Monywa Kyi Thar Jade Trading

Monywa Kyi Thar Jade Trading Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Monywa Kyi Thar Jade Trading, Consulting Agency, Thanlarwaddy, Monywa.

25/11/2022

တာမခံ 🥰

24/11/2022

ခန္တီး

မှော်စီစာ
05/11/2022

မှော်စီစာ

တာမခံ
05/11/2022

တာမခံ

26/09/2022

ဝှေခါ😍😍😍

26/09/2022

တာမခံ😍😍😍

15/08/2022

လူအချို့ကိုကတိပေးထားခဲ့လို ကျောက်မီးဖုတ်နည်းပညာကိုတင်ပေးလိုက်ပါတယ်။

ကျောက်စိမ်းကိုမီးဖုတ်ခြင်း

ဘာကြောင့်ကျောက်ကိုမီးဖုတ်ရလည်းဆိုရင် အရောင်ပြောင်းစေချင်လိုပါ။ခုန့်တစ်မျိုးကလွဲရင်ဘယ်ကျောက်မှမီးဖုတ်လိုမရပါဘူး။ အသားတစ်အားနုတဲ့ကျောက်ကိုမီးဖုတ်လိုမရပါဘူး။ကျောက်သားကမီးဒဏ်မခံနိုင်လိုပါ။စိတ်အရမ်းညစ်နေရလို လိုရင်းပဲပြောတော့မယ်ဗျာ။

ကဲမီးဖုတ်နည်းကိုပြောရအောင်

လိုအပ်သောပစ္စည်းများ
၁။ သံဒယ်အိုးတစ်လုံး
၂။တစ်ပေပတ်လည် မီးဖို့
၃။မီးသွေးကောင်းကောင်း
၄။ဘိလပ်မြေ
၅။ပေပါ အဝိုင်းပျက်တစ်လုံး

မီးဖုတ်ရန်ပြင်ဆင်ပုံ

၁။သံဒယ်အိုးထဲ့သို ဘိလပ်မြေအမှုန့် အပြည့်ထည့်ပါ။
၂။ထိုဘိလပ်မြေထဲသို့ မီးဖုတ်မည်ကျောက်များကိုထည့်ပါ။
၃။မီးဖို့ထဲသို့ မီးသွေးကောင်းကောင်းကိုသေချာစီထည့်ပါ။မီးဖိုပေါ်သို့ ကျောက်ထည့်ထားသောသံဒယ်အိုကိုတင်ပါ။
၄။မီးဘေးကင်းဝေးစေရန်နှင့် မီးအပူချိန်လေ့လွင့်မူ့မဖြစ်စေရန် ပေပါအဝိုင်းပျက်ကို မီးဖို့ပတ်ပတ်လည်ချရျ် အပေါ်မှအုပ်ပါ။
၅။မီးဖုတ်ချိန် အနည်းဆုံး ၈နာရီခန်ထားပါ။
၆။မီးသွေးကိုတစ်ခါသာထည့်ရမည်။မီးဖိုအပြည့်ထည့်ရမည်။ထပ်ခါထပ်ခါမထည့်ရ။
၇။ဘိလပ်မြေထဲ့သို့ လက်နှိုက်ရျ် ရလောက်သည့်အခါမှသာ မီးဘိုပေါ်မှချရမည်။ထိုအခြေအနေရောက်ရန်အနည်းဆုံး၁၅နာရီခန်ကြာမြင့်နိုင်သည်။
၈။ဘိလပ်မြေထဲ့မှကျောက်ကိုထုတ်ပြီးပြီးချင်းရေထဲမချရ။ကွဲတက်သည်။ ကျောက်ကိုလက်ဖြင်ကိုင်ရျ်ရသည်အထိ အေးမှသာ ကျောက်ကို ရေစိမ်ပါ။
အနည်းဆုံး၃ရက်တော့စိမ်ပါ။
၉။မီးဖုတ်မည့်ကျောက်အရည်အတွက် အလုံးအထိုင်ကိုလိုက်ရျ် မီးဖိုနှင့်သံဒယ်အိုးကိုပြောင်းလဲပါ။
၁၀။သံဒယ်အိုးစစ်စစ်မှလွဲရျ် တစ်ခြားဒယ်အိုများမရပါ။သံဒယ်နှင့်မီးဖို့တို့ အရွယ်ညီရမည်ဖြစ်သည်။

သတိပြုရန်အရေးကြီးသောအချက်များ။
၁။ကျောက်တွင် ခုန့်ကာလာပါမှသာ ရဲမည် ။နီမည်ဖြစ်သည်။
၂။ကျောက်တွင် မည်သည် ဆီမှကပ်နေရျ်မရပါ။ဆီစိမ်ထားပြီးသောကျောက်များလုံးဝ လုံးဝ မီးဖုတ်ရျ်မရပါ။ပါးဆီ။လက်ဆီတောင်မရပါ။မဲတက်သည်။ထိုကြောင့်မီးမဖုတ်ခင်သေချာစေရန် ကျောက်ကို ဆပ်ပြာရည်ဖြင့်ပြုတ်ပါ။
၃။ကျောက်တွင်ပါသောခုန်ကာလာရင့်လျင် အရဲရင့်သည်။ခုန်ကာလာဖျော့လျင် အရဲဖျော့သည်။ပန်းဆီရောင်သာထွက်သည်။ မြင်းချီကာလာ​ခုန့်သည့် အနီရောင်ရင့်ရင့်ထွက်နိုင်သည်။
၄။ခုန့်ဆီပါမှသာ အရဲဆီထွက်မည်ဖြစ်သည်။
၅။ကျောက်သားကောင်းသောကျောက်များသည်မီးဒဏ်ကိုကြောက်စရာမလိုပါ။မီဖုတ်ရျ်အသားမပျက်နိုင်ပါ။ကျောက်သားကိုအပူမတိုးနိုင်သောကြောင့်ဖြစ်သည်။မီးအပူပေးတာနည်းသည်အခါ အရဲလျော့တက်သည်။ထိုအခါ မီးထက်ဖုတ်ပါ။
၆။ခါးသားအဆင့်သာရှိသောကျောက်များမီးဖုတ်ပါက မီးအပူဒဏ်ကြောင့် ကျောက်သားတစ်ရစ်ကျတက်သည်။ တစ်ချိုကျောက်များတွင်တော့ ရေ၁၀ရက်ခန့်စိမ့်ထားလျင် ပုံမှန်အသားသို့ပြန်ရောက်သည်။
၇။မီးဖုတ်ရန်ဘိလပ်မြေထဲသို့ ကျောက်ထည့်သည်အခါ ကျောက်သည်ရေစိုနေရျ်မရပါ။
၈။ဘိလပ်မြေအစားသဲဖြင့်လည်းဖုတ်နိုင်သည်။ကျောက်သားထိခိုက်မူများရျ် အချိုကျောက်များမှသာသုံးသင့်သည်။အထူးသဖြင့် မှော်စီစာခုန်။
၉။ဆီပါသောကျောက်များဖုတ်မိရျ်မဲသွားလျင် ထပ်ခါထပ်ခါပြန်ဖုတ်ပါ။အမဲပျောက်ရျ်ရဲလာသော်လည်းအသားတော့ပျက်သွားမည်ဖြစ်သည်။
၁၀။အထူးမှာကြားလိုတာကတော့ မီးဘေးကိုဂရုစိုက်ပါ။

ဖုန်းမှန်ကွဲနေရျ်စာရိုက်အဆင်မပြေပါ။ထိုကြောင့်မရှင်းတာရှိလျင် ဖုန်းဆက်မေးပါ။

ကိုအောင်ဆန်းဦး
09688688971

စာလုံးပေါင်းသည်းခံပါ။

လိုအပ်သောမိတ်ဆွေများ လက်တည့်စမ်းချင်သောမိတ်ဆွေများအတွက်ရည်ရွယ်ပါသည်

လေးစားစွာဖြင့်။ အံ့ထူးပိုင်

ကျောက်စိမ်း { ခုန့် } အရောင်ပြောင်းခြင်း အနုပညာ( ခုန့်မီးဖုတ်ခြင်း )

``ဟင်းစားမပေးနဲ့ကွန်ချက်ပြ´´ဆိုတဲ့စကားအရ ကျောက်စိမ်းမီးဖုတ်ခြင်းနည်းစနစ်အပြည်အစုံကိုပြောပြသွားပေးမှာပါ။
ကျောက်စိမ်းမီးဖုတ်တဲ့လုပ်ငန်စဥ်တစ်ခုလုံးကို မနေကပြောပြခဲ့ပြီပါပြီ။ ဒီနေကတော့ မီးဖုတ်ခြင်းအကြောင်းနဲ့ မီးဖုတ်တဲ့သူတိုင်းသိရမယ့် ဗဟုသုတတွေအကုန်လုံးပြောပြမှာပါ။ မကြိုက်ရင်ကျော်သွားပါ။လိုအပ်ရင်ယူသုံးပါ။ မသိလျှင်မေးပါ။

ကျောက်ကိုမီးမဖုတ်ခင် အရေးတကြီးသိထားသင့်တဲ့အကြောင်းအရာတစ်ခုကနေအရင်စကြရအောင်ဗျာ။
ကျောက်ကိုစစ်ဆေးပေးတဲ့ဌာနတွေမှာ (ကျင်စစ်တဲ့ဌာန)
စစ်ဆေးအဖြေထုတ်တဲ့ ABCဆိုတဲ့ အမှတ်အသားနဲ့ A+Bရယ်
A+Cရယ်B+Cရယ်ဆိုပြီးတော့ရှိပါတယ်။

Jadite A ( ဂျေဒိုက် - အေ )ဆိုတာ ကျောက်စိမ်းအစစ်ကိုပြောတာပါ။
ဘယ်မှော်ကပဲထွက်တဲ့ကျောက်ဖြစ်ပါစေ ( Jadite - A )ဂျေဒိုက် -A ဆိုတဲ့ရလဒ်ထွက်လာရင် အဲဒါကျောက်စိမ်းပါပဲ။ အရင်ဆယ်စုနှစ်တစ်ခုအချိန်လောက်ကတော့ ကျောက်မှော်တစ်ချိုက ကျောက်တွေကို( A-Jade )ဂျေဒိုက် - A စာရင်းပေးမသွင်းခဲ့ပေမယ့် အခုတော့မှော်သစ်တွေအပါအဝင်တော်တော်များများကို ( Jadite - A ) ဂျေဒိုက် - A စာရင်းသွင်းပေးထားတာတွေ့ရပါတယ်။

Jadite - B ဂျေဒိုက် - B
ဒါကတော့ ပလွန်တို့ ပထော့တို့ ဥဒေါင်ကျောက် အစရှိတဲ့ ကျောက်သမားအခေါ် မှော်တိမ်းကျောက်တွေကိုခေါ်တာပါ။သူတိုက သဘာဝတွင်းထွက်ကျောက်တွေတော့မှန်ပါတယ်။ဒါပေမယ့်ကျောက်စိမ်းအဆင့်ထက်တစ်ဆင့်နိမ့်တဲ့အတွက် Jadite - B ဂျေဒိုက် - B လို့ခေါ်ပါတယ်။

Jadite - C ဂျေဒိုက် - C
သူကတော့ လူတို့ပြုပြင်ထားခြင်းလို့ ဆိုလိုပါတယ်။ သဘာဝအတိုင်း(ကျောက်နေနေမှော်တိမ်းနေနေ)အချောထည်မပြုလုပ်ပဲ လူတို့ပြုပြင်ပြီးအချောထည်ပြုလုပ်ထားခြင်းလို့ဆိုလိုတာပါ။
ဆေးဆိုးထားတာ ။မီးဖုတ်ထားတာ။အခွံပြန်လုပ်တာ။အသားကျဲကိုဘော်လီသားဖြစ်အောင်လုပ်တာ အစရှိတဲ့ လူတို့မသမာနည်းနဲ့လုပ်ထားတဲ့အရာကို Jadite - C ဂျေဒိုက် - C လို့ အမှတ်အသားပြုပါတယ်။

Jadite A+B ဂျေဒိုက် A+B
ဒါကတော့ ကျောက်ထဲ့မှာ ပလွန်ညပ်ခြင်းကိုပြောတာပါ။ ကျောက်စိမ်းတစ်တုံးထဲမှာ ကျောက်စိမ်းရော မှော်တိန်းပလွန်ရော အတူတစ်ကွရှိနေတာကိုပြောတာပါ။ နောက်မှအကျယ်တဝင့်ရေးပါဦးမယ်။

Jadite B+C ဂျေဒိုက် B+C
ဒါကတော့ ကျောက်အတုတောင် တရုတ်မှာမှော်တိမ်းတဲ့ကျောက်အတုပါ။ ရေချိုးကျောက်လို့ခေါ်ပါတယ်။ တရုတ်ပြည်မှာပြုလုပ်သလို အသုံးများပါတယ်။ ပလွန်ပထော့အစရှိတဲ့ကျောက်တွေကို လူတွေပြုပြင်လိုက်တာကိုခေါ်ပါတယ်။

Jadite A+C ဂျေဒိုက် A+C
ဒါကတော့ ကျောက်စိမ်းအစစ်ကို လူတို့ ပြုပြင်ထားသည်လိုဆိုလိုတာပါ။
ဆေးဆိုးတာမီးဖုတ်တာတွေအစရှိသဖြင့်ဆိုလိုတာပါ။
Jadite A+C ဂျေဒိုက် A+C ကို စျေးကွက်က ၂ခုပဲလက်ခံပါတယ်။
လက်ကောက်ဆေးတင်တာနဲ့ ခုန့်အဝါကိုမီးဖုတ်တာပါ။အဲ၂ခုကလွဲလိုကျန်တာအကုန်ပယ်ချထားပါတယ်။

ဒါကြောင့် ကျောက်စိမ်းကို မီးဖုတ်မယ်ဆိုရင် Jadite - A ဂျေဒိုက် - Aကနေ ဂျေဒိုက် - A+Cဖြစ်သွားမှာပါ။
ဒါကြောင့်မီးမဖုတ်ခင် ၂ ခါစဥ်းစားပါ။

ကဲဘာကြောင့်မီးဖုတ်လည်းဆိုတာကိုကြည့်ရအောင်ဗျ။
တစ်ကယ်တော့စျေးပိုရလိုပါ။အဝါထက်စာရင်အနီကစျေးပိုရလိုပါ။
ကျောက်စိမ်းမှာ သဘာဝအတိုင်းကာလာအမျိုးမျိုးရှိပေမယ့်အနီရောင်တော့မရှိဘူးဗျ။ခင်ဗျားတိုပြောပြောနေတဲ့ သဘာဝအနီရောင်ဆိုတာကတော့ မီးကြောင့်နီသွားရတဲ့ကျောက်တွေပါဗျ ။ဟိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျောက်စိမ်းကိုတူးဖော်လာခဲ့ကြတာပါ။တူးဖော်ပြီးစိမ်းတဲ့ကျောက်ကလွဲရင် အကုန်လုံးကို ပြန်လွင့်ပြစ်ခဲ့ကြပါတယ်။အဲထဲမှာမှ မြေဆီကြောင့် အဝါရောင်ဖြစ်နေတဲ့ခုန့်ကျောက်တွေဟာ မြေကြီးထဲ့ကနေ တူးထုတ်ခံခဲရပြီး အရည်မပါတဲ့အတွက် မြေပေါ်ကိုစွန့်ပြစ်ခံခဲ့ရပါတယ်။
အဲမှာပဲ သဘာဝအတိုင်းလောင်းကြွမ်းတဲ့တောမီးတွေ
မိုးရေတွေဟာ နှစ်ပေါင်းများစွာအခါခါကျောက်ကိုမီးဖုတ်သလိုဖြစ်စေပြီး အနီရောင်ပြောင်းစေခဲ့ပါတယ်။
ဒါ​ကို အမြဲငြင်းခုန်ကြရပါတယ် ။ သဘာဝလား?ပြုပြင်လား? ဆိုတာကိုပါ။ထားလိုက်ပါတော့။
သူတိုက အရည်အတွက်နည်းနည်းပဲထွက်ပါတယ်။ရဲရဲတောက်တရုတ်ပြည်ရဲ အနီရောင်ကျောက်စိမ်းလိုအပ်ချက်ကို ဘယ်လိုမှဖြည့်မပေးနိုင်ပါဘူး။
ဒါကြောင့်ပဲ မီးဖုတ်ကျောက်တွေ စျေးကွက်မှာနေရာရလာခဲ့ပါတယ်။ဒါကြောင့်ပဲ ကျောက်ကိုနီအောင်မီးဖုတ်ရတော့တာပါပဲ။

ဘာကြောင့် အဝါရောင်ကျောက်စိမ်းတွေဟာမီးပူပေးလိုက်တာနဲ့ အနီရောင်ပြောင်းသွားတာလည်းသိလား။

အရည်ကျောက်ဟာသစ်ဖုသစ်ဥဆိုရင် အဝါကျောက်ဟာ မြေဆီမြေနစ်ပါတဲ့။ တရုတ်စကားပုံပါ။
ကျောက်တစ်တုန်းဖြစ်ပေါ်လာဖိုအတွက် မြေမှုန်လေးပေါင်းများစွာဟာ ကမ္ဘာမြေရဲ့ဖိအား အပူချိန် ရေ လေတိုရဲ့ပြုပြင်မူ့နဲ့ နှစ်သန်းပေါင်းများစွာကြာမှဖြစ်ပေါ်လာတာပါ ။မြေဆီမြေနစ်ကောင်းတဲ့ မြေမှာ မြေဆီအဝါရောင်ဟာ ဖွဲတည်ဖြစ်ပေါ်လာတဲ့ကျောက်ရဲ့ပတ်လည်မှာစုဖွဲတည်ပြီး ကျောက်နဲ့အတူရောနောသွားကာ ခုန့်လိုခေါ်တဲ့အဝါရောင်ကျောက်ကိုဖြစ်ပေါ်လာစေပါတယ်။တစ်နည်းအားဖြင့်ဆိုရင် ကျောက်ထဲ ရေဝင်နေတယ်ပေါ့။အလွယ်ပြောတာနော်။
ကျောက်ကိုအပူပေးတဲ့အခါ ကျောက်တုံးထဲမှာရှိနေတဲ့ရေတွေ အငွေ့ပြန်သွားသလို ခမ်းခြောက်သွားစေပါတယ်။တစ်နည်းပြောရရင်ရေကို အပူပေးပြီးဆွဲထုတ်တာပါ။မြေဆီကြောင့်သာ ကျောက်ကဝါနေတာဖြစ်ပြီး ရေခမ်ခြောက်သွားတဲ့အခါ သဘာဝရဲ့ဓာတ်ပြယ်ပြီ အရဲဖြစ်လာခဲ့တာပါ။ မြေဆီပါဝင်မူ့ အနေအထားကိုလိုက်ပြီး အဝါရောင်အမျိုးမျိုးဖြစ်ပေါ်လာစေသလို မီးပေးတဲ့အခါမှာလည်း အနီရောင်အမျိုးမျိုးကိုဖြစ်ပေါ်လာစေပါတယ်။

စာလည်းတော်တော်ရှည်သွားပါပြီ။
ဒီလောက်ဆိုရင်ကျောက်စိမ်းခုန့်မီးဖုတ်ကျောက်အကြောင်းဗဟုသုတရလောက်ပါပြီ။(Pageလေးကိုlike&followingလုပ်ပေးပါအုံးခင်ဗျာကျေးဇူးတင်ပါတယ် )
#မူရင်းရေးသားသူအားလေးစားစွာကူးယူဖော်ပြပါသည်

12/08/2022

What do you check?

11/08/2022

Crd: music

07/07/2022

နမ့်ချီ

Address

Thanlarwaddy
Monywa

Telephone

09259955200

Website

Alerts

Be the first to know and let us send you an email when Monywa Kyi Thar Jade Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share