06/02/2023
😍😍 ကုမ္ပဏီမှတ်ပုံတင်ဖို့ ဘာတွေလိုလဲ?
**************************************
- ကုမ္ပဏီ အမည်
- ကုမ္ပဏီရုံးခန်းလိပ်စာ
- ပါဝင်မယ့် ဒါရိုက်တာတွေရဲ့ မှတ်ပုံတင် ရှေ့/နောက် ပုံ
- ဒါရိုက်တာတွေရဲ့ မွေးနေ့သက္ကရာဇ်များ
- ဒါရိုက်တာတွေရဲ့ လိပ်စာများ
- ဒါရိုက်တာတွေရဲ့ ဖုန်းနံပါတ်များ
- Email ရှိရင် email လိပ်စာ
- မတည်ရင်းနှီးငွေ
- အစုရှယ်ယာခွဲဝေပုံ
💰💰 ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ?
စုစုပေါင်း ၂ သိန်း ကုန်ကျပါမယ်။
(AR ပါ တခါတည်းလုပ်မယ်ဆို ၂ သိန်း ၅ သောင်း ကုန်ကျပါမယ်။ AR ကို အောက်မှာ ရှင်းပြပေးပါမယ်။)
👉👉 မှတ်ပုံတင်ရဖို့ အချိန်ဘယ်လောက်ကြာမလဲ?
အချက်အလက်ပြည့်စုံပြီး ကုမ္ပဏီနာမည်တူ မရှိရင် ၂၄ နာရီအတွင်း မှတ်ပုံတင် ပြန်ရနိုင်ပါတယ်။
🤙 ကုမ္ပဏီမှတ်ပုံတင်ပြီး ဘာတွေ ပြန်ရမလဲ?
- ကုမ္ပဏီလိုင်စင် (e-certificate)
- နှစ်သောင်းတန် Company Extract (ယခင် Form 6/26) (pdf)
- MyCo Account
- ကုမ္ပဏီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (pdf)
- DICA Company Profile (pdf)
💻 ကုမ္ပဏီနာမည်တူရှိမရှိ ရှာလို့ရလား?
နာမည်တူရှိမရှိ https://myco.dica.gov.mm/corp/search.aspx ကနေ ကိုယ်တိုင်စစ်နိုင်ပါတယ်။ ကိုယ်တိုင်ရှာဖို့အဆင်မပြေရင် က မိတ်ဆွေတို့လိုချင်တဲ့ ကုမ္ပဏီနာမည်ရတဲ့အထိ ဝန်ဆောင်ခ မယူဘဲ အခမဲ့စစ်ပေးပါမယ်။
⌨ သန်းကောင်စာရင်းလိုလား မသိဘူး?
သန်းကောင်စာရင်းပေးစရာမလိုပါဘူး။ ရုံးလိပ်စာ၊ ဒါရိုက်တာလိပ်စာတွေပေးရင် ရပါပြီ။
🖱 ဒါရိုက်တာအနည်းဆုံးဘယ်လောက်ထားရမလဲ?
ဒါရိုက်တာ အနည်းဆုံး တစ်ယောက်ကစပြီး ကုမ္ပဏီမှတ်ပုံတင်လို့ရပါတယ်။
💵 မတည်ရင်းနှီးငွေဘယ်လောက်အနည်းဆုံးထားရမလဲ?
မတည်ရင်းနှီးငွေ အနည်းဆုံး သတ်မှတ်ချက်မရှိပါဘူး။ ကိုယ်လုပ်မယ့်လုပ်ငန်းပေါ်မူတည်ပြီး ထားလို့ရပါတယ်။
မတည်ရင်းနှီးငွေအပေါ် အခွန်ဆောင်ဖို့မလိုပါဘူး။ သို့ပေမယ့် ကုမ္ပဏီမှတ်ပုံတင်ရရှိပြီးနောက်မှာ အခွန်ဌာနက ရှယ်ယာရှင်များရဲ့ ထည့်ဝင်ငွေပေါ်မှာ ငွေဖြူတောင်းရင်တော့ ပြနိုင်ဖို့လိုပါတယ်။
💸 မတည်ရင်းနှီးငွေအပေါ် ငွေဖြူမပြနိုင်ရင်ကော ဘယ်လိုလုပ်ရမလဲ?
ငွေဖြူမပြနိုင်ရင် ကုမ္ပဏီမှတ်ပုံတင်ရရှိပြီးနောက်မှာ ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ငွေအဖြစ် သတ်မှတ်ရာခိုင်နှုန်းအတိုင်း(လက်ရှိ သိန်းတစ်ထောင်အောက် 3%) အခွန်ဆောင်လိုက်မယ်ဆိုရ
🎖 ကုမ္ပဏီတစ်ခု မှတ်ပုံတင်ပြီး နှစ်စဉ် ဘာတာဝန်တွေရှိမလဲ?
၁။ တစ်နှစ်တစ်ခါ AR ကုမ္ပဏီ သက်တမ်းတိုးရပါမယ်။ (ဝန်ဆောင်ခအပါ ၆ သောင်း)
AR မတင်ရင် ဒဏ်ကြေး ၂ သိန်းကနေ ကုမ္ပဏီဖျက်သိမ်းစာရင်းဝင်တာထိ ဖြစ်နိုင်ပါတယ်။
၂။ နှစ်စဉ်ဝင်ငွေကြေညာလွှာတင်ဖို့လိုပါတယ်။ (စာရင်းစစ်ကုမ္ပဏီတွေကို အပ်ရပါတယ်။ ၅ သောင်းခန့် ကုန်ကျစရိတ်ရှိပါတယ်။)
ဝင်ငွေကြေညာလွှာမတင်ပါက ကျသင့်အခွန်ရဲ့ ၅% သို့မဟုတ် တစ်သိန်းကျပ် များရာ ဒဏ်ကြေးငွေ ကျသင့်ပါလိမ့်မယ်။
၃။ (Apr to Mar) ဘဏ္ဍာရေးနှစ်ကုန်ပါက အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှစ်ချုပ်စာရင်း ရေးဆွဲတင်ပြရပါမယ်။ (စာရင်းစစ်ကုမ္ပဏီတွေကို အပ်ရပါတယ်။ ၁ သိန်းခွဲခန့် ကုန်ကျစရိတ်ရှိပါတယ်။)
💻 အခွန်ကကော ဘယ်လောက်ကျမလဲ?
ကုမ္ပဏီအနေဖြင့်လုပ်ငန်းမရှိဖြင့် နှစ်ချုပ်တင်ပြရင် အခွန်ရုံးရှိ သတင်းစာရင်းဖြင့်တိုက်ဆိုင်စိစစ်လို့ မှန်ကန်ပါက မည်သည့်အခွန်မှ မကျနိုင်ပါ။ လုပ်ငန်းကို အရှုံးနဲ့တင်ပြပါက ရောင်းရငွေ/ရငွေအား အခွန်ရုံးရှိ သတင်းစာရင်းဖြင့် တိုက်ဆိုင်စိစစ်ခြင်း၊ အသုံးစရိတ်များစိစစ်ပြီး မဆီလျော်သည့်စရိတ်၊ လုပ်ငန်းနှင့်မမျှတအောင် များပြားတဲ့စရိတ်များပါရှိပါက ဖြတ်တောက်ခြင်းများ ဆောင်ရွက်ပြီး မှန်ကန်ခိုင်လုံပါက ဝင်ငွေခွန်မကျနိုင်ပါ။
ဝင်ငွေရှိ လုပ်ငန်းလုပ်ကိုင်ပြီး အမြတ်ရှိခဲ့ပါက အသားတင်အမြတ်၏ ၂၅%ကို ဝင်ငွေခွန်အဖြစ် အခွန်စည်းကြပ်မှုပြုလုပ်ပါတယ်။
ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သောလုပ်ငန်းကို ဆောင်ရွက်ပါက လုပ်ငန်းမြတ်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မှာဖြစ်ပါတယ်။
🔴 AR ဆိုတာ ဘာလဲ?
Annual Return (AR) ဆိုတာ အလွယ်ပြောရရင် ကုမ္ပဏီစတင်မှတ်ပုံတင်ထားတဲ့အချက်အလက်တွေ လက်ရှိအချိန်ထိ မှန်ကန်မှုရှိကြောင်း၊ update ဖြစ်ကြောင်း ကြေညာတဲ့ နှစ်စဉ်အစီအရင်ခံစာပါ။ ယခင်က Form E လိုမျိုးပါ။
Annual Return ကို ကုမ္ပဏီအသစ်တည်ထောင်ပြီးချိန်မှစ၍ နှစ်လ အတွင်း တင်ပြရန်နှင့် နောင်နှစ်များတွင်လည်း မိမိတို့ ကုမ္ပဏီ စတင်တည်ထောင်သည့် နှစ်ပတ်လည်နေ့မှစ၍ တစ်လအတွင်း နှစ်စဉ်အစီရင်ခံစာကို တင်ပြရမှာဖြစ်ပါတယ်။
👉👉👉 ကုမ္ပဏီတည်ထောင်ပြီး ဘာတွေလုပ်လို့ရမလဲ?
လုပ်ငန်း ၉၉ မျိုးကို ရည်ရွယ်လုပ်ကိုင်နိုင်ပါတယ်။ ရည်ရွယ်လုပ်ကိုင်မည့်လုပ်ငန်းများအတွက် သီးခြားလုပ်ငန်းလိုင်စင်များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှာ လျှောက်ဖို့လိုပါတယ်။ ဥပမာ စည်ပင်လိုင်စင်၊ travel and tour license, export import license, ပြည်တွင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးလိုင်စင်, money changer license
( ၉၉ မျိုး လုပ်ငန်းအသေးစိတ်ကို သိချင်ရင် comment ကဖြစ်စေ၊ viber က ဖြစ်စေ၊ messenger ဖြစ်စေ အခမဲ့ တောင်းယူနိုင်ပါတယ်
💜 အခြားသိချင်တာရှိသေးတာပဲဖြစ်ဖြစ် မေးစရာရှိတာပဲဖြစ်ဖြစ် အောက်က ကော့မန့်မှာမေးလို့ရပါတယ်။
👇👇👇 ကုမ္ပဏီမှတ်ပုံတင်နဲ့ ပက်သတ်လို့ စိတ်ဝင်စားရင် အောက်ပါ ဥပဒေစာအုပ်တွေလည်း comment မှာ အခမဲ့တောင်းယူနိုင်ပါတယ်...
- မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၂၀၁၆ (pdf)
- မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ (pdf)
- မြန်မာနိုင်ငံ ကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများ ၂၀၁၈ (pdf)
- ကုမ္ပဏီ ဒါရိုက်တာများ လမ်းညွှန် ၂၀၁၇ (pdf)
- အခွန်ကောက်ဥပဒေ ၂၀၂၀ (pdf)
- SME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (pdf)
- ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ၂၀၁၉ (pdf)
- စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ၂၀၁၉ (pdf)
- တီထွင်မှုမူပိုင်ခွင့်ဥပဒေ ၂၀၁၉ (pdf)
- စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ၂၀၁၉ (pdf)
- လုပ်ငန်းခွင် မြန်မာ့ယဉ်ကျေးမှု လမ်းညွှန် (pdf)
ဒါဆိုရင်တော့ ကုမ္ပဏီနာမည်တူမရှိသေးခင် Register လုပ်ဖို့ ကို အခုပဲ ဆက်သွယ်လိုက်တော့နော်
😍😍 ကုမ္ပဏီမှတ်ပုံတင်ခြင်း One Stop Services😍😍
👉Export Import License (ထသက) လျှောက်ထားပေးခြင်း
👉UMFCCI အသင်းဝင်ပေးခြင်း
👉IE CODE လျှောက်ထားပေးခြင်း
👉ကုန်အမှတ်တံဆိပ် နှင့် လိုဂို တံဆိပ်(အသစ်)များ ကို မှတ်ပုံတင်ပေးခြင်း
👉ကုန်အမှတ်တံဆိပ် နှင့် လိုဂို တံဆိပ်(အဟောင်း)များ ကို ပြန်လည်မှတ်ပုံတင်ပေးခြင်း
👉နိုင်ငံသားပိုင် Private ကုမ္ပဏီအသစ် မှတ်ပုံတင်ခြင်း
👉နိုင်ငံသား၊ နိုင်ငံခြားသား ဖက်စပ် Private ကုမ္ပဏီအသစ် မှတ်ပုံတင်ခြင်း
👉နိုင်ငံခြားသားပိုင် Private ကုမ္ပဏီအသစ် မှတ်ပုံတင်ခြင်း
👉အများပိုင် ကုမ္ပဏီများ အသစ်မှတ်ပုံတင်ခြင်း
👉ကုမ္ပဏီအမည် နှင့် အသေးစိတ်အချက်အလက်များ ပြောင်းလဲခြင်း
👉ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်း
👉ကုမ္ပဏီလိပ်စာ ပြောင်းလဲခြင်း
👉ကုမ္ပဏီမှတ်ပုံတင် စာရင်းများနှင့် အညွှန်းစာရင်းများ ထိန်းသိမ်းထားသည့် နေရာ ပြောင်းလဲခြင်း
👉ဒါရိုက်တာ နှင့် ကိုယ်ရေးအချက်အလက်များ ပြောင်းလဲခြင်း
👉အတွင်းရေးမှုးခန့်အပ်ခြင်း၊ ပြောင်းလဲခြင်း
👉Share Holder များ ပြောင်းလဲခြင်း
👉အစုရှယ်ယာများ ခေါ်ယူခြင်း၊ အစုရှယ်ယာ အရေအတွက်ပြောင်းလဲခြင်း၊ လွဲပြောင်းခြင်း
👉အစုရှယ်ယာ မတည်ရင်းနှီးငွေ အရေအတွက်ပြောင်းလဲခြင်း
#နှစ်စဉ်အစီရင်ခံစာ .0