11/02/2024
📊Forex Trading စတင်လုပ်တော့မယ်ဆိုရင်
သင့်အနေနဲ့ဘာတွေသိထားဖို့လိုအပ်မလဲ????
Forex Market ဆိုတာနဲ့ ဆက်နွယ်နေတဲ့ Financial Marketအကြောင်းလေးကို သိထားဖို့လိုအပ်ပါတယ်။ Financial Market ဆိုတာဘယ်သူတွေ သိသင့်ဖို့လိုအပ်လဲဆိုရင် ပိုက်ဆံငွေကြေးရှာနေတဲ့ သုံးနေတဲ့လူတိုင်းသိသင့်ပါတယ်။
Forex Marketလို့ခေါ်တဲ့ နိုင်ငံတကာငွေကြေးအရောင်းဝယ် ဈေးကွက်ထဲဝင်ရောက်လာပြီဆိုရင် လူကြီးမင်းတို့ဟာ အရေးကြီးတဲ့အချက်အနေနဲ့ ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်တဲ့ Financial Marketကို သိထားဖို့လိုပါတယ်။
✨Financial Market ဆိုတာကရော ဘာလဲ❔
Financial Marketဆိုတာက ကမ္ဘာ့အကြီးဆုံးငွေကြေးဈေးကွက်တစ်ခုပါပဲ တစ်နည်းအားဖြင့်သူ့ကို Capital Market(အရင်းနှီးဈေးကွက်)/ World Market(ကမ္ဘာ့ဈေးကွက်)လို့လဲ ခေါ်ကြတယ်
✨ဘယ်လိုလူတွေက ဒီဈေးကွက်မှာ ဘာကြောင့် Investmentလုပ်ကြတာလဲ ❔
ကမ္ဘာပေါ်မှာရှိတဲ့ Business Manတွေ Traderတွေ Investorတွေက သူတို့ လက်ထဲမှာ ရှိတဲ့ ငွေတွေကို
(1)တန်ဖိုးကျမသွားအောင်
(2)လက်ရှိ ရှိနေတဲ့ ပမာဏထပ်ပိုပြီး တိုးပွားလာအောင် World Market တွေမှာ လိုက်ပြီး Investmentလုပ်ကြတယ်
✨Financial Marketတွေကရော နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုနဲ့ ဘယ်လိုဆက်နွယ်မှုတွေရှိနေလဲ ❔
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက ဒီ Market တွေနဲ့ တိုက်ရိုက်အချိုးကျတယ်။
အလွယ်ကူဆုံး ပြောရရင်တော့ ကိုယ့်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေရှာပေးတာမျိုးပါပဲ။
Financial Market ကတော့ တိုးတက်တဲ့ နိုင်ငံတွေမှာ Develop ဖြစ်ပြီးသားပါခင်ဗျာ။ Financial Market မတိုးတက်ရင် အဲ့ဒီနိုင်ငံရဲ့ တိုးတက်မှုက နှောင့်နှေးလေ့ရှိပါတယ်။
လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံ မတိုးတက်ခြင်းက Financial Market တွေမတိုးတက်လို့ပါ ဒါကလဲ
ကျွန်တော်တို့နိုင်ငံကလူတွေက ဒီFinancial Market တွေအပေါ်မှာ Believe မဖြစ်သေးတဲ့ Mindset တွေကြောင့်လဲပါပါတယ်။ Other Countryတွေမှာဆိုရင် ဒီMarektတွေအကြောင်းကို subjectတစ်ခုအနေနဲ့ကို learning & studying လုပ်ကြတယ်
✨Financial Market ထဲမှာ အဓိက လည်ပတ်နေတဲ့ Instrumentတွေကရော ဘာတွေလဲ ❔
(1)Bond Market(ငွေတိုက်စာချုပ်)
(2)Stock Market(ရှယ်ယာဈေးကွက်)
(3)Commodity Market(ကုန်စည်ဈေးကွက်)
(4)Forex Market(နိုင်ငံခြားငွေကြေးဈေးကွက်)တို့ပဲဖြစ်ပါတယ်
ဒီMarketတွေအပြင်Financial Marketထဲမှာပဲ နောက်ထပ် Instrumentတွေလဲရှိပါသေးတယ်
💬Future Market (အနာဂတ်ဈေးကွက်/ရေရှည်ဈေးကွက်)
Future Marketလို့ခေါ်ရခြင်းကတော့ နောင်တစ်ချိန်မှာ တိုးတက်လာမယ့် Marketတွေကိုကြည့်ပြီးအရောင်းဝယ်လုပ်တာမျိုးတွေInvestmentလုပ်တာမျိုး တွေကို ကြိုပြီး ပြုလုပ်ကြတာဖြစ်လို့ Future Marketလို့ သုံးနှုန်းခြင်းဖြစ်ပါတယ်
💬Spot Market(လက်ရှိအရောင်းအဝယ်လုပ်လို့ရတဲ့ ဈေးကွက်၊ရေတိုဈေးကွက်)
ဥပမာ-လက်ရှိကိုယ့်ရှေ့မှာ ရှိနေတဲ့ရေသန့်တစ်ဗူးကို ဝယ်လိုက်တယ်ဆိုပါစို့ ဒါဆိုရင် ကိုယ့်ဆီရောက်လာတာက ရေသန့် ကိုယ်ကပေးလိုက်ရတာက ငွေကြေးပဲ ဆိုလိုတာက ရေသန့်ကို ဝယ်လိုက်ပြီး ငွေကြေးကို ရောင်းလိုက်တာပါပဲ
(ဒီနေရာမှာတော်တော်များများ မှားနေကြတာက Sport Marketဆိုပြီး အားကစားဈေးကွက်လို့ ထင်နေကြတာတွေရှိတယ် Spot ပါ Sportမဟုတ်ပါဘူး)
ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်တဲ့ Financial Marketရဲ့ အဓိကကျဆုံး Forex Marketမှာ Trading ပြုလုပ်ချင်လို့ပဲဖြစ်ဖြစ် စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် Basic မှစတင်၍ Advance Level အထိ သင်ကြားပေးနေပါပြီ ။
➡️သင်တန်းစုံစမ်းရန် - 09 679243747