09/12/2024
2TON ကို လက်တွေ့ထုတ်လို့ရပြီမလို့ Goblin Mine ကို ခုမှစပြီးဆော့မယ့် သူငယ်ချင်းတွေအတွက် ဆော့နည်း နဲ့ မြန်မြန်ငွေရဖို့ ဆောင်ရန် ရှောင်ရန်လေးတွေကို ကျနော်နားလည်သလောက် မျှဝေပါရစေခင်ဗျာ။
Game မှာက Bronze World နဲ့ Silver World ဆိုပြီး 2 ဆင့်ရှိမှာပါ။
လောလောဆယ်တော့ Bronze World ကို စပြီးဖွင့်ထားပေးပါတယ်။ Silver World ကတော့ coming soon လို့ ပြထားပြီး မလာသေးပါဘူး။
Bronze World မှာက ကြေးမိုင်း 6 မိုင်းနဲ့ ငွေမိုင်း 2 မိုင်း စုစုပေါင်း မိုင်းတွင်း 8 တွင်းရှိပါမယ်။
ကြေးမိုင်းတွေကို Mine No. 1 ကနေ Mine No. 6 အထိ တဆင့်ချင်း တူးရပါမယ်။ တူးတဲ့အခါ Mine No. 1 ကို အရင်ဆုံးစပြီး အားလုံး Max ဖြစ်မှ နောက်တွင်းကိုသွားပါ။ ကျော်မသွားပါနဲ့ခင်ဗျာ။ ဒါမှ ဒီတွင်းကထွက်တဲ့ ကြေးပြားတွေအားလုံးသုံးပြီး နောက်တွင်းကို မြန်မြန်ဆန်ဆန် Max လုပ်နိုင်မှာမလို့ပါ။ Max ဆိုတဲ့ နေရာမှာ ကျန်တာအားလုံးကို Max လုပ်ရမှာဖြစ်ပေမယ့် Cart (တွန်းလှည်း) ကိုတော့ Auto အထိ မလုပ်တာပိုကောင်းပါတယ်။ Auto ရဲ့ အပေါ်ကပ်လျက်အဆင့်ထိတော့ တိုးထားပါ။ ဒါမှ လှည်းမပြည့်ခင် 5 နာရီကျော်လောက်ကြာမှာဖြစ်ပါတယ်။ လှည်းပြည့်သွားရင် မိုင်းတူးတာ ရပ်သွားမှာပါ မပြည့်ခင် လှည်းကို tap လုပ်ပြီး သိမ်းပေးရပါတယ်။ Auto ဆိုရင်တော့ သူ့အလိုလို auto သိမ်းပေးနေမှာ ဖြစ်ပေမယ့် ပေးရတဲ့ ကြေးပြားများလွန်းတော့ နောက်တွင်းမှာသုံးလိုက်တာက ပိုပြီးမြန်မြန် ရှေ့ရောက်ပါတယ်။
ကြေးမိုင်းတွေကထွက်တဲ့ ကြေးပြားတွေကိုသုံးပြီး တစ်တွင်းပြီးတစ်တွင်း max အောင်လုပ်လာခဲ့ပြီးတဲ့နောက် Mine No. 7 ကိုရောက်ပြီဆို စပြီးဝင်ငွေရပါပြီ။ Mine No. 7 နဲ့ 8 က ငွေတူးရတဲ့ ငွေတွင်းတွေပါ။ ရတဲ့ငွေပြားကို TON နဲ့ တိုက်ရိုက် လဲလို့ရပါတယ်။ ငွေပြား ၁၀ သိန်းကို 2 TON ရပါတယ်။
Mine No. 7 မှာ တစ်ရက်ကို အများဆုံး ငွေပြား ၁ သိန်းကျော် (100,080) နဲ့ Mine No.8 မှာ တစ်ရက်အများဆုံးငွေပြား ၂ သိန်းကျော်၊ စုစုပေါင်း တစ်ရက် ငွေပြား ၃ သိန်းကျော် ရှာနိုင်မှာဖြစ်ပြီး ၃ရက် ကျော်မှာ ၁၀ သိန်းပြည့်ပါမယ်။ ငွေပြား ၁၀ သိန်းပြည့်ရင် 2 TON ( ၁၃ ဒေါ်လာကနေ ၁၄ ဒေါ်လာကျော်ထိ) ရမှာဖြစ်ပါတယ်။
လွယ်လားဆိုရင်တော့ မလွယ်ပါဘူး။ ၈ တွင်းလုံး Max ဖို့ အတော်ကြိုးစားပြီးကြေးပြားတွေစုရမှာပါ။
ကြေးပြားများများရအောင်ဘယ်လိုလုပ်မလည်းဆိုရင်
(၁) Expedition ကို စက်ဘီးနဲ့ ဆိုင်ကယ် ကလွဲလို့ ကျန်တဲ့ ကား၊ ရထား၊ သင်္ဘော၊ လေယာဉ် လေးမျိုးလုံးကို ကြေးပြား များများနဲ့ ပုံမှန်လွှတ်ပါ။ သူတို့ပြန်လာရင် ဆတိုးတွေ အများကြီးနဲ့ ပြန်ရပါတယ်။
(၂) Game ဆိုတဲ့အထဲက VIP ကို တစ်နေ့တစ်ခါ code ထည့်ပြီး Spin လှည့်ပါ။ ကြေးရော ငွေရောသာမက TON ပါ ရနိုင်ပါတယ်။
(၃) တတ်နိုင်သလောက် active referral ရှာပါ၊ သူတို့ဆီက ကော်မရှင်ရာခိုင်နှုန်း ပြန်ရပါတယ် (referral မရှိလည်းရပါတယ်၊ ကော်မရှင် မရတာပဲရှိတာပါ)
ခုပြောခဲ့တာတွေက ခုလက်ရှိဖွင့်ထားတဲ့ Bronze World မှာဆော့ဖို့အတွက်ပါ။ ငွေပြားရှာမယ် TON ချိန်းပြီး ထုတ်မယ်ပေါ့။
ဒါပေမယ် Goblin Mine Game က ပြောတာကတော့ ငွေပြားတွေကို TON ချိန်းပြီး withdraw လုပ်ချင်တယ်ဆိုလည်းလုပ်ပါ၊ ဒါပေမယ့် withdraw မလုပ်ပဲ သိမ်းထားမယ်ဆိုရင်တော့ အဲဒီငွေပြားတွေက မကြာခင်ဖွင့်တော့မယ့် Silver World မှာ အရမ်းအသုံးဝင်မယ်လို့ ပြောထားပါတယ်။ မကြာခင် Airdrop လည်း လာတော့မှာလို့ ပြောထားပါတယ်။
TON ကို withdraw လုပ်မယ်ဆိုရင်
Tonkeeper, Binance, MyTonWallet, Bitget, Wallet On Telegram, Bybit, Fintopio, DeWallet, SafePal, Tonhub, OKX Wallet, Hot, GateWallet, Tobi စတဲ့ crypto wallet အားလုံးနဲ့ ထုတ်လို့ရပါတယ်။
ကျနော်ရတော့ လောလောဆယ် ရသမျှ TON ထုတ်ပါတယ်။ သူငယ်ချင်းတို့ကတော့ နှစ်သက်သလို လုပ်ပေါ့နော်။
နောက်ထပ်လည်း သိတာလေးတွေရှိရင် ဆက် share ပေးပါ့မယ်။
ခုမှစပြီး ဆော့မယ်ဆို ဒီ link လေးက ဝင်ပေးပါနော်
https://t.me/GoblinMine_bot/start?startapp=5457097943
"May you all become great crypto tycoons..."