Let it Be

Let it Be အနယ်ထိုင်နေခဲ့တဲ့ရေလို
ကြည်လင်အောင်ပဲ ငါ့အတွေးများကို ပြင်ရင်း...။

05/01/2026
05/01/2026
09/11/2025

゚viralシ

အကွေ့----------ဒီနေ့ ဘာနေ့လဲမေးတော့ အိပ်မပျော်တဲ့နေ့လို့ ဖြေတယ်။ ဒါနဲ့များအခန်းရဲ့အရောင်ကို ပြောင်းထားပြီး ခန်းဆီးကို အသ...
16/09/2025

အကွေ့

----------

ဒီနေ့ ဘာနေ့လဲမေးတော့
အိပ်မပျော်တဲ့နေ့လို့ ဖြေတယ်။
ဒါနဲ့များ
အခန်းရဲ့အရောင်ကို ပြောင်းထားပြီး
ခန်းဆီးကို အသစ်လဲထားမယ်။

သံလမ်းပေါ်ဝင်လာတဲ့
တွားသွားရထားတစီးလို တိမ်တွေက
ဘယ်ဘူတာမှ မရပ်ဘူး။
အိပ်မက်က ခြေသံမပေးတော့
ချွဲဟက်သံက
မြို့ပေါ် လမ်းလျှောက်နေတယ်။

နာရီက မြန်နေတော့
ချိန်းဆိုမှုက နောက်ကျတယ်။
ဖိနပ်က လမ်းမရှိတော့
လမ်းက ခြေထောက်တွေရှိရာနောက် လိုက်ရတယ် ။ ။

▪ဝင်းမြင့် ( အထက ၈၅ ကဗျာစာအုပ်မှ)

နတ္ထိကတေး-----------------ရထား ဆိုက်ခဲ့ပြီရထား ထွက်ခဲ့ပြီ ။ကိုယ့်မီး ကိုယ်မွှေးခဲ့ပြီ မုန်တိုင်းကို ရုန်းကန်ခဲ့ပြီ ။ဓနိယ...
14/06/2025

နတ္ထိကတေး

-----------------

ရထား ဆိုက်ခဲ့ပြီ
ရထား ထွက်ခဲ့ပြီ ။

ကိုယ့်မီး ကိုယ်မွှေးခဲ့ပြီ
မုန်တိုင်းကို ရုန်းကန်ခဲ့ပြီ ။

ဓနိယ နွားကျောင်းသားမှတစ်ပါး
ကြွေးကြော်ခဲ့ကြဖူးလား
ရွာလိုရွာတော့ မိုးနတ်သား ။

ကိုယ့်ဇာတ် ကိုယ်မနိုင်ခဲ့ဘူး
ကိုယ့်ဇာတ် ကိုယ်မသိခဲ့ဘူး ။

မလိုသူ ဖျောက်ထားလို့
အပ်ပျောက် ရှာမတွေ့နိုင်တဲ့
ငါတို့ တစ်ဘဝလုံး ။

ဒီရထားပြီးလျှင်
ရထား မရှိတော့ ။ ။

▪ အောင်ချိမ့် ( ဥဒါန်းမဂ္ဂဇင်း ၊ စက်တင်ဘာ ၊ ၂၀၀၄ )

09/06/2025

#သူစိမ်း

စိတ်ဘောင်ဘင်ခတ်ပေမယ့်
ရင်ဗလာ
ရင်ဘောင်ဘင်ခတ်ပေမယ့်
စိတ်ဗလာ။

ငါ့ကိုယ်ငါလုပ်ကြံတယ်
ငါ့လက်ထဲကဓါးကို ငါပြန်လုတယ်
နှစ်ခုစလုံးလွဲတယ်။

တည့်တည့်တိုးမိတာက
ခပ်ညံ့ညံ့လက်ဖက်ရည်ဆိုင်
ရေနွေးကြမ်းတစ်အိုးရတယ်
ဖက်ကြမ်းတစ်လိပ်ရတယ်
အလုပ်ကြမ်းတစ်ခုရတယ်
အလွမ်းကြမ်းကြမ်းတစ်ခြမ်းရတယ်။

ရင်ပြည့်စိတ်ပြည့်ပဲ
ကိုယ်နဲ့မတော်တဲ့မနက်ခင်းလှုပ်ခတ်နေလိုက်တာ
ငါငေးယူခဲ့ပုံကလည်း
ငါပြုခဲ့ဖူးတဲ့ ကုသိုလ်အကုန်ပဲ။ ။

#စိုင်းဝင်းမြင့်
၁၉၉၉
#ရနံ့သစ်မဂ္ဂဇင်း
၂၀၀၀ပြည့်နှစ် ဇန်နဝါရီ
#သူစိမ်းကဗျာစာအုပ်
၂၀၀၂
#ကဗျာပေါင်းချုပ်
၂၀၁၁
#ပုံနှိပ်ကဗျာနှစ်၂၀ကဗျာပေါင်းချုပ်
၂၀၁၅
#၂၀ရာစုမြန်မာကဗျာ၁၀၀
၂၀၁၉

ဗလာစာရွက်လိုကောင် *********************လေတွေတောင် မတိုက်သလိုပဲတိမ်ကြီးတွေက ငြိမ်နေလိုက်တာ မုတ်သုံ တစ်ပွင့်လောက် ပေးပါလား...
01/06/2025

ဗလာစာရွက်လိုကောင်
*********************

လေတွေတောင် မတိုက်သလိုပဲ
တိမ်ကြီးတွေက ငြိမ်နေလိုက်တာ

မုတ်သုံ တစ်ပွင့်လောက် ပေးပါလား
မနက်ဖြန်ခါအတွက် တောင်းမိတာပါ ။
ဒါပေမယ့် . . . .
ငါ ဘယ်သူ့ဆီတောင်းမိတာလဲ ငါမသိဘူး

နောက်ပြီး . . . . .

မနက်ဖြန်ခါကိုလည်း ငါ့ကိုဘယ်သူက ပေးမှာလဲ
တစ်ခါတစ်ခါတော့
ငါလည်း အတောင်ပံခတ်ကြည့်ချင်တာ . . . .
အချစ်ရယ် . . .
မင်းသိစေချင်တယ် . . . ။

တာရာမင်းဝေ

စိတ်ကူးများ-----------------ကိုယ့်ရင်ဘတ်နဲ့ ဝေးရာ ကိုယ်ထွက်ပြေးခဲ့။ငါ့အင်္ဂါနေ့တွေပေါ်အလည်လွန်တဲ့နှစ်တွေကလည်း ပုံမကျပန်း...
01/06/2025

စိတ်ကူးများ

-----------------

ကိုယ့်ရင်ဘတ်နဲ့ ဝေးရာ
ကိုယ်ထွက်ပြေးခဲ့။

ငါ့အင်္ဂါနေ့တွေပေါ်
အလည်လွန်တဲ့နှစ်တွေကလည်း
ပုံမကျပန်းမကျ
ကဗျာ၊ ရာသီဥတု၊ တောတောင်ရေမြေ
ဝေလာဝေး....
ဘယ်လိုအမှန်မျိုးနဲ့မှ ဆွေမျိုးတော်ခွင့်မရတဲ့ကောင်လေး
စိတ်ကူးတွေမီးပွိုင့်မိခဲ့တယ်။

တစ်ခုသောနွေရာသီက
အမေ့အပြုံးအစအနတွေ
အဖေ့ဝါကျအတိုအစတွေဟာ
ငါလျှောက်နေတဲ့လမ်းလေးဖြစ်ပြီး
ငါက ကမ္ဘာထက်ကြီးတဲ့ကလေး ဖြစ်ချင်...။

ဘဝဆိုတာကလည်း အခက်သား
ရယ်နည်းရှစ်ဆယ်၊ ငိုနည်းရှစ်ဆယ်ထူ ထပ်တဲ့
ဒီအရပ်မှာ
ထန်းပင်လို အလွမ်းတွေရှည်မျောပြီး
အိပ်မက်ဓာတ်ခံရှိတဲ့ကောင်
နွေပေါင်းနှစ်ဆယ်ကျော် နေခဲ့ပြီးပြီ ။

ကြုံရပုံက
ကောင်းကင်မြင့်မြင့်ပေါ်က လမင်းကို
ညကမလွမ်းတတ်ပုံမျိုး
အလွမ်းစိတ်မရှိသူတွေက
ငါ့ရှေ့မှာ ဟော့ယောက် ဟော့တစ်ယောက်နဲ့
စိတ်ယောက်ယက်ခတ်ရ..
ဟိုတယ်ဘားတစ်ခုထဲက
လည်ကတုံးအင်္ကျီတစ်ထည်ရဲ့ နာကျင်မှုလို
အတွေးသံစုံမြည်ခဲ့

အခုတော့
လူအကြောင်းကို
မသိကောင်းချင်တဲ့သူတွေထဲမှာ
ငါပါဝင်ကြောင်းကိုပဲ
ငါပြောချင်တော့တယ် ။ ။

အောင်ခိုင်မြတ်

ဝမ်းမနည်းဘူး မျက်ရည်မကျဘူးဘယ်အရာမှအလကားမရဘူးဒဏ်ရာတွေလည်း အလကားမရဘူးဒုက္ခတွေလည်း အလကားမရဘူးဘယ်အရာမှ အလကားမရဘူးဘယ်အရာမှ အလ...
24/05/2025

ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှအလကားမရဘူး

ဒဏ်ရာတွေလည်း အလကားမရဘူး
ဒုက္ခတွေလည်း အလကားမရဘူး

ဘယ်အရာမှ အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး

#မောင်ချောနွယ်

Address

Meiktila
05182

Website

Alerts

Be the first to know and let us send you an email when Let it Be posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share