သိန်းသန်းတိုး စပါးမျိုး၊ပဲမျိုး ဖြန့်ဖြူးရေး

  • Home
  • Myanmar
  • Naypyidaw
  • သိန်းသန်းတိုး စပါးမျိုး၊ပဲမျိုး ဖြန့်ဖြူးရေး

သိန်းသန်းတိုး စပါးမျိုး၊ပဲမျိုး ဖြန့်ဖြူးရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သိန်းသန်းတိုး စပါးမျိုး၊ပဲမျိုး ဖြန့်ဖြူးရေး, Padauk Street, Naypyidaw.

☎️ 09 250 688 277 (Viber)
☎️ 09 970 192 511(Viber)
☎️ 09 965 827 951
☎️09 401 677 521

🏠 နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ကျည်တောင်ကန် ၊အမှတ်(၁)ရပ်ကွက်၊ဇီးကုန်း-ပိတောက်လမ်း။

🌾🌾🌾🌾ရက် ၉၀ စပါးမျိုး 🌾🌾🌾🌾 #စပါး🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾 ထိုင်းနှံကောက် - 115 ရက် 🌾 ရက် ၉၀        - 90 ရက် 🌾 ဆင်းသုခ      - 135 ရက...
07/12/2025

🌾🌾🌾🌾ရက် ၉၀ စပါးမျိုး 🌾🌾🌾🌾
#စပါး🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
🌾 ထိုင်းနှံကောက် - 115 ရက်
🌾 ရက် ၉၀ - 90 ရက်
🌾 ဆင်းသုခ - 135 ရက်
🌾YSR.1 - 120 ရက်

(အထွက်နှုန်းကောင်းသော မျိုးများ)

မျိုးကောင်း မျိုးသန့် လိုအပ်သူများ ဆက်သွယ်လိုက်ပါရှင့်

( ဒေသ ရေမြေ ရာသီဥတုပေါ်လိုက်၍ အသက်ရက် အနည်းငယ်ပြောင်းလဲမှုရှိ)

☎️ 09 250688277(Viber)
☎️ 09 965827951
☎️ 09 970192511 (Viber)
☎️ 0 401677521

🏠 နေပြည်တော် ၊ ပုဗ္ပသီရိမြို့နယ် ၊ ကျည်တောင်ကန်
🏠 နေပြည်တော် ၊ဇေယျာသီရိမြို့နယ်၊ ခေတ်အေးရွာ (ဆိုင်ခွဲ ၂)(ရန်-မန်း လမ်းဘေး)

နေပြည်တော် သီးနှံစျေး
21/11/2025

နေပြည်တော် သီးနှံစျေး

08/11/2025

ရက်ရှည်မိုးရွာသွန်းပြီးနောက် ပဲစိုက်ပျိုးတဲ့မြေမှာဖြစ်တတ်တာရယ်၊ မြေဆောင်မှိုကျရောက်နိုင်မှုရယ်ကို ဆွေးနွေးပေးပါမယ်။

ပထမဦးစွာ စပါးရိတ်သိမ်းပြီးနောက် ပဲစိုက်မယ့်ရာသီအစောပိုင်းမှာ မိုးရေချိန်အသင့်အတင့်နဲ့ နေ့စဉ်ရွာသွန်းမှု ၅-၇ ရက်ခန့်ကြုံလာတဲ့အခါ မြေကြီးမှာ ဘာတွေဖြစ်လာတတ်သလဲ….
မြေစေး၊ နုန်းမြေစေးဆန်တဲ့မြေမှာ ရေဝပ်ကာလ ရှိနိုင်ပါတယ်။ ရေရှိနေရင် မြေမှုန်တွေကြားမှာ ရေနဲ့ပြည့်ဝတဲ့အခြေအနေဖြစ်တာကြောင့် အပေါ်ယံမြေလွှာအတွင်း အောက်စီဂျင်ပြတ်တောက်မှုဖြစ်ကာ ဒီအချိန်မှာ ပဲက ကြဲပြီးလို့ အပင်ပေါက်ကာစဖြစ်နေခဲ့ရင် အမြစ်အတွက် ပွါးများမှုနဲ့ အောက်စီဂျင်ရယူနိုင်မှု ပြတ်တောက်သွားနိုင်ပါတယ်။ အမြစ်ဇုံမှာရှိတဲ့ အကျိုးပြုအဏုဇီဝသက်ရှိ (ဉပမာ ထရိုင်ဂိုဒါးမား၊ ရိုင်ဇိုဘီယမ်) ဦးရေ လျော့ကျသွားနိုင်ပါတယ်။ ရေစိမ့်ဝင် စုပ်ယူမှုကြောင့် မြေသားတင်းကြပ်သွားနိုင်ကာ အမြစ်ထိုးဝင်ဖို့ အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေမျိုးမှာ Macrophomina (ပဲပင်ငယ်အမြစ်ပုပ်ရောဂါ)၊ Rhizoctonia (ပဲပင် မြစ်ခြောက်ဆွေးရောဂါ)၊ Fusarium (ဖျူစေရီယမ်ပင်ညှိုးရောဂါ) စတဲ့ရောဂါများ မြေကြီးမှာရှိနေခဲ့ရင် ပဲပင်ကို စတင်ကျရောက်ဖို့ အားပေးစေနိုင်ပါတယ်။

ထည့်သွင်းထားသော အာဟာရများဆုံးရှုံးမှုတွင် နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ ဆာလဖာ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နှင့် အနည်းလိုအာဟာရများဖြစ်သော ဇင့်၊ ဘိုရွန်၊ သံဓာတ်၊ မဂ္ဂနိ့စ်စသည်တို့ စိမ့်ဝင်လျော့ပါးဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။ ရေလွှမ်းမိုးတဲ့ လေမဲ့အခြေအနေမှာ နိုက်ထရိုဂျင်သည် denitrification ဖြစ်စဉ်ကြောင့် နိုက်ထရိုဂျင်ဓာတ်ငွေ့အဖြစ်ပြောင်းလဲဆုံးရှုံးနိုင်ပြီး၊ လေမဲ့အခြေအနေကြောင့် အနုဇီဝသက်ရှိများ ရှင်သန်နိုင်မှုကို ထိခိုက်နိုင်ခြင်းကြောင့်လည်း ထည့်သွင်းထားသော ဖော့စ်စဖရပ်စ်ကို အပင်မှစားသုံးနိုင်သောပုံစံပြောင်းလဲပေးနိုင်စွမ်းနည်းစေနိုင်မှုကြောင့် စိုက်ပျိုးထားသောသီးနှံအတွက် အာဟာရချို့တဲ့၊ မညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။ မြေဆောင်ရောဂါများပွါးများ၊ စတင်ကျရောက်နိုင်မှု အားပေးသော စွတ်စိုသည့်အချိန်မှာ အပင်အတွက်အာဟာရမျှတစွာ စားသုံးခြင်းမပြုနိုင်ခြင်းဟာ ရောဂါရဲ့ ထိုးဖောက်တိုက်ခိုက်နိုင်မှုကို အားသာချက်ဖြစ်စေတတ်ပါတယ်။

မိုးရေ၊ အစိုဓာတ်ကြောင့် အပင်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်များနှေးစေနိုင်သလို အမြစ်မွှား၊ မြစ်ဖုထွက်ရှိမှုကိုလည်း နည်းစေနိုင်ခြင်း၊ ရောဂါကို ခုခံနိုင်စေမည့် အပင်တွင်းဟော်မုန်းနှင့် ဒြပ်ပေါင်းများထုတ်နိုင်ခြင်းကိုပါ လျော့ကျစေခြင်းတို့ကြောင့် အပင်ညှိုးနွမ်း၊ သေဆုံးမှုကို အချိန်တိုအတွင်း ဖြစ်စေနိုင်ပါတယ်။

- ရေလွှမ်းမိုးပြီး အစိုဓာတ်ကြာရှည်မှုကြောင့် ပျိုးပင်ငယ်ပင်ညှိုး Pythium spp.
- မြေသားအတွင်း လေပေါက်များကြား အောက်စီဂျင်ပြတ်တောက်မှုကြောင့် ပင်စည်ပုပ်၊ မြစ်ဆွေး Rhizoctonia
- အမြစ်စဉ်အင်အားနည်းပြီး မိုးရွာသောကာလအပြီး အပူချိန်ပြန်လည်မြင့်တက်လာပါက ပင်ခြေပုပ် (charcoal rot) - Macrophomina
- အာဟာရ မညီမျှမှုကြောင့် ပင်ညှိုး Fusarium စတဲ့ရောဂါတွေ စတင်လာနိုင်ပါတယ်။ ဒါ့အပြင် မြေဆောင်မှိုမဟုတ်သော ပင်ပိုင်းအစိတ်အပိုင်းမှာကျတတ်တဲ့………..
- အရွက်စွတ်စိုမှုကာလ ကြာရှည်ပါက (၈-၁၂ နာရီ) ဆာကိုစပိုးရားရွက်ပြောက်ရောဂါ
- စိုထိုင်းဆများပြီး လေဝင်လေထွက်အားနည်းပါက ဖားဉမှိုရောဂါ၊ မှဲ့ပြောက်စွန်း
- ဘက်တီးရီးယားရွက်ခြောက် စတဲ့ရောဂါများကိုလည်း အားပေးစေနိုင်ပါတယ်

ဒါ့အပြင် ရေထုတ်နိုင်ခြင်းမရှိသော စိုက်ခင်းမျိုးမှာ အပင်အတွက်အဆိပ်သင့်စေသော သံဆိပ်လွန်ကဲခြင်း၊ မဂ္ဂနိ့စ်အဆိပ်သင့်ခြင်း၊ ဟိုက်ဒရိုဂျင်ဆာလဖိုက်အဆိပ်သင့်ခြင်းတို့ဖြစ်နိုင်ကာ အမြစ်ကိုအဓိက ထိခိုက်စေနိုင်ခြင်းကလည်း မြေဆောင်ရောဂါများ အလွယ်တကူထိုးဖောက်ဝင်ရောက်ခြင်းအတွက် အခွင့်အလမ်းဖြစ်စေနိုင်ပါတယ်။

မိုးရွာသွန်းရက်ကြာရှည်ပြီး မိုးပြတ်သည့်အချိန်တွင်
၁။ စိုက်ခင်းရေထုတ်၊ စိမ့်မြောင်းပတ်မြောင်းများ တူးဖော်ခြင်း
၂။ အနုဇီဝသက်ရှိများပြန်လည်ပွါးများနိုင်ရေးအတွက် သဘာဝမြေဩဇာထည့်ခြင်း
၃။ မြေကြီးတွင် Trichoderma ထည့်ခြင်း
၄။ တဧကအတွက် ယူရီးယား ၁၀-၁၅ ကီလိုဂရမ်ခန့် ထည့်ပေးခြင်း
၅။ ရွက်ဖျန်းအဖြစ် ပိုတက်စီယမ်နိုက်ထရိတ်ဖျန်းခြင်း
၆။ အနည်းလိုအာဟာရ ဇင့်ဆာလဖိတ်၊ မဂ္ဂနိ့စ်၊ ဘိုရွန် ထည့်ခြင်း
၇။ Trichoderma ပက်ဖျန်းခြင်း (၅ ကီလို +.မြေဆွေး/ ဧက)
၈။ ကော့ပါးအောက်စီကလိုရိုက်၊ မန်ကိုဇက်၊ ကလိုရိုသာလိုနေးလ် စသောဆေးများကို ရောဂါကြိုတင်၊ ဟန့်တားရန် အသုံးပြုနိုင်ပါတယ်။

Dr. DaDa
Ph. D Entomology

ရေဆင်း-၇ 🌱🌱🌱🌱 မတ်ပဲမျိုး🌱ရေဆင်း-၇ ၊🌱🌱မတ်ပဲမျိူး🌱မျိူးအမည်။                     ❤️ရေဆင်း-၇🌱အသက်ရက်။                   ❤️ ...
02/11/2025

ရေဆင်း-၇ 🌱🌱🌱🌱 မတ်ပဲမျိုး

🌱ရေဆင်း-၇ ၊🌱🌱မတ်ပဲမျိူး
🌱မျိူးအမည်။ ❤️ရေဆင်း-၇
🌱အသက်ရက်။ ❤️ ၈၀-၈၅ ရက်
🌱တစ်ပင်ပါသီးတောင့်။ ❤️ ၂၇-၃၀
၊🌱အစေ့အရောင်။ ❤️တောက်ပသော ၊🌱 စိမ်းနက်ရောင်
🌱တစ်တောင့်ပါအစေ့။ ❤️၆.၄
🌱အစေ့(၁၀၀၀)အလေးချိန်။ ❤️ ၆.၅ g
၊🌱တစ်ဧကအထွက်နှုန်း။ ❤️၂၇-၃၀တင်း
🌱ထူးခြားချက် ❤️
👉အစေ့အရွယ်အစားကြီး၍ဈေးကွက်ဝင်ခြင်း၊
👉အသက်လျင်၍အထွက်ကောင်ခြင်း။


☎️09 250 688 277
☎️09 970 192 511
☎️09 965 827 951
☎️09 401 677 521

🙏သို့ ဆက်သွယ်မှာယူနိုင်ပါသည်ရှင့်
👆အထက်ပါ ဖုန်းများမှလွဲ၍တခြားဖုန်းသုံးစွဲခြင်းမရှိပါရှင့်
၊🙏မျိူးစေ့ အရည်အသွေးအာမခံ ပါတယ်ရှင့်
🙏 ယုံကြည်စိတ်ချစွာ မှာယူနိုင်ပါသည် ရှင့်
🏚️ဆိုင်သို့လာဝယ်ယူလိုပါက
🏚️နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊ကျည်တောင်ကန် အမှတ် ၁ ရပ်ကွက်၊ဇီးကုန်း-ပိတောက်လမ်း။
🏚နေပြည်တော် ၊ဇေယျာသီရိမြို့နယ်၊ ခေတ်အေးရွာ (ရန်-မန်း ကားလမ်းဘေး) ဆိုင်ခွဲ (၂)

Address

Padauk Street
Naypyidaw

Website

Alerts

Be the first to know and let us send you an email when သိန်းသန်းတိုး စပါးမျိုး၊ပဲမျိုး ဖြန့်ဖြူးရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share