Northern Myanmar-Solar

Call Website Contact the business

Northern Myanmar-Solar Solar Sales & Service (Group of Company)

နေအိမ်အတွက် ဆိုလာ/လျှပ်စစ်တပ်ဆင်မှုအတွက် (၉၀%) လုံ​လောက်တဲ့ ​နေရာပေးထားပီလား။ပြောရင်​တော့ ယုံနိုင်မလားဘဲ အခု နေအိမ်တော်​...
14/09/2026

နေအိမ်အတွက် ဆိုလာ/လျှပ်စစ်တပ်ဆင်မှုအတွက် (၉၀%) လုံ​လောက်တဲ့ ​နေရာပေးထားပီလား။

ပြောရင်​တော့ ယုံနိုင်မလားဘဲ အခု နေအိမ်တော်​တော်များများ က စတင်တပ်ဆင်ချိန်တုန်းက စနစ်ကျ​​​ကောင်း ကျနိုင်​ပေမယ့် အခုလို နှစ်ကာလအကြာမှာ တိုးလာမည့် ဝန်အား ၊ ထပ်တိုးချဲ့မည့် ​နေရာ ဘာဆို ဘာမှ မစီစဥ်ထား​တော့ တချို့ Panel ​တွေဆို ဖွင့်ကြည့်ရင် Breaker ​တွေပြည့်ကျပ် ၊ တချို့ Busbar အဆက်​တွေက အ​ငွေ့တလူလူနဲ့ ​ပြောမိ ​ရေးမိရင်​​တော့ ရှည်လျားသွားမလားပဲ။

မီး​လောင်မှုဖြစ်ပွားရင် လျှပ်စစ်​ကြောင့် ဘာညာ နာမည်သာ အရင်ဆုံးအတပ်ခံရတာ တကယ်တကယ်ကျ ​သေချာ​လေ့လာသုံးသပ်တာရယ် ကျွန်​တော်တို့ ကိုယ်တိုင်ရဲ့ Solar တပ်ဆင်မှု​တွေ ၊ တခြား လျှပ်စစ်လုပ်ငန်း​တပ်ဆင်မှုအတွက် လိုအပ်တဲ့ Survey / Detail Analysis ​တွေကို အ​ဆောက်အဦး စက်ရုံ ​ရေစက် လူ​နေအိမ် အလွယ်ခွဲ​ပြောရရင် ​တွေ့လာရတာက
■ Building
■ Factory
■ Process Plant
■ Residential
■Pump House
■ Industrial ဘယ်လို အ​ဆောက်အဦးဖြစ်ဖြစ် ၉၀% ​လောက်က လျှပ်စစ်တပ်ဆင်မှုအတွက် လုံ​လောက်တဲ့ ​နေရာကို ဘယ်သူမှ ​နေရာတစ်ခု သီးသီးသန့်သန့် မ​ပေးချင်ကြဘူး ဖြစ်သလို အခန်းကျဥ်းထဲ စုပြုံထိုးထည့်ထားတာ
■အိမ်​တွေမှာဆိုလည်း DB Board ​တွေကို လူမမြင်နိုင်တဲ့ လှေကားခွင် ၊ စတိုခန်းထဲ ​ချောင်ထဲထိုးထည့်ထားတာပဲ
အိမ်ရဲ့ Architectural အလှအတွက်​နေရာ​ပေးချင်​ပေးမယ် DB က​တော့ နားထား မမြင်ကွယ်ရာ ​ချောင်ထဲသွားပဲ
■ တပ်ဆင်မှုဘက် ကြည့်ကြမလား 4Pole 3Pole Three Phase Neutral အမျိုးမျိုး​သော Breaker ​တွေ
■ Neutal ​တွေ လည်း ​ တစ်အိမ်လုံး တစ်ကြိုးတည်း လှည့်ပတ်​ပြေး ဖောက်ကူးလား ၊ကူးတယ် မီးပိတ်​ထားပေမယ့် လင်းတလှည့် မှိန်တလှည့် မီးလုံးဝမပိတ်သွားတဲ့ မီးလုံး​တွေ circuit ​တွေလည်း အများသာ္
■ကြိုး​တွေကလည်း အဆင်​ပြေသလို တို့လို့တွဲ​​လောင်း
■Tray တစ်ခုရှိရင်လည်း ရှိသမျှ Cable အကုန် စုပုံတင်
■ ကျဥ်းထဲကျပ်ထဲမှာ အဆင်​ပြေသလို မရမက လုပ်ရသူအတွက်ကလည်း မလွယ်ဘူး။

ဆို​တော့ မီး​လောင်မှု တစ်ခုခုဖြစ်တာနဲ့ ဒီ တပ်ဆင်မှုက လုံ​လောက်​သော တပ်ဆင်မှုနဲ့ သင့်​လျော်​သော အခန်းအကျယ်အဝန်းရှိလား ဆိုတာမျိုး ကို မီး မ​လောင်ခင် ကြိုတင် Design ​ရေးဆွဲ ခွင့်ပြုမိန့် တင်ကတည်းက စစ်​ဆေးဖို့ အထူးကိုအရေးကြီးလှပါတယ်။ ဒီ တစ်အိမ်လုံးကို အဓိက လျှပ်စစ်ပိုင်းဆိုင်ရာ ထိန်းချုပ် ​ပေးတဲ သင့်တင့်​လျောက်ပတ်တဲ့ ​နေရာတစ်ခု ​​ပေးဖို့အတွက် မဖြစ်မနေလိုအပ်မှာဖြစ်ပါတယ်။

Crd; KMZ
Established 2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနား

𝐆𝐨𝐨𝐝𝐖𝐞 𝟔𝐊𝐖 𝐇𝐲𝐛𝐫𝐢𝐝 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫 + 𝐏𝐲𝐥𝐨𝐧𝐭𝐞𝐜𝐡 𝟓𝟏.𝟐𝐕 𝟑𝟏𝟒𝐀𝐡 𝐋𝐢𝐅𝐞𝐏𝐎𝟒စျေးကွက်ထဲက အရည်အသွေးနဲ့ အာမခံ မကောင်းတဲ့ ပစ္စည်းတွေကို စိတ်ညစ...
03/09/2026

𝐆𝐨𝐨𝐝𝐖𝐞 𝟔𝐊𝐖 𝐇𝐲𝐛𝐫𝐢𝐝 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫 + 𝐏𝐲𝐥𝐨𝐧𝐭𝐞𝐜𝐡 𝟓𝟏.𝟐𝐕 𝟑𝟏𝟒𝐀𝐡 𝐋𝐢𝐅𝐞𝐏𝐎𝟒

စျေးကွက်ထဲက အရည်အသွေးနဲ့ အာမခံ မကောင်းတဲ့ ပစ္စည်းတွေကို စိတ်ညစ်နေပြီဆိုရင် Premium Quality Backup Power ရဖို့ အရည်အသွေးမြင့်တဲ့ GoodWe 6KW Hybrid ဆိုလာအင်ဗာတာနဲ့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Pylontech ရဲ့ 51.2V 314Ah LiFePO4 ဘက်ထရီကို တွဲဖက်အသုံးပြုဖို့ပါပဲ။

တံဆိပ် ၂ ခုလုံးက နိုင်ငံတကာမှာ အရည်အသွေးမြင့်တယ်လို့ သက်မှတ်ခံထားရတဲ့ တံဆိပ်တွေဖြစ်ပါတယ်။ တရားဝင်ကိုယ်စားလှယ်က တင်သွင်းထားတဲ့ပစ္စည်းတွေဖြစ်တာကြောင့် အာမခံတွေလည်း အပြည့်ပါပါတယ်။

GoodWe 6KW ES G2 က hybrid inverter ဖြစ်ပါတယ်။ Fanless design ဖြစ်လို့ ပန်ကာသံ ဆူညံမှုမရှိပါဘူး။ PV String ၂ ခု တပ်လို့ရပါတယ်၊ အများဆုံး PV Input 9000W အထိလက်ခံပါတယ်။ အဆင့်မြင့် function ဖြစ်တဲ့ UPS-level switching

၁။ နေရောင်ခြည်ရရှိသည့် အချိန်တိုင်းတွင် သိုလှောင်မှုစနစ် မပါဘဲ( ဘက်ထရီမလို၊ အင်ဗာတာမလို) နေရောင်ခြည်စွမ်းအင်မှ စက်မှုစွမ...
01/09/2026

၁။ နေရောင်ခြည်ရရှိသည့် အချိန်တိုင်းတွင် သိုလှောင်မှုစနစ် မပါဘဲ( ဘက်
ထရီမလို၊ အင်ဗာတာမလို) နေရောင်ခြည်စွမ်းအင်မှ စက်မှုစွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။
၂။အလိုအလျောက်ဖွင့်/ပိတ်ထိန်းချုပ်စနစ်၊ မော်တာဖမ်းခြင်းမှ မော်တာလောင်ကျွမ်းအခြေအနေသို့ ရောက်ရှိမသွားစေရန်ကာကွယ်ထိန်းချုပ်ပေးသည်။
၃။ အသံဆူညံခြင်းမရှိ၊ လေထုနှင့် ပတ်၀န်းကျင် ညစ်ညမ်းခြင်းမရှိ၊ ထိန်းသိမ်းမှု အသက်သာဆုံးနှင့် တပ်ဆင်အသုံးပြုလွယ်ကူခြင်း စသည့် အကျိုးပြုခြင်း တို့ဖြင့် ပြီးပြည်စုံစေသည်။
၄။ တစ်ကြိမ်ရင်းနှီးမြုပ်နှံမှုဖြင့် နှစ်ပေါင်း(၂၀) မှ (၂၅) နှစ်အထိ ကုန်ကျစရိတ်မရှိဘဲ မောင်းနှင်အသုံးပြုနိုင်သည်။
၅။ ဂျာမဏီနိုင်ငံထုတ် ကမ္ဘာ့နံပါတ်တစ် ဆိုလာပန့်ကုမ္ပဏီ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားပြီး၊ ရေရှည်တွင်ကုန်ကျစရိတ်သက်သာခြင်းနှင့် စွမ်းဆောင်ရည်အာမခံချက်ရှိခြင်း

စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် လုံခြုံစိတ်ချရသော လောင်စာအစားထိုး LORENTZ ဆိုလာရေစုပ်တင်စနစ်ကို အသုံးပြုခြင်းဖြင့် တောင်သူလယ်သမားများနေ့စဉ် ကုန်ကျစရိတ်လျှော့ချနိုင်ပြီး မိသားစု ဝင်ငွေတိုးပွားနိုင်ပါသည်။

လောင်စာဆီဈေးကြောင့် စိတ်ညစ်မနေတော့ဘဲ ဒီဇယ်အင်ဂျင်ကိုအသုံးပြုပြီး ရေတင်သည့်စနစ်မှ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုသည့် ဆိုလာရေတင်သည့် စနစ် ကို ပြောင်းလဲပြီး လောင်စာဆီကုန်ကျစရိတ် ကို လျော့ချလိုက်ပါ။

**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
- Product of Germany -

အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

လိပ်စာ။ ။

အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၂၅၂ ၁၉၉၄၂ ၊ ၀၉ ၄၄၀၀၀ ၂၂၇၆

တချို့End User များ လျှပ်စစ်မီးသုံးစွဲမူစရိတ် (မီးတာခ)လျှော့ချနိုင်ရန်အတွက် …အလွယ်တကူ ကိုယ်တိုင်ကိုယ်ကျ သိချင်၊ပြုလုပ်ချ...
25/08/2026

တချို့End User များ လျှပ်စစ်မီးသုံးစွဲမူစရိတ် (မီးတာခ)လျှော့ချနိုင်ရန်အတွက် …
အလွယ်တကူ ကိုယ်တိုင်ကိုယ်ကျ သိချင်၊ပြုလုပ်ချင်သူများအတွက်။

Deye Hybrid Inverter တွင်
မီတာခ (သို့မဟုတ် လျှပ်စစ်မီးသုံးစွဲမှုစရိတ်) ကို လျှော့ချနိုင်ရန် အဓိကအားဖြင့် နေရောင်ခြည်စွမ်းအင်ကို အပြည့်အဝအသုံးချခြင်း၊ ဘက်ထရီစွမ်းအင်ကို ဦးစားပေးသုံးစွဲခြင်း နှင့် Time of Use (TOU) စနစ်ကို စနစ်တကျ ချိန်ညှိခြင်းတို့ ပြုလုပ်ပေးရပါမည်။
၁။ Time of Use (TOU) နှင့် System Work Mode ချိန်ညှိခြင်းTime of Use ကို အသုံးပြုပါ။Inverter ဆက်တင် (Setting) ထဲမှ System Work Mode သို့ဝင်ရောက်ပြီး Time of Use ကို အမှန်ခြစ် (Tick) လုပ်ပါ။Load First ကို ရွေးချယ်ပေးပါ: စွမ်းအင်သုံးစွဲမှုပုံစံ (Energy Pattern) ကို Load First သို့ သတ်မှတ်ထားပါ။ ဤသို့သတ်မှတ်ခြင်းဖြင့် နေရောင်ခြည်ပြား (PV) မှထွက်လာသော မီးကို အိမ်သုံးပစ္စည်းများသို့ ဦးစားပေးပို့ပေးမည်ဖြစ်ပြီး မလိုအပ်ဘဲ မီးလိုင်း (Grid) ကို အသုံးမပြုစေရန် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဘက်ထရီ Discharge (SOC) ကန့်သတ်ချက်သတ်မှတ်ခြင်း: ညဘက် သို့မဟုတ် မီးမလာချိန်များတွင် ဘက်ထရီမှ မည်သည့်ရာခိုင်နှုန်းအထိ (ဥပမာ- 20% သို့မဟုတ် 30% အထိ) ဆွဲသုံးမည်ကို အချိန်အလိုက် ချိန်ညှိပေးပါ။ ဘက်ထရီတွင် ကျန်ရှိမည့် ရာခိုင်နှုန်းကို သင့်လျော်သလိုသတ်မှတ်ထားခြင်းဖြင့် မီးလိုင်းမှ အားယူသုံးစွဲမှုကို လျှော့ချနိုင်ပီး ၊ Grid Charge (မီးလိုင်းမှ ဘက်ထရီအားသွင်းခြင်း) ပိတ်ထားရန်: လျှပ်စစ် မီးလိုင်းကြေး သက်သာစေရန် မီးလိုင်းမှ ဘက်ထရီအားသွင်းသည့် အမှန်ခြစ်များကို မလိုအပ်ပါက ပိတ်ထားပါ (သို့မဟုတ် နေမထွက်မီ / အလွန်လိုအပ်မှသာ အားသွင်းရန် အချိန်သတ်မှတ်လိုက်ပါ)။

Growatt အင်ဗာတာတွင်
၁။Output Source Priority (Setting No. 1) ချိန်ညှိခြင်းSBU (Solar - Battery - Utility) သို့မဟုတ် SOL (Solar First) ကို ရွေးချယ်ပါ။
ဆိုလာထွက်ချိန်တွင် ဝန် (Load) ကို ဆိုလာမှ ဦးစားပေးသုံးမည်ဖြစ်ပြီး ဆိုလာမလုံလောက်မှသာ ဘက်ထရီ သို့မဟုတ် မီတာမီး (Utility) သို့ ပြောင်းလဲသုံးစွဲစေရန် ပြုလုပ်ပေးသည်။မီတာမီးကို လုံးဝဦးစားပေးမထားဘဲ ဆိုလာကို အဓိကသုံးမည့် SOL သို့မဟုတ် SBU စနစ်ကြောင့် မီတာခကို သိသာစွာ လျှော့ချနိုင်မည်။

၂။ Max Charging Current (Setting No. 2 နှင့် No. 11) ထိန်းချုပ်ခြင်းမီတာမီး (Utility) လာသည့်အခါ ဘက်ထရီကို မီးအားပြင်းပြင်းဖြင့် အလွန်အကျွံ အားသွင်းပါက မီတာခတက်စေနိုင်ပါသည်။ထို့ကြောင့် AC/Utility အားသွင်းနှုန်း (Charging Current) ကို လိုအပ်သည်ထက် ပိုမိုမများစေဘဲ အသင့်အတင့် (ဥပမာ- 20A သို့မဟုတ် 30A ခန့်) သာသတ်မှတ်ထားသင့်ပါသည်။

နေရောင်ခြည်စွမ်းအင် အကောင်းဆုံးရရှိသည့် အချိန်တွင် မီးအသုံးများသော ပစ္စည်းများ ရေစုပ်စက်၊ အဝတ်လျှော်စက်၊ ရေပူစက်ကို နေ့လယ်ပိုင်း (နံနက် ၉ နာရီမှ ညနေ ၃ နာရီအတွင်း) တွင်သာ အဓိကထား အသုံးပြုပေးပါ။

ဤကဲ့တို့ မှန်ကန်သော Settingများ သက်မှတ်အသုံးပြုခြင်းဖြင့် အိမ်တွင်းလျှပ်စစ်သုံးစွဲမှုကို မှန်ကန်စေပြီး (မီးတာခ)ကိုပါလျှော့ချနိုင်ပီး အလဟဿဖြစ်မှုကို တားဆီးပေးနိုင်မှာအမှန်ပါပဲခင်ဗျာ။

ဖတ်ရူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

မိတ်ဆွေမှာ မွေးမြူရေး ဒါမှမဟုတ် တခြား သီးနှံစိုက်တဲ့ စိုက်ခင်း ဧက ၁၀ မှ ၁၀၀၀ကျော် ရှိမယ်ဆိုပါစို့။ ခြံတစ်ခုလုံးအတွက် ရေအ...
17/08/2026

မိတ်ဆွေမှာ မွေးမြူရေး ဒါမှမဟုတ် တခြား သီးနှံစိုက်တဲ့ စိုက်ခင်း ဧက ၁၀ မှ ၁၀၀၀ကျော် ရှိမယ်ဆိုပါစို့။ ခြံတစ်ခုလုံးအတွက် ရေအသုံးက တစ်နေ့ ဂါလံ ၂၀၀၀၀ ကနေ ဂါလံ ၁ဝဝဝဝဝ ကျော်လိုတယ်။ ဒီဇယ်အင်ဂျင်နဲ့ ရေတင်ဖို့ကျ ကုန်ကျစားရိတ်ကလည်း မထောင်းသာလှဘူး။ ဒီတော့ ခေါင်းခဲရပြီ။ တခြား ဘာရွေးချယ်စရာ ရှိမလဲ စဉ်းစားရပြီ။ လျှပ်စစ်မီးမရဘူး၊ ဘတ္တရီလည်း မလိုပဲနဲ့ နေရောင်ခြည်ရသလောက် ရေတင်နိုင်မယ့် ဆိုလာရေပန့်စနစ် ရှိနိုင်မလား လို့ တွေးမိတယ်ဆိုပါစို့။
အဖြေက…
#ဟုတ်ကဲ့ ရှိပါတယ်။ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းရှင်များအတွက် လုံခြုံစိတ်ချရသော လောင်စာအစားထိုး LORENTZ ဆိုလာရေစုပ်တင်စနစ်ကို အသုံးပြုခြင်းဖြင့် တောင်သူလယ်သမားများနေ့စဉ် ကုန်ကျစရိတ်လျှော့ချနိုင်ပြီး မိသားစု ဝင်ငွေတိုးပွားနိုင်ပါသည်။
မြစ်ကြီးနားမြို့တွင် အလွယ်တကူ ဝယ်ယူတပ်ဆင်နိုင်ပါပြီ။

1. MODEL: PS2-100 AHPR-07/14/23
2. Controller,
3. MC4 Connector ,
4. Well Probe Sensor
5. Solar PV Module: 595Watt x 1ချပ်
Max Head: 48M (အမြင့်ပေ၁၃၀)
Dialy Water Output:5000G ( ၁ရက်ရေထွက်နှုန်း =ဂါလံ၅၀၀၀)

(မှတ်ချက်- အနည်းဆုံး ၄လက်မတွင်း ဖြစ်ရမည်)

~~~ Price= 2400USD/- ~~~

(Product of Germany)
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)

အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၂၅၂ ၁၉၉၄၂။

ဒီရက်ပိုင်းတော့ ပစ္စည်းတွေခပ်သွက်သွက်လေးဝင်လာပါပီဗျာ။    ဒို့တွေနယ်ဘက်ကတော့ အလွန်ခက်ခက်ခဲခဲ ပစ္စည်းတင်သွင်း ရပါတယ်။ အဲတေ...
10/08/2026

ဒီရက်ပိုင်းတော့ ပစ္စည်းတွေခပ်သွက်သွက်လေးဝင်လာပါပီဗျာ။

ဒို့တွေနယ်ဘက်ကတော့ အလွန်ခက်ခက်ခဲခဲ ပစ္စည်းတင်သွင်း ရပါတယ်။ အဲတော့ မလိုအပ်ပဲ ကုန်ကျစရိတ်တွေ ထပ်တိုးရပါတယ်။ မိမိ ပစ္စည်း မရောက်မချင်း ရင်တမမ နဲ့စောင့်ရပါတယ်။ ပိုက်ဆံ ကတော့ မှာတာနဲ့ ၁၀၀%ကြိုသွင်းပါပဲ ။
ဒါတွေ ကတော့ Solar သွင်းတဲ့ သူတွေ ရဲ့ အခက်အခဲတွေပါ။

**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

Solar တပ်ဆင်တော့မယ်ဆိုရင် Inverter အားကောင်းဖို့တင်မကဘဲ Battery နဲ့ Balance (ဟန်ချက်ညီဖို့) က စနစ်တစ်ခုလုံးရဲ့ အသက်သွေးက...
06/08/2026

Solar တပ်ဆင်တော့မယ်ဆိုရင် Inverter အားကောင်းဖို့တင်မကဘဲ Battery နဲ့ Balance (ဟန်ချက်ညီဖို့) က စနစ်တစ်ခုလုံးရဲ့ အသက်သွေးကြောပါ။

Hijetကားဆီတိုင်ကီနဲ့Land cruiserကားကြီး/ 16kW Inverter မှာ Battery (၁) လုံးတည်း တပ်ဆင်ခြင်းအပေါ် Engineering ရှု့ထောင့်အမြင်

ကျွန်တော် ဥပမာပေးချင်တာကတော့... 16kW လို စနစ်အကြီးကြီးကို ဘက်ထရီအနည်းငယ်နဲ့ပဲ အသုံးပြုတာဟာ (၄၇၀၀ စီစီ )Landcruiser ကားကြီးကို (၆၆၀စီစီ)Hijet ဆီတိုင်ကီအသေးလေး တပ်ပြီး မောင်းနှင်နေသလိုပါပဲ။နည်းနည်းမောင်းလိုက်/ထိုးရပ်လိုက်။

ဘာကြောင့် ဒီလို Balance ဖြစ်ဖို့ အရေးကြီးတာလဲ?

အိမ်သုံး Aircon တစ်လုံး၊ နှစ်လုံးအတွက်က သိသာလှသည်မဟုတ်သော်လည်း ဓာတ်လှေကားမောင်းနှင်ရန် သို့မဟုတ် အပ်ချုပ်စက်များစွာအသုံးပြုသည့် လုပ်ငန်းခွင်များတွင် Load ဆွဲအား အလွန်များပါသည်။ ထိုအခါမျိုးတွင် ဘက်ထရီစွမ်းဆောင်ရည် မလုံလောက်ပါက စက်များရုတ်တရက် ထိုးရပ်သွားခြင်း၊ လုပ်ငန်းလည်ပတ်မှု ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ဆုံးရှုံးမှုကြီးမားနိုင်ပါသည်။

စျေးကွက်ထဲမှ စျေးနှုန်းကွာဟချက်များ ဘက်ထရီ တစ်လုံးလျော့လိုက်ခြင်းဖြင့် စျေးနှုန်း သိန်း ၆၀ ခန့် သက်သာသွားနိုင်သော်လည်း 16kW လို စနစ်မျိုးအတွက် Engineering အမြင်အရ ကျွန်တော်တို့အားမပေးချင်ပါဘူး။

အဘယ်ကြောင့် 16kW တွင် Battery (၁) လုံးထက်ပို၍ တပ်ဆင်သင့်သနည်း?

Battery Life (သက်တမ်း): 16kW Inverter မှ ဆွဲထုတ်သည့် Current ဒဏ်ကို Battery တစ်လုံးတည်းမှ မခံနိုင်ပါက ဘက်ထရီသက်တမ်းမှာ သိသိသာသာ တိုတောင်းသွားနိုင်ပါသည်။
Efficiency (စွမ်းဆောင်ရည်): အင်ဂျင်ကြီးသလောက် လောင်စာ (Battery Capacity) မလုံလောက်ပါက System တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို အပြည့်အဝ ရရှိမည်မဟုတ်ပါ။
Engineering Standard: ကျွန်တော်တို့ တွက်ချက်မှုအရ 16kW System တစ်ခုတွင် အနည်းဆုံး Battery (၂) လုံးနှင့်အထက် (သို့မဟုတ်) Capacity မြင့်မားသည့် Battery မျိုးကိုသာ ဟန်ချက်ညီညီ တွဲဖက်အသုံးပြုသင့်ပါတယ်။

"ကျွန်တော်တို့ အနေဖြင့် ရောင်းအားထက် လူကြီးမင်းတို့၏ လုပ်ငန်းခွင်တွင် စနစ်တကျနှင့် ရေရှည်စိတ်ချစွာ အသုံးပြုနိုင်စေရန်သာ အဓိကထား အကြံပြုလိုပါသည်။"

**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

တန်ဖိုးကြီးတဲ့ ပစ္စည်းနဲ့၀န်ဆောင်မှုတွေအတွက် ဆုံးဖြတ်ရပြီဆိုရင် ရေရှည်စိတ်ချမ်းသာဖို့ကလည်း ပို၍ အရေးကြီးလှပါတယ်။ယခုလို မ...
24/07/2026

တန်ဖိုးကြီးတဲ့ ပစ္စည်းနဲ့၀န်ဆောင်မှုတွေအတွက် ဆုံးဖြတ်ရပြီဆိုရင် ရေရှည်စိတ်ချမ်းသာဖို့ကလည်း ပို၍ အရေးကြီးလှပါတယ်။

ယခုလို မိုးများပြီး၊ နေရောင်ကောင်းစွာမရရှိခြင်းများကြောင့် Customer များ၏ ဘက်ထရီများ Charging စနစ်များပုံမှန်ကောင်းမွန်မှုရှိ/မရှိနှင့် Load ထုတ်သုံးစွဲနိုင်ချိန်များအား ထပ်မံလိုက်လံစစ်ဆေးပေးခြင်း၊ ကာလနဲ့ကိုက်ညီမည့် Setting များအား ပြန်လည်ပြင်ဆင်ပေးခြင်း စသည့် After Sale Service များကို နေ့ရက်များအလိုက် ဆက်လက်၍ လိုက်လံစစ်ဆေးဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။ မိမိတို့ Customer များ၏ Hybrid စနစ်သက်တမ်းများကို ပိုရှည်စေရန်နှင့် ဘက်ထရီများ၏သက်တမ်းများအား ပိုမိုကြာရှည်စွာအသုံးအသုံးခံစေရန်ဖြစ်ပါတယ်ခင်ဗျာ။

ထို့အပြင် ပုံမှန် After Sale Service များလိုက်လံစစ်ဆေးခြင်းမျိုးမဟုတ်တဲ့အချိန်များမှာလည်း Customer များအရေးပေါ်လိုအပ်ချက်ရှိခဲ့ပါက (ခေတ်ကာလ အခြေအနေများအရ) Customer များနဲ့အချိန်များညှိနှိုင်းတိုင်ပင်ပြီး ပြန်လည်အဆင်ပြေအောင်တာဝန်ယူစီမံဆောင်ရွက်ပေးလို့ တပ်ဆင်ခဲ့သော Customer များအဆင်ပြေစိတ်ချမ်းသာနေကြတာ တကယ့်လက်တွေ့ပဲဖြစ်ပါတယ်ခင်ဗျာ။

ယခုလို နောဒင်းမြန်မာဆိုလာအဖွဲ့အား အမြဲယုံကြည်စိတ်ကျစွာ ဝယ်ယူတပ်ဆင်အားပေးကြသော မိဘပြည်သူများအား နောဒင်းမြန်မာအဖွဲ့မှ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျား ။

- Established-2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်...။

“ရွေးချယ်မှုတိုင်းက တကယ်ပဲကိုယ့်ကို စိတ်ချမ်းသာစေပြီလား”ဒါကြောင့် ဘာပဲလုပ်လုပ် " ကိုယ် တကယ် စိတ်ချမ်းသာ‌မယ့် အလုပ်ကိုသာ ...
22/07/2026

“ရွေးချယ်မှုတိုင်းက တကယ်ပဲကိုယ့်ကို စိတ်ချမ်းသာစေပြီလား”
ဒါကြောင့် ဘာပဲလုပ်လုပ် " ကိုယ် တကယ် စိတ်ချမ်းသာ‌မယ့် အလုပ်ကိုသာ
ရွေးလုပ်ပါ " ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ ကျနော်တို့ မိတ်ဆွေတို့ရဲ့ နေ့စဥ်ဘ၀မှာ ရွေးချယ်မှုပေါင်းများစွာကို ဆုံးဖြတ်ချက်ချရတက်ပါတယ် ဒီလိုဆုံးဖြတ်ချက်တိုင်းမှာလည်း မှန်ကန်နေဖို့ အရေးကြီးသလို တန်ဖိုးကြီးတဲ့ ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေ အတွက် ဆုံးဖြတ်ရပြီဆိုရင် ရေရှည်စိတ်ချမ်းသာဖို့ကလည်း ပို၍ အရေးကြီးလှပါတယ်။

-- ခုလော‌လောဆယ်လျှပ်စစ်မီးရတဲ့အချိန်တွေကများလည်းများတယ် / လာချိန်လည်းမှန်တော့
ဒီ နှစ်မျိုးထဲက ဘယ်တခုကို ရွေးချယ်သင့်လဲ ???

Package No. (1)
- Inverter 6Kwatt / LifePo4 battery 51.2V 100Ah နဲ့ {Solar 590Watt 6ချပ်အပါ }သိန်း 150 ဝန်းကျင် နဲ့
Package No. (2)
- Inverter 6Watt နဲ့ LifePo4 battery 51.2V 300Ah {ဆိုလာမပါ }သိန်း 150 ဝန်းကျင်

ခုလော‌လောဆယ်လျှပ်စစ်မီးရတဲ့အချိန်တွေကများလည်းများတယ် / လာချိန်လည်းမှန်တော့ ဆိုလာစနစ်မပါတဲ့ ** No.2 package ကိုရွေးချယ်စေချင်ပါတယ်။ဘာလို့လည်းဆိုတော့ ဘက်ထရီကပိုကြီးလို့ပါ။ LifePo4 battery 300Ah တစ်လုံးက 15kwatt ရှိပါတယ်။ ဒီပါဝါက မီးပြတ်တဲ့အခါ Aircon 1hp 2လုံးလောက်ကို 6နာရီ ဝန်းကျင်လောက်စီ မောင်းလို့ရပါတယ်။ ခုလောလောဆယ်မီးတွေ မှန်လို့ ဘက်ထရီ အကြီး မလိုပေမဲ့ တကယ်လိုတဲ့အခါ အရေးပါမှန်း ဘက်ထရီ 300Ah နဲ့ သုံးနေတဲ့ customer တွေသိကြပါတယ်။

** No.1 package မှာတော့ ဆိုလာပါပေမဲ့ ဘက်ထရီက 100ah ပဲရှိတဲ့အတွက် နေ့လည်ဘက် ဆိုရင်ပိုအဆင်‌ပြေသလိုရှိပေမဲ့ ညပိုင်းမှာတော့ မီးပြတ်တဲ့ အခါaircon 1hp 1လုံးကို 4နာရီဝန်းကျင် အတွက်လောက်ပဲ လုံလောက်ပါတယ်။ လိုအပ်ရင် ဘက်ထရီထပ်တိုးလို့ရပေမဲ့ 100ah ကို 300ah ဖြစ်အောင် 3လုံးတပ်ရင်ကုန်ကျစရိတ်က 300ah တစ်လုံးထက် အများကြီး ပိုပါတယ်။
ဒာဲအတွက်‌‌ကြောင့် ကျွန်တော်တို့ ခန့်ခန့်ကျော် မှာ 100ah နဲ့ တပ်မဲ့ customer တွေကို ဒီလိုအချက်လေးတွေကိုငသသေချာဆွေးနွေးတိုင်ပင်ပြီးမှတပ်ဆင်ပေးခဲ့တာပါခင်ဗျာ။
100ah ဘက်ထရီကမိသားစုနည်းပြီး Aircon သိပ်မသုံးတဲ့ အိမ်တွေအတွက်တော့လည်းအတော် အဆင်ပြေပါတယ်။ကုန်ကျစရိတ်သက်သာသလိုနောက်မှဆိုလာတပ်လည်း ရတော့ကနဦး ကုန်ကျစရိတ် သက်သာပါတယ်ခင်ဗျာ။

ဒီလောက်ဆိုရင်တော့ ဘယ် package ကပိုကောင်းတယ်ဆိုတာမျိုး / ပိုသက်သာတယ်ဆိုမျိုး မဟုတ်ပဲ သူ့အသုံးနဲ့ သူ အဆင်ပြေတာမျိုးပါ။
ဆိုလာလည်းပါပြီးဈေးသက်သာသလိုရှိပေမဲ့ တကယ်လိုအပ်တဲ့အခါ ဘက်ထရီကသေးနေလို့ တကယ့်‌လက်တွေ့မှာနောက်မှဘက်ထရီလိုက်တိုးရတာကကုန်ကျစရိတ်များစေမှာပါ။
ဘက်ထရီအကြီး 300ah နဲ့တပ်ထားပြီး လျှပ်စစ်မီးရချိန်နည်းနေလည်း ဆိုလာထည့်မှကို ပိုအဆင်‌ပြေပါတယ်ခင်ဗျာ။

ဖတ်ရူပေးတဲ့တွက်ကျေးဇူတင်ပါတယ်။

- Established-2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်...။

ဒီအချက်(၅)ချက်ကြုံရရင်ချက်ချင်းပိတ်လိုက်ပါတော့>>ဆိုလာအင်ဗာတာ မလောင်ခင်ပြသလေ့ရှိတဲ့ရှေ့‌ပြေးလက္ခဏာ(၅)ချက်
20/07/2026

ဒီအချက်(၅)ချက်ကြုံရရင်ချက်ချင်းပိတ်လိုက်ပါတော့

>>ဆိုလာအင်ဗာတာ မလောင်ခင်ပြသလေ့ရှိတဲ့ရှေ့‌ပြေးလက္ခဏာ(၅)ချက်

Address

Office Road
Myitkyina
1011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959440002276

Alerts

Be the first to know and let us send you an email when Northern Myanmar-Solar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Northern Myanmar-Solar:

Shortcuts

Share