Business in Hunter Bay

Business in Hunter Bay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Business in Hunter Bay, Business service, No. 162, Taung Pyne Ward, Myebon, Mrauk-oo.

Rain Coat fashion--------------------------ဆရာမ လှလှလေးတွေ၊ နပ်စ်လှလှလေးတွေ၊ ဝန်ထမ်းလှလှလေးတွေ အတွက် ဖက်ရှင်ကျကျ ဝတ်ဆင်န...
04/04/2023

Rain Coat fashion
--------------------------

ဆရာမ လှလှလေးတွေ၊ နပ်စ်လှလှလေးတွေ၊ ဝန်ထမ်းလှလှလေးတွေ အတွက် ဖက်ရှင်ကျကျ ဝတ်ဆင်နိုင်ဖို့ Rain Coat တွေ ကြိုတင်မှာယူ စုဆောင်းထားပါတယ်။

သင်္ကြန်နောက်ပိုင်း ရောင်းပေးမှာပါ။
လက်လီလက်ကား ရောင်းပေးမှာပါ။

အဲဒါ လာသတင်းပေးတာပါ။

25/04/2019

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
7 mins ·
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့
မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
======================
"ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန်
တိုင်းထွာချက်များအရ
အီကွေတာအနီး
အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း တို့တွင်
ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်
ဆက်လက်တည်ရှိနေပါသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည်
ပိုမိုအားကောင်းလာနေပြီး
နောက်(၂၄)နာရီအတွင်း
မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု
ခန့်မှန်းရပါသည်။ "

မုန်တိုင်းငယ် (Depression)

ဦးတည်မှု
ပိစိဖိတ် သမုဒ္ဒရာ
လေတွန်းအား
များရင် = အိန္ဒိယ သို့ 
နည်းရင် = မြန်မာပြည်သို့ 


မုန်တိုင်းငယ် (Depression)
လေတိုက်ရာ ဒေသသည်
ဘင်္ဂလားပင်လယ် အပြည့် ဖြစ်နိုင်သည် ။

မုန်တိုင်းငယ် (Depression)
အမြင့်က ၅ ကီလိုမီတာ ဝန်းကျင် ။

မြန်မာပြည်တွင်း
မုန်တိုင်း
အရှိန်ကြောင့်
အကြွင်းအကျန် ကြောင့်

လေပြင်း တိုက်ခတ်ခြင်း
အပူချိန် ကျဆင်းခြင်း
နေရာ ကွက် မိုးသည်းထန်ခြင်း ဖြစ်နိုင်သည် ။
U Than Htay

04/12/2018

မြေပုံမြို့နယ်သားများ(ကွန်းချောင်းတိုက်နယ်) သတိရှိကြပါရန်။
---------------------
၁။ ကျောက်ဖြူ SEZတည်ဆောက်ရေး
လုပ်ငန်းများအတွက် ကျောက်နှင့်
သဲများလိုအပ်လာပါသည်။

၂။ကျောက်ဖြူ နခေါင်းပေါက်၊ဇင်ပန်း
ချိုင်တောင်တန်း၊ဆိတ်ကျွန်း အစရှိသော
ဒေသရှိ ကျောက်များကို ကျောက်ဖြူဒေ
သခံများမှ ထုတ်လုပ်ခွင့်မပြုပါ။

၃။ထို့ကြောင့် ဟန်တာပင်လယ်အော်ထဲ
ရှိ ကျောက်ဆောင်ကျွန်းများဖြစ်သော

၁။ကျွန်းသာယာ ပြင်ဝန်း တောင်တန်း၊
၂။ငပုသုန်၊နောင်တော်ကြီး၊နောင်တော်
ချေတောင်တန်း၊
၃။တောင်ရှည်တောင်တန်း
၎။ငွေတွင်းတူးတောင်တန်း
၅။ငှက်ကျွန်း၊ကွန်းချောင်းတောင်တန်း
မှကျောက်လှဂျိုင်၊မင်းချောင်း၊
ရှင်တောင်၊
၆။နတ်မော်အိုင်
၇ ။တောင်ညိုတောင်တန်း
၈။မြေပုံအနောက်ပိုင်းတောင်တန်း

တို့မှကျောက်များကို မသမာဝိသမ
လောဘသမားများမှ စက်ကြီးများဖြင့်
ထုတ်ယူလာနိုင်ကြောင်း သိရှိရပါသည်။

ထို့ကြောင့် မိမိဒေသအတွက် သဘာဝ
ပျက်စီးစေနိုင်သော၊ဒေသခံတို့၏လူနေ
မှုဘဝနှင့် လုပ်ငန်းများကို ပျက်စီးစေနိုင်
သော အန္တရာယ်ကို ရင်ဆိုင်နိုင်ရချေရှိ
ပါသည်။

ကျောက်ဆောင်တစ်ဆောင် ဖြစ်လာစေ
ရန်နှစ်သန်းချီကြာပါသည်။စက်ကိရိယာ
များသုံး၍ထိုကျောက်ဆောင်ကြီးများကို ဖြိုဖျက်ပစ်ရန် နာရီပိုင်းသာကြာပါသည်။
ထိုစက်ကြီးများဖြင့် ယနေ့အချိန်တွင်
မင်းပြားငစင်းရိုင်းချောင်းတောင်တန်း
နှင့်မြေပုံမြို့နယ်တောင်စဉ်ကမ်း
တစ်လျောက်တွင် vi****or သုံးစက်
များဖြင့် ထုခွဲထုတ်ယူနေကြောင်းသိရှိ
ရပါသည်။

ထိုသူများ၏ ထုတ်လုပ်မှုကြောင့် ဒေသ
၏ ဝင်ငွေမှာ မပြောပလောက်သော်
လည်း ပျက်စီးမှုမှာ ကြောက်ခမန်းလိလိ
ဖြစ်ရပါသည်။မည်သူတစ်ဦး
တစ်ယောက်မှကန့်ကွက်တိုင်ကြားမှု
မရှိသောကြောင့်ကျောက်သိုက်သမား
များ၏ချမ်းသာမှုအတွက်လူထု၏
ပိုင်ဆိုင်မှုများကို ပေးအပ်နေရသည်ဟု ပြောနိုင်ပါသည်။

ထိုသို့သောစက်များသည် ဟန်တာပင်
လယ်အော်ထဲဝင်ရောက်လာပါက မြေပုံ
မြို့နယ်၏ အလှအပများ ပျက်စီးစေ
နိုင်သည်သာမက အနာဂတ်အတွက်
ရည်မှန်းထားသော ecotourism
သဘာဝခရီးသွားလုပ်ငန်းကို ထိခိုက်စေ
နိုင်ပါသည်။ ထို့အတူ ဂေဟစနစ်ပျက်၍
ပင်လယ်နေသတ္တဝါများပိုမိုရှားပါးလာ
ကာ မြေပုံမြို့၏ အဓိကဝင်ငွေလမ်း
ကြောင်း ပျက်စီးသွားနိုင်ပါသည်။

ထို့ကြောင့် ကျွန်းစဉ်ကမ်းနှင့် ကွန်းချောင်း
နယ်မြေမှ ပညာတတ်များ၊မျိုးချစ်များ၊
နိုင်ငံခြားရောက်လူငယ်များ၊
ပြည်မရောက်လူငယ်များ အနေဖြင့် မိမိတို့၏သက်ဆိုင်ရာမိသားစုများ
၊ဆွေမျိုးများကိုသတိပေးခါးကြပါ
ရန်နှင့် ငွေပေးမက်လုံးပေးခြင်းနောက်
သို့ မလိုက်ပါစေရန်သတိပေးအပ်ပါ
သည်။

ဒေသခံလူညီညွတ်လျှင် မည်သူမှ အတင်း
ထုတ်ယူ၍မရပါ။ နိုင်ငံတော်မှလည်း
ခွင့်မပြုပါ။ခွင့်ပြုမိန့်အတုများလုပ်ဆောင်
၍ လိမ်လည်နိုင်ပါသည်။

SEZ မတည်ခင် ဤ ကာကွယ်ရေးလုပ်
ငန်းများအတွက် အစီအစဉ်ချကာကွယ်
ရန်လိုပါသည်။

လိုအပ်သောအကူအညီများအတွက်
MyebonGreenlives page သို့
အကူအညီတောင်းဆိုနိုင်ပါသည်။

သဘာဝပတ်ဝန်းကျင် ချစ်သူများမှ Share ပေးကြပါရန် ပန်ကြားအပ်ပါသည်။

30/10/2018

Address

Mrauk-Oo
07111

Telephone

+959673911110

Website

Alerts

Be the first to know and let us send you an email when Business in Hunter Bay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Business in Hunter Bay:

Share