ဝိဇ္ဇာနည်းကျ မြန်မာ့ဗေဒင်

  • Home
  • Myanmar
  • Myanadi
  • ဝိဇ္ဇာနည်းကျ မြန်မာ့ဗေဒင်

ဝိဇ္ဇာနည်းကျ မြန်မာ့ဗေဒင် if you ask me your fortue i will tell you.

03/04/2018

ဘယ်လို မိန်းခလေးမျိုးနဲ့ ဖူးစာကံပါမလဲ...?(ယောကျာ်းလေးများ အတွက်)

ချစ်ရေးချစ်ရာ, ဗဟုသုတ, လူမှု့ဘဝ, အတွေးအမြင်, ဗေဒင်

မိမိမွေးသက္ကရာဇ်သိရုံနဲ့ တွက်လို့ ရပြီ။ မြန်မာသက္ကရာဇ် ဖြစ်ရမယ်နော်။ မိမိမွေးသက္ကရာဇ်ကို ( ၄ ) နဲ့ မြှောက်၊ ရလာတဲ့ အဖြေကို ( ၇ ) နဲ့ စားပြီး ( အကြွင်း ) ရှာရမှာ ဖြစ်ပါတယ်။

ဥပမာ - ၁၃၄ဝ ခုနှစ်မှာ မွေးတဲ့ အမျိုးသားကိုတွက်ပါမယ်...။
၁၃၄ဝ x ၄ = ၅၃၆ဝ ရပါတယ်...။
၅၃၆ဝ ကို ( ၇ ) နဲ့ စားတော့ အကြွင်း ( ၅ ) ရပါတယ်...။

သူငယ်ချင်းတို့ လည်း တွက်ကြည့်ပြီး အကြွင်းရှာကြည့်နော်။ ရလာတဲ့ အကြွင်းကို မှတ်ပြီး အောက်မှာ အဖြေရှာကြည့်လိုက်ပါဦး။

* အကြွင်း ( ၁ ) *

အကြွင်း ( ၁ ) ရခဲ့ရင်တော့ လက်မထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။ ကိုယ်ရမဲ့ မိန်းကလေးက အပြစ်ကင်းသူလေးပါ။ ကိုယ်ကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့သူပါ။ အေးတဲ့နေရာမှာတော့ ရေခဲက ဆရာခေါ်ရေ အာင်ပါပဲ။ ရည်းစားတောင် ထားရကောင်းမှန်း မသိတဲ့သူပါ။ အလုပ်တဖက်၊ ပညာတဖက်နဲ့ ဘဝသမားေ လးပါ။ ကိုယ်ပိုင် အစွမ်းအစနဲ့ နေနိုင်တဲ့သူ၊ သွက်သွက်လက်လက် နဲ့ မိန်းမဆန်တယ်။ ခေတ်မီပေမဲ့ ခေတ် မဆန်ဘူး။ သဝန်လေးတော့ ကြောင်တတ်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့ ယောင် လို့ တောင်မပြောမိစေနဲ့ ချော့ရတာမောသွားမယ်။ သူများတွေနဲ့ ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျေ တာ့ ကလေးဆန်လွန်းလို့  မိဘတွေတောင် အမြင်မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိ သူလေးပါနော်...။

* အကြွင်း ( ၂ ) *

အကြွင်း ( ၂ ) ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ သာ အဓိပ္ပါယ်ဖွင့်လိုက်ပါတော့။ ကိုယ်ကတော့ အချစ်သူရဲကောင်း ကြီးပေါ့။ မေတ္တာတရားအပြည့်နဲ့  ခွင့်လွှတ်ကြင်နာတတ်တဲ့သူပေါ့။ ကိုယ်နဲ့ တွေ့ မဲ့ မိန်းကလေးက တခြားသူကြောင့် အသဲကွဲေ ဝဒနာ ခံစားနေရသူလေးပါ။ သူ့ အကြောင်းကို မချွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်ကကရုဏာ အပြည့်နဲ့ စီးကြိုမဲ့သူပါ။ သူက လည်း အတိတ်လူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။ အလွန်သာယာတဲ့ အိမ်ထောင်ရေး ဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေ ပွန်တဲ့ အိမ်ရှင်မတယောက်ပါ။ အချောအလှလေးကလည်း ဖြစ်ဦးမှာ။ ရုပ်ဆင်းရူပါကတော့ လူတကာငေး ရလောက်တဲ့ သူနော်။ အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘ အသိုင်းအဝိုင်းနဲ့လည်း အဆင်ပြေလို့ နောက် ဆို ကိုယ်က သမက်လို့ တောင် အထင်ခံရလိမ့်မယ်နော်။

* အကြွင်း ( ၃ ) *

အကြွင်း ( ၃ ) ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ။ ( တမျိုးမတွေးနဲ့ ဦး ဆွေကြီးမျိုးကြီး၊ မာနကြီး၊ စိတ်ကြီး၊ ဒေါသကြီး စတဲ့ * ကြီး * တွေကို ပိုင်ထားတဲ့ မမကြီးကိုပြောတာ...းP ) ပကာသန အသိုင်းအဝိုင်းကြားကလာလို့ နှလုံးသားလှပေမဲ့ ဘုကျကျ ဆက်ဆံတတ်တဲ့ သူမျိုးပါ။ တော်ရုံကို အဖက်မ လုပ်တတ်တဲ့ သူမျိုး။ ပညာတက်ပြီး ကိုယ်ပိုင်အရည်အချင်းနဲ့ ရပ်တည်နိုင်တဲ့သူ။ ကိုယ်နဲ့  အိမ်ထောင်ကျြ ပီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ဝင်လာမဲ့သူမျိုး မဟုတ်ဘူး။ ကိုယ်ကပဲ သူ့ အသိုင်းဝိုင်းထဲ ဝင်ရလိမ့်မယ်။ အနိုင်ကျင့်တဲ့ ဝါသနာတော့ရှိတယ်။ ကိုယ့်အပေါင်းအသင်းတောင် အကောင်းစားလေးတွေ မှ ပေါင်းသင်း ဆက်ဆံလိမ့်မယ်။ ခပ်ညံ့ညံ့ အပေါင်းအသင်းမျိုးဆို အိမ်လာလည်တာတောင် လက်သင့်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်။ သူ့ ကြောင့်ပဲ တိုးတက်မှုတွေရလာလိမ့်မယ်။ အောင်မြင်တဲ့ ယော ကျာင်္းတယောက်နောက်မှာ ထက်မြက်တဲ့ မိန်းမရှိတယ်ဆိုတာ မျိုးပေါ့။

* အကြွင်း ( ၄ ) *

အကြွင်း ( ၄ ) ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။ အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက် အရာရာကို စွန့်လွှ တ်ပြီး ကိုယ့်ဘဝ ထဲ ရောက်လာမဲ့သူလေးပါ။ လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။ ဘဝအတွေ့  အကြုံနည်းပြီး၊ ဘဝကို အေးအေးချမ်းချမ်း ၊ ပြည့်ပြည့်စုံစုံနဲ့  နေထိုင်ခဲ့တဲ့သူပါ။ သဇင်ပန်းလို မိန်းမသား နဲ့ အိမ်ထောင်ကျလို့ သူငယ်ချင်းများက မုဒိတာပွားကြပါလိမ့်မယ်။ အလွန် သီးခံတတ်၊ ခွင့်လွှတ်တတ်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကို ပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။ မိဘတွေနဲ့ လည်း အဆင်ပြေပါလိမ့် မယ်။ အပေးကမ်လည်း ရက်ရောပါတယ်။ အရာရာ ကိုယ့်သဘောပါ။ အဲ... နောက်တယောက်တော့ စိတ်နဲ့ တောင် ရှုတ်ဖို့ မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီးသားနော်။ သဘောထားကြီးပေမဲ့ ဒါမျိုးေ တာ့ ခွင့်မလွှတ်တတ် ဘူး။ အပြင်အလုပ် ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။ မိန်းမရ ကံကောင်းပါတယ်။

* အကြွင်း ( ၅ ) *

အကြွင်း ( ၅ ) ရခဲ့ရင်တော့ ဆိုရှယ်မမပဲ။ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ။ ဟော့ေ ရှာ့လို့ ပြောရမလား? အလန်းဇယား လို့ ပြောရမလား? ( ရုပ်ရှင် ကြော်ငြာဝင်တာ မဟုတ်ပါ ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။ ပြင်ဆင်ထားပုံများကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့ နင် လား၊ ငါလားပဲ။ ရည်းစားများတာလား? လာမပြောနဲ့ ရှင့်တောင်သနား လို့ ယူထားတာနော်။ လွတ်လပ်မှု ကို မြတ်နိုးပြီး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ။ သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန် တရားဟောသွား လိမ့်မယ်။ သူ့ ကျေးဇူးနဲ့ နိုင်ငံခြားလည်းရောက်ဦးမယ်။ ပညာတော်သင်တော့ မဟုတ်ဘူး။ အလုပ်လုပ် ဖို့  အတင်းလွှတ်လိုက်တာ။ ပစ္စည်းဆိုလည်း အကောင်းစားမှသုံးတာ။ အစားအသောက်ဆိုလည်း ထမင်း ချက် ကောင်းကောင်း ခန့် ထားပေးရမယ်။ သူနဲ့ အိမ်ထောင်ကျပြီး သူ့ ပုံစံ အတိုင်း ကိုယ်ပါမျောပါသွား လို့ သူငယ်ချင်းတွေ လမ်းတွေ့ ရင်တောင် မမှတ်မိဖြစ်နေလိမ့်မယ်။

* အကြွင်း ( ၆ ) *

အကြွင်း ( ၆ ) ရခဲ့ရင်တော့ မေတ္တာတရား ကြီးမားတဲ့သူပါ။ တယောက်အကြောင်း တယောက်သိတဲ့ သူငယ်ချင်းလို၊ မိတ်ဆွေလိုကနေ အဆင့်တက် သွားမှာပါ။ သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာရည်းစား ရှိခဲ့တာလည်း သူကသိနှင့်ပြီးသားပါ။ မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြီး ချစ်သွားကြမှာ။ အိမ်ထောင်ကျပြီး သူ့ မေတ္တာရိပ်အောက်မှာ အေးအေးချမ်းချမ်းနေရမှာပါ။ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွား၊ အတူလာ ဖြစ်လာလိမ့်မယ်။ သဘောထားကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။ နားလည်မှု ရှိပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။ အိမ်ထောင်ကျပြီးနောက် ကိုယ့်အလုပ်တွေကို ဝိုင်းကူပြီး ကြီးပွားရေး၊ စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။ သင့်အတွက် အရာအားလုံး သူ့ လက်သူ့ ခြေနဲ့ ကိုယ်တိုင် လုပ်ပေးရ မှ ကျေနပ်တဲ့ သူမျိုးပါ။ သင့်ကို သူငယ်ချင်းတွေ ဝိုင်းပြီး အားကျနေလိမ့်မယ်။

* အကြွင်း ( ဝ ) *

အကြွင်း ( ဝ ) ရခဲ့ရင်တော့ တော်တော်လေး ထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ကိုယ့်ထက် တခုခုကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။ ( အသက်တို့ ပညာတို့ ဂုဏ် တို့ ကို ပြောတာနော်...းP ) သဘောမတူတာမျိုး လည်း ဖြစ်တက်ပါတယ်။ ကိုယ့်ပေါ်မှာ အလိုလိုက် လိမ့်မယ်။ အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ်တက်တယ်။ သူများ ပစ်သွား မလားဆိုတဲ့ ဆိုးရိမ်စိတ်လေး နဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ။ ကိုယ့်အပေါ်မှာ မိခင်မေတ္တာမျိုးနဲ့ ချစ်လိမ့်မယ်။ ကိုယ်ဆိုးသမျှ အနွံတာ ခံပြီးသူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။ ဘဝမှာ ကြုံတွေ့ ရမဲ့ အခက်အခဲတွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပေါ့။ ခေတ်ပညာတက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့် ပေးနိုင်တဲ့သူပါ။

မြန်မာသက္ကရာဇ်မသိတဲ့ သူငယ်ချင်းတွေအတွက် တွတ်နည်းတခုသင်ပေးလိုက်မယ်။ အင်္ဂလိပ်သက္ကရာဇ်ထဲ က 638 ကိုနုတ်လိုက်ပါ။

ဥပမာ - 1982 မွေးတဲ့သူဆို 638 နုတ်လိုက်ရင် ၁၃၄၄ မြန်မာသက္ကရာဇ်ရပါတယ်။

တခုမှတ်ထားရမှာက မြန်မာသက္ကရာဇ်ကို တန်ခူးလကစတာမို့ လို့  ၁လ၊ ၂လ၊ ၃လပိုင်းနဲ့ ၎လပိုင်း သင်္ကြန် မတိုင်ခင် မွေးတဲ့သူများကတော့ ရတဲ့အဖြေကို ( ၁ ) တိုးယူပါ။ ၁၃၄၄ တို ၁၃၄၃ ပေါ့။ နားလည်မယ်ထင် ပါတယ်။

ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Lat Pat Pyo

03/05/2017

မူလမဟာဘုတ်၁ကြွင်းဖွါးများသည်မရဏအိမ်တွင်၎ဂဏန်းရှိပြီးလူအဆိုးဖြစ်သဖြင့်လူလူချင်းပေါင်းသင်းဆက်
ဆံရာတွင်လူကောင်းလူဆိုးခွဲခြားသိနားပြီးပေါင်းသင်း
ဆက်ဆံပါ လူများအပေါ်အနိင်ယူလိုခြင်းကခိုက်အားဖြစ်ပါတယ်

၁ကြွင်းကျားမအားလုံးမိမိကိုယ်တိုင်ကလူတော်လူ
ကောင်းစိတ်မွေးပြီးမိဘဆွေမျိုးများနှင့်လည်းသင့်မြတ်စွာ
နေထိုင်ကြပါ

မူလမဟာဘုတ်၂ကြွင်းဖွားများသည်မရဏအိမ်တွင်၅
ဂဏန်းရှိပြီးပညာအတွေးအခေါ်အဆိုးဖြစ်သဖြင့်တယူ
သန် တဇွတ်ထိုး တဖက်စွန်းသို့ရောက်သောအတွေး
အခေါ်များကခိုက်အားဖြစ်ပါတယ်
၂ကြွင်းကျားမအားလုံးမိမိဘဝကိုအစွန်းမရောက်အောင်
ထိန်းသိမ်းချိန်ဆပြီးနေထိုင်ကြပါ

မုလမဟာဘုတ်၃ကြွင်းဖွါးများသည်မရဏအိမ်တွင်၆
ဂဏန်းရှိပြီးလှုပ်ရှားစကားပြောဆိုမှုအဆိုးဖြစ်သဖြင့်လူ
အများအပေါ်မှာမိမိကိုယ်မိမိအမှားမှန်းသိပါလျက်အနိုင်
ယူအခွင့်အရေးယူစကားအဆိုးများပြောဆိုခြင်းကခိုက်
အားဖြစ်ပါတယ်
၃ကြွင်းကျားမအားလုံးစကားအပြောအဆိုအထူးဆင်
ခြင်ပါ အနေအထိုင်အသွားအလာစည်းကမ်းရှိကြပါ

မူလမဟာဘုတ်၎ကြွင်းဖွါးများသည်မရဏအိမ်တွင်ဝ
ဂဏန်းရှိပြီးထင်ပေါ်လောဘစပ်စုမှုအဆိုးဖြစ်သဖြင့်လူ
အများအပေါ်ထင်ပေါ်လိုမှု ဂုဏ်သတင်းကိုမက်မော၍
မည်သည့်ကိစ္စမဆိုတတ်သိနားလည်ဟန်ဖြင့်စပ်စုမှု
အခွင့်အရေးယူပြောဆိုမှုကခိုက်အားဖြစ်ပါတယ်
၎ကြွင်းကျားမအားလုံးတတ်ယောင်ကားမလုပ်ပါနှင့်
ဟန်ဆောင်မှုဖြင့်အနိုင်မယူပါနှင့် ဝမရှိပဲဝိမလုပ်ပါနဲ့

မူလမဟာဘုတ်၅ကြွင်းဖွါးများသည်မရဏအိမ်တွင်၁
ဂဏန်းရှိပြီးအိုးအိမ် အိမ်ထောင် အုပ်စု အဆိုးဖြစ်သဖြင့်
အိုးအိမ် အုပ်စုတွင်းမှာအထူးညီညွတ်စုစည်း၍ဆက်ဆံ
မှုပြုပြီးပြင်ပအပေါင်းအသင်းကိုခင်တွယ်ပြီးအုပ်စုအပေါ်
အနိုင်ယူခြင်းကခိုက်အားဖြစ်ပါတယ်
၅ကြွင်းကျားမအားလုံးအပေါင်းအသင်းမက်မောမှုမလွန်
ကဲပါစေနှင့်အိမ်တွင်း အုပ်စုအပေါ်အနိုင်မယူပါနဲ့

မူလမဟာဘုတ်၆ကြွင်းဖွါးများသည်မရဏအိမ်တွင်၂
ဂဏန်းရှိပြီးငွေအကြွားအဆိုးဖြစ်သဖြင့်လူအများအပေါ်
ဟန်ဆောင်အကြွားအားကောင်းစွာအခွင့်အရေးယူပြီး
မိမိကိုယ်တိုင်ပင်ပင်ပန်းပန်းဇွဲရှိရှိလုပ်ဆောင်နိုင်စွမ်းမရှိ
ပေါ့ပေါ့တန်တန်သွားလာကြတာကခိုက်အားဖြစ်ပါတယ်
၆ကြွင်းကျားမအားလုံးငွေနောက်ကိုကောက်ကောက်ပါ
အောင်မလိုက်ပါနဲ့ အကြွားလွန်ဟန်မဆောင်ပါနဲ့ကတိ
ပေးမလွယ်ပါနဲ့ ပြတ်သားစွာနေထိုင်ကြပါ

မူလမဟာဘုတ်ဝကြွင်းဖွါးများသည်မရဏအိမ်တွင်၃
ဂဏန်းရှိပြီးစိတ်အဆိုးဖြစ်သဖြင့်စိတ်ထင်ရာတဇွတ်ထိုး
လုပ်ခြင်း သနားလွယ်ခြင်း ချစ်လွယ်ခြင်း မုန်းလွယ်ခြင်း
စိတ်ခံစားချက်ရှိသည့်အတိုင်းစိတ်ထိန်းသိမ်းနိုင်စွမ်းမရှိ
ခြင်းကခိုက်အားဖြစ်ပါတယ်
ဝကြွင်းကျားမအားလုံးကိုယ့်စိတ်ကိုယ်နိုင်အောင်ထိန်း
သိမ်းစေလိုပါတယ်

Crd.ဆရာကြီးဦးကြာမြင့်(ဗေဒင်အချုပ်မဟာဘုတ်)

25/10/2016

ဗေဒင်​လက္ခဏာ ​မေး​သောခါဝယ်​......

အ​ကြောင်း​ကြောင်း​ကြောင့်​ တစ်​စုံတစ်​​ယောက်​​သောသူသည်​ ​ဗေဒင်​လက္ခဏာ​မေးလာသည်​ရှိ​သော်​ ​ဟော​ပြော​ဖြေကြားမည့်​ဆရာသည်​လည်း​ကောင်း၊​မေးလာသူသည်​လည်း​ကောင်း မိမိတို့နှင့်​သက်​ဆိုင်​ရာ ကျင့်​ဝတ်​၊ လုပ်​​ဆောင်​တာတို့နှင့်​ ပြည့်​စုံရန်​ လိုအပ်​​လေသည်​။
ဟော​ပြော​ပေး​သောဆရာသည်​ ရှိသင့်​ရှိထိုက်​​သော အကျင့်​၊ သီလ၊ သိက္ခာတရားတို့နှင့်​ ပြည့့်​စုံရန်​ လိုအပ်​သကဲ့သို့ ​မေးမြန်း​လာသူအ​ပေါ် ဆင်းရဲချမ်း​သာမ​ရွေး၊ ရာထူးကြီးငယ်​မလိုက်​၊ကျားမ မခွဲ၊ ကြီးငယ်​မဟူ တန်းတူအ​လေးထားကာ ​ဟော​ပြောသမှု ပြုရ​ပေမည်​။ ဉာဏ်​ပူ​ဇော်​ခ လာဘ်​သပ်​ပကာ ​ငွေအသပြာတစ်​ခုတည်းကို အ​လေးမယူဘဲ အစိမ်းအကျက်​မ​ရွေး ​မိမိ​၏​ဆွေမျိုးသားချင်းများသဖွယ်​ စေတနာ၊ ​မေတ္တာ၊ ကရုဏာ​ရှေ့ထားကာ ကိုယ်​ချင်းစာတရားလက်​ကိုင်​ထား၍ ပြည့်​စုံစွာ ​ဟော​ပြောသင့်​သည်​။ ​မေးလာသူ၏ အခက်​အခဲများကို မိမိပညာဖြင့်​ တတ်​စွမ်းရာရာ ကူညီသမှု ပြုရ​ပေမည်​။ ပညာရပ်​ကိုအသုံးချပြီး လှန့်​လုံး၊ လှိမ့်​လုံးများဖြင့်​ ယတြာ၊ဓာတ်​ဆင်​ဓာတ်​ရိုက်​အ​ကြောင်းပြုကာ ​ငွေအသပြာဆရာ မလုပ်​ရန်​ လွန်​စွာအ​ရေးကြီးသည်​။ ထိုပြင်​ ယတြာအမှုပြု​သောအခါတို့တွင်​လည်း မိမိ၏လုံ့လစရဏကို အသုံးမပြုပဲ ပြီးစလွယ်​ပြီးပြီး​ရော့လုပ်​​ပေးခြင်းမျိုးကိုလည်း ​ရှောင်​ကြဉ်​သင့်​သည်​။
ထိုနည်းတူစွာ ​ဗေဒင်​​မေးလာသူဘက်​မှလည်း ဆရာအ​ပေါ် ​လေးစားသမှု ရှိရမည်​။ ​ဗေဒင်​ပညာအရ​ပြောရလျှင်​ နဝင်း(မိမိတို့၏ ကာယကံမှု ၊ဝစီကံမှု၊ မ​နောကံမှုတို့​ ကောင်းရန်​)ရရန်​ လိုအပ်​​လေသည်​။အဘယ်​​ကြောင့်​ဆို​သော်​ ​ဗေဒင်​လက္ခဏာကိန်းခန်းတို့ မည်​မျှပင်​​ကောင်းသည်​ ဆိုးသည်​ဖြစ်​​စေ အဓိကကျသည်​မှာ မိမိတို့ပြုမူ​သော ကာယကံမှု ဝစီကံမှု မ​နောကံမှု ဟူ​သော ကံတရားကသာလျှင်​ မိမိတို့၏ပစ္စုပ္ပန်​ အနာဂတ်​အဖြစ်​အပျက်​တို့ကို ဆုးံဖြတ်​​ပေးသွားကြမည်​ ဖြစ်​သည်​။တနည်းဆိုရလျှင်​ မိမိ​တို့ဟောကွက်​ကို မိမိတို့ဘာသာ ကံတရားအရ တွက်​ချက်​သွားကြချင်းလည်း ဖြစ်​​သည်​။
ဗေဒင်​လက္ခဏာ​မေးလာ​သောသူသည်​ ကွမ်း​၊​ဆေး၊ဘီယာအရက်​ ​သောက်​စားပြီး​မေးလာခြင်း၊ လက်​ကတ​ဒေါက်​​ဒေါက်​ ဒူးကတနှံ့နှံ့ဖြင့်​ ဣ​နြေ္ဒမရ​မေးခြင်း၊ အ​ပြောင်​အပျက်​သ​ဘော ကပျက်​က​ချော်​ အ​ပျော်​သ​ဘော​မေးခြင်း၊ မာန​ရှေ့ထားပြီး မခန့်​​လေးစား မယုံသင်္ကာဖြင့်​​မေးခြင်း၊ ဆရာစကားကို ဆုံး​အောင်​နား​မထောင်​​သေးပဲ ကိုယ်​​ပြောချင်​ရာ စွပ်​​ပြော​နေခြင်း၊ ဆရာကို ဆရာပြန်​လုပ်​​နေခြင်း၊ အလျင်​စလို ​မေးခြင်း၊ က​လေးငယ်​များဖြင့်​ဆူဆူညံညံ ​မေးလာခြင်း၊ လက်​​ထောက်​ ဒူး​ထောင်​ကာဖြင့်​ မရိုမ​သေ​မေးခြင်း၊ ဆရာကို သူငယ်​ချင်းလို ​မေးခြင်း စသည့်​နဝင်းမရ​သောအပြုအမူမျိုးကို ​ရှောင်​ကြဉ်​ရ​ပေမည်​။
ထိုပြင်​ ​မေးလာသူမှ ဆရာအား ထိုက်​တန်​​သော ဉာဏ်​ပူ​ဇော်​ခကို မ​ပေးခြင်း၊ တစ်​​ယောက်​စာသာ ဉာဏ်​ပူ​ဇော်​ခ​ပေးပြီး ကတုံး​ပေါ်ထိပ်​​ကွက်​လိုသည့်​သ​ဘောဖြင့်​ လူအပိုများအတွက်​ပါ​မေးခြင်း၊ ​ဗေဒင်​လက္ခဏာ​မေးပြီးခါမှ ဉာဏ်​ပူ​ဇော်​ခမပါလို့ပါ ​နောက်​မှပါဆရာလို့ လုပ်​တတ်​ခြင်းမျိုးကိုပါ အထူး​ရှောင်​ကြဉ်​ရမည်​ ဖြစ်​သည်​။ မ​ရှောင်​ကြဉ်​​ဘဲမေးလာလျှင်​ နဝင်းမရဘဲ ​မေးလာသူမှာ အပြစ်​ဖြစ်​​တော့သည်​။ ​ ​မေးသူမှာ နဝင်းမရလျှင်​ ဗေဒင်​​လက္ခဏာ​ဟောကိန်း​တွေ ဘယ်​​လောက်​​ကောင်း​ကောင်း အကျိုး​ပေး မသန်​​တော့။ ဆရာဖြစ်​သူ​ဟော​ပြော​ပေး​သော ​အနာဂတ်​ကောင်းကွက်​များမှာ တုံ့​နှေးသွားခြင်း၊ တုံ့ဆိုင်းခြင်းများ ဖြစ်​သွား​ရတော့သည်​။ အဆိုး​ဟောကွက်​များမှာကား ​ဆိုဖွယ်​မရှိပြီ။
ထိုသို့မဟုတ်​​လေပဲ ဆရာဖြစ်​သူအား ဂါရဝပြုခြင်း၊ တ​လေးတစား အားကိုး​မေးခြင်း၊ ချိုသာ​သောစကားဖြင့်​​မေးခြင်း၊ ဆရာစကားကို အ​လေးထားကာ ဣ​နြေ္ဒရရနား​ထောင်းခြင်း၊ ထိုက်​တန်​​သော ပူ​ဇော်​သမှုကို ပြုခြင်း၊ မိမိအခက်​အခဲ​ကြောင့်​ ဉာဏ်​ပူ​ဇော်​ခ နည်းပါး​စေကာမူ ဆရာအ​ပေါ် ​လေး​လေးစားစားပြုမူဆက်​ဆံခြင်း စသည်​တို့မှာနဝင်းရ​သောသူတို့၏ အပြုအမူများဖြစ်​သည်​။ ထိုသူတို့အဖို့ အနာဂတ်​အကျိုးတရားများသည်​ အ​ကောင်းဘက်​၊ အကျိုးပြုသည့်​ဘက်​သို့သာ ဦးတည်​​နေ​လေသည်​။ ​ဗေဒင်​ကိန်းခန်းတို့အလိုအရ အဆိုးဘက်​သို့ ကျ​ရောက်​​နေ​စေကာမူ နဝင်းရသူမှာ ကာလကြာရှည်​မခံရဘဲ ယာယီသာဖြစ်​၍ အ​ကောင်းဘက်​သို့သာ ကံလှည့်​လာမည်​ ဖြစ်​ပါသည်​။
သို့ဖြစ်​ရာ ​ဗေဒင်​လက္ခဏာ ​ဟော​ပြော​သောအခါဝယ်​ ​ဟော​ပြော​ပေး​သော ဆရာတို့မှာ ရှိသင့်​​သော ဆရာ့ကျင့်​ဝတ်​သိက္ခာတို့နှင့်​ ပြည့်​စုံရန်​လိုအပ်​သကဲ့သို့ ​မေးမြန်းလာသူများမှလည်း ​ဟော​ပြောမှုမှန်​သမျှ ​ကောင်းကျိုးရရန်​ (နဝင်းရရန်​) ဆရာအ​ပေါ် ​တ​လေးတစား အ​လေးထားကာ​မေးမြန်းတတ်​ရန်​ လိုအပ်​​ပါသတည်း ။ ။

တင်နိုင်လင်း

13/10/2016

၅ ခုကြွင်း မဟာဘုတ်

၅ - ခုကြွင်းမဟာဘုတ်
မရဏအိမ်တွင် သေခြင်းတရားတည်းဟူသော ၁- ဂဏန်း - အိုးအိမ်၊ အုပ်စု အိမ်းတွင်းကိစ္စ၊ အိမ်ထောင် နှင့်ဆိုင်သော
တနင်္ဂနွေဂြိုဟ် တည်ရှိနေမှုကြောင့် ၅ - ခုကြွင်း အားလုံးတို့သည်
သွားလေရာ၌ အိမ်ထောင်ရေး ပြဿနာတစ်ခုခု တိုက်ဆိုင်ကြုံတွေ့ ရလွယ်ခြင်း။
အိမ်ထောင်ဘက်အုပ်စု အသိုင်းအ၀ိုင်းတို့နှင့် မကြာခဏ ဆန့်ကျင်မှုများ ကြုံတွေ့နေရခြင်း။
မိသားစုနှင့်ခွဲခွာ၍ ရပ်ဝေးထွက်ပြီး စီးပွားရှာဖွေလုပ်ကိုင်နေရတတ်ခြင်း။
မင်း၊ အစိုးရ၊ အရာရှိများဖြစ်လွယ်၊ မင်းဒဏ် စိုးဒဏ်များ ကျလွယ်တတ်ခြင်း။
အစိုးရအမှုထမ်းဘ၀တွင် ရေရှည်တည်မြဲမှု မရှိခြင်း။
ရပ်ဝေးမြေခြားအလုပ်၊ ပွဲစားအလုပ်၊ အတတ်ပညာတစ်ခုခုဖြင့် စီးပွားရှာရသောအလုပ်များနှင့်
တိုက်ဆိုင်ကြုံတွေ့ လုပ်ကိုင်နေရတတ်ခြင်း။
အမှုထမ်း၊ အရာထမ်းများ ဘ၀တွင် တည်မြဲနေသူများ ရာထူး၊ဂုဏ်ထူးများရရှိနိုင်သော်လည်း အမြဲတမ်း ရန်ပြုသူ၊ အတိုက်အခံပြုသူများနှင့်
အမြဲရင်ဆိုင်ကြုံတွေ့ နေရခြင်း။
ဘ၀တွင် အိမ်ထောင်ရေး၊ သားသမီးအရေးတို့တွင် ဂုဏ်သိက္ခာကျစရာများ၊ အထင်အမြင်လွဲမှားမှုများကြုံတွေ့ ရခြင်း။
အိမ်ထောင်ရေးပြဿနာတို့သည် ဘ၀တွင်အဓိကကျသော၊ သော့ချက်ကျသောနေရာတို့တွင် ပါဝင်ကြုံတွေ့ရတတ်ခြင်း။
သားသမီးရရှိရန် ခက်ခဲခြင်း၊ ရလျှင်လည်း နည်းပါးခြင်း၊ ခဲရာခဲဆစ်သာဖြစ်ခြင်း၊ သားသမီးအရေးတို့ကြောင့် စိတ်သောကရောက်ရခြင်း။
၅- ခုကြွင်းအားလုံးတို့၏ အိမ်ထောင်ဘက်သည် စီးပွားဥစ္စာ ၊ ဂုဏ်အဆင့်အတန်းရှိသူများ၊ လူမျိုးခြား၊ ဘာသာခြား(သို့) ကပြားရုပ်သဏ္ဍာန်ရှိသူများနှင့်သာ
အိမ်ထောင်ဖက်ရခြင်း၊ ကျန်းမာရေးညံ့ဖျင်းသူများဖြစ်နေတတ်ခြင်း။
၅- ခုကြွင်းများသည် များသောအားဖြင့် ဥပဓိရုပ်ကောင်းသူများ၊ ပုံပန်းသဏ္ဍာန်ခန့်ညားထည်ဝါသူများဖြစ်နေတတ်ခြင်း။
ပညာရေးတွင် ခက်ခဲမှုကြုံတွေ့နိုင်သော်လည်း ပညာတတ်များဖြစ်လွယ်ခြင်း။
အတွေးအခေါ်မျိုးစုံကို နက်နက်နဲနဲတတ်ကျွမ်းနိုင်သူများဖြစ်ပြီး ဖြတ်ထိုးဥာဏ်၊ ဇ၀န ဥာဏ်ကောင်းသူများဖြစ်ခြင်း။
ငွေကြေးစီးပွားဥစ္စာကို မရ ရအောင် ရှာဖွေနိုင်သူများဖြစ်ခြင်း။
အိမ်တွင်း၊ အိမ်ထောင် မိသားစုများအပေါ် မကျေနပ်နိုင်သောခံစားချက်များကို ဖြေဖျောက်နိုင်ပါက ကောင်းကျိုးများကြုံတွေ့နိုင်ခြင်း။
မိသားစုအပေါ် စိတ်တိုင်းမကျသော ခံစားချက်များကြောင့် အိမ်ထောင်ရေး ဖောက်ပြန်ရှုပ်ထွေးနေသူများဖြစ်တတ်ခြင်း။
ကြာသပတေး၊ သောကြာ၊ စနေ သားများသည် အိမ်ထောင်ရေးကိစ္စ၌ ဖြစ်စေ၊ အပျော်အပါးကိစ္စတို့၌ဖြစ်စေ
ဂုဏ်သိက္ခာကျစရာများ၊ အထင်အမြင်သေးစရာများ တိုက်ဆိုင်ကြုံတွေ့ စေတတ်ခြင်း။
ဘ၀တွင် ပတ္တမြားနှင့် အနီရောင်များကို အသုံးပြုခြင်းဖြင့် ကံတရားညှိုးမှိန်စေတတ်ခြင်း။
ဘ၀တွင် ရွှေနှင့် အ၀ါရောင်များကို အသုံးပြုခြင်းဖြင့် ကံဇာတာများပွင့်လင်းတိုးတက်လာခြင်း။
အမျိုးသားများ ဆီးရောဂါ၊ မျက်စိရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ ဦးနှောက်ပိုင်းတွင်ဖြစ်ပွားတတ်သောရောဂါများဖြစ်ပေါ်စေတတ်ခြင်း။
အမျိုးသမီးများ သားအိမ်ရောဂါ၊ မီးယပ် နှင့် သွေးသားကြောင့်ဖြစ်ပေါ်သော နာတာရှည်ရောဂါများ ကြုံတွေ့ ဖြစ်ပေါ်စေတတ်ခြင်း။

၅ - ခုကြွင်းအားလုံးတို့သည် မိသားစု၊ အိမ်ထောင်ဘက် နှင့် အသိုင်းအ၀ိုင်းတို့အပေါ် အလိုမကျသော၊ စိတ်တိုင်းမကျနိုင်သော ခံစားချက်တို့ကို
ဖြေဖျောက်နိုင်ပါက ဘ၀တွင် အောင်မြင်တိုးတက်မှုများ ခံစားရမည်မှာ မုချပင်ဖြစ်သည်။

Credit post

28/12/2015

၎-ခုကြွင်း မဟာဘုတ်

၎- ခုကြွင်းမဟာဘုတ်အိမ်သည် (မရဏ)တည်းဟူသော ဌာနတွင် ၀- ဂဏန်း ထင်ပေါ်မှု၊ လောဘတရား၊ အထုပ်အထည်၊ အတိုက်အခံနှင့်ဆိုင်သော စနေဂြိုဟ် တည်ရှိနေမှုကြောင့်
၎- ခုကြွင်းအားလုံးတို့သည်လောဘတရား၊ မာနများဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက ပိုမိုဆုံးရှုံးမှု၊ ပျက်စီးမှုများကြုံတွေ့ရခြင်း။
လုပ်ငန်းအမျိုးမျိုးပြောင်းလဲလုပ်ကိုင်ပါက အောင်မြင်မှုမရနိုင်သည့်အပြင် ပိုမိုဆုံးရှုံးမှု၊ ပျက်စီးမှုများကြုံတွေ့စေခြင်း။
မည်သည့်အလုပ်ကိုမဆို အားလုံးတတ်သိနားလည်နိုင်သည့် သဘောဘာဝများ များစွာပါရှိနေသူဖြစ်ခြင်း။
မည်သည့်လုပ်ငန်းကိုမှ အားရကျေနပ်မှုမရှိဘဲ စိတ်အပြောင်းအလဲမြန်စွာဖြင့် အမျိုးမျိုးပြောင်းလဲလုပ်ကိုင်နေတတ်ခြင်း။ဘ၀တစ်လျှောက်၌ အသက်အန္တရယ်နီးသော ဘေးရန်ဥပါဒ်များကြုံတွေ့စေတတ်ခြင်း။
အနေအထိုင်ပိရိသေသပ်၍ ယဉ်ကျေးသိမ်မွေ့စွာဝတ်ဆင်နေထိုင်တတ်သူဖြစ်ခြင်း။
မည်သည့်လုပ်ငန်းကိုမဆို အပြိုင်အဆိုင်၊ အတားအဆီး၊ အခက်အခဲတစ်ခုခု တိုက်ဆိုင်ကြုံတွေ့ပြီးမှသာ အောင်မြင်စေတတ်ခြင်း။
ဖြတ်လမ်းစီးပွားရှာခြင်းမျိုးမပြုလုပ်ဘဲ ပိုမိုကျွမ်းကျင်ရာ ၊ ၀ါသနာပါရာလုပ်ငန်းတစ်ခုတည်းကိုသာ ဇောက်ချလုပ်ကိုင်ပါကပိုမိုအောင်မြင်တိုးတက်စေတတ်ခြင်း။
သွားလာလှုပ်ရှားမှုတို့၌ အဖော်အပေါင်းတစ်ဦးတစ်ယောက်ပါမှသော်လည်းကောင်း၊ အားကိုးလောက်စရာ ပစ္စည်းတစ်ခုခုပါမှသော်လည်းကောင်းသွားလာလှုပ်ရှားနေထိုင်တတ်သူဖြစ်ခြင်း။
လက်ဝါးပြင်၌ အသက်လမ်းကြောင်း(အာယုလမ်း)များတိုခြင်း၊ ပြတ်ခြင်းများရှိနေတတ်ခြင်း။
(ကားတိုက်၊ ရေနစ်၊) သကဲ့သို့သော လတ်တလောအသက်ကိုဆုံးရှုံးစေတတ်သော အဖြစ်အပျက်များ ကြုံတွေ့ရတတ်ခြင်း။
ဘ၀တွင် နီလာနှင့် အနက်ရောင်ပစ္စည်းများကို အသုံးပြုပါက ကံတရား ညှိုးမှိုင်စေတတ်ခြင်း။
ဘ၀တွင် သန္တာကျောက်နှင့် အစိမ်းရောင်များကို အသုံးပြုပါကကံဇာတာများပွင့်လင်းတိုးတက်စေတတ်ခြင်း။
ကျန်းမာရေးတါင် အမျိုးသားများ စိတ်ရောဂါ၊ နှလုံးရောဂါ၊ အကြောရောဂါ၊ လေနာရောဂါ၊ နားနှင့်ခြေထောက်၌ဖြစ်ပွားသောရောဂါ၊ဆံပင်ကျွတ်လွယ်သောရောဂါများဖြစ်ပွားစေတတ်ခြင်း။
အမျိုးသမီးများ စိတ်ရောဂါ၊ သိုက်စွဲ၊နတ်စွဲ စသည့် ပယောဂဝေဒနာများ၊ သွေးလေအလုံးများ၊ နားရောဂါနှင့် လေနာရောဂါများဖြစ်ပွားစေတတ်ခြင်း။
အစစအရာရာ မသိသည်၊ မတတ်သည်မရှိဘဲ စပ်စပ်စုစု နားလည်တတ်သိနိုင်သည့် သဘောသဘာဝများရှိနေတတ်သူဖြစ်ကကံဆိုးသောအသက်ပိုင်းများတွင် အိမ်ထောင်ရေးပြိုကွဲခြင်း၊ ဘ၀အထိနာခြင်း စသည့်ဆိုးကျိုးများဖြင့်ကြုံတွေ့ရခြင်း။

၎- ခုကြွင်းအားလုံးတို့သည် လောဘ၊ မာန၊ မခံချင်စိတ်နှင့် ယှဉ်ပြိုင်စိတ်ဓါတ်များမထားဘဲ သည်းခံမှုတရား လက်ကိုင်ထားပြီး မိမိဝါသနာပါရာ
လုပ်ငန်းတစ်ခုတည်းကိုသာ တည်တည်တံ့တံ့လုပ်ကိုင်ပါမှ စိတ်အေးချမ်းသာယာပြီး အောင်မြင်ကျော်ကြားမှုများ ရရှိမည်မှာ မုချဖြစ်ပါသည်။

(၃)ကြွင်းဖွားတွေအတွက် ဟောကိန်းကို ရေးပြလိုက်ပါတယ်။၃ ကြွင်းတွေဟာ ငယ်ရွယ်စဉ်မှစ၍ အပြောင်းအရွေ့အပြောင်းအလဲ များစွာကြုံရတတ်တ...
28/04/2015

(၃)ကြွင်းဖွားတွေအတွက် ဟောကိန်းကို ရေးပြလိုက်ပါတယ်။
၃ ကြွင်းတွေဟာ ငယ်ရွယ်စဉ်မှစ၍ အပြောင်းအရွေ့အပြောင်း
အလဲ များစွာကြုံရတတ်တယ်။အပြိုင်အဆိုင် အပြေးအလွှားဖြင့်
ရုန်းကန်လှုပ်ရှားနေထိုင် ရတတ် ပါတယ်။စကားများများ
ပြောမိပါက အတိုက်အခံဖြစ်ပြီး ငြင်းခုန်ရတတ်တယ်။
မွေးတစ်နေရာ ကြီးတစ်နေရာ ကျော်ကြားလျှင်တစ်နေရာ
ဖြစ်တတ်ပြီး မြို့ရွာအနှံ့ ဒေသအနှံ သွားရောက်နေထိုင်ရ
တတ်တယ်။မွေးမိဘ ကျွေးမိဘ များနှင့် တိုက်ဆိုင်ကြုံတွေ့လွယ်ပါတယ်။

အမှတ်မထင် ရုတ်တရက်အိမ်ထောင်ကျတတ်ပြီး ကွဲလွယ်တတ်ပါတယ်။
ငွေကြေးအရလွယ်ပြီး လုပ်ငန်းက သွားလာလှုပ်ရှားရ
တဲ့ လုပ်ငန်းနဲ့ အောင်မြင်တတ်တယ်။

အမျိုးသားများဟာ ရုပ်ရည်လှပသော အရည်အချင်း
ရှိသော စီးပွာဥစ္စာဂုဏ်တစ်ခုပါသော အမျိုးသမီးများ
နဲ့ အိမ်ထောင်ကျတတ်ပါတယ်။

အမျိုးသမီးများအနေနဲ့ အိမ်ထောင်ရေးမှာ ခွဲခွာနေရ
မယ့်ကံပါတယ်။ဘာဖြစ်လို့ဆို မိမိအိမ်ထောင်ဘက်ဟာ
ခရီးလမ်းများသော နိုင်ငံခြားပြည်ပမှာ အလုပ် လုပ်သော
သူမျိုး ဖြစ်သောကြောင့်ပင်။

၃ ကြွင်း အင်္ဂါ သောကြာ စနေ အမျိုးသားများသည် စိတ်ထင်ရာ
တဇွတ်ထိုး လုပ်ကိုင်တတ်ကြပြီး စီးပွားဖြစ်နေသည်ဟု
အထင်ခံရတတ်တယ်။
၃ ကြွင်း အင်္ဂါ ကြာသာပတေး သောကြာ အမျိုးသမီးများသည်
စိတ်ထင်ရာ တဇွတ်ထိုးလုပ်တတ်မှုကြောင့် မိဘမောင်
ဘွားများ၏ ပြစ်တင်ရှုပ်ချမှုကို ခံရတတ်တယ်။
အသက် ၄၀ နောက်ပိုင်းမှသာ အေးချမ်းတည်ငြိမ်ပြီး
အောင်မြင်သော ဘဝကို ရရှိမယ်။

ကျမ်းမာရေး ဆီး မျက်စိ အာခံတွင်း သွား ခြေထောက်
စတဲ့ နေရာတွေမှာ ဝေဒနာ ဖြစ်တတ်တယ်။

၃ ကြွင်းက စကားပြောရင် ရိုက်ပေါက် ပြောတတ်တယ်။
ဒါကို ဆင်ခြင်ပါ။စကားပြောချိုပါ။ထင်ရာ ဇွတ်မလုပ်ဖို့
လိုတယ်။စကားပြော ကြမ်းသော ၃ ကြွင်း ဘယ်တော့မှ
အောင်မြင်မှု မရပါ။ရခဲ့သည့်တိုင် မမြဲ။

ကျမ်းမာ ချမ်းသာ ကြပါစေ ။ ။
ဆရာသောင်းနေစိုး

27/04/2015

မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး (၇)နှင့်စားပါ။
အကြွင်းကို ဟောကိန်းထုတ်ပါတယ်။
အခုက ၂ ခုကြွင်း သမားများအတွင်ပါ။

၂ ကြွင်းသူများဟာ ခေါင်းမာတတ်သူ တယူသန်
တဇွတ်ထိုး လုပ်တတ်သူများဖြစ်ပါတယ်။
မိဘဆွေမျိုး အုပ်ထိန်းသူရဲ့ လမ်းညွှန်ဆုံးမ
မှုကို လက်မခံတတ်ပဲ မိမိဆန္ဒအလျောက်
ဆောင်ရွက်လုပ်ကိုင်တတ်သူ များဖြစ်ပါတယ်။
ပတ်ဝန်းကျင်ကို ဂရုမစိုက် မိမိထင်ရာ ကောင်းကောင်း
ဆိုးဆိုး နောက်မဆုတ်တန်း လုပ်ကိုင်တတ်ပါတယ်။

လုပ်ရပ်တစ်ခုကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
လုပ်ကိုင်ဆောင်ရွက်တတ်ပြီး မိသားစုကို
ပြန်လှည့်မကြည့်ခြင်း မှားယွင်းစွာ ပြု့လုပ်ခဲ့သော
အလုပ်တစ်ခုကို မှားမှန်း
သိလျှက်နှင့်
ပြန်မပြင်နိုင်ခြင်း ။

ပညာသင်ကြားချိန် အရေးကြီးသော အချိန်တိုင်း၌
ကျမ်းမာရေးအညံ့ ကြုံခြင်း ပူပင်သောက
တစ်ခုခု လာရောက်တိုက်ဆိုင် နေတတ်တယ်။

ပညာတတ်များ ပို၍ခေါင်းမာခြင်း တစ်ယူသန်ခြင်း
အတွေးအခေါ် အယူအဆ ပြတ်သားရဲရင့်စွာ
တွေးခေါ်တတ်မှုကြောင့် အများသူငါနှင့်
အမြဲ လိုလို ဆန့်ကျင်ဘက်ဖြစ်တတ်ပါတယ်။

အိမ်ထောင်ရေးမှာ မိမိစိတ်ကို ထိန်းသိမ်း
ဖို့ လိုအပ်ပါတယ်။

၂ ခုကြွင်းများအတွက် အကောင်းဆုံးနေထိုင်နည်းက
တဇွတ်ထိုး ပြု့မူနေထိုင်တာကို ရှောင်ပြီး
မိဘအုပ်ထိန်းသူစကားကို နားထောင်ပေးပါ။
ဒါဟာ ၂ ခုကြွင်းအတွက် တစ်သက်စာကံကောင်း
နည်းပါပဲ။

အားလုံးကျမ်းမာကြပါစေ ။

03/03/2015

အခုလို မြန်မာ့နည်းစစ်စစ် ဗေဒင် pageလေးကို
တလေးတစား like ပေးပြီး ဖတ်လိုကြတဲ့
အတွက် ဆက်လက်ဖော်ပြပေးပါ့မယ်။
အကြောင်းမသင့်လို့ ဆက်ပြီး မဖော်ပြနိုင်
တာကိုလည်း နားလည်းပေးစေချင်ပါတယ်။
မြန်မာ့ မဟာဘုတ်ပညာက တွက်ရာတွင်
လွယ်တယ်။ဟောရာတွင် ကျယ်ပါတယ်။
ပြီးတော့ ရှောင်ရန်ဆောင်ရန် ဖော်ပြပြီး
ဥာဏ်ပညာနဲ့ သုံးသပ်ဝေဖန် လက်ခံခြင်းကို
အားပေးပါတယ်။
အခု မှတ်ဖို့က မြန်မာမွေးသက္ကရာဇ်ကိုတည်
(၇)နဲ့စားပြီး အကြွင်းဂဏာန်းကို အဟောပြု့ပါ
မယ်။
၁ ခုကြွင်းသူများအတွက်
=====================
၁ ခုကြွင်းသူများဟာ လူအများနှင့် စုပေါင်းပူးတွဲ
လုပ်ကိုင်ရတဲ့ လုပ်ငန်းတွေ အကျိုးမပေးပါဘူး။
အသင်းအဖွဲ့ ထဲ ပါဝင်ပတ်သက်မိရင် မိမိက
အနိမ်ခံရတတ်ပါတယ်။မိဘ မောင်ဘွား
ဆွေမျိုးသားချင်း အိမ်ထောင်ဘက်ရဲ့ ချစ်ခင်
ယုယ ကျေးဇူးပြု့မှုကို မခံရတတ်ပါ ဘူး။
လူအများအတွက် နေရာတကာ အနစ်နာခံ
ကိုယ်ကျိုးစွန့်ကာ လုပ်ကိုင်ပေးရတတ်ပါတယ်။
လူယုံမွေး၍ မရ။ဆရာတပည့် ထား၍မရ။
မိမိကိုတော်လှန်ဆန်ကျင့်တာမျိုး အမြဲကြုံတတ်
ပါတယ်။မိတ်ဆွေအပေါင်းအသင်းများပါက
ထိုသူတို့ကြောင့် သိက္ခာကျခြင်း အရှက်ကွဲခြင်း
ကြုံရတတ်ပါတယ်။
ခံညားထည်ဝါစွာ နေထိုင်တတ်သူ အပေါင်းအသင်း
များသူဆိုပါက ပို၍ အထိနာတတ်ပါတယ်။
မည်မျှ စိတ်စေတနာထား၍ လုပ်ကိုင်ပေး
စေကာမူ လူအများ၏ မနာလိုမှု/ယှဉ်ပြိုင်မှု/
ပြစ်တင်ရှုက်ချမှု/ကဲ့ရဲ့သိက္ခာချမှုများ
အမြဲတိုက်ဆိုင် ကြုံတွေ့တတ်ပါတယ်။
အထွန်း/သိုက်/ရာဇ/အဓိပတိ ဖွားများ
ဖြစ်သော စနေ/အင်္ဂါ/သောကြာ/ကြာသာပတေး
သားသမီး များဆိုပါက ထီပေါက်ခြင်း အမွေ
အနှစ်များရရှိခြင်း စသည့်ကံကောင်းခြင်း
များကြုံတွေ့ရပါတယ်။

ဝါဆို တပို့တွဲ လတွေမှာ အရေကြီးသော
လုပ်ငန်းများ စတင်လုပ်ကိုင်ပါက ပျက်စီး
ဆုံးရှုံးခြင်းမှုဖြစ်ပါလိမ့်မယ်။ကျန်သော လများ
အဆင်ပြေသလို လုပ်ကိုင်နိုင်ပါတယ်။

ကံဇာတာ ပွင့်လန်းလာဖို့
နီလာကျောက် /မဟူရာ ကျောက်များကို
အဆောင်လို ဝတ်ဆင်အသုံးပြု့နိုင်ပါတယ်။

ကျမ်းမာရေးအတွက် ဂရုစိုက်ရမှာက လေ/လိပ်ခေါင်း/
အစာအိပ်/အူကျ/ရင်ခေါင်း/ဝမ်းဗိုက်တို့တွင်
ဖြစ်ပွားသော ရောဂါ ရတတ်ပါတယ်။
မရဏအိမ်တွင် ဗုဒ္ဓဟူးဂြိုလ်ရှိတဲ့အတွက်
၁ ကြွင်းများဟာ ရေချိုးမှားတာ/လေဖြတ်
တာမျိုးတွေ လည်းကြုံတွေ့တတ်ပါတယ်။
အမျိုးသားများ အရက်သောက်ပါက လေဖြတ်တတ်ပါ
တယ်။

၁ ကြွင်းရဲ့ သဘောက မရဏဗုဒ္ဓဟူးကြောင့်
လူ အကျိုးမပေးပါဘူး။အဖွဲ့အစည်းထက်
တစ်ယောက်ထဲ လုပ်ရတဲ့ လုပ်ငန်း လုပ်သင့်ပါ
တယ်။လူအများကို အားမကိုးပဲ ကိုယ့်ဒူး
ကိုယ်ချွန်ပါ။သည်းခံစိတ်မွေးပါ။လူ့ အောက်ကျလို့
မသေဘူးဆိုတဲ့ စိတ်ဓာတ်မွေးပါ။

အိမ်ထောင်ရေး အတွက်က အားကိုးချင်လို့
အိမ်ထောင်ပြု့ကြတာထက် မေတ္တာရှိလို့
အိမ်ထောင်ပြု့ကြရင် ပိုကောင်းပါတယ်။
ဘာဖြစ်လို့ဆို ၁ ခုကြွင်းတွေရဲ့ အိမ်ထောင်ဘက်
တွေဟာ အားကိုးရတဲ့သူနဲ့ ညားတာ ရှားပါတယ်။
တကယ်လို့ အားကိုးရရင်လည်း အိမ်ထောင်
ဘက်ဟာ အရက် လောင်းကစား မိန်းမ
စတဲ့ မိမိလက်မခံချင်စရာ အပြု့အမူများကို
ပြု့မူနေသူတွေ ဖြစ်တတ်ပါတယ်။ဒီလိုကြုံ
တွေ့ရ ရင် အစကတည်းက မေတ္တာကြောင့်
အိမ်ထောင်ပြု့တာ မဟုတ်ရင် သည်းမခံ
နိုင် လို့အိမ်ထောင် ကွဲတတ်ပါတယ်။

၁ ခုကြွင်းများ ကောင်းစားလိုပါက ပတ်ဝန်းကျင်
နဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံပါ။
ကြီးသူကို လေးစားပါ။တတ်နိုင်သမျှ မိမိက
အနစ်နာခံပေးပါ။ထိုသို့ လူအများနှင့် အဆင်ပြေ
အောင် နေပေးပါက ၁ ခုကြွင်းများ ဘယ်တော့မှ
အခက်အခဲမတွေ့ပါ။
အဖွဲ့အစည်းတွေ အကျိုးမပေး ဘူးဆိုပေမဲ့
မိမိက တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်း
သင်းရမှာပါ။

အားလုံးကျမ်းမာ ချမ်းသာကြပါစေ။
နောက် ရက်များ တွင် အကြွင်းတစ်ခု ချင်းစီ ဖော်ပြ
ပေးပါ့မယ် ခင်ဗျာ။

27/12/2014

မဟာဘုတ် ပညာသည် တွက်ရာတွင်လွယ်၏။
ဟောရာတွင် ကျယ်၏။ဒီမှာ ဆရာ
ဦးကြာမြင့် မဟာဘုတ်ပညာကား ရှေး
က မဟာဘုတ်ပညာရပ်နှင့်မတူ။
အတွေးအခေါ်ပါ၏။လက်တွေ့
စမ်းသတ်နိုင်၏။မဟာဘုတ်
အကောက်အယူမှ ကံတရားကို ပြု့
ပြင် ပြောင်းလဲနိုင်၏။

မြန်မာမွေးသက္ကရာဇ်ကိုတည် (၇)နှင့်
စား/အကြွင်း ကို မှတ်ပြီး အဖြေကိုသာ
ဖတ်ပါတော့။အခုစာစုက ကောင်းကျိုး
မပေးတဲ့ အဆိုးများကို အရင်ပြပါမယ်။

၁ -ခုကြွင်း လူဆိုး ။လူဆိုးဆိုတာ
မိဘ ဆွေမျိုး ညီအကိုမောင်နှမ/ အိမ်
ထောင်ဘက်/သားသမီး အစရှိသဖြင့်
ပတ်ဝန်ကျင်ရှိ လူများကို အားကိုးလို့
မရပဲ မိမိဘာသာ အားကိုးရတဲ့
အတွက် လူဆိုးဟု ဆိုပါတယ်။အခြား
နည်းအားဖြင့်လည်း ကိုယ်ကောင်းသ
လို ပြန်မကောင်းကြတဲ့အတွက်
လူဆိုးဟု ဆိုပါတယ်။

၂-ခုကြွင်း တယူသန် ဘုရားတစ်ဖက်
ဓားတစ်ဖက်။ဒါကတော့ရှင်းပါတယ်။
၂ကြွင်းဇာတာရှင်တွေဟာ ကိုယ်မှန်
တယ်ထင်ရာ ကိုယ်လုပ်မယ်လို့စိတ်
ကူးထားတဲ့အရာ မှန်သမျှ ဘယ်သူ
တားတား မရပါဘူး။အဆုံးထိ လုပ်
မယ့်သူများဖြစ်ပါတယ်။အိမ်ထောင်
ဘက်တွေက ကိုယ်နဲ့ ဘယ်တော့မှ
သဘောထား မတိုက်ဆိုင်။

၃-ခုကြွင်း စကားပြောကြမ်း ထင်ရာ
လုပ်။ဒါကလည်း ၃ ကြွင်းတွေဟာ
အသံကြောင့် ဖားသေဆိုသလို စကား
ပြော မတတ်လို့ စကားပြောဆိုးလို့
တနည်းအားဖြင့် တုတ်ထိုးအိုးပေါက်
ပြောကြလို့ သူ့ပတ်ဝန်းကျင်နှင့် အမြဲ
တမ်းပဲ စကားပြောဆိုမှုမှာ အဆင်
မပြေဖြစ်တတ်ပါတယ်။

၎-ခုကြွင်း လောဘအဆိုး။လောဘ
အဆိုးဆိုတာ မြန်မြန်ချမ်းသာချင်သူ
များဖြစ်တယ်။အမြဲ အသာရချင်တယ်
အတ္တကြီးတတ်တယ်။စာထဲမှာတော့
၎ကြွင်းတွေ အိမ်ဆောက်ရင် လက်
သမား ၃ ယောက်လောက်ပြောင်း
သတဲ့။ဆရာ လုပ်လွန်းလို့။မြန်မြန်ချမ်း
သာမယ်ဆို ဘနဖူး သိုက်တူးပါမယ်။

၅-ခုကြွင်း အိမ်ထောင်ကံအဆိုး။အိမ်
ထောင်ကံ အဆိုးဆိုတာ မိသားစုတစ်
ခု ဖြစ်တာနဲ့ မိမိဘက်ကချည်းအနစ်
နာခံ ပေးဆပ်နေရပါတယ်။ဤသို့ ပေး
ဆပ် နေခဲ့သည့်တိုင် ကိုယ့်အပေါ်
မိသားစုက အကောင်းမမြင်ပါဘူး။
အဲဒါ အိမ်ထောင်ကံ အဆိုးပါ။

၆-ခုကြွင်း အကြွားအလိမ်အဆိုး။
၆ ကြွင်းဟာ ကတိပေးလွယ်ပါတယ်။
ဒါပေမဲ့ ကတိပျက်ပါတယ်။ဟန်ဆောင်
တယ် ။ရှေ့က ဦးမဆောင်နိုင်ဘူး။
အရှက်အကြောက် များတယ်။တနည်း
အားဖြင့် မိမိပြောတဲ့အတိုင်း ဖြစ်
အောင် မလုပ်တဲ့အတွက် အကြွား
အလိမ် အဆိုးလို့ သတ်မှတ်ပါတယ်။

ဝ-ခုကြွင်း ဒေါသစိတ် မထိန်းနိုင်ခြင်း
အဆိုး။မဟုတ် မခံတတ် သောသူလို့
သတ်မှတ်ရင် ရပါတယ်။ဒေါသစိတ်
မထိန်းနိုင်ပါ။အငြိုးအတေး လက်စား
ချေချင် စိတ်ရှိတယ်။က်ုယ့်အပေါ်
ကောင်းလို့ကတော့ တစ်ဘဝလုံးပဲ
ရှာကျွေးရကျွေးရ ကိုယ့်အပေါ်
မကောင်းလို့ကတော့ အသက်ချင်းလဲ
ပစ်မယ် လို့ ဆိုပါတယ်။အမှန်တော့
ဝ ကြွင်းတွေဟာ ပတ်ဝန်းကျင်လော
က အပေါ် ကိုယ်ကောင်းသလို ပြန်
ကောင်းစေချင်လွန်း ပါတယ်။
------------------------------

စိတ်ဝင်စားသူ များအတွက် မဟာ
ဘုတ် အဆိုးသဘောအနည်းအကျဉ်း
ကို ရေးပြလိုက်ပါတယ်။ဗေဒင်ပညာ
ကို ဝေဖန်ဆန်းစစ်မှု့နှင့် ချည်းကပ်
လေ့လာချင်သူများ ဆရာဦးကြာမြင့်
နှင့် ဆရာဦးလင်အောင် စာအုပ် များ
ကို ရှာဖွေဖတ်ရှု စေချင်ပါတယ်။

ဆက်လက် စောင့်မျှော်ဖတ်ပေးပါ။

ကိန်းဂဏာန်းနှင့်တွက်ပြီး ဟောပြောရတဲ့ ပညာရပ်အကြောင်းတွေမပြောခင် အလွတ်ဟောနည်းတစ်ခု ပြောချင်ပါတယ်။ဒီနည်းကလည်း ဆရာဦးကြာမြင်...
19/12/2014

ကိန်းဂဏာန်းနှင့်တွက်ပြီး ဟောပြောရ
တဲ့ ပညာရပ်အကြောင်းတွေမပြော
ခင် အလွတ်ဟောနည်းတစ်ခု ပြော
ချင်ပါတယ်။ဒီနည်းကလည်း ဆရာ
ဦးကြာမြင့်၏ နဝင်း လက္ခဏာ ရှိမရှိ
ကြည့်ပြီး ဟောတဲ့နည်းကလေးပါပဲ။
ဘယ်လောက်မှန်သလဲဆို အကြွင်းမဲ့
မှန်ပါတယ်။

ဆိုပါတော့ လူတစ်ယောက် နှင့်သင်
တွေ့တယ်။ဒီလိုတွေ့တဲ့ အချိန် သင့်
စိတ်ထဲက အဲဒီလူကို မနှစ်သက်ဘူး
မလိုလားဘူး။အဲ ဒီလူနဲ့ စကားဆက်
မပြောလိုဘူး ဆိုတဲ့ ခံစားချက်မျိုးသင့်
စိတ်ထဲ ပေါ်လာရင် သင်နှင့်တွေ့နေရ
တဲ့သူ ရဲ့ ကံကြမ္မာဟာ အစစညံ့နေ
တယ်လို့ မှတ်ပါ ။ဟောပါ။

ဒီလိုမဟုတ်ပဲ အဲဒီလူနှင့်တွေ့တဲ့
အချိန် သင့်စိတ်ထဲက အဲဒီလူကို နှစ်
သက်နေတယ် လိုလားနေတယ်
စကားတွေ ဆက်ပြောချင်နေတယ်
အဲဒီလူ ပြန်သွားမှားတောင် စိုးရိမ်နေ
တယ်ဆိုရင် အဲဒီလူဟာ အစစ ကံ
ကောင်းနေတယ် လို့မှတ်ပါ ဟောပါ။

ကဲ ဒါက သဘောတရားအကျဉ်းပါပဲ။
အခုကစ သင်နှင့်တွေ့ရတဲ့သူကို သင့်
သဘောထားအခြေအနေပေါ် ကြည့်
ပြီး သူ ကံကောင်းမကောင်း ဆုံးဖြတ်
ကြည့်ပါ။
(ဤနည်းကို သင်ကျင့်သုံးမည်ဆိုပါက
သင်မှာ ရိုးသားမှုနှင့် ကိုယ်ချင်းစာ
တရားရှိရပါမည်)

15/12/2014

ယခု ဗေဒင် page လေးမှာ ဆရာကြီး
ဦးကြာမြင့်၏ မူအတိုင်း မဟာဘုတ်
အင်္ဂဝိဇ္ဇာ ဂြိုဟ်စားသက်ရောက် ပညာ
ရပ်တို့ဖြင့် ဗေဒင်ဝါသနာပါသူ များကို
ဖတ်ရှု သိမြင်နိုင်အောင် ဖော်ပြသွား
ဖို့ ရည်ရွယ်ပါတယ်။

လူမှာ ဘဝတစ်ခု အကောင်းဆုံးရပ်
တည်ရှင်သန်ဖို့ ကံ ဥာဏ် ဝီရိယ ဟူ၍
သုံးမျိုးရှိသည် အနက် ဗေဒင်ပညာ
သည် လူ၏ ကံ ကိုသာ ဝေဖန်ဟောပြ
ပါသည်။လူ၏ ဥာဏ်နှင့်ဝီရိယ ကို
တော့ ဗေဒင်ပညာက မဝေဖန်ပါ။မိမိ
ဥာဏ်နှင့်ဝီရိယ ကိုတော့ မိမိဘာသာ
လိုတိုး ပိုလျှော့ ပြု့ပြင်စီမံရမှာဖြစ်ပါ
တယ်။

ဥပမာ-စာမေးပွဲ အောင်မအောင်
ဟော ကိန်းထုတ်ရာတွင် ကျောင်း
သားတစ်ယောက် အတွက် ပညာသင်
စဉ်မှာ ကောင်းမွန်စွာသင်နိုင်ခွင့်ရှိခြင်း
မရှိခြင်းကိုသာ ဗေဒင်က ဟောနိုင်၍
စာကျက်ခြင်း မကျက်ခြင်းကိုတော့
တာဝန်ယူဟောကြား လိမ့်မည်မဟုတ်
ပါ။ဒီလိုပါ ကျောင်းသားတစ်ယောက်ရဲ့
ဇာတာဟာ ကံကောင်းတဲ့အခြေအနေ
မှာရှိလျှင် ပညာသင်စဉ် မိဘက
ကောင်းစွာထောက်ပံ့နိုင်ခြင်း နောက်
ဆံတင်းစရာ မလိုခြင်း မိမိ ကျက်ထား
သောစာနှင့် မေးခွန်းတိုးခြင်း အစရှိ
သဖြင့် ကံအခွင့်အလမ်းသာနေတာ
ကို ဟောပြနိုင်ပါတယ်။ဒါကို အခြေခံ
ပြီး ဗေဒင်ပညာက စာမေးပွဲအောင်
မယ်ဟု အရဲစွန့် ဟောကိန်းထုတ်ရ
ခြင်းဖြစ်ပါတယ်။ဆို လိုချင်တာက
သစ်စေ့တစ်ခု ကောင်းစွာရှင်သန်
ပေါက်ဖွားဖို့ ရေခံမြေခံကောင်းနေပါ
တယ် လို့ပြောချင်တာပါ။ထိုသို့ အခွင့်
အလမ်းသာနေသော်လည်း စာမ
ကျက်ပါက မအောင်ပါဘူး။စာတကယ်
ကျက်ရင် အောင်မယ်ဆိုတဲ့ ယုံကြည်
ချက်ရှိရင်လည်း ငွေကုန်ခံပြီး ဗေဒင်
မေးနေစရာ မလိုပါဘူး။
ထိုသို့ပင်
ကျောင်းသားတစ်ယောက် ကံဇာတာ
ညံ့နေပါက ပညာသင်ကြားစဉ် အိမ်
မှာ အပူသောက ကြုံခြင်း ငွေကြေး
မထောက်ပံ့နိုင်ခြင်း လူပေါင်းမှားခြင်း
ပညာရေးအတွက် အနှောက်အယှတ်
အမျိုးမျိုးကြုံတတ်ခြင်းများ ဖြစ်လာ
တတ်ပါတယ်။ဒါကို အခြေခံပြီး စာမေး
ပွဲအောင်ဖို့ ခက်တယ်ဆိုတာ ဗေဒင်
ပညာက ဟောချက်ထုတ်တာပါ။ခက်
သော်လည်း စိတ်ကိုငြိမ်အောင်ထား
ပြီး ကြိုးစားကျက်မှတ်ဖြေဆိုပါက ကျ
ဆုံးမယ့် အခြေအနေရှိသော်လည်း
အောင်မြင်သွားတတ်ပြန်ပါတယ်။

ဟုတ်ကဲ့ ဗေဒင်ပညာက ဥာဏ် ဝီရိယ
ကို မဝေဖန်ပါ။ကံ ကိုပဲ ဝေဖန်ပြပါ၏။
ထိုသို့ ကံ ကိုပဲဝေဖန်ပြပြီး ဥာဏ်ဝီရိယ
အထားအသိုကိုတော့ ဗေဒင်ဆရာက
သူ့အတွေ့အကြုံပေါ်မူပြီး အနည်း
အကျဉ်း ထောက်ပြလမ်းညွှန် သွားမှာ
ဖြစ်ပါတယ်။
______________________________
ဝါသနာပါသူ မိတ်ဆွေများကို မြန်မာ့
ဗေဒင်ပညာနှင့်စပ်၍ အတွေးအမြင်
ရှင်းစေချင်ပါတယ်။

Address

Pakokku
Myanadi
198154

Telephone

0933071976

Website

Alerts

Be the first to know and let us send you an email when ဝိဇ္ဇာနည်းကျ မြန်မာ့ဗေဒင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share