People Power Institute - PPI

People Power Institute - PPI Human Resources is the Most Valuable!
လူ့စွမ်းအားသည်သာ တန်ဖိုးအရှိဆုံးဖြစ်သည် ••••

17/04/2025

မင်္ဂလာရှိသော နှစ်သစ်မှစတင်ကာ
- ကျန်းမာချမ်းသာကြပါစေ။
- စီးပွားဉစ္စာတိုးတက်ကြပါစေ။
- ပညာကြီးမြင့်ကြပါစေ။
- အေးချမ်းပျော်ရွှင်ကြပါစေလို့ People Power Institute PPI မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။





😎“ဒုက္ခကို မွမ်းမံပါ”😎💭 ဘ၀မှာ အခက်အခဲတစ်ခုနဲ့တွေ့ကြုံရပြီဆိုရင် ကျွန်တော်တို့ရဲ့မူလအခြေအနေတွေအတိုင်း ဆက်နေသင့်လား၊မနေသင့...
12/03/2025

😎“ဒုက္ခကို မွမ်းမံပါ”😎

💭 ဘ၀မှာ အခက်အခဲတစ်ခုနဲ့တွေ့ကြုံရပြီဆိုရင် ကျွန်တော်တို့ရဲ့မူလအခြေအနေတွေအတိုင်း ဆက်နေသင့်လား၊မနေသင့်လားကို ဆုံးဖြတ်ကြရပါလိမ့်မယ်။

💭 အခက်အခဲကြောင့် အရာတစ်ခုခုကို ဆုံးရှုံးခြင်းမှ အရေးနိမ့်ခြင်းကိုမရောက်စေပဲ အသစ်မွမ်းမံပြုပြင်ခြင်းဖြင့် နောက်တစ်ကြိမ် ပြန်လည်ကြိုးစားနိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ခုကို ဖန်တီးနိုင်ပါသည်။

📸📸ပုံ (လွန်ခဲ့သော ၃နှစ်ခန့်က)





▫️နယူတန်ကပြောဖူးတယ် “ဘ၀မှာလူတွေ အထီးကျန်ဖြစ်‌နေကြတာက တံတားတွေဆောက်ရမယ့်အစား  နံရံတံတိုင်းတွေဆောက်နေကြလို့ဖြစ်တယ်”။ ▫️လူတ...
11/03/2025

▫️နယူတန်ကပြောဖူးတယ် “ဘ၀မှာလူတွေ အထီးကျန်ဖြစ်‌နေကြတာက တံတားတွေဆောက်ရမယ့်အစား နံရံတံတိုင်းတွေဆောက်နေကြလို့ဖြစ်တယ်”။

▫️လူတွေနဲ့ချိတ်ဆက်ဖို့က တံတားထိုးမှရမှာပေါ့ဗျာ။ ကိုယ်တစ်ဦးတည်းအပေါ်ရောက်သွားပြီး ကိုယ့်ပတ်၀န်းကျင်နိမ့်ကျနေခဲ့ရင်လည်း မိတ်ဆွေအနေနဲ့ တံတားတွေတက်နိုင်သလောက်ထိုးပေးဖို့ လိုအပ်ပါလိမ့်မယ်။

▫️မိတ်ဆွေမြင့်မားတိုးတက်လာခြင်းဟာ လူ့ဘောင်လောကကို အကျိုးပြုဖို့ ဖြစ်ပါတယ်။





🏆“ဘ၀မှာအောင်မြင်ဖို့ အခြေခံလိုအပ်ချက် (၃)ခု”🏆(၁) နယ်ပယ်တစ်ခုကိုရွေးချယ်ကာ ထိုနယ်ပယ်တွင် အချိန်နဲ့ စွမ်းအားသုံးကာ ကြိုးစာ...
10/03/2025

🏆“ဘ၀မှာအောင်မြင်ဖို့ အခြေခံလိုအပ်ချက် (၃)ခု”🏆

(၁) နယ်ပယ်တစ်ခုကိုရွေးချယ်ကာ ထိုနယ်ပယ်တွင် အချိန်နဲ့ စွမ်းအားသုံးကာ ကြိုးစားအားထုတ်ခြင်း။
(၂) အကြိမ်ကြိမ်လေ့ကျင့်ခြင်း။
(၃) မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိခြင်း။

💭 ကြိုးစားခြင်းနှင့်လေ့ကျင့်ခြင်းကို လူတော်တော်များများလုပ်နိုင်ကြသော်လည်း ယုံကြည်မှုကိုတည်ဆောက်ရန် အနည်းငယ်အခက်အခဲရှိတတ်ကြပါတယ်။

💭 ယုံကြည်မှုဆိုတာ လက်တွေ့လုပ်ဆောင်ခြင်းကသာ ရရှိနိုင်ပါတယ်။ အကြိမ်ကြိမ်လက်တွေ့လုပ်ဆောင်ခြင်းဖြင့် မိမိယုံကြည်မှုကို တိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။





▫️ဘဝမှာ မိမိဖြစ်မြောက်အောင်မြင်ချင်တဲ့ ရည်ရွယ်ချက်ရှိရတယ်။ ▫️အဲ့အတွက် စိတ်ပိုင်းဖြတ်မှုလည်းလိုတယ်။ ▫️ပြီးရင်တော့ လက်တွေ့...
08/03/2025

▫️ဘဝမှာ မိမိဖြစ်မြောက်အောင်မြင်ချင်တဲ့ ရည်ရွယ်ချက်ရှိရတယ်။

▫️အဲ့အတွက် စိတ်ပိုင်းဖြတ်မှုလည်းလိုတယ်။

▫️ပြီးရင်တော့ လက်တွေ့အကောင်အထည်ဖော်ရတယ်။

▫️သုံးခုပဓာန ဉပဒေသပေါ့ဗျာ.....





😵“ဆုံးရှုံးခြင်း”😵💭 ရယူခြင်းနဲ့ပိုင်ဆိုင်ခြင်းများသည် အကြိမ်ကြိမ်ဆုံးရှုံးခြင်းတွေက ထွက်ပေါ်လာတာဖြစ်ပါတယ်။💭 ဆုံးရှုံးခြင...
06/03/2025

😵“ဆုံးရှုံးခြင်း”😵

💭 ရယူခြင်းနဲ့ပိုင်ဆိုင်ခြင်းများသည် အကြိမ်ကြိမ်ဆုံးရှုံးခြင်းတွေက ထွက်ပေါ်လာတာဖြစ်ပါတယ်။

💭 ဆုံးရှုံးခြင်းဖြစ်တဲ့အခါမှာ သင်ယူနိုင်ခြင်းကို ပိုမို ပြုလုပ်နိုင်ကြတယ်။ ဘာလို့လဲဆိုတော့ လိုအပ်ချက်ရှိလို့သာ ကျရှုံးရတာဖြစ်တယ်။

💭 ဘယ်လိုရည်မှန်းချက်ပဲထားပါစေ ရှေ့သို့တက်လှမ်းနိုင်ရန် တစ်ခုတည်းသောနည်းဟာ ဆုံးရှုံးခြင်းကို အလိုက်သင့်တွန်းလှန်နိုင်ခြင်းဖြစ်တယ်။

💭 အကယ်၍များ မိတ်ဆွေဘ၀မှာ ဆုံးရှုံးခြင်းဆိုတာကို မကြုံခဲ့ရဘူးဆိုရင် ရှေ့သို့တက်လှမ်းနေတာ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။





🏆“ယနေ့တိုးတက်မှုသည် ပိုကောင်းသော မနက်ဖြန်ကို ဖြစ်စေသည်”🏆💭ယနေ့သင်လုပ်နေတာမှန်သမျှဟာ မနေ့ကသင်လုပ်ခဲ့တဲ့အရာများပေါ်မှာ တည်ဆ...
05/03/2025

🏆“ယနေ့တိုးတက်မှုသည် ပိုကောင်းသော မနက်ဖြန်ကို ဖြစ်စေသည်”🏆

💭ယနေ့သင်လုပ်နေတာမှန်သမျှဟာ မနေ့ကသင်လုပ်ခဲ့တဲ့အရာများပေါ်မှာ တည်ဆောက်ထားတာဖြစ်တယ်။

💭ဒီနေ့လုပ်ဆောင်ချက်များကို ပေါင်းစည်းလိုက်တဲ့အခါ မနက်ဖြန်သင်ဘာဖြစ်မလဲကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

💭အနာဂတ်ဟာ မနက်ဖြန်မဟုတ်ပါဘူး။
အနာဂတ်ဆိုတာ ဒီနေ့ပါပဲ။
(ပုံ - Meeting)





▫️ဘ၀ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်သန်းကြဖို့လိုတယ်▫️ရည်ရွယ်ချက်မရှိတဲ့လူက အချိန်အများစုကို အမှားတွေလုပ်ရင်းပဲ ကုန်ဆုံးစေတ...
05/03/2025

▫️ဘ၀ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြတ်သန်းကြဖို့လိုတယ်

▫️ရည်ရွယ်ချက်မရှိတဲ့လူက အချိန်အများစုကို အမှားတွေလုပ်ရင်းပဲ ကုန်ဆုံးစေတယ်

▫️အိတ်ပေါက်နဲ့ ဖားကောက်ချင်လို့ မရဘူးနော်...





🌿“ခေါင်းဆောင်လုပ်သူက မြှင့်တင်ပေးဖို့လိုပါတယ်”🌿❄️လူတိုင်းလူတိုင်းရဲ့ ကိုယ်ထဲမှာ အောင်မြင်ကျော်ကြားမဲ့ ဗီဇမျိုးစေ့တွေပါတယ...
03/03/2025

🌿“ခေါင်းဆောင်လုပ်သူက မြှင့်တင်ပေးဖို့လိုပါတယ်”🌿

❄️လူတိုင်းလူတိုင်းရဲ့ ကိုယ်ထဲမှာ အောင်မြင်ကျော်ကြားမဲ့ ဗီဇမျိုးစေ့တွေပါတယ်။

❄️ယခုအချိန်မှာ ပုန်းလျှိုးကွယ်လျှိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။

❄️ဒါပေမဲ့ ခေါင်းဆောင်လုပ်သူက အဲ့မျိုးစေ့တွေကို ရေလောင်းပေးနိုင်တဲ့ အရည်အချင်းမျိုးရှိရင်တော့ မျိုးစေ့တွေကနေ အပင်တွေပေါက်လာပါလိမ့်မယ်။

❄️မိတ်ဆွေဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် မိတ်ဆွေရဲ့ Followers တွေရဲ့တန်ဖိုးကို မြှင့်တင်ပေးနိုင်ရပါလိမ့်မယ်။





03/03/2025

PPI ရဲ့ Founder Htet Shine (Master Trainer) ရဲ့ အသိပညာများ မျှဝေတဲ့ Page လေးဖြစ်ပါတယ်ရှင်...

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when People Power Institute - PPI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share