Kalyar Htwe Digital Business

Kalyar Htwe Digital Business Right and Smart Business

29/04/2025
စကားကြမ်းကြမ်း ပြော တတ်တဲ့ လူရဲ့ ရင်ထဲမှာ သိမ်မွေ့တဲ့ နှလုံးသားရှိ တယ်။ ဒေါသတကြီး ပြောတတ် တဲ့ လူရဲ့ ရင်ထဲမှာ စေတနာတရားတွ...
27/04/2025

စကားကြမ်းကြမ်း ပြော တတ်တဲ့ လူရဲ့
ရင်ထဲမှာ သိမ်မွေ့တဲ့
နှလုံးသားရှိ တယ်။
ဒေါသတကြီး ပြောတတ် တဲ့ လူရဲ့ ရင်ထဲမှာ
စေတနာတရားတွေရှိ တယ်။
မဟုတ်မခံ ပြောတတ်တဲ့ လူရဲ့ ရင်ထဲမှာ
အမှန်တရားတွေရှိတယ်။

☘️🤍🍂

ဒေါသထွက်တဲ့အခါ 😡😭မျက်ရည် အရင်ဆုံးကျတယ်မဟုတ် မမှန် ပြောခံထိတဲ့အခါပြန်တုံ့ပြန်ချင်စိတ်ကို ထိန်းရဖို့မျက်ရည် အရင်ဆုံးကျတယ် ...
18/03/2025

ဒေါသထွက်တဲ့အခါ 😡😭
မျက်ရည် အရင်ဆုံးကျတယ်

မဟုတ် မမှန် ပြောခံထိတဲ့အခါ
ပြန်တုံ့ပြန်ချင်စိတ်ကို ထိန်းရဖို့
မျက်ရည် အရင်ဆုံးကျတယ် 😖😭

တစ်ဦးတစ်ယောက်ကိုနာကျဉ်းလွန်းလို့
ကိုယ်ထိလက်ရောက် လုပ်ချင်စိတ်ကို
မျိုသိပ်လိုက်ရလို့
မျက်ရည် အရင်ဆုံးကျတယ် 😖😭

အလုပ်တွေ ပင်ပန်းလွန်းလို့ ဘေးမှာကူသူမဲ့ စိတ်အားငယ်မိတိုင်း
မျက်ရည် အရင်ဆုံးကျတယ် 😌😭

ဝမ်းနည်းတဲ့အခါ 😢😭
မျက်ရည် အရင်ဆုံးကျတယ်

လွမ်းတဲ့အခါ 😭
မျက်ရည် အရင်ဆုံးကျတယ်

သူတစ်ပါးကို ကိုယ်စိတ် ဒုက္ခ မပေးချင်လို့ ကိုယ့်စိတ်ကိုယ် ထိန်းတဲ့မျက်ရည်မို့

#မျက်ရည်လွယ်လိုက်တာလို့ပြောလည်းခံရုံပေါ့ရှင် 😔

အမေက ပြောတယ်မင်းကို တကယ်ချစ်တဲ့သူကမင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့ အဲ့ဒီစကားကို ကြားရပြီးကတည်းက လူတစ်ယောက်က လိုတာထက်ပိုပ...
16/03/2025

အမေက ပြောတယ်

မင်းကို တကယ်ချစ်တဲ့သူက

မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့

အဲ့ဒီစကားကို ကြားရပြီးကတည်းက လူတစ်ယောက်က လိုတာထက်ပိုပြီး ကိုယ့်ကို စိတ်ညစ်စေရင် ဒီလူဟာ ကိုယ့်ကို တကယ် မချစ်တာပါလားဆို တဲ့ အသိကလေးပါ ဒွန့်တွဲပြီး ဝင်လာတယ်

ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်က သူ့အတွက်နဲ့ ကိုယ့်ကို စိတ်ညစ်ရအောင် မလုပ် ဘူး

စိတ်ညစ်အောင်လည်း မထားဘူး။ အမြဲကိုယ်ပျော်ဖို့ပဲ လိုက်လျောပေးတဲ့ လူစား မျိုးပေါ့

ကိုယ့်ကို မျက်ရည်ကျစေတဲ့သူဟာ ကိုယ်ချစ်ရတဲ့သူဖြစ်ပြီး ကိုယ့်မျက်ရည်ကို နားလည်တာကတော့ ကိုယ့်ကို ချစ်တဲ့သူပဲ

လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်ပြောပြီး

နေ့စဉ်နှင့်အမျှ ဒူးနဲ့မျက်ရည်သုတ်ရအောင် လုပ် နေရင် သူပြောတဲ့ ချစ်တယ်ဆိုတာဟာ အလကားပဲ။

တကယ်ချစ်ရင် ပျော်အောင်ထား ။ လူတစ်ယောက်ကို ကိုယ့်ကြောင့် အမြဲပျော်ရွှင်အောင် လုပ်ပေး ။ ဒါမျိုးမှ တကယ် ချစ်တာ ..

စိတ်ညစ်စရာတွေ လာပေးတဲ့သူက တကယ်ချစ် တာလား ကိုယ့်ကို အမြဲပျော်အောင်ထားတဲ့သူက တကယ်ချစ်တာလားဆိုတာ ခင်ဗျားလည်း သိမှာပါ

အမေက အဖေ့ကို ဘာလို့ရွေးချယ်ခဲ့လဲ ဆိုတော့
အမေကအဖေကြောင့်တစ်ခါမှစိတ်မညစ်ရဖူး
ဘူးလို့ ဖြေတယ်

လူတစ်ယောက်ရဲ့ ချစ်တယ် ဆိုတာဟာ ကိုယ့်ကို ပျော်အောင်ထားခြင်းပါပဲ

ကိုယ့်ကိုယုံကြည်မှု့မရှိရင် ရှေ့ဆက်လက်မတွဲသင့်တော့ဘူး ကိုယ်ဘယ်လောက်ပဲကောင်းအောင်နေနေသူ့အတွက်ကဘယ်တော့မှကောင်းမှာမဟုဘူး
ပတ်ဝန်းကျင်စကားကိုယုံနေသ၍တော့ ဒီအချစ်က
ဘယ်လောက်ပဲချစ်နေပါစေ ရှေ့ဆက်အဆင်မပြေနိုင်ဘူး

လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ
ယုံကြည်မှု့မှမရှိရင် ဒီချစ်တယ်ဆိုတဲ့ စကားလုံးက
အလကားပဲလေ ဂရုစိုက်မှု့တွေမရှိတော့တဲ့အခါ
နွေးထွေးကြင်နာမှု့တွေ အလေးအနက်ထားမှု့တွေ
အနေဝေးတဲ့ချစ်ခြင်းတွေ သဝန်တိုမှု့တွေဘာတခုမှမရှိတော့တဲ့အခါ ဘာလုပ်မှာလဲ ဒါတွေကိုသည်းခံပေး နားလည်ပေးနေတဲ့တဖက်လူအတွက်တော့
ဒီချစ်တယ်ဆိုတဲ့စကားလုံးက အဓိပ်ပယ်ဘယ်ရှိတော့မလည်း ...

ဝဋ်ကြွေးရှိရင် ဒီဘဝဒီမျှနဲ့သာကျေပါရစေ
ယုံကြည်မှု့မရှိတဲ့ ချစ်ခြင်းမှလည်းဝေးပါရစေ
ဘဝတစ်ခုလုံးအတွက်ရည်ရွယ်ပြီးချစ်ခဲ့ပါတယ်
ဘယ်တတ်နိုင်မလဲ ဝဋ်ကြွေးရှိသလောက်ပဲပေါ့
ကံတရားကဝေးဖို့ကံပါလာရင် ဘာနဲ့တားတားမရနိုင်ဘူးလေ ကံစီမှန်ရာအတိုင်းရှေ့ဆက်ကြတာပေါ့

❤️🌹

မပြည့်စုံတဲ့ ဘဝမို့ ဖြစ်ချင်တာတွေနဲ့ဖြစ်သွားတာတွေက ထပ်တူမကျတဲ့အခါ စိ'တ် ပင်ပန်းရတာတော့အမှန်ပါပဲ..
14/03/2025

မပြည့်စုံတဲ့ ဘဝမို့ ဖြစ်ချင်တာတွေနဲ့
ဖြစ်သွားတာတွေက ထပ်တူမကျတဲ့အခါ
စိ'တ် ပင်ပန်းရတာတော့အမှန်ပါပဲ..

02/03/2025

စဉ်စားပြီးမှ ပြောရင်...
ရန်သူက မိတ်ဆွေဖြစ်လာနိုင်တယ်...

ပြောပြီးမှ စဉ်စားရင်...
မိတ်ဆွေက ရန်သူဖြစ်သွားနိုင်တယ် " တဲ့ ။

သိပ်တန်ဖိုးရှိတဲ့စကားလေးပဲ...
အရမ်းစဉ်းစားလို့ကောင်းတယ် ။

ဘာလို့လဲဆိုတော့...

တချို့က...
မစဉ်းစားပဲ ပြောချင်ရာပြောကြတယ် ။
တချို့က...
စဉ်းစားပြီးမှ ပြောသင့်တာပြောကြတယ်..။

ဒီနေရာမှာ....
နှလုံးသားကို ဦးစားပေးတဲ့သူက
ခံစားချက်အတိုင်း ပြောချင်ရာပြောချလိုက်တယ် ။

ဦးနှောက်ကိုဦးစားပေးတဲ့သူက အဲ့လိုမဟုတ်ဘူး...
ခံစားချက်ရှိရင်တောင် ပြောသင့်မှပြောတယ်..
ပြောသင့်တာပဲ ပြောတယ် ။

စကားအသုံးအနှုံးလည်း ကွာသလို
မိတ်ဆွေအပေါင်းအသင်းလဲကွာတယ် ။

လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုတွေကို
ကြည့်ခြင်းအားဖြင့်...
သူ့မှာ ရန်သူနဲ့မိတ်ဆွေ ဘယ်သူပိုများလဲဆိုတာ
သိနိုင်ပါတယ် ။

ဘာပဲဖြစ်ဖြစ်...
စိတ်ဆိုးစဉ်ခဏ ပြောလိုက်တဲ့အရာတိုင်းမှာ
ခံစားချက်တွေက ပြောင်းလဲသွားပေမဲ့
စကားလုံးတွေက ကျန်နေတတ်တယ် ။

ဒါ့ကြောင့်...
ဒီစာလေးဖတ်ပြီးတဲ့အခါ...
ခံစားချက်အတိုင်း ပြောချင်ရာ ပြောမိတတ်တဲ့
အကျင့်လေးတွေ ကိုယ့်မှာ ရှိနေတယ်ဆိုရင်...
အကောင်းဆုံးပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ကြတာပေါ့... ။



Address

Myeik

Website

Alerts

Be the first to know and let us send you an email when Kalyar Htwe Digital Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share