Ar Ka Zaya_Meikhtila

Ar Ka Zaya_Meikhtila Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ar Ka Zaya_Meikhtila, Business service, Meikhtila, Meikhtila.

ဇောက်ထိုးကြည့်ရင် ဇောက်ထိုးပဲမြင်ရမယ်ဒါဟာ အမှန်တရားပဲ 🧐🧐🧐အကြည့်ခံရတဲ့သူနဲ့မဆိုင်ဘူး ....
21/11/2022

ဇောက်ထိုးကြည့်ရင် ဇောက်ထိုးပဲမြင်ရမယ်

ဒါဟာ အမှန်တရားပဲ 🧐🧐🧐

အကြည့်ခံရတဲ့သူနဲ့မဆိုင်ဘူး ....

MD/CEO တွေ ဘာတွေလုပ်ရတာလည်း၊ ဘယ်လိုတာဝန်တွေရှိသလည်း?ပိုင်ရှင်ဖြစ်တယ်၊ကုမ္ပဏီထောင်ထားတယ်၊ ရာထူးယူထားရင်တာဝန်ရှိပါတယ်။ တချ...
12/09/2022

MD/CEO တွေ ဘာတွေလုပ်ရတာလည်း၊ ဘယ်လိုတာဝန်တွေရှိသလည်း?

ပိုင်ရှင်ဖြစ်တယ်၊ကုမ္ပဏီထောင်ထားတယ်၊ ရာထူးယူထားရင်တာဝန်ရှိပါတယ်။

တချို့လုပ်ငန်းမှာ MD ပဲရှိတယ်၊ တချို့ကျ CEO ရာထူးယူထားတယ်။ တချို့လုပ်ငန်းမျိုးကျတော့ Organization Structure အရ MD/ Ceo နှစ်ခုလုံးရှိကြပါတယ်။ လစာယူယူ/ မယူယူ တာဝန်ကတော့ အနည်းနဲ့အများတော့ လုပ်ငန်းအမျိုးအစားလိုက် ကွဲပြားစွာရှိကြပါတယ်။

အခြေခံအချက်အရ ဘာတွေပါသင့်တာလည်းဆိုတာရယ်၊ ကုမ္ပဏီမှာ ရာထူး နှစ်ခုလုံးရှိနေတဲ့ သဘောနဲ့ အကျဉ်းချုပ်ရေးလိုက်ပါတယ်

အုပ်ချုပ်မှုဒါရိုက်တာ (MD)

အုပ်ချုပ်မှုဒါရိုက်တာ (MD) သည် Company တစ်ခုလုံး၏ဦးစီးဦးဆောင်ဖြစ်ပါသည်။

လုပ်ငန်းတွင် ကောင်းမွန်သော Corporate Culture (အစုရှယ်ယာရှင်များနှင့် ဝန်ထမ်းများအားလုံး၏ ယဉ်ကျေးမှု) ပေါ်ထွန်းလာရန် နှင့် လုပ်ငန်းတစ်ခုလုံး၏ ကြီးပွားအောင်မြင်မှုအတွက် တာဝန်ရှိပါသည်။

အုပ်ချုပ်မှုဒါရိုက်တာ (MD)၏ လုပ်ပိုင်ခွင့်အား ဒါရိုက်တာအဖွဲ့မှ သတ်မှတ်မည်ဖြစ်သည်။

လုပ်ငန်း၏ကိစ္စအ၀၀အား စီမံခန့်ခွဲရန်တာဝန်ရှိပါသည်။ အဓိကအားဖြင့် လုပ်ငန်း၏အရင်းအမြစ်အာအကျိုးစွာအသုံးချမှု၊ လျာထားချက်(Budget)များ ရေးဆွဲအတည်ပြုမှု၊ အမြတ်အစွန်းရရှိမှုတို့အတွက် တာဝန်ရှိပါသည်။

အမှုဆောင်အရာရှိချုပ်နှင့်လက်တွဲ၍ လုပ်ငန်းနေ့စဉ်လည်ပတ်မှုအားစီမံခန့်ခွဲရန် နှင့် ရေရှည်စီမံကိန်း(Long Term Plan) များ ချမှတ်အကောင်အထည်ဖော်ရန်တာဝန်ရှိပါသည်။

ဝန်ထမ်းများ၏လူမှုဘဝမြင့်မားရေး၊စွမ်းရည်ထက်မြက်မှုနှင့်လုပ်ငန်းအပေါ်သစ္စာရှိမှုတို့အတွက်လိုအပ်သောပြုပြင်ပြောင်းလဲမှုများနှင့် ဝန်ထမ်းများအမြင်သစ်ရှိရန် လုပ်ဆောင်ရမည်။ လုပ်ငန်းရှိဝန်ထမ်းများအား ၎င်းတို့၏စည်းကမ်းသေဝပ်မှု၊ စွမ်းဆောင်ရည်ထက်မြက်မှုအလိုက် ဆုချီးမြင့်ရမည်ဖြစ်ပါသည်။

အုပ်ချုပ်မှုဒါရိုက်တာသည်ဒါရိုက်တာအဖွဲ့သို့လည်းကောင်း၊အစုရှယ်ယာရှင်များသို့လည်းကောင်း၊ Customerများသို့လည်းကောင်း လုပ်ငန်းတစ်ခုလုံး၏လုပ်ငန်းလုပ်ဆောင်မှုများအား ပြန်လည်ရှင်းလင်းတင်ပြရန်တာဝန်ရှိပါသည်။

လုပ်ငန်း၏ကုန်ထုတ်လုပ်မှု/ဝန်ဆောင်မှုအတွက်ထားရှိသောရည်မှန်းချက်ရရှိမှုအခြေနေ၊လုပ်ငန်းတွင်ကောင်းမွန်သောလုပ်ငန်းခွင်စည်းကမ်းများထားရှိရန်နှင့် အဆိုပါစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအား ဝန်ထမ်းများမှ လိုက်နာမှုအခြေအနေအား အမြဲမပြတ်စောင့်ကြပ်ကြည့်ရှု၍ လိုအပ်သလိုစီမံခန့်ခွဲရမည်။

အမှုဆောင်အရာရှိချုပ်(CEO)

အမှုဆောင်အရာရှိချုပ်သည် အုပ်ချုပ်မှုဒါရိုက်တာ (MD) နှင့် ၎င်းဦးဆောင်သော ဒါရိုက်တာအဖွဲ့၏လက်အောက်တွင် တာဝန်ထမ်းဆောင်ရပါမည်။

အဓိကအားဖြင့် လုပ်ငန်း၏မဟာဗျူဟာ(Strategy) ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများ လုပ်ဆောင်ရန်တာဝန်ရှိပါသည်။ အမှုဆောင်အရာရှိချုပ်သည် လုပ်ငန်း၏စီမံခန့်ခွဲရေးအဖွဲ့(Management)ကိုကိုယ်စားပြုသော ဦးဆောင်နာယကဖြစ်ပြီး၊ စီမံခန့်ခွဲရေးအဖွဲ့၏ ဆုံဖြတ်ချက်အားလုံးအတွက် တာဝန်ရှိပါသည်။

ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ဆောင်ချက်များအား ပြန်လည်ရှင်းလင်းတင်ပြရန်တာဝန်ရှိပါသည်။

အုပ်ချုပ်မှုဒါရိုက်တာ၏ လမ်းညွန်မှုဖြင့်လုပ်ငန်း၏မဟာဗျူဟာ(Strategy)များ(ဥပမာအားဖြင့် လုပ်ငန်းမှလာမည့်ကာလအတွင်း ရရှိရန်ထားရှိသော ရည်မှန်းချက်)ရေးဆွဲရန် တာဝန်ရှိပါသည်။

မဟာဗျူဟာအရ ရေးဆွဲထားသော ရေတို/ရေရှည်စီမံကိန်းများအား ဦးဆောင်အကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။

လုပ်ငန်း၏မဟာဗျူဟာကိုအကောင်အထည်ဖော်ရန်အတွက်စနစ်ကျသောဝန်ထမ်းအင်အားဖွဲ့စည်းမှုအတွက် တာဝန်ရှိပါသည်။

အမှုဆောင်အရာရှိချုပ်သည် ဒါရိုက်တာအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့အကြား ကြားခံအဖြစ်ဆောင်ရွက်ရပါမည်။ ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်များအားစီမံခန့်ခွဲရေးအဖွဲ့သို့ထုတ်ပြန်ရန်နှင့်စီမံခန့်ခွဲရေးအဖွဲ့၏လုပ်ဆောင်ချက်များအားဒါရိုက်တာအဖွဲ့သို့တင်ပြရန်တာဝန်ရှိပါသည်။

လုပ်ငန်းတွင် ကောင်းမွန်သောလုပ်ထုံးလုပ်နည်း (Internal Control System) နှင့် သတင်းအချက်အလက်ဖြန့်ဖြူးမှု (Management Information System) ရှိစေရန် တာဝန်ရှိပါသည်။

အမှုဆောင်အရာရှိချုပ်သည် ဝန်ထမ်းအားလုံးအတွက် စံပြအဖြစ်ဦးဆောင်ကာ ဝန်ထမ်းများ နိုင်ငံတော်မှပြဌာန်းထားသော ဥပဒေများ၊ လုပ်ငန်းတွင်းစည်းမျဉ်းစည်းကမ်းများ (ဥပမာအားဖြင့် လုပ်ငန်းတွင်းအန္တရာယ်ကင်းရှင်းရေးလုပ်ထုံးလုပ်နည်းများ)အား လိုက်နာမှုရှိစေရန် ပံ့ပိုးရမည်။

လုပ်ငန်းမှ လုပ်ငန်းဆောင်ရွက်မှုများသည် လူ့ကျင့်ဝတ်၊ ဥပဒေနှင့်အညီဖြစ်စေသော နည်းစနစ်ထားရှိစေရန် တာဝန်ရှိပါသည်။

လုပ်ငန်းသည်မြင့်မားသောလူ့အဖွဲ့အစည်းအပေါ်တာဝန်ယူမှုSocialResponsibility(ဥပမာအားဖြင့်ဝန်ထမ်းများလူမှုဖူလုံရေးအတွက် ကောင်းမွန်သောအကူအညီထောက်ပံ့ကြေး)ရှိစေရန်တာဝန်ရမည်။

လိုအပ်ပါက လုပ်ငန်းကိုယ်စားပြု၍ ဝန်ထမ်းများ၊ အစုရှယ်ယာရှင်များ၊ အစိုးရအဖွဲ့အစည်းများ နှင့် အများပြည်သူဖြင့် ပြောဆိုဆက်သွယ်ရန်တာဝန်ရှိပါသည်။

ဒါရိုက်တာအဖွဲ့သို့ ၎င်းတို့၏ ဆုံးဖြတ်ချက်များမှန်ကန်စွာ ချမှတ်နိုင်ရန်အတွက် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံစွာတင်ပြရန် တာဝန်ရှိပါသည်။

လုပ်ငန်းမှ အများပြည်သူသို့ထုတ်ပြန်သော ကြေငြာချက်များ၏မှန်ကန်မှု(ဥပမာအားဖြင့် လုပ်ငန်း၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သောအချက်အလက်များ)အတွက် တာဝန်ရှိပါသည်။

အုပ်ချုပ်မှုဒါရိုက်တာနှင့် ညှိနှိုင်း၍ ဒါရိုက်တာအဖွဲ့အစည်းအဝေး အစီအစဉ်ရေးစွဲရန်တာဝန်ရှိပါသည်။

လုပ်ငန်း၏အရေးကြီးသောအရေးပေါ်ဆုံးဖြတ်ချက်များချမှတ်ရန်အတွက်ဒါရိုက်တာအဖွဲ့အစည်းအဝေးခေါ်ယူရန်တာဝန်ရှိပါသည်။

လုပ်ငန်း၏ အစုရှယ်ရာရှင်နှစ်ပတ်လည်အစည်းအဝေး ကျင်းပရန်အတွက် ရက်စွဲ၊ အချိန်၊ နေရာတို့သတ်မှတ်ရန်နှင့် အစည်းအဝေးအစီအစဉ်ရေးဆွဲရန် တာဝန်ရှိပါသည်။

လုပ်ငန်း၏အသုံးစရိတ်အား ဒါရိုက်တာအဖွဲ့မှ သတ်မှတ်ထားသော အသုံးစရိတ်လျာထားချက်(Budget)အတွင်းရှိစေရန် စီမံခန့်ခွဲရမည်။

လုပ်ငန်းတွင်ရှိသောအန္တရာယ်(Risk)များကို အမြဲမပြတ်စောင့်ကြည့်၍ လုပ်ငန်းအနေဖြင့် အဆိုပါအန္တရာယ်(Risk)များကို အပြည့်အဝအကာအကွယ်ယူထားရန် လိုအပ်သောဆောင်ရွက်ချက်များ လုပ်ဆောင်ရန်တာဝန်ရှိပါသည်။

အုပ်ချုပ်မှုဒါရိုက်တာမှ အခါအားလျော်စွာပေးအပ်သော တာဝန်များအား ကျေပွန်စွာထမ်းဆောင်ရမည်။

Dr-Yin
11:30Pm
12/9/2022

21/08/2022

မင်္ဂလာပါ 😚
ကျမတို့ရဲ့ Dr P ဦးစီးသော မေတ္တာရှင် HCA and Pharmacy Training Schoolတန်းခွဲ များစွာက မြို့နယ်များစွာမှာ ဖွင့်လှစ်ပီးဖြစ်ပါသည်🤍♥️

ယခုလတွင်နေပြည်တော်တန်းခွဲသစ် စတင်ဖွင့်လှစ်တော့မည် ဖြစ်ပါ၍
လူဦးရေအကန့်အသတ်ဖြင့်သာ လက်ခံပီးတန်းခွဲသစ်အတွက်
ကြိုတင်စာရင်းပေးသွင်းနိုင်ရန် အောက်ပါဖုန်းနံပါတ်များကို
ဆက်သွယ်စုံစမ်းနိုင်ပါသည်🤍♥️

☎️09402512174

ကျောင်းအပ်လက်ခံနေပီဖြစ်ပါ၍ 🤍♥️
ရပ်ဝေးမှ စာရင်းပေးသွင်းလိုသူများ သင်တန်းကြေးငွေကို
အရစ်ကျခွဲပေးနိုင်ခြင်း / online payment များဖြင့်
လက်ခံခြင်းတို့ကို
လုပ်ဆောင်ပေးနေပါသည်🤍♥️

CSR Campaign ဆိုတာဘာလဲ ??? အားလုံးဘဲ မင်္ဂလာပါ။Beatrix ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင်🎉။ဒီနေ့မှာတော့ CSR အကြောင်းကို ပ...
21/08/2022

CSR Campaign ဆိုတာဘာလဲ ???

အားလုံးဘဲ မင်္ဂလာပါ။

Beatrix ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်ရှင်🎉။

ဒီနေ့မှာတော့ CSR အကြောင်းကို ပြောပြသွားမှာဘဲဖြစ်ပါတယ်။

CSRရဲ့အရှည်ကောက်က.....??🤔

CSR ရဲ့ အရှည်ကောက်ကတော့ Corporate Social Responsibility ဘဲဖြစ်ပါတယ်။ CSR ဆိုတာဟာ သူတို့ပေးနိုင်တဲ့တန်ဖိုးနဲ့ညီတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်မယ်။ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့တုံ့ပြန်မှုတွေ သက်ရောက်မှုတွေ ရဖို့ဆောင်ရွက်ကြခြင်းဘဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့် Cause Marketing ပေါ့ရှင်။ ပရဟိတပွဲတွေမှာ Campaign တွေထောင်ပြီး ကိုယ့်ကုန်ပစ္စည်းကိုလည်း ကြော်ညာရင်း ကူညီဆောင်ရွက်သွားကြတာမျိုးပေါ့။

CSRရဲ့ ရည်ရွယ်ချက်က ???🤔

CSRရဲ့ ရည်ရွယ်ချက်ကတော့ လူမှုအဖွဲ့အစည်းကိုတတ်နိုင်သမျှ အကျိုးပြု ဆောင်ရွက်သွားမယ်။ ကိုယ့်လုပ်ငန်းကိုလည်း အကျိုးဖြစ်ထွန်းစေရမယ် စတာတွေဘဲဖြစ်ပါတယ်။

CSRနဲ့အမြတ်ငွေရဲ့ ဆက်စပ်မှု ???

CSR Campaignကို ပြုလုပ်မယ်ဆိုရင် လုပ်ငန်းရဲ့လည်ပတ်မှုငွေတွေကို ပိုသုံးရမယ်. တစ်ခါတစ်လေအမြတ်ပါ,ပါသွားနိုင်ပါတယ်။ ဒါပေမယ့် CSR Campaign ကိုပြုလုပ်လိုက်ပါက သင်ဟာနောင်မှာ အမြတ်ဝင်ငွေပိုရဖို့ လမ်းစချနိုင်ခဲ့တယ် ဆိုတာကို သတိရလိုက်ပါ။🤗

CSRကလုပ်ငန်းအတွက်မကောင်းဘူးလား??🤔

CSRဟာ လုပ်ငန်းအတွက် အောက်ပါ အခြေအနေ (၂)ရပ်ကြောင့် ထိခိုက်နစ်နာ နိုင်ပါတယ်။

👉 ၁. လုပ်ငန်းက ဘာကိုဦးတည်ချက် ထားနေတယ်ဆိုတာကို မေ့ပျောက်သွားနိုင်ပါတယ်။
👉 ၂. လုပ်ငန်းရဲ့ တာဝန်ယူ လုပ်ဆောင်မှုတွေကို အဟန့်အတား ဖြစ်သွားစေနိုင်ပါတယ်။

ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေဟာ အမြတ်များများရှာနိုင်လို့ အောင်မြင်တယ်လို့သတ်မှတ်တာထက် လူမှုပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုလုပ်ဆောင်ပြီး အောင်မြင်လာကြတာက ပိုပြီးခိုင်မြဲတယ်ဆိုတာ သိလာကြပြီဘဲဖြစ်ပါတယ်။

ကုမ္ပဏီတွေဟာ အရေးကြီးတဲ့ လူမှုကိစ္စရပ်တွေမှာ ပါဝင်ပြီး ဖောက်သည်ရဲ့ ယုံကြည်မှု နဲ့ လေးစားမှုကို ရရှိလာကြပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေဟာ ကိုယ့်လုပ်ငန်းကိုလည်း အကျိုးပြုပြီး ပတ်ဝန်းကျင်ကိုလည်း အကျိုးဖြစ်စေမယ့် ဘယ်လို အရာတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမလဲ ဆိုတာကို စဥ်းစားနေရပါမယ်။

CSRအမျိုးအစား(၄)မျိုးရှိပါတယ်။

1. Philanthropy
2. Environment Conservation
3. Diversity & Labor practices
4. Volunteerism

1 (ပရဟိတ)

နည်းပညာ ကုမ္ပဏီတွေ ဆိုရင်လည်း အသစ်အဆန်းတွေ ဖန်တီးနေတာချည်း မလုပ်ဘဲ နည်းပညာကို တတ်သိနားလည် အသုံးပြုနိုင်တဲ့ လူသားမျိုးဆက်ကို တည်ဆောက်နိုင်ဖို့ Foundationတွေနဲ့ ပူးပေါင်းပြီး သင်ကြားပေးတာမျိုးတွေ လိုအပ်ပါတယ်။ ဒီလိုမှသာ လူတွေက နည်းပညာကို နားလည်ပြီး ကိုယ့်လုပ်ငန်းကိုလည်း သတိထားမိပြီး ကိုယ့်လုပ်ငန်းက ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲလာမယ်မဟုတ်ပါလား။🤷

ကျောင်းသားတွေ အတွက် ပညာရေးအစီအစဥ်တွေ ပြုလုပ်ပေးပြီး အဲ့ကရလာတဲ့ ငွေတွေကို အားကစားအဖွဲ့ အတွက် လှူဒါန်းမယ်..တစ်နည်းအားဖြင့် Sponsor ပေးမယ်ဆိုရင် ကိုယ့်လုပ်ငန်းကို ကျောင်းသားတွေရော၊ အားကစားသမားတွေရော ပွဲကြည့်ပရိသတ်တွေရော စသဖြင့် လူအများသတိထားမိပြီး စိတ်ထဲ လေးစားလာကြပါမယ်။

ကိုယ့်လုပ်ငန်းကိုလည်း ကြော်ညာပြီးသား ဖိတ်ခေါ် ပြီးသားဖြစ်သွားသလို လက်ရှိနဲ့အနာဂတ် Customer တွေက အတွေ့အကြုံကောင်းတွေရပြီး ကိုယ့်လုပ်ငန်းကိုလည်း အမြင်ကြည်လာနိုင်ပါတယ်။🤩

2 Conservation(ပတ်ဝန်းကျင်ထိန်းသိမ်းရေး)

ပတ်ဝန်းကျင်အခြေအနေ၊ ရာသီဥတုအခြေအနေတွေ၊ ဒေသတွင်းကိစ္စရပ်တွေ(ဥပမာ-အန္တရာယ်ရှိ ဓါတ်ငွေ့တွေ ယိုစိမ့်လာမှုတွေ)စတဲ့ ကိစ္စရပ်တွေဟာ လူသားတွေကို အလွှမ်းမိုးနိုင်ဆုံး ကိစ္စရပ်တွေပါ။

ဒီလိုအချိန်မှာ လုပ်ငန်းရှင်တွေသာ တတ်နိုင်သလောက် ပတ်ဝန်းကျင်ကို အကျိုးပြုမှုတွေ တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားမယ် ဆိုရင်
လူတိုင်းရင်ထဲရောက်မှာ အမှန်ဘဲဖြစ်ပါတယ်။

(ဥပမာ-carbon footprintတွေ လျော့သွားအောင်လုပ်ဆောင်တာမျိုး

Carbon Footprintဆိုတာကစက်ရုံတွေကနေထုတ်လိုက်တဲ့ ကမ္ဘာကြီးကို ပူနွေးလာစေနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေပေါ့)♨️

သင့်လုပ်ငန်းရဲ့ Recycling Program တွေWebsiteမှာရှိနေပြီလား။
သဘာဝစွမ်းအင်အရင်းအမြစ်ကိုသုံးပြီး လုပ်ငန်းလည်ပတ်ဖို့ရော စဥ်းစားပြီးပြီလား။

ဥပမာ Solarတို့ လေအားတို့ ရေအားတို့ စတဲ့ စွမ်းအင်တွေနဲ့ပေါ့

အဆိပ်အတောက်တွေ လျော့ပါးသွားအောင် ဝိုင်းဝန်းလုပ်ဆောင်ကြမယ် ဆိုရင် ပတ်ဝန်းကျင်အတွက် အကျိုးဖြစ်ထွန်းလာမှာကျိန်းသေပါဘဲ။

3 # Company Diversity & Labor Practices

လုပ်ငန်းခွင်အတွင်း လုပ်နိုင်စွမ်းအားအလိုက်လူအမျိုးအစား ခွဲခြားခြင်းဟာ လုပ်ငန်းအတွက် အရေးပါ အကျိုးဖြစ်ထွန်းစေပါတယ်။

လူမှန်နေရာမှန်ထားနိုင်ဖို့လိုအပ်သလို.. လူတန်းစားခွဲခြားမှုဟာလည်း လုပ်ငန်းတွင်း
မရှိသင့်ပါဘူး။ ဒီလို ဖြစ်ရပ်တွေ ဖြစ်လာရင် ကိုယ့်လုပ်ငန်း ပုံရိပ် ကျဆင်းသွား နိုင်ပါတယ်။အလုပ်သမားမူဝါဒနဲ့အညီ ဝန်ထမ်းတွေကို အုပ်ချုပ်စီမံပြီး ကိုယ့်
လုပ်ငန်းမှာထုတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေ၊ဝေဖန်မှုတွေကို လုပ်ငန်းရှင်အနေနဲ့အမြဲ ခြုံငုံကြည့်နေရပါမယ်။🧐

ဒီလိုဆောင်ရွက်ခြင်းဟာ ကိုယ့်လုပ်ငန်းရဲ့ cultureကို မြှင့်တင်စေနိုင်ပြီး လုပ်သားတွေဟာ စာရိတ္တကောင်းမွန်ကာ လုပ်အားစိုက်ထုတ်မှု ပိုမိုတိုးတက်လာမှာ အမှန်ဘဲဖြစ်ပါတယ်။

4 Volunteer Efforts

ဒေသအဖွဲ့အစည်း ပရဟိတအဖွဲ့အစည်းတွေက အမြဲအကူအညီ လိုအပ်နေတာပါ။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို သစ်ပင်စိုက်တာတွေ စတဲ့ Volunteer အနေနဲ့ ပါဝင်လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်စေတာတို့ အိုးမဲ့အိမ်မဲ့တွေ ကို ကူညီရာမှာ ဝိုင်းဝန်း ဆောင်ရွက်ပေးကြတာတို့စသဖြင့်ပေါ့။ လုပ်ငန်းရှင်အနေနဲ့ ကိုယ့်ကုန်ပစ္စည်းနဲ့ ဘယ်လိုပရဟိတွေ ဘယ်လိုပွဲစဥ်တွေနဲ့ ဆက်စပ်သလဲ ဘယ်လိုတွေလုပ်ဆောင်ရမလဲ စတာတွေကို ရွေးချယ်စဥ်းစားဖို့ အလုပ်ရှင်မှာ အခွင့်အရေးအပြည့်ရှိပါတယ်။

မှန်ကန်တဲ့ လုပ်ဆောင်ချက် နဲ့ ရွေးချယ်မှုတွေ လိုအပ်ပါတယ်။🙌

ကဲ...
ဒီလောက်ဆို CSR Campaign အကြောင်းကို သိသွားလောက်ပြီလို့ထင်ပါတယ်။

💁‍♀️ဒီစာကို အဆုံးထိဖတ်လာပေးတာဟာ မိတ်ဆွေဟာ အရမ်းဇွဲကောင်းတဲ့သူ ဗဟုသုတရှာဖွေနေသူဖြစ်နေလို့ပါ။

အမြဲကြိုးစားပြီး အောင်မြင်သောသူများဖြစ်ကြပါစေ🙏

Written by

❕August တတိယ အပတ် အတွက် N5,N4အတန်းသစ်များ❕✅N4 Offline Class📌Fees       180,000 mmk(Book Fees Included)📌Time       9am to...
19/08/2022

❕August တတိယ အပတ် အတွက် N5,N4အတန်းသစ်များ❕

✅N4 Offline Class

📌Fees 180,000 mmk(Book Fees Included)
📌Time 9am to 11 am
(Friday to Sunday)
📌Period 4 months
📌Date. 19.8.2022

✅N5 Offline Class

📌Fees 150,000 mmk(Book Fees Included)
📌Time 7 am to 8:30am
(Wed to Sunday)
📌Period 3 months
📌Date. 24.8.2022

✅N5 Offline Class

📌Fees 150,000 mmk(Book fees Included)
📌Time 1 pm to 3 pm
(Friday to Sunday)
📌Period 3.5 months
📌Date. 24.8.2022

(လူဦးရေ အကန့်အသတ်ဖြင့်လက်ခံသင်ကြားပါမည်)

⚠️⚠️⚠️2023 April Intake Language School လျောက်ထားလိုသူများအတွက် လျောက်လွှာများစတင်လက်ခံပေးနေပြီ ဖြစ်ပါသည်။🇯🇵🇯🇵🇯🇵

👉🏻Interview များအတွက် လိုအပ်ချက်များကို စနစ်တကျ အနီးကပ် try ပေးပါသည်။✅

https://www.facebook.com/2478723852188386/posts/5585169974877076/

✅ဖုန်းဖြင့် အသေးစိတ် စုံစမ်း မေးမြန်းလိုသူများ အနေနဲ့ မနက် ၉နာရီ မှ ညနေ ၅နာရီ အထိ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဖုန်း ☎️ 09402512174 / 09 955683020 ,

✅လူကိုယ်တိုင် လာရောက် အသေးစိတ်စုံစမ်းလိုသူများ အနေဖြင့်

🏠Room No-D 22,23, Second Floor, Shwe Phyu Plaza,
Bet 77 st x 78 st ,Bet 32 st x33 st, Chan Ave Thar Zan
Township, Mandalay, Myanmar.

-Myanmar

#ဂျပန်

#ဂျပန်စာသင်တန်း

 #ဆိုက်ကားလေးတွေ အပေါင်ခံပါမယ်ဗျ... 😁
13/08/2022

#ဆိုက်ကားလေးတွေ အပေါင်ခံပါမယ်ဗျ... 😁

 #မန်ယူကတော့ အိမ်ကွင်းမှာ ပပိုင်းတင် 4=0  လုပ်ပြနေပါပီ 😁Sorry... အကျီအရောင်ချင်း မှားသွားလို့ 😂
13/08/2022

#မန်ယူကတော့ အိမ်ကွင်းမှာ ပပိုင်းတင် 4=0 လုပ်ပြနေပါပီ 😁
Sorry... အကျီအရောင်ချင်း မှားသွားလို့ 😂

Address

Meikhtila
Meikhtila

Telephone

+959402512174

Website

Alerts

Be the first to know and let us send you an email when Ar Ka Zaya_Meikhtila posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ar Ka Zaya_Meikhtila:

Share