WYNE Money & General Services

WYNE Money & General Services General Services

Update ✈️✈️ မန္တလေး to တာချီလိတ် ✈️✈️လေယာဉ်လက်မှတ် (Flight Ticket) လေး💯💯ဝယ်ယူအားပေးတဲ့ မေမေနှင့် သမီးလေးတိုအား အထူးလှိုက...
18/03/2025

Update
✈️✈️ မန္တလေး to တာချီလိတ် ✈️✈️
လေယာဉ်လက်မှတ် (Flight Ticket) လေး💯💯
ဝယ်ယူအားပေးတဲ့ မေမေနှင့် သမီးလေးတိုအား
အထူးလှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်ရှင့်🙏🙏🙏
Have a nice trip ! ပါရှင်🥰🥰🥰

Update ✈️✈️တာချီလိတ် to မန္တလေး ✈️✈️လေယာဉ်လက်မှတ် (Flight Ticket) လေး💯💯ဝယ်ယူအားပေးတဲ့ အကိုအား အထူးလှိုက်လှဲစွာကျေးဇူးတင်...
23/02/2025

Update
✈️✈️တာချီလိတ် to မန္တလေး ✈️✈️
လေယာဉ်လက်မှတ် (Flight Ticket) လေး💯💯
ဝယ်ယူအားပေးတဲ့ အကိုအား
အထူးလှိုက်လှဲစွာကျေးဇူးတင်ရှိပါတယ်ရှင့်🙏🙏🙏
Have a nice trip ! ပါရှင်🥰🥰🥰

တစ်ချို့က အာမခံထားတာကို ငွေရှိမှထားလို့ရတာ ၊ အပိုအလုပ်၊အပိုကုန်တယ်လို့ယူဆကြတယ် အမှန်က အာမခံက အသက်ရှိသူတိုင်း အသက်အာမခံထာ...
22/01/2025

တစ်ချို့က အာမခံထားတာကို ငွေရှိမှထားလို့ရတာ ၊
အပိုအလုပ်၊အပိုကုန်တယ်လို့ယူဆကြတယ်
အမှန်က အာမခံက အသက်ရှိသူတိုင်း
အသက်အာမခံထားသင့်တာ 💯✅✅✅
အာမခံထားဖို့ သီးသန့်ငွေအပိုမရှိဘူးဆိုပြီး ပြောကြတယ်
အမှန်က သီးသန့်ငွေရှိမှထားလို့ရတာမဟုတ်ပါဘူး 🚩
နေ့စဉ်ကိုယ်သုံးနေတဲ့ မုန့်ဖိုးပဲဖိုးလေးတွေကိုပဲ
လျှော့သုံးလိုက်ရင် ငွေပမာဏတစ်ခုထွက်လာမယ် အဲ့ဒီ့ငွေပမာဏလေးကနေပဲ အာမခံစထားလို့ရပါတယ်
လူတွေက အာမခံဘာလို့ထားကြလဲဘာလို့ထားတယ်ထင်ကြလဲ အမှန်တကယ်က အာမခံထားသူတွေဟာ ဉာဏ်ကောင်းလို့ သူတို့ နောင်တချိန်ဖြစ်လာနိုင်တဲ့ 𝗿𝗶𝘀𝗸 တွေကို သူတို့မယူဘဲ အာမခံ 𝗰𝗼𝗺𝗽𝗮𝗻𝘆 ကို
လှလှပပလေးလွှဲပေးလိုက်တဲ့သဘောပါပဲ။
ဒီလိုပဲ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာခဲ့ရင်
ကုန်ကျမယ့်ဆေးရုံစရိတ်ကို မကုန်ချင်တဲ့သူတွေက ကျန်းမာရေးအာမခံထားကြသလို ကိုယ်နောင်တစ်ချိန် မိမိ 𝗲𝘅𝗽𝗶𝗿𝗲𝗱 ဖြစ်သွားရင် ကျန်ခဲ့မယ့်။ချစ်ရသူတွေရဲ့ ဘဝဖရိုဖရဲမဖြစ်ရဘဲ အဆင်ပြေကောင်းမွန်စွာ ဟန်မပျက်နေထိုင်နိုင်ဖို့အတွက်ရည်ရွယ်ပြီး အသက်အာမခံထားကြတယ် တချို့ကကျ 𝗥𝗲𝘁𝗶𝗿𝗲𝗺𝗲𝗻𝘁 ယူချိန်မှာ မိသားစုကို ကိုယ့်ရဲ့ဝန်မပေးချင်လို့ ကိုယ့်အတွက်မပူပင်စေချင်လို့ အာမခံထားကြတယ်
ဒီအချက်လေးတွေကြည့်ပြီး အာမခံရဲ့ကောင်းကျိုးအနည်းငယ်ကို နားလည်သဘောပေါက်မယ်မျှော်လင့်မိပါတယ်
မိမိနှင့်ကိုက်ညီဆုံးဖြစ်တဲ့ အာမခံ 𝗣𝗿𝗼𝗱𝘂𝗰𝘁 ကို သိလိုပါက
Wyne Money & General Services ဆီမှာ လာရောက်ဆွေးနွေးနိုင်ပါတယ်ရှင်……

09 420755620
09 985055620
အမှတ်(၆၃၇)၊ပိတောက်(၃)လမ်း၊သပြေကုန်းဈေး
မျက်နှာချင်းဆိုင်၊ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်




အသက်အာမခံ ဆိုတာ ငယ်ရွယ်စဉ် အခါမှာ မလိုသေးပဲ အသက်ကြီးတဲ့ အခါမှ ဝယ်မယ်လို့ စဉ်းစားထားသူတွေ အတွက် အာမခံအကြောင်းစောလျှင်စွာ ...
20/01/2025

အသက်အာမခံ ဆိုတာ ငယ်ရွယ်စဉ် အခါမှာ မလိုသေးပဲ အသက်ကြီးတဲ့ အခါမှ ဝယ်မယ်လို့ စဉ်းစားထားသူတွေ အတွက် အာမခံအကြောင်းစောလျှင်စွာ သိရှိစေရန်လေးနက်စွာ အသိပေးပါရစေ ….
အသက်အာမခံဆိုတာ ငယ်တုန်း ကျန်းမာနေတုန်းမှာပဲ အာမခံထားဖို့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံး အခြေနေဖြစ်ပြီး ရောဂါခံစားလာရမှ အသက်ရွယ်ကြီးလာတော့မှ ဝယ်ဖို့မဖြစ်နိုင်တော့တဲ့ အခြေနေကို မရောက်ခင် ကို ကြိုတင်စဉ်းစားပြီး ဝယ်ယူရမှာပဲ ဖြစ်ပါတယ်။
အသက်ရွယ်ငယ်စဉ်က အာမခံဝယ်ယူထားခြင်းဟာ ပေးသွင်းရတဲ့ ပရီမီယံကြေးနည်းပါးပြီး အသက်ကြီးလာလေ ပရီမီယံပမာဏများလာမှာဖြစ်ပါတယ် ။
အသက်အာမခံက ငွေစုအသက်အာမခံဖြစ်တဲ့အတွက် အသက်ရွယ်ငယ်စဉ် ဝင်ငွေရှိနေချိန်မှာ စတင်စုဆောင်းထားခြင်းဖြင့် မမျှော်လင့်သော အခြေနေတွေကို ကာကွယ်ပြီးသားဖြစ်သလို ဘာမှမဖြစ်ခဲ့ရင်လည်း နောင် အနာဂါတ်အတွက် ငွေစုဆောင်းပြီးသားဖြစ်စေမှာပဲဖြစ်ပါတယ်
အားလုံး အာမခံ ရဲ့ အကျိုးများကို စောလျှင်စွာ သိရှိစေပြီး အာမခံ အကာအကွယ် ရယူနိုင်ကြပါစေ 🎉🎉🎉
အာမခံနဲ့ပါတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက Wyne Money & General Services ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်….
09 420755620
09 985055620
အမှတ်(၆၃၇)၊ပိတောက်(၃)လမ်း၊သပြေကုန်းဈေး
မျက်နှာချင်းဆိုင်၊ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်




မိမိCompany ၏ DICA ID နဲ့ Password မမှတ်မိတော့ရင်Company ပိုင်ရှင်တွေအနေနဲ့ မိမိCompany အတွက် System ကိုဝင်ရောက်ရသည့် ID...
15/01/2025

မိမိCompany ၏ DICA ID နဲ့ Password မမှတ်မိတော့ရင်

Company ပိုင်ရှင်တွေအနေနဲ့ မိမိCompany အတွက် System ကိုဝင်ရောက်ရသည့် ID နဲ့ Password ကိုမေ့မေ့ပျောက်ပျောက်ဖြစ်နေတတ်ကြပါတယ်။အရေးကြုံလို ဝင်ရောက်မယ်ဆိုမှ သတိတရရှိတတ်ကြတာဖြစ်ပါတယ်။
Dica ရဲ့ ID နဲ့ Password ကိုလုံးဝမှမမှတ်မိတော့ဘူးဆိုရင် Dica မှာ Authorized ပြန်လည်တောင်းခံရမှာဖြစ်သလို
လိုအပ်ချက်အနေနဲ့ Company တွင်ပါဝင်သော Director တစ်ယောက်၏
👉အမည်
👉မှတ်ပုံတင်အမှတ်
👉လိပ်စာ
👉ဖုန်းနံပါတ်
👉E-mail
အစရှိသည်တိုလိုအပ်မှာဖြစ်ပြီး
🗓️ကြာချိန်အနေနဲ့ ၁ပတ်မှ ၂ပတ်ဝန်းကျင် စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
Company နှင့်ပတ်သက်၍ဆောင်ရွက်လိုသည်များ Tax ကိစ္စနှင့်ပတ်သက်၍တိုင်ပင်ဆွေးနွေးလိုသည်များအတွက် Wyne Money & General Services နှင့် ဆက်သွယ်ဆွေးနွေးဆောင်ရွက်နိုင်ပါတယ်ရှင့်။
09 420755620
09 985055620
အမှတ်(၆၃၇)၊ပိတောက်(၃)လမ်း၊သပြေကုန်းဈေး
မျက်နှာချင်းဆိုင်၊ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်




ယနေ့ကျရောက်သော အမေများနေ့ ( ပြာသိုလပြည့်နေ့ ) တွင်ကမ္ဘာပေါ်ရှိ အမေများအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှစ...
13/01/2025

ယနေ့ကျရောက်သော အမေများနေ့ ( ပြာသိုလပြည့်နေ့ ) တွင်
ကမ္ဘာပေါ်ရှိ အမေများအားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှစ်ဖြာသုခနှင့် ပြည့်စုံနိုင်ကြပါစေလို့
WYNE Money & General Services မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။


အာမခံဆိုတာဘာလဲ……👈အာမခံဆိုတာက အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုခ...
07/01/2025

အာမခံဆိုတာဘာလဲ……👈
အာမခံဆိုတာက အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ဖြစ်ပါတယ်။ အာမခံထားတဲ့သူဘက်မှာ ထိခိုက်မှုဆုံးရှုံးမှု တစ်စုံတရာဖြစ်လာမယ်ဆိုရင် စာချုပ်မှာပါတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သတ်မှတ်ထားတဲ့ ပေးလျော်ရမယ့် ငွေကြေးပမာဏကို အာမခံကုမ္ပဏီဘက်ကထုတ်ပေးရမှာပါ။ ဒီလိုထုတ်ပေးဖို့အတွက် အာမခံထားတဲ့သူဘက်က လစဉ်အာမခံကြေးပေးသွင်းရမှာဖြစ်ပါတယ်။

အာမခံအမျိုးအစားက ၂ မျိုးပဲရှိတာဖြစ်ပြီး
👉အသက်အာမခံ…….
အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း အသက်အာမခံထားနိုင်ပြီး အာမခံကြေးထုတ်ပေးတဲ့မူဝါဒအရ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။

👉အထွေထွေအာမခံ……
ဒီအာမခံအမျိုးအစားမှာတော့ အာမခံထားသူက သူပိုင်ဆိုင်တဲ့အရာတစ်ခုခုထိခိုက်ဆုံးရှုံးတိုင်းမှာ အာမခံမူဝါဒနဲ့ ကိုက်ညီနေမယ်ဆိုရင် အာမခံကြေး ရရှိမှာပါ။ ဥပမာ ကားကို အာမခံထားထားမယ်။ ကိုယ်က ယာဉ်မတော်တဆဖြစ်မယ်။ ကိုယ့်ကားရော တစ်ဖက်ကားပါ ထိခိုက်မိတယ်။ ဒီလိုအခြေအနေမှာ အာမခံထားထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေအတွက် ကိုယ်က ပေးလျော်စရာမလိုဘဲ အာမခံ ကုမ္ပဏီက ပေးလျော်ပေးရမှာဖြစ်ပါတယ်။

အသက်အာမခံနဲ့အထွေထွေအာမခံ ဘာကွာလဲ……..
အသက်အာမခံနဲ့အထွေထွေအာမခံရဲ့ အဓိကကွာခြားချက်က အသက်အာမခံက အသက်အန္တရာယ်ဖြစ်စေလောက်တဲ့ အခြေအနေအတစ်ရပ်ရပ်နဲ့သာသက်ဆိုင်ပြီး အထွေထွေအာမခံထဲမှာ ဒီအသက်အာမခံက အကျုံးမဝင်ပါဘူး။ အသက်အာမခံမှာတော့ အာမခံကြေးက သတ်မှတ်ထားတဲ့ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏကိုပေးသွင်း ရတာပါ။ ဒါပေမယ့် အထွေထွေအာမခံမှာတော့ အာမခံကြေးကိုတစ်နှစ်စာအတွက် အလုံးအရင်းနဲ့ပေးသွင်းရမှာဖြစ်ပါတယ်။

💌💯အာမခံကို ဘာကြောင့်လိုအပ်တာလဲ…..

ဆုံးရှုံးနစ်နာမှု၊ ထိခိုက်ပျက်စီးမှုတစ်စုံတရာကြုံတွေ့တဲ့အခါ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေဖို့ အာမခံထားသင့်ပါတယ်။ နေထိုင်မကောင်းတဲ့အခါမှာလည်း ကျန်းမာရေးအာမခံထားထားမယ်ဆိုရင် ဆေး ကုသစရိတ်အတွက် အာမခံကုမ္ပဏီကထုတ်ပေးမှာပါ။ မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရင်တောင် ပေးဆပ်စရာရှိတဲ့ ကြွေးမြီတွေနဲ့ အခြားသော စရိတ်စကတွေအတွက် အသက်အာမခံရှိနေတာကြောင့် ကျန်ရစ်သူတွေအတွက် စိုရိမ်မှုကင်းစေမှာပါ။ အာမခံကြေးပုံမှန်သွင်းထားရုံနဲ့ သဘာဝဘေးအန္တရာယ်၊ မီးဘေးနဲ့ ရေဘေး၊ ခိုးယူခံရမှုတွေကြောင့် ပစ္စည်းတွေဆုံးရှုံးမှုတိုင်းအတွက် စိုးရိမ်မှု ကင်းကင်းနေနိုင်မှာ ဖြစ်ပါတယ်ရှင့်

💯💯ဒါကြောင့် မိမိဘဝစိတ်ချလုံခြုံမှုရှိစေဖို့ 💯💯
အာမခံဝယ်ယူဖို့ စဉ်းစားချင်တယ်ဆို
🏝️ ' ၀ိုင်း '🏝️ ထံမှာ
အခမဲ့လာရောက် ဆွေးနွေးလေ့လာပြီး
စိတ်ကျေနပ်မှုများစွာနဲ့ ဝယ်ယူနိုင်ပါတယ်နော်

WYNE Money & General Services…….
09 420755620
09 985055620
အမှတ်(၆၃၇)၊ပိတောက်(၃)လမ်း၊သပြေကုန်းဈေး
မျက်နှာချင်းဆိုင်၊ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်




31/12/2024

🙏 နှစ်သစ်ဆုတောင်း 🙏
ချစ်ရသော Customers များနှင့် ၇ ရက်သားသမီးများအားလုံး လုပ်ဆောင်သမျှ အရာရာတိုင်း အောင်မြင်အဆင်ပြေပြီး၊စီးပွားရေး လာဘ်လာဘများလည်း တိုးတက် ပိုမိုအောင်မြင်ပါစေကြောင်း၊
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ရှင် 😍

အားလုံးသော လုပ်ငန်းတွေ၊ စီမံကိန်းတွေ၊
မိတ်ဆွေမိတ်ဖက်တွေနဲ့ ပျော်ရွှင်မှုများဖြင့် နှစ်သစ်မှာ ချမ်းသာမှုနှင့် အောင်မြင်မှုများ ခံစားနိုင်ပါစေရှင်🙆




#2025

ခရီးသွားပါ………👈✈️🚊🚍🚢 နေ့ရက်တိုင်းမှာ အလုပ်၊ မိသားစုကိစ္စတွေကိုပဲ စဉ်းစားနေရတဲ့ အခြေအနေထဲကနေ ရက်ပိုင်းလောက် ရုန်းထွက်လို့ ...
31/12/2024

ခရီးသွားပါ………👈✈️🚊🚍🚢

နေ့ရက်တိုင်းမှာ အလုပ်၊ မိသားစုကိစ္စတွေကိုပဲ စဉ်းစားနေရတဲ့ အခြေအနေထဲကနေ ရက်ပိုင်းလောက် ရုန်းထွက်လို့ ခရီးထွက်လိုက်မယ်ဆိုရင်

စိတ်ဖိစီးမှု လျော့ကျစေမှာပါ🌹🌹🌹🌟🌟🌟
ခရီးထွက်လိုက်တာ ပုံမှန် အခြေအနေ တစ်ရပ်ကနေ ရုန်းထွက်မှု တစ်ရပ်ပါပဲ။ ခရီးသွားနေစဉ်မှာ မိသားစု တာဝန်တွေနဲ့ ကင်းကွာနေမှာ ဖြစ်သလို အလုပ်ကိစ္စတွေကိုလည်း ခပ်ဝေးဝေးမှာ ချန်ထားနိုင်မှာ ဖြစ်တာကြောင့် ဒီကိစ္စတွေကနေရတဲ့ စိတ်ဖိစီးမှုတွေကိုခေတ္တခဏ ခေါက်ထားနိုင်မှာ ဖြစ်သလို စိတ်ထဲက ကျဉ်းကျပ်နေတာတွေကိုလည်း ပြေလျော့စေနိုင်မှာပါ။

ကျန်းမာရေး ကောင်းစေနိုင်မှာပါ🌹🌹🌹🌟🌟🌟
ခရီးထွက်တာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေမှာ အမှန်ပါ။ တစ်နေ့တာလုံး အလုပ်ခွင်က ထိုင်ခုံမှာ ထိုင်နေတာထက် ခရီးသွားတဲ့အခါ လှုပ်ရှားသွားလာမှု ပိုများတာကြောင့် ခန္ဓာကိုယ်ကို ပြေလျော့စေမှာလည်း အသေအချာပါ။နေ့စဉ် အလုပ်ခွင်မှာ သဘာဝလေ မထိတွေ့ရသူတွေ အဖို့ဆိုရင်တော့ သဘာဝလေ နဲ့ နေရောင်ခြည်ကိုပါ ထိတွေ့ခွင့်ရမှာ ဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မှာအသေအချာပါ။

နှလုံးကျန်းမာစေနိုင်တယ်🌹🌹🌹🌟🌟🌟
လေ့လာမှုတွေအရ ခရီးသွားတဲ့သူတွေဟာ ခရီးမသွားဘဲ နေသူတွေထက် နှလုံးရောဂါ ခံစားရနိုင်ခြေ ပိုနည်းတယ်လို့ သိရပါတယ်။ ခရီးသွားတဲ့အခါ ခံစားရတဲ့ စိတ်ပျော်ရွှင်မှု၊ လှုပ်ရှားသွားလာမှုတွေကလည်း နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာနေစေဖို့ ခရီးထွက်ပေးတာက အဆင်ပြေမှာပါ။

ဘီယာဗိုက်ကို ကျစေနိုင်တယ်😁😁🌹🌹🌹🌟🌟🌟
ခရီးသွားတဲ့အခါ စားချင်တာတွေ စားနေပေမယ့် သွားချင်တဲ့ နေရာတွေကိုလည်း ရောက်အောင်သွားနေပါတယ်။ ဒီလိုလုပ်ဆောင်မှုကပေါင်ချိန်တွေတိုးမလာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်သလို အပေါ်မှာပြောခဲ့သလို ခရီးသွားတဲ့အခါ ကောတီစောဟော်မုန်း တိုးလာတာကြောင့် စိတ်ဖိစီးမှု များတာကို မဖြစ်စေတဲ့အတွက် ကောတီစော ဟော်မုန်းများတာရဲ့ ဆိုးကျိုးဖြစ်တဲ့ ဗိုက်အဆီတက်တာကို မဖြစ်အောင်လည်း ကာကွယ်ရာ ရောက်ပါတယ်။

တီထွင်ဖန်တီးမှုအားကောင်းစေတယ်💯💯💯💯
ပတ်ဝန်းကျင် အသစ်တစ်ရပ်နဲ့ ထိတွေ့ရမှုက စိတ်ကို လန်းဆန်းစေနိုင်ပြီး အသစ်အသစ်သော ဖန်တီးမှုတွေကို ခံစားရစေနိုင်ပါတယ်။ ဒီလို ထိတွေ့မှုတွေကပဲ ဖန်တီးမှု အားကောင်းအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် တီထွင်ဖန်တီးမှု အားကောင်းချင်ရင် ခရီးထွက်ပေးပါ။

စိတ်ဓာတ်မကျအောင် ကာကွယ်ပေးတယ်🌻🌻🌻🌻
လေ့လာမှုတွေအရ အပန်းဖြေ ခရီးထွက်တာက စိတ်ဓာတ်မကျအောင် ကာကွယ်ပေးနိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ ပုံမှန် ခရီးထွက်နေသူတွေက ခရီးမထွက်သူတွေထက် စိတ်ခံစားမှု ပိုကောင်းတတ်ကြပြီး စိတ်ဓာတ်ကျနိုင်ခြေ ကလည်း တော်တော်လေး နည်းပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျမှု ကင်းဝေးအောင် ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်လောက် ခရီးထွက်ပေးပါ။

ခရီးသွားတာက စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းစေနိုင်တာကြောင့်
အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်တော့ အပန်းဖြေခရီးထွက်ဖို့ တိုက်တွန်းရင်း 🛩️🚍🚊
ခရီးသွားဖို့အတွက် ကားလက်မှတ်၊ လေယာဉ်လက်မှတ်များ၊
ခရီးသွားဝန်‌‌ေဆာင်မှုများစွာကို အကောင်းဆုံးပေးစွမ်းနိုင်မယ့်
WYNE Money & General Services မှာ ဆက်သွယ်ဝယ်ယူလိုက်ပါရှင့်🙏🙏🌹🌹

📲09 420755620
09 985055620

အမှတ်(၆၃၇)၊ပိတောက်(၃)လမ်း၊သပြေကုန်းဈေး
မျက်နှာချင်းဆိုင်၊ဇမ္ဗူသီရိမြို့နယ်၊နေပြည်တော်





Address

Padauk 3 Street
Naypyidaw

Alerts

Be the first to know and let us send you an email when WYNE Money & General Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share