06/05/2021
❮ ခုရက်ပိုင်း လူပြောများနေတဲ့ VPNs နဲ့ Cloudflare DNS (1.1.1.1) အကြောင်းတစေ့တစောင်း ❯
——————————
လက်ရှိ ပြည်တွင်းမှာ Facebook အပါအဝင် Web Service အတော်များများကို Access Denied အလုပ်ခံထားရတာကြောင့် Internet Users အားလုံးနီးပါးလိုလို VPNs (or) 1.1.1.1 ကို အသုံးပြုလာရပါပြီ။ မှတ်မှတ်ရရ ဟိုးအရင် PAC Licensed နဲ့ဖွင့်ခဲ့ရတဲ့ Public Access Center အင်တာနက်ဆိုင်ခေတ်တွေမှာ အဲ့ဒီခေတ်အခါကတော့ Proxy နဲ့တမျိုး၊ Ultrasurf နဲ့တမျိုး Your Freedom နဲ့တမျိုး ကျော်ခွပြီး အသုံးပြုခဲ့ကြရတာတွေရှိခဲ့ပါတယ်။
အခုအငြင်းပွားနေကြတဲ့ DNS (1.1.1.1) နဲ့ VPNs တွေအကြောင်း အမြင်ရှင်းပြီး နားလည်သွားအောင် Research အနည်းငယ်လုပ်ပြီး ကျနော်သိနားလည်သလောက် ရှင်းပြပေးချင်ပါတယ်။
DNS Service (1.1.1.1) ဆိုတာ?
———————————————
အခုလက်ရှိ လူသုံးများသလို Free လည်းရတဲ့ 1.1.1.1 က Cloudflare လို့ခေါ်တဲ့ Internet Technology တွေကို Support ပေးတဲ့ဆီက ပေးတဲ့ DNS Service တစ်ခုဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်းရှင်းပြပြီးသားပါ - အင်တာနက်ပိတ်ထားတာတွေရှိရင် 1.1.1.1 နဲ့အသုံးပြုရင် လေးနေတာမျိုးတွေမရှိသလောက်ဖြစ်အောင် မြန်ဆန်စေဖို့နဲ့ Privacy အဓိကဦးစားပေးတဲ့ Consumer DNS Service တစ်ခုဖြစ်တဲ့အကြောင်း။
အများစုက DNS (1.1.1.1) နဲ့ VPN ကို သိပ်မသဲကွဲကြပါဘူး။ တကယ်တမ်းလည်း DNS နဲ့ VPN က မတူကြပါဘူး။ ဒါကြောင့်လည်း အခုရက်ပိုင်း 1.1.1.1 အသုံးပြုပြီး မိမိရဲ့ Country (or) Public IP ပေါ်နေလို့ဆိုတာမျိုးတွေ တွေ့လာရပါတယ်။ တကယ်တမ်းမှာလည်း 1.1.1.1 သည် VPN မဟုတ်တာကြောင့် Location Server တွေ အချိန်းအပြောင်းမဖြစ်တာမို့ Location ပြောင်းသွားတာမျိုးဖြစ်မှာမဟုတ်ပါဘူး။
DNS ဆိုတာ?
———————
Domain Name System လို့ခေါ်တဲ့ DNS က အင်တာနက် ဝန်ဆောင်မှုတွေအတွက် ကျနော်တို့ဖုန်းထဲမှာရှိတဲ့ Contacts လိုပါပဲ။ ကျနော်တို့ ဖုန်းနံပါတ်တွေကို နာမည်နဲ့ ဖုန်းနံပါတ်နဲ့တွဲပြီး မှတ်သားထားကြပါတယ်။ အဲ့ဒီလိုပြ ကွန်ပျူတာတွေက တခုနဲ့တခုချိတ်ဆက်ဖို့ User တွေက ပေးထားတဲ့ နာမည်တွေရှိပေမယ့်လို့ IP Address နဲ့သာ ချိတ်ဆက်အလုပ်လုပ်ကြတာဖြစ်ပါတယ်။
ဒါကြောင့်ပဲ ကျွန်တော်တို့ Google Chrome, Firefox, etc… စတဲ့ Browser တစ်ခုခုရဲ့ Address Box မှာ Facebook.com (or) Google.com လို့နာမည်ရိုက်လိုက်ပေမယ့် DNS Service ကနေ အဲ့ဒီနာမည်နဲ့ချိတ်ဆက်ထားတဲ့ IP Address ကို ချိတ်ဆက်ပြီး သူနဲံပတ်သတ်တဲ့ Data တွေ ကျနော်တို့ဆီပြန်လာတာဖြစ်ပါတယ်။ Request and Response လို့ပဲ လွယ်လွယ်နားလည်နိုင်ပါတယ်။
အဲ့ဒီလို ကျနော်တို့အသုံးပြုဖို့ အင်တာနက်အတွက် DNS Service ကို ISP လို့ခေါ်တဲ့ Internet Service Provider (MPT, Telenor, Ooredoo, 5BB, Myanmar Net, WeLink, etc…) တွေကနေ ထောက်ပံ့ပေးထားပြီးတော့ အချိန်ပြည့် သင်ဝင်ကြည့်တဲ့ Websites Address တွေကို မှတ်သားထားပါတယ်။ ဆိုတော့ ISP တခုကတောင် ဒါမျိုးလုပ်နိုင်ရင်... ?
အဲ့ဒီလိုပဲ DNS ကတဆင့် သင်ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးတဲ့ သင့်ရဲ့ Personal Information တွေကိုလိုချင်ရင် မသမာသူတွေက ရယူနိုင်ပါတယ်။ အဲ့ဒီလိုပဲ ကျွမ်းကျင်သူတွေဟာ Man-in-the-Middle Attacks လိုမျိုးနဲ့ ကြားကတဆင့် သင့်ကိုထောက်လှမ်းနေနိုင်ပါတယ်။
(Cloudflare DNS 1.1.1.1 ကတဲ့ အဲ့ဒီပြဿနာတွေမရှိအောင် မဖြစ်အောင် လုပ်ထားတယ်လို့ ကတိပြုထားပါတယ်)
Cloudflare DNS (1.1.1.1) ဘယ်လိုအလုပ်လုပ်သလဲ?
————————————————————————
1.1.1.1 လို့ခေါ်တဲ့ Cloudflare DNS REsolver ကို သင့်ရဲ့ Devices (Computer, Mobile, Tablet, etc…) မှာ ထည့်သွင်းပြီး အင်တာနက်သုံးပြီီဆိုတာနဲ့ အင်တာနက်မှာသင်လုပ်ဆောင်သမျှသည် သင်အသုံးပြုနေတဲ့ ISP ရဲ့ DNS Service ကိုအသုံးမပြုပဲ အဲ့ဒီ Cloudflare Server ကိုဖြတ်သန်းသွားမှာဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလို အင်တာနက်ပေါ်မှာ User Request လုပ်သမျှတွေကို 1.1.1.1 ကယူပြီးတော့ သူ့ရဲ့ Server မှတဆင့်ဖြတ်သန်းစေပြီး အင်တာနက်မြန်နှုန်းကို ၂၈% မြန်အောင်လုပ်ပေးနိုင်ပါတယ်။
Cloudflare DNS (1.1.1.1) သည် DNS ဖြစ်တာမို့ အပေါ်မှာရှင်းပြခဲ့သလို အင်တာနက်မှာ သင်လုပ်သွားတဲ့ Logs တွေကို သိမ်းထားပေမယ်လို့ ၂၄ နာရီပြည့်တာနဲ့ အဲ့ဒါတွေကို ပြန်ဖျက်ပေးသလို သင့်ရဲ့ IP Address တွေကိုလည်း ၎င်းတို့ Server မှာ မှတ်သားထားခြင်းမရှိပါဘူးလို့ Cloudflare က ကတိပြုထားပါတယ်။
Cloudflare DNS 1.1.1.1 နဲ့ VPN နဲ့ ဘာကွာလဲ?
—————————————————————
Virtual Private Networks (VPNs) နဲ့ 1.1.1.1 နှစ်ခုစလုံးဟာ အင်တာနက်ပေါ်မှာ သင်အသုံးပြုနေတဲ့ သင့်ရဲ့ Traffic တွေကို ၎င်းတို့ရဲ့ Server ကတဆင့် ဖြတ်သန်းသွားစေပြီး သင်အသုံးပြုနေတဲ့ ISP နဲ့ ကြားကနေ သင့်ရဲ့ Traffic ကို ကြည့်နေနိုင်တဲ့သူတွေကို ကျော်ဖြတ်ပြီး သင့်ကို စိတ်ချလက်ချ အင်တာနက်အသုံးပြုစေနိုင်တာဖြစ်ပါတယ်။ တကယ်ကောင်းမွန်တဲ့ VPNs တွေဟာ သင့်ရဲ့ Personal Information ဖြစ်စေ သင်ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်နိုင်တဲ့ Data အချက်အလက်တွေကိုဖြစ်စေ လုံးဝ (လုံးဝ) သိမ်းဆည်းထားခြင်းမလုပ်ပါဘူး။
ဒါကြောင့် အင်တာနက်က တွေ့သမျှ FREE VPNs တွေ အသုံးပြုတာမျိုး၊ ဘယ်သူရေးထားမှန်းမသိ Share ထားမှန်းမသိတဲ့ VPNs တွေအသုံးပြုတာမျိုး ရှောင်ရှားသင့်ပါတယ်။ Paid VPNs တွေက တလမှ ခန့်မှန်း (5,000 ~ 10,000) လောက်ပဲကုန်ကျပါတယ်။ သင့်အနေနဲ့ Paid VPNs တွေ အသုံးပြုဖို့အဆင်မပြေဘူးဆိုရင် Cloudflare DNS (1.1.1.1) ကိုသာ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။ 1.1.1.1 သည်လည်း Paid Service ဖြစ်ပါတယ်။ စစချင်းအသုံးပြုရင် FREE 1GB အသုံးပြုနိုင်ပါတယ်။ တခါ Share ပေးရင် 1GB FREE ထပ်ရပါတယ်။ အဲ့ဒါကို Script အသုံးပြုပြီးတော့ တခါတည်း GB တွေ အများကြီးရအောင် 1GB တွေ ထပ်ခါထပ်ခါ ရစေပြီး နားလည်တတ်ကျွမ်းသူတွေကို တိုးခိုင်းနိုင်ပါတယ်။
VPN ကကျတော့ 1.1.1.1 နဲ့ အလုပ်လုပ်ပုံချင်းမတူပါဘူး။ VPN ကကျတော့ အင်တာနက်မှာ သင့်ရဲ့ HTTP and HTTPS Traffic အားလုံးကို Encrypted လုပ်ပစ်မှာဖြစ်သလို သင်ချိတ်ဆက်လိုက်တဲ့ VPN Server ရဲ့ Location အပေါ်မူတည်ပြီး Country Location ချိန်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် VPN သုံးပြီး အင်တာနက်သုံးရင် သင်လက်ရှိအသုံးပြုနေတဲ့ နိုင်ငံအနေနဲ့မပေါ်ပဲ သင်ချိတ်ဆက်အသုံးပြုတဲ့ Country Server Location နဲ့ ပေါ်နေမှာဖြစ်ပါတယ်။ (Cloudflare DNS 1.1.1.1 ကတော့ အဲ့ဒီလိုလုပ်နိုင်စွမ်း မရှိပါဘူး)
ခုရက်ပိုင်း လိုင်းပေါ်မှာ 1.1.1.1 သုံးပြီး Location အမှန်ပေါ်နေလို့ ပြောနေကြတာတွေ တွေ့မိလာလို့ ဒီပို့စ်ရေးလိုက်ရခြင်းဖြစ်ပါတယ်။
တခုရှိတာက VPNs တွေဟာ သင့်ရဲ့ Traffic အားလုံးကို Encrypted လုပ်ပစ်သလို ချိတ်ဆက်တဲ့ Server Location နဲ့ သင်အမှန်တကယ်အသုံးပြုနေတဲ့ Country Location နဲ့ အရမ်းဝေးကွာလွန်းနေရင်လည်း သင့်ရဲ့မူလ Connection Speed ထပ် နှေးကောင်းနှေးနိုင်ပါတယ်။
Cloudflare DNS 1.1.1.1 ကတော့ အဲ့ဒီလိုလုပ်ဆောင်မှုမျိုးမရှိတဲ့အတွက် Connection Speed နှေးတာမျိုး မဖြစ်စေပါဘူး။ ဒါပေမယ့် တကယ်ကောင်းတဲ့ Paid VPN တွေ ဆိုရင်တော့ မူရင်း Internet Speed လိုမျိုး မြန်မှာပါ။ မူရင်းလိုင်းကိုက နှေးရင်တော့ VPNs သုံးတာ နှေးသွားတယ်လို့ ခံစားရစေနိုင်ပါတယ်။
VPNs နဲ့ Cloudflare DNS 1.1.1.1 နှစ်ခုမှာ ဘယ်ဟာက သင့်ရဲ့ Privacy ကို ပိုပြီးကာကွယ်ပေးနိုင်မလဲ?
——————————————————————————————————————————————
Cloudflare DNS 1.1.1.1 ဟာ Internet Connection ကို မြန်အောင်လုပ်ပေးနိုင်ပြီး အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရှာဖွေစောင့်ကြည့်ခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ သင့် Devices က ထွက်သမျှ Traffic အားလုံးကို ဖျောက်ထားချင်တာဆိုရင်တော့ Paid VPNs ကိုသာ ဝယ်ပြီး အသုံးပြုတာ အကောင်းဆုံးပါ။ သင်ရွေးချယ်အသုံးပြုမယ့် VPNs ဖြစ်စေ Cloudflare DNS 1.1.1.1 ဖြစ်စေ သင့်ယုံကြည်မှုကအဓိကပါ။ အခု ကျနော်ရှင်းပြတဲ့အချက်တွေအပေါ်မူတည်ပြီး သင့်လိုအပ်ချက်နဲ့ ချင့်ချိန်စဥ်းစားရွေးချယ်ပါ။
VPNs အသုံးပြုခြင်းက အပေါ်မှာပြောခဲ့ပြီးတဲ့ အကျိုးကျေးဇူးတွေအပြင် သင့်ရဲ့ Location အမှန်နဲ့မဟုတ်ပဲ အခြား Country Location နဲ့ဖြစ်တာမို့ Geo-blocked လုပ်ထားတဲ့ Web Service တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ (Eg; Netflix ဆိုရင်လည်း Geo-blocked လုပ်ပြီး တချို့ရုပ်ရှင်တွေကို နိုင်ငံအလိုက် ပြသပေးတာဖြစ်ပါတယ်)
ကျနော် Recommend လုပ်တဲ့ Paid VPNs တွေကတော့ -
———————————————————————————
1. Outline VPN (ဒါကတော့ အကောင်းဆုံးပါပဲ၊ သင့်ရဲ့ ကိုယ်ပိုင် Server ပေါ်မှာ အသုံးပြုတာဖြစ်တဲ့အတွက် သင်ကိုယ်တိုင်ကလွဲလို့ ဘယ်သူ့ကိုမှ ယုံစရာမလိုတော့ပါဘူး။ Outline VPN လုပ်ရတာ အခက်အခဲရှိတဲ့သူဆိုရင်တော့ အောက်က VPN Service တွေထဲက နှစ်သက်ရာရွေးချယ် အသုံးပြုနိုင်ပါတယ်)
2. NordVPN (Paid)
3. ExpressVPN (Paid)
4. Kaspersky Secure Connection (Paid)
5. Cloudflare DNS 1.1.1.1
Ref - TechRadar, Cloudflare, Wikipedia