Myitkyina Business Center

Myitkyina Business Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myitkyina Business Center, Business Center, Myitkyina.

🎉 ရှမ်း​ပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းမှ အမျိုးသမီးလုပ်ငန်းရှင်များအတွက် သတင်းကောင်း 🤩✨ အခွင့်အရေးကို လက်မလွတ်စေဖိ...
10/07/2026

🎉 ရှမ်း​ပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းမှ အမျိုးသမီးလုပ်ငန်းရှင်များအတွက် သတင်းကောင်း 🤩

✨ အခွင့်အရေးကို လက်မလွတ်စေဖို့ အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများအတွက် အသေးစားရန်ပုံငွေ ထောက်ပံ့မှုအစီအစဉ်၏ လျှောက်လွှာလက်ခံကာလကို ဇူလိုင် ၂၀ ရက်အထိ တိုးမြှင့်လိုက်ပါတယ်။

အခွင့်ရေးရရှိနိုင်ရန် တိုးမြှင့်ထားသော ကာလအတွင်း လျောက်ထားနိုင်ပြီးအောက်ပါအချက်များကို အသေးစိတ်ဖတ်ရှုပြီး လျှောက်ထားနိုင်ပါသည်။📝




☕ စောင့်မျှော်နေကြတဲ့ SHINGRA Coffee ပြန်လည်ရောက်ရှိထားပြီနော် 🤎အင်ခိုင်ဘွမ်တောင်သူများမှ စိုက်ပျိုးထုတ်လုပ်ထားသော သဘာဝ ...
03/07/2026

☕ စောင့်မျှော်နေကြတဲ့ SHINGRA Coffee ပြန်လည်ရောက်ရှိထားပြီနော် 🤎

အင်ခိုင်ဘွမ်တောင်သူများမှ စိုက်ပျိုးထုတ်လုပ်ထားသော သဘာဝ SHINGRA Coffee စစ်စစ် ကို Myitkyina Business Center တွင် အရေအတွက်အကန့်အသတ်ဖြင့်သာ ရောက်ရှိထားတာကြောင့် လက်မလွတ်ခင် အခုပဲ လာရောက်ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🥰

🌱 သဘာဝဒေသထွက် ထုတ်ကုန်များကို အစဥ်အမြဲဝယ်ယူအားပေးကြတဲ့ မိတ်ဆွေ Customer များကို အထူးကျေးဇူးတင်ရှိပါတယ်နော်😘...

ဝယ်ယူအားပေးလိုပါက☎ 09 453984635 / 09 785251850 မှသော်လည်းကောင်း Page(cb)မှသော်လည်းကောင်း စုံစမ်းမေးမြန်း၍ ဝယ်ယူအားပေးနိုင်ပါတယ်။





ပူတာအိုဒေသထွက် Fruit World Group မှ ထုတ်လုပ်သော သဘာဝ သစ်သီးဝိုင်များ ပြန်လည်ရောက်ရှိထားပြီနော် 🍷😘လူကြီးမင်းတို့ စိတ်ကြို...
25/06/2026

ပူတာအိုဒေသထွက် Fruit World Group မှ ထုတ်လုပ်သော သဘာဝ သစ်သီးဝိုင်များ ပြန်လည်ရောက်ရှိထားပြီနော် 🍷😘

လူကြီးမင်းတို့ စိတ်ကြိုက် မှာယူအားပေးလို့ ရပါပြီ😍

ဝယ်ယူအားပေးလိုပါက☎09 453984635 / 09 785251850 မှသော်လည်းကောင်း Page(cb) မှသော်လည်းကောင် စုံစမ်းမေးမြန်း၍ ဝယ်ယူအားပေးနိုင်ပါပြီ....... 🥰




💙 ဖေဖေများနေ့အတွက် လက်ဆောင်လေးတခု 💙👨‍👩‍👧‍👦 မိသားစုအတွက် အမြဲကြိုးစားပေးနေတဲ့ ဖေဖေ့ကို အဖေများနေ့မှာ ချစ်ခြင်းမေတ္တာနဲ့ အ...
18/06/2026

💙 ဖေဖေများနေ့အတွက် လက်ဆောင်လေးတခု 💙

👨‍👩‍👧‍👦 မိသားစုအတွက် အမြဲကြိုးစားပေးနေတဲ့ ဖေဖေ့ကို အဖေများနေ့မှာ ချစ်ခြင်းမေတ္တာနဲ့ အမှတ်တရလက်ဆောင်လေး ပေးလိုက်ရအောင်နော်

🌿 အမျိုးသမီးများ ထုတ်လုပ်သော သဘာဝဒေသထွက်ထုတ်ကုန်များကို Order လက်ခံနေပါပြီ......

📦 သဘာဝ​ဒေသထွက်ထုတ်ကုန်များကို မိမိစိတ်ကြိုက်ရွေးချယ်ပြီး Package ပြုလုပ်ပေးပါသည်။ 😊

မှာယူလိုပါက
☎️ 09453984635 / 09785251850 သို့မဟုတ် Myitkyina Business Center page မှတဆင့်
Order တင်နိုင်ပါသည်။




အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများအတွက် အသေးစားရန်ပုံငွေ ထောက်ပံ့မှုအစီအစဥ်✍🏻လုပ်ငန်းတိုးချဲ့ခြင်း၊ ထုတ်လုပ်မှ...
16/06/2026

အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများအတွက် အသေးစားရန်ပုံငွေ ထောက်ပံ့မှုအစီအစဥ်

✍🏻လုပ်ငန်းတိုးချဲ့ခြင်း၊ ထုတ်လုပ်မှုမြှင့်တင်ခြင်းနှင့် ဝင်ငွေအခွင့်အလမ်းများဖန်တီးနိုင်ရန် အသေးစားရန်ပုံငွေ ထောက်ပံ့မှုအစီအစဥ်ကို လျှောက်ထားနိုင်ပြီ။

👇အောက်ပါအချက်များကို အသေးစိတ်ဖတ်ရှုပြီး လျှောက်ထားနိုင်ပါသည်။




‎📢 Meeting, Workshop, Training များ ကျင်းပဖို့ နေရာရှာနေပါသလား?‎‎Myitkyina Business Center မှာ လူကြီးမင်းများ၏ လုပ်ငန်းအ...
09/06/2026

‎📢 Meeting, Workshop, Training များ ကျင်းပဖို့ နေရာရှာနေပါသလား?
‎
‎Myitkyina Business Center မှာ လူကြီးမင်းများ၏ လုပ်ငန်းအတွက် Hall များကို နေ့အလိုက် ဖြစ်စေ ၊ နာရီပိုင်းအလိုက် ဖြစ်စေ သင့်တင့်​သော နှုန်းထားများဖြင့် ငှားရမ်းနိုင်ပါသည်။

✨‎ ဝန်ဆောင်မှုများ

‎👉 မိမိစိတ်ကြိုက် Seating Plan
‎👉 Projector supply
‎👉 Generator supply
‎👉 အစားသောက်ဝန်ဆောင်မှုများ
‎
လူကြီးမင်းများ၏ Meeting, Workshop နှင့် Training များကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရန် Myitkyina Business Center မှ ကောင်းမွန်သော ဝန်ဆောင်မှုများဖြင့် ကြိုဆိုလျက် ရှိပါသည်။
‎
‎ဆက်သွယ်မေးမြန်းလိုပါက🥰....
‎
‎☎ 09 453 984 635 09 ☎ 09785251250
‎သို့မဟုတ် Myitkyina Business Center ရဲ့ Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
‎
‎




‎

နန်ကျင် နှင့် မိုင်းနား ကျေးရွာများတွင် ပြုလုပ်ခဲ့သော Workshop အစီအစဉ်အတွင်း Myitkyina Business Center မှ ဒေသထွက် သဘာဝထု...
02/06/2026

နန်ကျင် နှင့် မိုင်းနား ကျေးရွာများတွင် ပြုလုပ်ခဲ့သော Workshop အစီအစဉ်အတွင်း Myitkyina Business Center မှ ဒေသထွက် သဘာဝထုတ်ကုန်များကို ခင်းကျင်း၊ ပြသရောင်းချခွင့် ရရှိခဲ့ပါသည်။ 🥰

🌿 သဘာဝမှရရှိသော ဒေသထွက်ထုတ်ကုန်များကို တန်ဖိုးထားပြီး ဝယ်ယူအားပေးခဲ့ကြသည့် မိတ်ဆွေများအားလုံးကို အထူးပင် ကျေးဇူးတင် ရှိပါသည်။ 🌿

ဆက်လက်၍လည်း သဘာဝဒေသထွက်ထုတ်ကုန်များကို အားပေးဝယ်ယူအသုံးပြုပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။🥰

မှာယူလိုပါက 👇

Myitkyina Business Center Page (CB) သို့မဟုတ် ☎️ 09453984635 ☎️ 09785251850 သို့ မိမိစိတ်ကြိုက် ဆက်သွယ်မေးမြန်းမှာယူနိုင်ပါသည်။



ကျွန်ပ်တို့ business center ရဲ့ meeting hall ကို အသုံးပြုရန် ယုံကြည်စွာရွေးချယ်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ် သင်တန...
28/05/2026

ကျွန်ပ်တို့ business center ရဲ့ meeting hall ကို အသုံးပြုရန် ယုံကြည်စွာရွေးချယ်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ်

သင်တန်းတက်ရောက်သူများအတွက် တစ်နေ့သာလုံး စိတ်အေးချမ်းစွာလေ့လာနိုင်ဖို့အတွက်👇

👉 သက်တောင့်သက်သာရှိသော နေရာ
👉 ရေနွေးကြမ်း +ကော်ဖီ
👉 မနက်စာ မှစ၍ နေ့လည်စာ Tea break အထိ
စိတ်ချရတဲ့ ဝန်ဆောင်မှုအပြည့်အဝ စီစဉ်ပေးပါသည်

ယုံကြည်စွာ ရွေးချယ်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ် 😍


🤩 ထုတ်ကုန်အသစ် မိတ်ဆက် 🤩🌶 အသင့်စား မာလာငရုပ်သီးမှုန့် 🌶အရသာပြင်းပြင်း ၊ မွှေးမွှေးလေးနဲ့ စားလိုက်တာနဲ့ မာလာငရုပ်သီးမှုန်...
25/05/2026

🤩 ထုတ်ကုန်အသစ် မိတ်ဆက် 🤩

🌶 အသင့်စား မာလာငရုပ်သီးမှုန့် 🌶

အရသာပြင်းပြင်း ၊ မွှေးမွှေးလေးနဲ့ စားလိုက်တာနဲ့ မာလာငရုပ်သီးမှုန့် စစ်စစ် အရသာကို ခံစားနိုင်ပါပြီ 😋😋

✅ ဟင်းချိုမှုန့် မထည့်ထားပါ

✅ သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းများအသုံးပြုထားသည်

✅ အသားကင် ၊ အကင် ၊ ဟော့ပေါ့ .....စတာတွေနဲ့ တွဲစားလို့ အရမ်းလိုက်ဖက်ပါသည်

📌 အရသာကောင်းပြီး စားလိုက်တာနဲ့ ထပ်စားချင်သွားမယ့် မာလာငရုပ်သီးမှုန့်အသစ်ကို အခုဘဲ စမ်းကြည့်လိုက်ပါနော် 😍

ဝယ်ယူအားပေးလိုပါက 09 761494921 ၊ 09 266042825 ၊
Page cb မှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်


#အသင့်စား
#မာလာငရုပ်သီးမှုန့်

အမေများနေ့(Mother’s Day) ဖြစ်ပေါ်လာပုံဒီပတ် Sunday; အမေများနေ့ဖြစ်ပါတယ် 👩🏻😘နိဒါန်း : ​ကမ္ဘာပေါ်မှာရှိတဲ့ မိခင်အားလုံးကို...
07/05/2026

အမေများနေ့(Mother’s Day) ဖြစ်ပေါ်လာပုံ
ဒီပတ် Sunday; အမေများနေ့ဖြစ်ပါတယ် 👩🏻😘

နိဒါန်း : ​ကမ္ဘာပေါ်မှာရှိတဲ့ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့အဖြစ် နှစ်စဉ် မေလရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ ကို အပြည်ပြည်ဆိုင်ရာ မိခင်များနေ့(အမေများနေ့)အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ခရစ်ယာန်ဘာသာဝင်တွေက အဆိုပါနေ့မှာ ကျင်းပလေ့ရှိပြီး၊ တချို့ကတော့ ၁၉၉၅ ခုနှစ်က စာရေးဆရာကြီး ဦးသုခ ကြိုးပမ်းတင်သွင်းခဲ့တဲ့ ပြာသိုလပြည့်နေ့ (မြန်မာ့အမေများနေ့) ကို အစဉ်အလာမပျက် ကျင်းပကြတာ တွေ့ရပါတယ်။

၁။မိခင်များနေ့အစပျိုးပေးခဲ့တဲ့ ဂျူလီယာဝါ့ဒ်ဟိုး - မိခင်များနေ့ကို အစပြုဖော်ထုတ်ပေးခဲ့သူကတော့ အမေရိကန်စာရေးဆရာမ ဂျူလီယာဝါ့ဒ်ဟိုး (Julia Ward Howe) ဖြစ်ပါတယ်။ ၁၈၇၂ ခုနှစ်မှာ စတင်လှုပ်ရှားခဲ့တာဖြစ်ပြီး သူမရဲ့ ရည်ရွယ်ချက်ကတော့ စစ်ပွဲတွေကြောင့် သားသမီးတွေ ဆုံးရှုံးရတဲ့ မိခင်တွေရဲ့ သောကကို အခြေခံထားတာပါ။ "စစ်ပွဲကို အလိုမရှိ၊ ငြိမ်းချမ်းရေးကိုသာ လိုလားသည်" ဆိုတဲ့ ကြွေးကြော်သံနဲ့ Mothers' Peace Day အဖြစ် ဇွန်လမှာ စတင်ကျင်းပဖို့ နှိုးဆော်ခဲ့ပါတယ်။

၂။မိခင်များ‌ နေ့ဖြစ်လာအောင်ကြိုးစားခဲ့တဲ့ အန်နာဂျာဗစ် - ယနေ့ ကျွန်ုပ်တို့ သိရှိကျင်းပနေတဲ့ မေလမိခင်များနေ့ ဖြစ်မြောက်အောင် အဓိက ကြိုးပမ်းခဲ့သူကတော့ အန်နာဂျာဗစ်(Anna Jarvis)ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်မရှိ၊ သားသမီးမရှိခဲ့ပေမဲ့ မိခင်အပေါ်ထားတဲ့ သူမရဲ့ မေတ္တာတရားကတော့ ကမ္ဘာကို လှုပ်ခတ်စေခဲ့ပါတယ်။ ၁၉၀၅ ခုနှစ် မေလမှာ သူမရဲ့မိခင် (ခရစ်ယာန် Sunday School ဆရာမကြီး) ကွယ်လွန်ခဲ့ပါတယ်။ မိခင်ကွယ်လွန်ပြီး ၂ နှစ်အကြာမှာ မိခင်ကို လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ အထိမ်းအမှတ်ပွဲ ပြုလုပ်ခဲ့ပြီး မိခင်များနေ့ သတ်မှတ်ဖို့ စတင်တောင်းဆိုခဲ့ပါတယ်။ အန်နာဟာ အစိုးရခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေထံ စာရေးသားပေးပို့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ဖို့ လှုပ်ရှားခဲ့ပါတယ်။ ရလဒ်အနေနဲ့ ၁၉၁၄ ခုနှစ် မှာ အမေရိကန်သမ္မတ ဝုဒရိုးဝီလ်ဆင် (Woodrow Wilson) က မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို တရားဝင် "မိခင်များနေ့" အဖြစ် လက်မှတ်ရေးထိုး သတ်မှတ်ပေးခဲ့ပါတယ်။

၃။မိခင်များနေ့သင်္ကေတအဖြူရောင် ကာနေးရှင်း - ​မိခင်များနေ့ရဲ့ အထိမ်းအမှတ်ပွဲတွေမှာ အန်နာဟာ သူမရဲ့မိခင် အနှစ်သက်ဆုံးဖြစ်တဲ့ အဖြူရောင် ကာနေးရှင်း (Dianthus caryophyllus) ပန်းလေးတွေကို အသုံးပြုခဲ့ပါတယ်။အဖြူရောင်ဟာ မိခင်ရဲ့ ချိုမြိန်မှု၊ ရိုးသားမှုနဲ့ ထာဝရတည်တံ့တဲ့ မေတ္တာကို ကိုယ်စားပြုပါတယ်။ (ယခုအခါ မှာတော့ကွယ်လွန်သွားတဲ့ မိခင်များအတွက် အသုံးပြုလေ့ရှိပါတယ်)။သက်ရှိထင်ရှားရှိနေတဲ့ မိခင်တွေကိုတော့ အနီရောင်နှင်းဆီပန်းတွေနဲ့ ဂုဏ်ပြုလေ့ရှိကြပါတယ်။

၄။ ဘာကြောင့် မိခင်များနေ့ကို ကျင်းပကြတာလဲ?
​မိခင်တစ်ဦးဟာ မိသားစုတစ်ခုလုံးအတွက် အနစ်နာခံ ပေးဆပ်နေသူဆိုတာ သိဖို့၊ မိခင်မေတ္တာနဲ့ပေးဆပ်ခြင်းကို ဂုဏ်ပြုဖို့ဖြစ်ပါတယ်။ အန်နာဂျာဗစ်ရဲ့ ရည်ရွယ်ချက်ကတော့-
၁။ မိခင်ကို လွမ်းဆွတ်သတိရခြင်းမှသည် ရှိသမျှ အမေအားလုံးကို အသိအမှတ်ပြုစေရန်။
၂။ မိသားစုအချင်းချင်း ချစ်ခြင်းမေတ္တာတွေ ပိုမိုခိုင်မြဲလာစေရန်။
၃။ အိမ်ထောင်ရှင်မ/မိခင်တစ်ဦးရဲ့ တန်ဖိုးကို လူ့အဖွဲ့အစည်းက ပိုမိုအာရုံစိုက်လာစေရန် ဖြစ်ပါတယ်။
ယနေ့ခရစ်ယာန်အသင်းတော်တွေမှာ"မိခင်များနေ့"ကျင်းပလာကြတာဟာလည်းမိခင်ကိုရိုသေလေးစားကျေးဇူးဆပ်တတ်ဖို့တွန်းအားပေးခြင်းတမျိုးဖြစ်ပါတယ်။

​နိဂုံး - အန်နာဂျာဗစ် ကွယ်လွန်ချိန် (၁၉၄၈ ခုနှစ်မှာ) နိုင်ငံပေါင်း ၄၃ နိုင်ငံကမိခင်များနေ့ ကျင်းပလာကြပြီး၊ ယနေ့ အထိမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း၁၀၀ကျော်ဟာ ဒီမေလဒုတိယအပတ်ကျရောက်တဲ့မိခင်များနေ့ကိုကျင်းပနေကြပြီဘဲဖြစ်ပါတယ်။ ​မိခင်များနေ့ဆိုတာ ပြက္ခဒိန်ထဲက နေ့ရက်တစ်ရက်ထက် ပိုပါတယ်။ ကျွန်တော်တို့ဘဝကို ပုံဖော်ပေးခဲ့တဲ့၊ အေးမြတဲ့ မေတ္တာရိပ်ကို ပေးခဲ့တဲ့ "အမေ" ကို ကျေးဇူးဆပ်၊ ဂုဏ်ပြုဖို့ သတိပေးလိုက်တဲ့ နေ့လေးတစ်နေ့ပဲ ဖြစ်ပါတော့တယ်။

Crd-ဆရာရဲမင်း

​ #အမေများနေ့ #မိခင်များနေ့

Address

Myitkyina
11011

Website

Alerts

Be the first to know and let us send you an email when Myitkyina Business Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share