23/07/2026
လူကြီးမင်းတို့ solar တပ်ဆင် တော့မည် ဆိုလျှင် အခြေခံအားဖြင့် ဒါလေးတွေတော့ သေချာပေါက်ထည့်စဥ်းစား ရလိမ့်မည်။Solar စနစ် တပ်ဆင်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အဓိကအားဖြင့် အဆောက်အအုံကြံ့ခိုင်မှု၊ လျှပ်စစ်လုံခြုံရေးနှင့် ပစ္စည်းစနစ်တကျထားရှိမှု တို့ကို အထူးဂရုပြုရပါမည်။
ပထမဦးစွာ solar တင်မည့် အမိုး၏ အလေးချိန်ခံနိုင်ရည်နှင့် လေဒဏ်ခံနိုင်ရည်ကို သေချာတွက်ချက်ရမည်ဖြစ်ပြီး၊ လျှပ်စစ်အန္တရာယ်နှင့် မီးလန့်မှုမဖြစ်စေရန် မိုးကြိုးလွှဲစနစ် (Earthing)၊ လျှပ်စီးကြောင်းကာကွယ်သည့် SPD နှင့် နေပူဒဏ်ခံ DC Cable ကြိုးများကိုသာ စနစ်တကျ သုံးစွဲရပါမည်။ ထို့အပြင် Inverter နှင့် ဘက်ထရီများကို လေဝင်လေထွက်ကောင်းပြီး အေးမြသောနေရာတွင် ထားရှိကာ၊ အရေးပေါ်အခြေအနေများတွင် မီးစနစ်တစ်ခုလုံးကို အလွယ်တကူ ပိတ်နိုင်သည့် Main Switch နေရာကိုလည်း အိမ်သားတိုင်း သိရှိထားရပါမည်။ Standard မမီသော ပစ္စည်းများနှင့် အတွေ့အကြုံမရှိသူများကို ရှောင်ကြဉ်ပြီး ကျွမ်းကျင်ပညာရှင်များနှင့်တပ်ဆင်မှသာလျှင် မိမိတို့အတွက် လုံခြုံ စိတ်ချရသော solar system ကိုရရှိမည်ဖြစ်သည်။ ဤအချက်များ ကြောင့် လူကြီးမင်းတို့ကို Pi Solar Installation Service Center နဲ့ လက်တွဲ ဖို့ ပြောနေရခြင်းဖြစ်ပါသည် 🥰🥰🥰