29/08/2026
မေမေတို့ရေ…🌿
ကိုယ်လုပ်နေတဲ့အလုပ်ကို
ကိုယ့်အောင်မြင်မှုကို
အကောင်းမြင်ပေးမယ့်အစား
အပြစ်ပဲရှာနေတဲ့လူတွေရှိရင်…
သူတို့ရဲ့အမြင်ကို လွှတ်ချလိုက်ပါ။‼️
ဘာလို့လဲဆိုတော့
ကိုယ်ဘယ်လောက်ကောင်းအောင်လုပ်လုပ်
ကိုယ့်အပေါ်မှာ အကောင်းမြင်စိတ်မရှိတဲ့သူက
ကောင်းတာကိုတောင် ကောင်းတယ်လို့ မြင်မှာမဟုတ်ဘူး။
ဒါကြောင့်
သူများဘာပြောလဲဆိုတာကို
နေ့တိုင်းထိုင်ပြီး စိတ်ပူမနေပါနဲ့။
ကိုယ့်အိပ်မက်ကိုသာ အာရုံစိုက်ပါ။
ကိုယ့်ရည်မှန်းချက်ကိုသာ အာရုံစိုက်ပါ။
ကိုယ့်ဘဝတိုးတက်ဖို့သာ နေ့တိုင်းတည်ဆောက်ပါ။💯
တစ်ချို့လူတွေက
ကိုယ်လဲကျရင် လက်ညှိုးထိုးမယ်…
ကိုယ်တက်လာရင်လည်း အပြစ်ရှာမယ်…
ဒါပေမယ့်
သူတို့ရဲ့လက်ညှိုးတွေကို
ကိုယ့်ဘဝရဲ့ “လက်မထောင်ပြစရာ” အောင်မြင်မှုတွေအဖြစ်
ကိုယ်တိုင်ပြောင်းလဲနိုင်တယ်။ ✊🏻
ဒီနေ့ သူတို့ပြောတာကို
စိတ်ထဲမထားပါနဲ့။
မနက်ဖြန် ကိုယ့်ရလာဒ်က
ကိုယ့်အတွက် အကောင်းဆုံးအဖြေ ဖြစ်လာပါလိမ့်မယ်။
အသက်ဘယ်လောက်ရောက်ရောက်
ကိုယ့်ဘဝကို ကိုယ်ပြန်တည်ဆောက်လို့ရတယ်။🎬🎥
နောက်ကျတာမရှိဘူး။
စဖို့ပဲလိုတယ်။
စိတ်ညစ်ပြီး ရပ်မနေပါနဲ့…
တိတ်တိတ်လေး ဆက်လုပ်ပါ။
ဇွဲရှိရှိ ဆက်လျှောက်ပါ။ 🚶🏻♀️🚶🏻♀️
တစ်နေ့မှာ
ကိုယ်ပြောစရာမလိုတော့ဘဲ
ကိုယ့်ရလာဒ်တွေက ကိုယ့်အစား သက်သေပြပေးနိုင်တဲ့အထိ… ✍️❤️
မေမေတို့ရေ…
သူများရဲ့အမြင်နဲ့ ဘဝကို မတိုင်းပါနဲ့။
ကိုယ့်အိပ်မက်နဲ့ ကိုယ့်တန်ဖိုးကိုပဲ တိုင်းပါ။ 🌿
#ခက်ခဲတဲ့ကြားကတိုးတက်ပြောင်းလဲအောင်လုပ်ပါ
#ကိုယ့်ဘဝကိုယ်တည်ဆောက်ပါ
#အသက်၄၀ကျော်အမျိုးသမီးများ
#စိတ်စေတနာဖြင့်_မေချို