Aung Yadanar Electronics Training & Service

Aung Yadanar Electronics Training & Service မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းတိုးတက်ဖို့ အီလက်ထရောနစ်ပညာရပ်ကို တထောင့်တနေရာမှ သင်ကြားပြသပေးနေပါတယ်ခင်ဗျာ

ဦးလေးတယောက်က Bluetooth box လေး တွေ ဖွင့်မရလို့ဆိုပြီး ယူလာတယ်။ကျနော်ကမအားသေးဘူး မြန်မြန်ရချင်ရင်အဖေ့ဆီပို့လိုက်လို့ပြောလ...
15/08/2026

ဦးလေးတယောက်က Bluetooth box လေး တွေ ဖွင့်မရလို့ဆိုပြီး ယူလာတယ်။

ကျနော်ကမအားသေးဘူး မြန်မြန်ရချင်ရင်အဖေ့ဆီပို့လိုက်လို့ပြောလိုက်တယ်။

နေ့လည်အဖေ့ဆီရောက်တော့ သီချင်းတွေတောင်ဖွင့်စမ်းနေပြီ။

အဖေဘယ်လိုများပြင်လိုက်တာလဲလို့မေးတော့ ဘက်ထရီအနုတ်နဲ့ USB stick အိမ်ကိုထိပေးလိုက်တာပဲတဲ့။

ဪ ကိုယ်သာဆိုရင် ပတ်လမ်းကဘယ်လိုလဲ၊ဘယ် ic က ဘယ်လိုလုပ်တာလဲ၊ short တွေ volt တွေတိုင်းနေအုံးမှာ။

အဖေက ပတ်လမ်းတွေနားမလည်ဘူး။ component level တော့ရတယ်။

သူဟာသူ ဘယ်လိုပြင်ရမလဲစဉ်းစားတတ်တယ်။ တခြားသူကိုသူဘယ်လိုစဉ်းစားပြီးလုပ်လိုက်တယ်လို့တော့မရှင်းပြတတ်ဘူး။

08/08/2026

No Power ဆိုရင် ဘယ်လိုတိုင်းတာစစ်ဆေးရမလဲ❓

ဒီ video ထဲမှာ Air con ကဒ်တွေ ဆိုရင် ဘယ်လိုစစ်ဆေးရမလဲဆိုတာအစဉ်လိုပြပေးထားပါတယ်။

အီလက်ထရောနစ်ပညာရပ်ကို အခြေခံမှစပြီး အဆင့်မြင့်ဆားကစ်တွေထိလေ့လာသင်ယူချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ Electronic Master Online class ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

👉ဆက်သွယ်ရန်
AYDN Electronic page messenger/ Viber 09792102165

01/08/2026

တကယ်တော့ အီလက်ထရောနစ်ပညာရဲ့ လျှို့ဝှက်ချက်က Schematic diagram လို့ခေါ်တဲ့ ပတ်လမ်းပုံကြမ်းလေးကိုကြည့်ပြီး လျှပ်စီးကဘယ်‌ေနရာကနေဘယ်‌ေနရာကိုစီးမယ်ဆိုတာနားလည်သွားရင် ပြစ်ချက်ရှာရတာလွယ်ကူပါလိမ့်မယ်။

Circuit တွေပြင်တတ်ဖို့က အလွတ်ကျက်ရတာမဟုတ်ပါဘူး။ ပတ်လမ်းတွေနားလည်အောင်လေ့လာရတာပါခင်ဗျာ။

အခြေခံကနေစပြီး အဆင့်မြင့် circuit board ထိပြင်တတ်ဖို့ လေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော်ရဲ့ Electronic Master Online class ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်👇
AYDN Electronic page messenger/09792102165 Viber

AYDN
Electronic Training and Service
Monywa


ဝါယာရင်းအတွေ့အကြုံ (၁၅) နှစ်ရှိပေမယ့် ဆားကစ်ပိုင်းကို ပိုင်ပိုင်နိုင်နိုင် သိချင်လို့ ဆက်လက်ကြိုးစားနေတဲ့ ကျောင်းသားတစ်ယ...
30/07/2026

ဝါယာရင်းအတွေ့အကြုံ (၁၅) နှစ်ရှိပေမယ့် ဆားကစ်ပိုင်းကို ပိုင်ပိုင်နိုင်နိုင် သိချင်လို့ ဆက်လက်ကြိုးစားနေတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ရင်တွင်းစကားလေးပါ။ 💡

​"ဆရာရှင်းပြမှ SMPS က ရှင်းရှင်းလေး သဘောပေါက်သွားတယ်" ဆိုတဲ့ စကားလေးကြားရတာ သင်ပေးရကျိုးနပ်စေပါတယ်။

ကိုယ်ပိုင် လျှပ်စစ်ပစ္စည်းအရောင်းနဲ့ ပြင်ဆိုင်လေး ဖွင့်ထားတဲ့ကြားကနေ ဆားကစ်ပိုင်းကို သေချာနားလည်ချင်တဲ့ စိတ်ဆန္ဒနဲ့ အချိန်ပေးလေ့လာနေတာ တကယ်ကို လေးစားစရာပါ။

​ကျောင်းသားတွေ ဒီလိုမျိုး သေချာနားလည်သဘောပေါက်ပြီး လက်တွေ့လုပ်ငန်းခွင်မှာ ယုံယုံကြည်ကြည်နဲ့ အသုံးချနိုင်တာကို မြင်တွေ့ရတာက သင်တန်းအတွက် အကြီးမားဆုံး ခွန်အားပါပဲ။

ရှေ့ဆက်ပြီးလည်း လုပ်ငန်းခွင်မှာ ပိုပြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

​SMPS (Switch Mode Power Supply) အပါအဝင် အီလက်ထရောနစ် ဆားကစ်ပိုင်းတွေကို သေချာနားလည်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ Electronic Master Online class မှာ အတူတူ လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဆက်သွယ်ရန်
AYDN Electronic page messenger/ Viber 09792102165

25/07/2026

IGBT တွေပါမလာတဲ့ ၀ရိန်ပုံးလေးပြင်ပြီးပါပြီ။

၀ရိန်ပုံများပြင်လိုပါက👇

👉ဆက်သွယ်ရန်

AYDN Electronics
အောင်ရတနာလမ်း၊ချမ်းမြ၀တီရပ်၊မုံရွာမြို့။
☎️09792102165

#ဝရိန်စက်ပြင်

22/07/2026

🔌 Inverter Power ဖွင့်လိုက်တာနဲ့ Error 20 တက်😢

​🛠️ ဘာတွေစစ်ဆေးခဲ့လဲ?

Error 20 ပြပြီဆိုတာနဲ့ Protection ဝင်နေတာဖြစ်ပြီး အဓိကအားဖြင့် MCU (Microcontroller Unit) ကိုယ်တိုင် ပျက်တာလား ဒါမှမဟုတ် Voltage / Current sense လမ်းကြောင်းတွေကနေ Protection လှမ်းပေးနေတာလား ဆိုတာကို သေချာခွဲခြားစစ်ဆေးဖို့ လိုအပ်ပါတယ်။

​ဒီဗီဒီယိုထဲမှာတော့ MCU ကောင်းမကောင်းကို အရင်ဆုံး သီးသန့်ခွဲထုတ်စစ်ဆေးခဲ့ပြီး MCU ကောင်းမွန်တာကို တွေ့ရတဲ့အတွက် Sensor လမ်းကြောင်းတွေကို ဆက်လက်စစ်ဆေး ပြင်ဆင်ပြီးတဲ့အခါမှာတော့ Inverter လေး ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်သွားပြီပဲ ဖြစ်ပါတယ်။

​💡 ဒီလိုမျိုး အသေးစိတ် စစ်ဆေးပြုပြင်နည်းတွေကို ကျနော်ရဲ့ Electronic Master Online class မှာလည်း သေချာထည့်သွင်း သင်ကြားပေးထားပါတယ်ခင်ဗျာ။

​အီလက်ထရောနစ် ပြုပြင်ခြင်းပညာရပ်တွေကို စနစ်တကျ လက်တွေ့လေ့လာချင်သူတွေပဲဖြစ်ဖြစ်၊ ကျွမ်းကျင်သေချာစွာ ပြုပြင်ချင်သူတွေပဲဖြစ်ဖြစ် AYDN Electronic Training and Service ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါတယ် 🤝

👉ဆက်သွယ်ရန်

page messenger/ Viber 09792102165

AYDN
Electronic Training and Service
Monywa
09792102165

20/07/2026

ဒီအကောင်တွေက အင်ဗာတာထဲကို ဘယ်အပေါက်က၀င်တာလဲ❓🤔🤔🤔

ကောင်မလေး စိတ်ကောက်ပြေလို့ ဖုန်းကိုင်ပါပြီ။ဒီလိုမျိုး error တွေဆိုရင် စဉ်စားတွေးခေါ်ပုံနဲ့ စစ်ဆေးပြုပြင်နည်း video ကို L...
19/07/2026

ကောင်မလေး စိတ်ကောက်ပြေလို့ ဖုန်းကိုင်ပါပြီ။

ဒီလိုမျိုး error တွေဆိုရင် စဉ်စားတွေးခေါ်ပုံနဲ့ စစ်ဆေးပြုပြင်နည်း video ကို Level 3 က ချစ်မိတ်ဆွေတို့အတွက် မကြာမှီတင်ပေးပါမည်။

AYDN
Electronic Training and Service
Monywa
09792102165

ကောင်မလေးစိတ်ကောက်သွားပြီ😾😾😾Display card က MCU - Master (ကောင်းလေးက) ဖုန်းဆက်ပေမယ့် (Tx)Inverter card က MCU - Slave (ကော...
18/07/2026

ကောင်မလေးစိတ်ကောက်သွားပြီ😾😾😾

Display card က MCU - Master (ကောင်းလေးက) ဖုန်းဆက်ပေမယ့် (Tx)

Inverter card က MCU - Slave (ကောင်မလေးက) ဖုန်းမကိုင်တော့ဘူး(Rx)

အာ့ဆိုဘာတွေစစ်ရမလဲ🤔🤔🤔

17/07/2026

Battery က 1% ပဲရှိလို့ ပိုင်ရှင်ဆီရောက်ရင်တန်းသုံးလို့ရအောင်
ဆိုလာနဲ့ အားသွင်းပေးလိုက်မလို့ နေကမပူဘူး။
အဲ့တော့ EPC နဲ့ပါကူသွင်းပေးလိုက်ပါတယ်။

Address

Aung Yadanar Street, Chan Myawaddy Qrt
Monywa

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Aung Yadanar Electronics Training & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Yadanar Electronics Training & Service:

Shortcuts

Share