆိုင်နိုင်ကြပါစေ ။ ။

Credit to original writer #အရှင်သုနန္ဒ
Design Eain



03/06/2026

Design Eain

03/06/2026

သင့်အိမ်မက်တွေ လှပဖို့



သင့်အိမ်မက်တွေ လှပဖို့
03/06/2026

သင့်အိမ်မက်တွေ လှပဖို့



31/03/2020

Address

Maymyo

Opening Hours

Tuesday 10:00 - 23:00
Wednesday 10:00 - 22:00
Thursday 10:00 - 23:00
Friday 10:00 - 22:00
Saturday 11:00 - 12:00
Sunday 11:00 - 12:00

Alerts

Be the first to know and let us send you an email when Design Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Design Eain:

Share