KSL

KSL Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KSL, Business service, No. 5, Witike kyune Street, Myeik.

03/02/2021

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ စလစ်၊ ပါမစ်၊ ဂရန်မြေကွက်များကို ဝယ်မည်ဆိုလျှင်

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်သည်။ စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦးရောက်လာပြီး -
''ပါမစ်မြေကို အရောင်းအဝယ်လုပ်ရင် အရပ်စာချုပ်နဲ့ ချုပ်ဆိုလို့ရပါသလား။ မြေအမည်ပြောင်းလို့ရပါသလားဟု မေးမြန်းဆွေးနွေးပါသည်။
''ပါမစ်မြေက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ အရပ်စာချုပ် သဘောမျိုး မြေအရောင်းအဝယ် စာချုပ် ချုပ်ဆိုလက်ရောက်ရယူပြီး သက်ဆိုင်ရာ မြေယာဌာနမှာ မြေငှားဂရန်လျှောက် ထားရမှာဖြစ်ပါတယ်''
''စလစ်မြေဆိုတာက ရောင်းဝယ်လို့ရပါသလား၊ ဘယ်လိုမြေ အမျိုးအစားပါလဲ''
''စလစ်မြေဆိုတာကလည်း အိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်တယ်။ များသောအား ဖြင့်တော့ လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးတဲ့ သဘောပါပဲ''
''မြို့သစ်ဆောက်တဲ့ သဘောပေါ့''

''ဒီလိုလဲပြောလို့ရပါတယ်။ ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ် လှိုင် သာယာ၊ နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိတယ်''

''မြေချစလစ်ရှိတဲ့သူထံက စလစ် စာရွက်ရယူပြီး အရောင်းအဝယ်စာ ချုပ် ချုပ်ဆိုဝယ်ယူလို့ရတယ်ဆိုပါတော့''

စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ် မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက်စုံစမ်းဖို့ လိုပါတယ်''

''စာရွက်စာတမ်းအတုတွေဖြစ်နိုင်လို့လား''

''ဟုတ်ပါတယ်။ အမှန်တကယ် မြေကွက်ဟုတ် မဟုတ်။ မြေကွက် တည်နေရာကိုလည်း သွားရောက်ကြည့်ရှုရပါ မယ်။ တစ်ခါတစ်ရံမှာ ရောင်းမယ်ဆိုတဲ့ မြေကွက်ထဲ အိမ်ဆောက်နေထိုင်ကျူးကျော်နေသူတွေ ရှိတတ်တယ်။ သေချာလေ့လာကြည်ရှုဖို့တော့ လိုတယ်''

''အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်''

''ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးပေါ့ဗျာ။ ဒါပေမယ့် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင် အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ ဈေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာတယ်''

''ပြေစာနဲ့ ငွေသွင်းပြီးရရှိထားတဲ့ မြေကွက်ဆိုတာလည်းရှိသေးတယ်လို့ ပြောတယ်။ ဘယ်လိုကွာခြားပါသလဲ''

''ရှင်းရမယ်ဆိုရင်တော့ ပထမဆုံး စလစ်မြေဆိုတာကို စတင်ပြီး ဆွေးနွေးရမယ်ထင်တယ်''

''ဟုတ်ကဲ့ ဆရာ၊ ဗဟုသုတအဖြစ် ပြောပြပါဦး''

စလစ်မြေ

စလစ်မြေဆိုတာ အစောက ပြောခဲ့သလို သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။ အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်တယ်''

မြေကွက်တန်ဖိုးသွင်းထားသည့် ပြေစာရှိမြေကွက်

''နိုင်ငံတော် အစိုးရသက်ဆိုင် ရာဝန်ကြီးဌာန၏ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဌာန သို့မဟုတ် သက်ဆိုင်ရာ မြေနေရာချထားရေးကော်မတီတို့မှ အကွက်ရိုက်ဖော်ထုတ်ထားသော မြေကွက်များကို တန်ဖိုးသတ်မှတ် ရောင်းချသော မြေကွက်ဖြစ်ပါတယ်။ ဝယ်ခွင့်ရသူက သက်ဆိုင်ရာဌာနသို့ မြေတန်ဖိုးသွင်းပြီး ရရှိထားသည့် ပြေ စာရှိ မြေကွက်ဖြစ်ပါတယ်။ အဲဒီမြေကွက်များကိုလည်း အရပ်စာချုပ် (မြေအရောင်းအဝယ်စာချုပ်) ချုပ်ဆို လွှဲပြောင်းရောင်းချနိုင်ပါတယ်။ အဆိုပါ အရောင်းအဝယ်အဆင့်ဆင့်မြေ အရောင်းစာချုပ်ကို ပြသပြီး နောက် ဆုံးလက်ဝယ်ရှိသူက သက်ဆိုင်ရာ မြေစာရင်းဌာန (ဥပမာ-မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာန မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန) တွေမှာ ပါ မစ်မြေအဖြစ် လျှောက်ထားရယူရမှာ ဖြစ်ပါတယ်။ ထိုမှဂရန်မြေအဖြစ် ဆက် လက်လျှောက်ထားရမှာဖြစ်တယ်''

ပါမစ်မြေ

''ပါမစ်မြေဆိုသည်မှာ အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်ချပေးထားသည့် မြေအမျိုးအစားဖြစ်ပါတယ်။ မိသားစု ဓာတ်ပုံနှင့်တစ်ကွ ထုတ်ပေးထားသော ပါမစ်စာရွက်ဖြစ်တယ်။ အဲဒီပါမစ်မြေကိုလည်း မြေအရောင်းအဝယ် ကတိစာချုပ် (အရပ်စာချုပ်) နဲ့ ချုပ်ဆိုပြီး အဆင့်ဆင့်လွှဲပြောင်း ရောင်းချလေ့ရှိပါတယ်။ နောက်ဆုံး လက် ရောက်ရယူဝယ်နေသူက မြေချ ပါမစ်စာရွက်စာတမ်းမူရင်းအပါအဝင် အဆင့်ဆင့်ဝယ်ယူထားသော အရောင်း အဝယ်စာချုပ် မူရင်းများ တင်ပြပြီး သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ဂရန် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းဆိုပါက ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ လျှောက်ထားရမှာဖြစ်ပါတယ်'

ဂရန်မြေ

နှစ်ကာလအပိုင်းအခြားအလိုက် နိုင်ငံတော်မှ အငှားချထားတဲ့မြေဖြစ်တယ်။ နှစ် ၃ဝ ၊ နှစ် ၆ဝ၊ နှစ် ၉ဝ မြေငှားစာချုပ် (ဂရန်စာချုပ်) ကို သက်ဆိုင်ရာမြေယာ စီမံခန့်ခွဲရေးဌာနမှ ထုတ်ပေးတဲ့ စာရွက်စာတမ်း အမျိုး အစားဖြစ်တယ်။ လွှဲပြောင်းရောင်းချနိုင်တယ်။ တရားဝင်ဥပဒေနဲ့အညီ လွှဲပြောင်းရောင်းချမယ်ဆိုရင် သက်ဆိုင် ရာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုရောင်းဝယ်မှသာ ဝယ်သူအနေဖြင့် ဥပဒေနှင့်အညီ ပိုင်ဆိုင် သူဖြစ်လာမှာဖြစ်တယ်။ အရပ်စာချုပ်နဲ့ ချုပ်ဆိုရောင်းဝယ်မယ်ဆိုရင်တော့ ဝယ်သူအနေနဲ့ ပိုင်ဆိုင်ခွင့် ရမှာမဟုတ်ပါဘူး။ ဒါကြောင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ မြေကွက်အမည်ပေါက်ပြောင်း လျှောက်ထားခြင်းဖြင့် ဝယ်သူမှာ ဥပဒေနှင့်အညီ ပိုင်ရှင်ဖြစ်လာမှာဖြစ်ပါတယ်''

''အချို့က ဝယ်ခွန်ဆောင်ရမှာစိုးလို့ မြေအမည်ပေါက်သူထံက ကိုယ် စားလှယ်လွှဲစာယူထားတာမျိုးရှိတယ်လို့ သိရတယ် ဆရာ''

''မှန်ပါတယ်။ ဒါက ရေတိုဖြေရှင်းနည်းဖြစ်တယ်။ ကိုယ်စားလှယ်လွှဲစာပေးအပ်ထားတဲ့ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားရင် ကိုယ်စားလှယ်စာလည်း ပျက်ပြယ်သွားပြီဖြစ်တယ်။ ဝယ်ရောင်းသမားကလွဲပြီး အမှန် တကယ်နေထိုင်မည့် သူဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုကာ မြေအမည်ပေါက်ပြောင်း လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်''

''ကျွန်တော်ဝယ်ဖို့ကြည့်ထားတဲ့ မြေကွက်က စလစ်စာရွက်ပဲရှိလို့ ဝယ်သင့်မဝယ်သင့် စဉ်းစားနေတာပါ ဆရာ''

''စလစ်၊ ပါမစ်၊ ဂရန်ဘယ်လို မြေကွက်ဖြစ်စေ၊ မြေကွက်တည်နေရာကို သေချာသွားရောက်ကြည့်ရှုပါ။ စာတမ်း တွေဟာ အမှန်အကန်ဟုတ် မဟုတ်ကို သက်ဆိုင်ရာ မြေယာရုံးခွဲတွေ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းဌာနတွေမှာ သေချာ စုံစမ်းပြီးမှ ဝယ်ပါ''လို့ အကြံပေးချင်ကြောင်း ရှင်းပြဆွေးနွေးခဲ့ပါသည်။

ထီယု(ဥပဒေအတိုင်ပင်ခံ)

03/02/2021

ကျေးရွာမြေ ၊ ပါမစ်မြေ ၊ ဘိုးဘပိုင်မြေ ၊ ဂရန်မြေအရေးကြီးပုံ ၊
ဂရန်မြေလျှောက်နည်း စသည်ဖြင့် ..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျေးရွာမြေ
======

မြို့နှင့်ကျေးရွာမြေ ပုဒ်မ ၄/၅ အရ မြို့မဟုတ်သည့် အိမ်ရာနေရာဆောက်လုပ်ရန် လျာထား သတ်မှတ်သည့် ဧရိယာနေရာကို ကျေးရွာဟု ခေါ်ပါသည်။ မြို့နှင့်ကျေးရွာမြေ ဥပဒေ ပုဒ်မ ၅ အရ ကျေးရွာတစ်ရွာ၏ နယ်နိမိတ်ကို သတ်မှတ်ပိုင်းခြားရန် နိုင်ငံတော်သမ္မတက "အမိန့်ကြော်ငြာစာ” ထုတ်ပြန်ရမည်ဟု ပါရှိပါသည်။ ဒါကြောင့် ရွာလူကြီးတို့လက်ညှိုးထိုးပြရုံမျှဖြင့် “ရွာမြေတိုးချဲ့ခြင်း" ဖြစ်ပေါ် မလာနိုင်ပါ။ “မြို့နယ် ထွေအုပ်/လယ်စီစာရင်း ဌာနကိုသွား၍ မေးမြန်းစုံစမ်းခြင်းဖြင့် အတည်ပြုချက် ရယူသင့်ပါသည်။ တရားဝင် “ကျေးရွာမြေ (သို့) ရွာမြေ" တို့ကို စီမံချက်အရ “ကျေးရွာဂရန်” လျှောက်ထားခွင့် ရှိပါကြပါသည်။

ပါမစ်မြေ
=====

နိုင်ငံတော်က ခန့်အပ်သော “အခွန်တော်အရာရှိ” (ခရိုင်အုပ်ချုပ်ရေးမှူး)က ခွင့်ပြုထုတ်ပေးမှသာလျှင် လိုင်စင်/ပါမစ်မြေစသည်တို့ကို သုံးစွဲခွင့်ရရှိပါမည်။ (မြို့ကျေး - ၁၆/ခ) သုံးစွဲခွင့်၊ နေထိုင်ခွင့်ရှိပါသည်။ သို့သော် “ဂရန်မြေ” မဟုတ်သေ းပါ။ “ဂရန်မြေ” ဖြစ်ရန် ဆက်လက် လျှောက်ထားရပါဦးမည်။ လိုင်စင်/ပါမစ်မြေတို့တွင် လည်း သက်တမ်းရှိကြပါသည်။ သက်တမ်းမကုန်မီ ဂရန်လျှောက် ထားနိုင်ပါသည်။ သက်တမ်းကုန်ဆုံးလျှင် ပြန်လည်အပ်နှံရမည်ဟူသော ကန့် သတ်ချက်ရှိပါသည်။ ပါမစ်မြေ ခွင့်ပြုချထားသည့် စာရွက်တွင် အရောင်းအဝယ် မပြုလုပ်ရဟုရေးသား ထားပါသည်။ အရောင်းအဝယ် ပြုလုပ်နေကြသည်ကိုလည်း တွေ့ဖူးပါသည်။ ရောင်း/ဝယ် လျှင် အခွန်အခမည်သို့ ဆောင်ရမည်ဟုဖော်ပြထားသည်များလည်း ရှိတတ်ပါသည်။

ဂရန်မြေ
====

လူနေထိုင်ရန်အတွက် “မြေ”ကို အစိုးရက “ငှားရမ်း” လျှင် “ဂရန်မြေ” ကိုရပါမည်။ အမွေပေးပိုင်ခွင့်ရှိသော “သုံးစွဲခွင့်၊ နေထိုင်ခွင့်” ကိုရပါသည်။ ၄င်းကို မြေ ပိုင်ရှင်အခွင့်အရေး (သို့) Land holder’s rights (သို့) လက်ဝယ် ထားပိုင်ခွင့် ဟုခေါ်ဆိုကြပါသည်။ နှစ်(၃၀) ၊ နှစ် (၆၀) မြေငှားစာချုပ် စသည့်ဖြင့် သက်တမ်းသတ်မှတ်၍ ငှား ပေးပါသည်။ အစိုးရကလွဲပြီး အခြားမည်သူကမှ ထိုကဲ့သို့ ဂရန်ချထားပေးပိုင်ခွင့်မရှိပါ။ “ဂရန်မြေ” ရရှိသူသည် “ဂရန်စာချုပ်” ပါစည်းကမ်းများအတိုင်း နေထိုင်ရပါသည်။ သက်တမ်းမကုန်မှီ (၃)လအလိုမှစ၍ သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ လူနေရန်အတွက် မြေတစ်ကွက်၏ တန်ဖိုးကို “ဂရန်” ရနိုင်မည် / မရနိုင်ဟူသော အချက်ဖြင့် ဆုံးဖြတ်ရပါသည်။ ဂရန်မြေကွက်ကို ရောင်း/ဝယ်လျှင် မှတ်ပုံတင်စာချုပ်ဖြင့် ပြုလုပ်မှသာ တရား ဝင်ပါသည်။ ဂရန်မြေ ကိုငှားရမ်းနိုင်ခွင့် နှင့် ဘဏ်တွင် ပေါင်နှံခွင့်တို့လည်း ရှိပါသည်။

ဘိုးဘပိုင်မြေ
=======

ဘိုးဘွားမိဘ လက်ထက်မှစ၍ ဓားမဦးချပိုင်ဆိုင်လာသော မစိုက်ပျိုးသည့် မြေကို “ဘိုးဘပိုင်မြေ” ဟုခေါ်ဆို ပါသည်။ (၉၂၉၊ ၁၈၉၉) စနစ်တကျ မြို့မြေကွက်များ ဖော်ထုတ်ရောင်းချခဲ့စဉ်က “ဝယ်ယူ” ပိုင်ဆိုင် ခဲ့ကြသော မြေတို့ကို “မြေပိုင်မြေ” ဟုခေါ်ပါသည်။ “လက်ဝယ်ထားပိုင်ခွင့်” (Land holder’s rights) ရှိကြပါသည်။ မြို့နှင့် ကျေးရွာမြေ ဥပဒေ ၁၆(က) အရ ယခုအခါတွင် “မြေ” ကိုနိုင် ငံတော်က “ဂရန်စာချုပ်” ဖြင့် အငှားချထားမှသာ လျှင်“လက်ဝယ်ထားပိုင်ခွင့်” ကိုရကြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၇အရနိုင်ငံတော်သည် မြေအား လုံးတို့၏ ပင်ရင်းပိုင်ရှင်ဖြစ်ပါသည်။ လက်တွေ့တွင် “ဘိုးဘပိုင်”မြေကို ရောင်း၊ ဝယ်၊ ခွဲစိပ်၊ တိုက်ဆောက်လိုလျှင် “ဂရန်မြေ” လုပ်ထုံး လုပ်နည်းများအတိုင်းပင် ဆောင်ရွက်ကြရပါသည်။

ဂရန်လောင်းများ
========

ပိုင်ဆိုင်သူက လျှောက်ထားခဲ့လျှင် “ဂရန်” ရနိုင်မည့်မြေများကို ဂရန်လောင်းများဟုခေါ်ပါသည်ည်။ အခွန်တော် အရာရှိက ခွင့်ပြုထုတ်ပေးထားသော ပါမစ်၊ လိုင်စင်၊ စလစ် စသည့်မြေများ။ “ဂရန်မြေ မှသက်တမ်းလွန်နေခြင်း၊ စည်းကမ်းဖောက်ဖျက်ခြင်းကြောင့်ဖြစ်လာရသည့် “စကွာတာမြေ"များ။ စနစ်တကျ မြို့ကွက်ဖော်ထားသည့် မြို့ကွက်အတွင်း ကျူးလွန်သုံးစွဲထားကြသည့် စနစ်တကျ ကျူးကျော်မြေများ၊ လယ်ယာမြေမှ အခြားနည်းသုံးခွင့် ရရှိထားပြီဖြစ်သည်ည့်မြေများ။ လယ်ယာမြေတွင် အကျုံးမဝင်သော လက်မှတ်ရှိ မြေများ။ သမ္မတ ၏အမိန့်ကြော် ငြာ စာ ဖြင့် ထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်သော “ရွာမြေများ" သည် “ဂရန်လျှောက်ထားခွင့်" ရှိကြပါသည်။

ဂရန်အသစ်လျှောက်ထားနည်း
===============

လျှောက်ထားလိုသူသည်

* မြန်မာ(သို့) ဧည့်နိုင်ငံသားဖြစ်ရပါမည်။

* (၁၈) နှစ်ပြည့်ပြီးစိတ်ပေါ့သွပ်သူမဖြစ်ရပါ။

* မြေကိုပိုင်ဆိုင်သည့်စာချုပ်စာတမ်း တင်ပြနိုင်ရပါမည်။

* “မြေခွန်” ကြွေးကျန်ကင်းရှင်းရပါမည်။

* ဂရန်မြေအဖြစ် “ငှားရမ်းခ”ကို ပေးဆောင်နိုင်သူဖြစ်ရပါမည်။

* မိမိပိုင်ဆိုင်သော“မြေ သည်လူနေခွင့်ရှိသည့်မြေဖြစ်ရမည်။ (ဥပမာ၊ လယ်ယာမြေမဖြစ်ရ)

- နိုင်ငံတော်မှအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်ထားပြီး ဖြစ်သောရွာမြေ (သို့)

- လယ်ယာမြေမှ “အခြားနည်းသုံးစွဲခွင့် ရရှိပြီးသောမြေ (သို့)

- စည်ပင်သာယာရေးကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ (သို့)

- စည်ပင်သာယာရေးကော်မတီ အမည်ပေါက်ရရှိပြီးသောမြေ (သို့)

- စည်းကမ်းဖြင့်ယာယီသုံးစွဲခွင့်ရသော “လိုင်စင်မြေ" (သို့)

- စည်းကမ်းဖြင့်ဆောက်လုပ်နေထိုင်ခွင့်ရသော “ ပါမစ်မြေ" (သို့)

- ဂရန်သက်တမ်းကုန်/ စည်းကမ်းဖောက်ခဲ့သည့် “စကွာတာမြေ" (သို့)

- လူနေရပ်ကွက်အတွင်း “စနစ်တကျကျူးလွန်ခြင်းမြေ" (သို့)

- ဂရန်ချထားပေးရန် “စီမံချက်ရှိပြီးမြေ” တို့အနက် တစ်ခုခုဖြစ်ရပါမည်။

ဂရန်မြေအရေးကြီးပုံ
==========

ကိုယ်နေဖို့“မြေ ဝယ်မယ်ဆိုလျှင်“ဂရန်” ရှိပြီးသားမြေကိုသာဝယ်ပါ။ (သို့) “ဂရန်” လျှောက်ထားလို့ ရနိုင်မည့် မြေမျိုးကိုဝယ်ပါ။ဥပမာ“ပါမစ်မြေ"။ “ဂရန်” ရှိသောမြေကိုပိုင်ဆိုင်မှသာလျှင် “၆ထပ်ခွဲ” နှင့်အထက်မြင့်သော တိုက်တို့ကို ဆောက်လုပ်ခွင့်ရကြမှာပါ။ တိုက်ခန်းဝယ်ပြီး နေလျှင်လည်း ထိုတိုက်ခန်းတည် ရှိတဲ့ “မြေ” ကို ပိုင်တဲ့ “ဂရန်ပိုင်ရှင်” လက်မှတ်ရဘို့က အရေးအကြီးဆုံးပါ။ သင်ရဲ့မြေကွက်က “ဂရန်အမည်ပေါက်” ဆိုရင် ဘဏ်မှာ ပေါင်နှံခွင့်ရှိပါတယ်။ ဂရန် မြေကိုဝယ်လျှင်တော့ မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ဝယ်မှသာ တရားဝင် အမည်ပေါက် ပိုင်ဆိုင်မှာပါ။

“ဂရန်အမည်ပေါက်”မြေ
============

၁။ ဂရန်စာချုပ်ပျောက်လျှင်

၂။ ပျက်စီးခဲ့လျှင်

၃။ သက်တမ်းကုန်လျှင် ပြန်လည်လျှောက်ထားရယူနိုင်ပါသည်။

၄။ ဂရန် သက်တမ်းမကုန်ဆုံးသေးတဲ့ သင့်မြေကွက်ကို ဂရန်ခွဲစိပ်လိုလျှင် အနည်းဆုံး ၂၀ ပေ x ၆၀ ပေခွဲရပါမည်။ အနည်းဆုံး ၂၀ ပေ × ၆၀ ပေကျန်ခဲ့ပါမည်။ တရားဝင် ခွဲရောင်းလို့လဲရတယ်လို့ ဆိုလိုခြင်းဖြစ်ပါသည်။

ဂရန်မြေ၏ ပိုင်ရှင် “မရှိ”လဲ မှတ်ပုံတင်နိုင်ပါသည်။ “မရှိသူ”ကို တရားစွဲပါမည်။ ပစ္စည်းလွှဲ - ၅၅(၁) (ဃ) အရ မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် “မရှိသူ”ကိုတရားစွဲပါမည်။ “မရှိသူ”မလာတော့ကိုယ်နိုင်ပြီဖြစ်လာပါသည်၊ တစ်ဖက်သတ် စစ်ဆေးခြင်း (Exparty)ဟုလည်းခေါ်ပါသည်။ အနိုင်ဒီကရီသည် ”စာရွက်”သာ ဖြစ်နေပါသည်။ “စာရွက်” သည် အလုပ်မလုပ်နိုင်ပါ၊ “လူ” ဖြစ်လာဖို့လိုပါသည်။ ထို့ကြောင့် “ဇာရီမှု” ဖွင့်မှ “လူ” ဖြစ်လာပါမည်။ ထိုသို့ဖွင့်လိုက်သော “ဇာရီမူ” အရ “တရားရှုံး၊ ဂရန်ပိုင်ရှင်” ကိုယ်စား လူ (၁)ဦး ခန့်ခွင့်ရပါပြီ။ “မရှိသူ” ကိုယ် စား ဘိလစ်စာရေးကြီးကို ခန့်ထားပါသည်။ တရားရုံးမှ “ဘိလစ်စာရေးကြီး” အား ခန့်လေ့ ရှိကြသောကြောင့် ဖြစ်ပါ သည်။ “ဂရန်ပိုင်ရှင်” အစားရလာပါပြီ။ ဘိလစ် စာရေးကြီးက အကုန်လုပ်ရပါတော့မည်၊ “မရှိသူ” ဂရန်ပိုင်ရှင် ကိုယ်စား ”ဘိလစ်စာရေးကြီး” ကမြေပုံထုတ်ခြင်း၊ ရာဖြတ်တင်ခြင်းမှစ၍ လိုအပ်သည်များကိုဆောင်ရွက်နိုင်ပြီး နောက်ဆုံးတွင်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် “မရှိသူ” ဂရန်ပိုင်ရှင် (ကိုယ်စား) လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆို ပေးပါလိမ့်မည်။ ဤတွင်လုပ်ငန်းပြီးပါသည်။

( ကြည်စိုး IC ပို့ချချက်များမှ ရယူပြင်ဆင်ရေးသားပါသည် MMH )

Credit: ဆရာ ဦးမျိုးမင်းထွန်း 🙏🥰🙏

03/02/2021

အိမ်ခြံမြေအားမေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုမည့်သူများအတွက်++++++++++++++++++++++++++++++++++++++

* မိခင်၊ဖခင် မှ သားသမီးများ
* အကို၊အမ မှ ညီ၊ညီမ သို့ပေးကမ်းလိုသော
သူများအတွက်လမ်းညွန်

၁--မေတ္တာဖြင့်ပေးကမ်းခြင်း‌မြေပုံ၊‌‌_______________________
-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မိမိပိုင်ဆိုင်သော ဂရန်‌မြေ၊မြေပိုင်‌။ ‌‌ေမြများကိုအထောက်ထားပြုပြီး မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံမြေရာဇ၀င်လျောက်ထားကူးယူရပါမည်။ကြာချိန် ၃၀ ရက်။

လိုအပ်သောစာရွက်စာတမ်များ
*မိမိတို့ပိုင်ဆိုင်သောဂရန်၊‌မြေပိုင်‌ မူရင်း၊မိတ္တူ
*မှတ်ပုံတင် မူရင်းမိတ္တူ
*မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။
*ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ။

၂-မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်တန်ဖိုးသတ်မှတ်ခြင်း
___________________________________________
မေတ္တာဖြင့်ပေးကမ်းခြင်း‌‌မြေပုံရပါကမိမိတို့နေထိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနသို့သွားရောက်ထွက်ဆိုချက်ပေးရပါမည်။

လိုအပ်သောစာရွက်စာတမ်းများ
* ပေးလိုသောမြေ၊အိမ်ဓါတ်ပုံ
*မေတ္တာဖြင့်ပေကမ်းသည့်စာချုပ်
*မေတ္တာဖြင့်ပေကမ်းခြင်းမြေပုံမြေရာဇ၀င်
*မိမိတို့ပိုင်ဆိုင်သောဂရန်၊‌မြေပိုင်‌
*ပေးသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
*လက်ခံသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
*မိခင်၊ဖခင်၊အကို၊အမတော်စပ်ကြောင်းကျမ်းကျိန်
*အဖိုးစားနားရယူခြင်းမရှိ၊မိမိပိုင်သော၊စီမံခန့်ခွဲလျက်ရှိသောကျမ်းကျိန်လွှာ( ပေးသူမှကျိန်ရပါမည်,)
*မိခင်ဖခင်မှ သားသမီးများရှိသည့်အနက် တစ်ဦးတည်းသာပေးပါက ကျန်မောင်နှမများ သဘောတူသိရှိ‌‌ကြောင်း၊ကန့်ကွက်ရန်မရှိကြောင်း တစ်ဦးချင်းစီမှကျန်းကျိန်တစ်စောင်ချင်းစီ(မောင်နှစ်မငါးယောက်ဆို ကျမ်းကျိန်ကုန်ကျစားရိတ်နဲ့သွားပြီ၊အချက်လက်များ၊မှတ်ပုံတင်နံပါတ်များမမှားစေရန်သတိပြုပါ)
*ပေးသူ၊ယူသူခံ၀န်ချုပ်(အခွန်ရုံးမှာနမူနာတောင်းကြည့်နိုင်ပါတယ်၊၊)
*စာချုပ်ပါ သက်သေနှစ်ယောက် နဲ့ မှတ်ပုံတင်မူရင်း

အထက်ဖော်ပြပါ အားလုံးစုံလျင်၊စာရွက်စာတမ်းများအားမိတ္တူ(၃)စုံဆွဲပါ၊မူရင်းများအားလုံးနှင့် ပေးသူ၊ယူသူ၊အသိသက်သေများ၊ကြောင်းကျမ်းကျိန်ထားသူများပါလိုက်သွားရပါမည်။အခွန်ရုံးရှိသက်ဆိုင်ရာအရာရှိထံမှန်ကန်‌ေကြာင်းထွက်ဆိုချက်ပေး၊လက်ပွေနှိပ်၊ဓါတ်ပုံရိုက်မှတ်တမ်းတင်တာ၀န်ကျအရာရှိမှလုပ်ပါသည်၊(တချို့ရုံးမှာတော့ဓါတ်ပုံမရိုက်ပါ၊၊)တခါတရံတာ၀န်ကျအရာရှိ အစည်းဝေးသွားခြင်း၊ကွင်းဆင်းသွားခြင်းများရှိပါတယ်၊၀န်ဆောင်မူ့ပေးသူအ‌ေနဖြင့်အရာရှိနှင့်ကြိုတင်ချိန်းထားသင့်ပါတယ်။

*၂/၃ပတ်ခန့်ကြာလျင်ခွင့်ပြုမိန့်ကျပါပြီ၊တံဆိပ်ခေါင်းခွန်၄%ချလံအခွန်ရုံးတွင်ယူပြီး၊သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းပါ၊ဘဏ်မှ‌ေငွသွင်းချလံတပိုင်းပြန်ပေးပါမည်၊အဆိုပါ‌ချလံဖြင့်အခွန်ရုံးပြန်သွားပြီးတံဆိပ်ဂေါင်းထုတ်ပါ။

၃-စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခြင်း
__________________________________________
အဆိုပါတံဆိပ်‌ခေါင်းများရပါက ရန်ကင်းမြို့နယ်ရှိ၊စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပံုတင်ခ
0-5%( အခွန်ရုံးမှသတ်မှတ်သည့်တန်ဖိုးရဲ့0-5% /သိန်း100လျင်50000နုန်း၊)ထပ်မံထမ်းဆောင်မှတ်ပုံတင်ရပါမည်။
*လိုအပ်သောစာရွက်စာတမ်းများ
*ပိုင်ဆိုင်မူ့အထောက်ထား(ဂရန်၊အမည်ပေါက်စာချုပ်)
*ဘဏ်ငွေသွင်းထားသည့်ချလံ
*တံဆိပ်ဂေါင်း၊4%နှင့်မေတ္တာပေးစာချုပ်၊မေတ္တာပေးေမြပုံတွဲချုပ်
*သက်သေနှစ်ယေက်နှင့်မှတ်ပုံတင်မူရင်း
*ပေးသူ၊ယူသူ နှင့်မှတ်ပုံတင်မူရင်း
*အစိုးရရုံးဖွင့်ရက်တိုင်း နံနက်၉:၀၀မှစတင်မှတ်ပုံတင်ပေးပါသည်။
*မှတ်ပုံတင်စာချုပ်မှာ(၃) ပတ်နေလျင်ပြန်ရွေးရပါမည်

၄-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မြေအမည်ပြောင်းဆောင်ရွက်ခြင်း
____________________________________________
လိုအပ်သောစာရွက်စာတမ်များ
*မိမိတို့ပိုင်ဆိုင်သောဂရန်၊‌မြေပိုင်‌ မူရင်း၊မိတ္တူ
*မေတ္တာဖြင့်ပေးကမ်းခြင်းစာမှတ်ပုံတင်စာချုပ် မူရင်း၊မိတ္တူ
*လက်ခံရရှိသူမှတ်ပုံတင် မူရင်းမိတ္တူ
*မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။
*ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ
အမူ့တွဲဖွင့်ပြီး၄၅ရက်ကြာရင်အမည်ပြောင်းလို့ပြီးပါပြီ။

လက်ရှိဆောင်ရွက်နေသည့်အကြောင်းအရာများပါ။တခါတရံ ရုံးတွင်းညွန်ကြားချက်များကြောင့်အပြောင်းလဲရှိနိုင်ပါတယ်။

လေးစားစွာဖြင့်မျှဝေခြင်းပါ

UTZ law firm

03/02/2021

"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်
လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်လောကတွင်
အိမ်၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ
ရောင်းသူ ဝယ်သူများမှာ မြေကွက်ဖြစ်စေ၊
မြေနှင့် အိမ်ဖြစ်စေ၊
တိုက်ခန်းဖြစ်စေ၊
ယင်းမြေနှင့်အိမ်၊ တိုက်ခန်းတို့နှင့်
ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စုံစမ်းကြလေ့ရှိသည်။

အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ စိုးရိမ်သည့်
အတွက် စေ့စပ်သေချာအောင် ဆောင်ရွက်ကြခြင်း
ဖြစ်သည်။

ယင်းသို့ တက်စွမ်းသလောက် လေ့လာသည့်ကြားမှာပင်
မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့
ရှိကြသည်။

မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး တစ်ဦး
ကျွန်ုပ်ထံ ရောက်လာသည်။

သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု-အစစ် သိလို၍
ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့
သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ
မှန်ကန်ကြောင်း သိခဲ့ရသည်။

ထိုမျှနှင့်အားရကျေနပ်မှုမရှိသဖြင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင်လည်း
နာမည်ပေါက်မှန်ကန်မှု ရှိ / မရှိ သွားရောက် စစ်ဆေးရာ
အမည်ပေါက်မှန်ကန်ကြောင်း ပြန်ကြားစာ ရရှိခဲ့သည်။

ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိအမည်ပေါက်
ဖြစ်ရန် နှစ် ၆၀ ဂရန်သစ်ထုတ်ပေးရန် မြေယာဌာနတွင်
လျှောက်ထားခဲ့သည်။

ပါမစ်မှ ဂရန်သစ်လျှောက်ထားပြီး ၁၄ ရက်ခန့် အကြာတွင်
ယခင်က မူလ အမည်ပေါက်ပိုင်ရှင်က ၂၀၁၀ ခုနှစ်က
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ရှိ၍ ရှင်းလင်းရန်
စည်ပင်မြေယာဌာနမှ အကြောင်းကြားစာ ရောက်လာ
သဖြင့် ဘယ်လိုဆောင်ရွက်ရမည်မသိ၍ ကျွန်ုပ်ထံ
ရောက်လာ မေးမြန်းခြင်း ဖြစ်သည်။

ဒီလို ဂရန်သစ် လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင်
ဂရန်လျှောက်သူနှစ်ဦး ပေါ်တတ်ကြောင်း သိရသည်။

ယင်းသို့ဖြစ်ရခြင်းမှာ မူလ ဂရန်သစ်လျှောက်ထားသူ က
လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံးနေရန်
ရည်ရွယ်၍ ဂရန်သစ်လျှောက်ထားသည်ကို တွေ့ရသည်။

နောက်ပိုင်းတွင် မိသားစု စီးပွားရေး အတွက် ဖြစ်စေ၊
စျေးကောင်းရ၍ပြန်ရောင်းရသည့်အခါမျိုးတွင် ဖြစ်စေ၊
မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန်
မေ့နေတက်ကြသည်။

"ဂရန် မထုတ်ရသေးတာပဲ၊ အရေးမကြီးပါဘူးလေ"
ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတတ်ကြသည်။

ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း
မိမိလျှောက်ထားခဲ့သည့် ဂရန်အသစ်အမှုတွဲမှာ အရေးမပါဟု
ယူဆကြသဖြင့် မြေကွက်အရောင်းအဝယ်လုပ်သည့် အခါ
မိမိထံမှ ဝယ်ယူသူကို ဂရန်သစ်လျှောက်ထားသည့်
အကြောင်း မပြောဘဲ နေခဲ့မိသည်။

ထို့အတူ
"ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက် အမှုတွဲအမှတ်
ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်ပုံစံလျှောက်လွှာ"
တို့ကိုပါ ပေးအပ်ရန် မေ့တတ်ကြသည်။

"သတိမမူတော့ ဂူမမြင်၊ သတိမူတော့ မြူစင်၍ ဂူမြင်သည်"
ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံ မှ
ထပ်မံဝယ်ယူသူက ဂရန်သစ်လျှောက်သည့်အခါ ယခုလို
ဂရန်သစ်လျှောက်ထားသည့် မှတ်ချက်ကြီး က ပေါ်လာတော့
ဌာနက လာရောက်ရှင်းလင်းချက်ရေးသာတင်ပြပါဆိုပြီး
ခေါ်ယူတော့ စိတ်ညစ်စရာတွေနဲ့ ကြုံရတာပေါ့။

ဒီလို ကြုံရတဲ့အခါ မူလရောင်းသူအမည်ပေါက် သို့မဟုတ်
စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍
မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်
ခဲ့သည့် ဂရန်သစ်အမှုတွဲ ပိတ်သိမ်းပေးဖို့
အခြားသူတစ်ဦးဦးအား ရောင်းချထားခြင်းကြောင့်
မိမိလျှောက်ထားချက်ရုတ်သိမ်းကြောင်း
စာတင်ခဲ့ရတယ်။

ကိုယ်တိုင်လာရောက်အမှုပိတ်သိမ်းသူမှန်ကန်ကြောင်း
၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ်။

အမှုပိတ်သိမ်းတဲ့ အမှုတွဲတင်ပြချက်နှင့် အတူ ပိတ်သိမ်းသူရဲ့
မှတ်ပုံတင်မိတ္တူ၊ ပါမစ်မိတ္တူ တစ်စုံစီကို ပူးတွဲတင်ပြရတယ်။

အဲဒီတင်ပြချက်တွေကို အရာရှိရှေ့မှာ ဒီအတိုင်း ထားခဲ့လို့
မရဘူး။ ဝင်စာလက်ခံတဲ့သူထံမှာ တင်ခဲ့ ရတယ်။
အဲဒီဝင်စာလက်ခံသူက ဝင်စာအမှတ် ( ) နဲ့ နေ့စွဲကို
ပြောပြတယ်။

ဥပမာ ဝင်စာအမှတ် ၉၉၉/ နေ့စွဲ ၂၉-၅-၂၀၁၄ လို့ပြောရင်
မှတ်သားထားရတယ်။ အဲဒီဝင်စာအား ဂရန်သစ်
လျှောက်ထားတဲ့မြေကွက်ပေါ်မှာ ရှိတဲ့ မှတ်ချက်ကို
ဖျက်ပေးလိုက်တယ်။

အဲဒီအခါမှ ဂရန်သစ်လျှောက်ထားသူအတွက်
- ဌာနက မြေတိုင်းကွင်းဆင်းစစ်ဆေးခြင်း
- သတင်းစာကြော်ငြာပေးခြင်း၊
- ဂရန်သစ်ထုတ်ပေးသည့်ဘုတ်အဖွဲ့သို့ တင်ပြခြင်း၊
- ခွင့်ပြုချက်ရလျှင် မြေကွက်တန်းဖိုး ငွေသွင်းခြင်း၊
ယင်းနောက်
- တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ်ရေးထိုးပေးပြီး
- ဂရန်သစ်ထုတ်ပေးဖို့ အဆင်သင့်ဖြစ်တဲ့နေ့မှာ
လျှောက်ထားသူထံကို အကြောင်းကြား ပါတယ်။

ရုံးက အကြောင်းကြားစာရောက်မလာမီ မိမိကိုယ်တိုင်
မြို့တော်ခန်းမမှာ မကြာခဏ သွားစုံစမ်းလို့လည်း
ရပါတယ်။

မြတ်ဗုဒ္ဓ ဟောတယ်မဟုတ်လား။
"အတ္တာဟိ..အတ္တနော နာထော" တဲ့လေ။
"ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ" ဆိုတော့ အမြန်ရအောင်
ခဏခဏ သွားစုံစမ်းပေါ့။

ဤသို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို
ကျွန်ုပ်က ပြောပြလိုက်သည့်အခါ လာရောက်မေးသူ
အမျိုးသမီးမှာလည်း သဘောပေါက်နားလည်ပြီး
ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည်။

credit - Shwe Sethtagan Journal

Address

No. 5, Witike Kyune Street
Myeik

Opening Hours

Monday 09:00 - 17:59
Tuesday 09:00 - 17:59
Wednesday 09:00 - 17:59
Thursday 09:00 - 17:59
Friday 09:00 - 17:59
Saturday 09:00 - 17:59
Sunday 09:00 - 17:59

Telephone

09260336272

Website

Alerts

Be the first to know and let us send you an email when KSL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KSL:

Share