Housing Management Section,DUHD

Housing Management Section,DUHD Department of Urban and Housing Development always serving for better living.

ကိုယ်စားလှယ်လွဲှစာ==========တရားရုံးနှင့် သက်ဆိုင်သော အမှုကိစ္စအတွက်ဖြစ်စေ၊ အခြားပြင်ပကိစ္စများ အတွက်ဖြစ်စေ မည်သည့်ကိစ္စ...
07/11/2024

ကိုယ်စားလှယ်လွဲှစာ
==========

တရားရုံးနှင့် သက်ဆိုင်သော အမှုကိစ္စအတွက်ဖြစ်စေ၊ အခြားပြင်ပကိစ္စများ အတွက်ဖြစ်စေ မည်သည့်ကိစ္စ တွင် မဆို ပဋိညာဉ်အက်ဥပဒေအရ အရွယ်မရောက်သေးသူနှင့် ရှုးသွပ်သူမှတစ်ပါး မည်သူ့ကိုမဆို ကိုယ်စားလွဲှ အပ် စေပြီး ဆောင်ရွက်နိုင်သည်။ကိုယ်စားလှယ်လွဲှအပ်ရာတွင် စာဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ လွဲှအပ်သည့်သဘော သက်ရောက်စေခြင်းဖြင့်ဖြစ်စေ လွဲှအပ်နိုင်သည်။

ကိုယ်စားလှယ်ဆိုသည်မှာ အထူးကိစ္စရပ်အတွက် ဆောင်ရွက်ရန် လွဲှအပ်သည့် ကိုယ်စားလှယ်နှင့် အထွေးထွေ ကိစ္စများအတွက် ဆောင်ရွက်ရန် လွဲှအပ်သည့် ကိုယ်စားလှယ်ဟူ၍ ရှိသည်။ ယေဘုယျအားဖြင့် ကိုယ်စားလှယ် လွဲှစာများကို စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံမတင်ဘဲ နေနိုင်သည်။ သို့သော် စာချုပ်စာတမ်း မှတ်တင် အက်ဥပဒေပုဒ် ၃၂ ပါ ပြဋ္ဌာန်းအချက်များ အရ ရုံးတွင် ဆိုင်ရာဆိုင်ခွင့်တောင်းဆိုရန် ဒီကရီအတည်ပြု ဆောင်ရွက်ရန်စသည် တို့အတွက် ကိုယ်စားလှယ်ဟုတ်မှန်ကြောင်းအသိအမှတ်ပြုသည့် အနေဖြင့် ယင်းဥပဒေ ပုဒ်မ ၃၃ အရ မှတ်ပုံတင်ရန်လိုသည်။ မှတ်ပုံတင်သည့်အခါ တံဆိပ်ခေါင်း အက်ဥပဒေဇယား ၁ အပုဒ် ၄၈ အရ သတ်မှတ်သည့် တံဆိပ်ခေါင်းထမ်းဆောင်ရမည်။

ကိုယ်စားလှယ်လွဲှစာများကို မှတ်ပုံတင်ခြင်း မတင်ခြင်းသည် လုပ်ဆောင်သော လုပ်ငန်းကိစ္စပေါ် မူတည်သည်။ အချို့မှတ်ပုံမတင်ဘဲလည်း ရှိ၏။ အချို့မှာ နိုထရီပဗ္ဗလစ်ရှေ့နေထံ မှတ်ပုံတင်သည်လည်းရှိ၏ အချို့မှာ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရသည်လည်းရှိ၏။ တစ်နည်းဆိုသော် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ နှင့် စပ်လျဉ်းသည် ကိစ္စမျိုးဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည် ဖြစ်ပေသည်။ ကိုယ်စား လှယ်လွဲှစာကို တရားရုံးနှင့်သက်ဆိုင်သော ကိစ္စရပ်တွင် လည်းကောင်းအခြားပြင်ကိစ္စများတွင် လည်း ကောင်း အသုံးပြုကြသည်။

(စာညွှန်း- ဦးကျော်ဇေယျ၊ ကိုယ်စားလှယ်လွဲှသူ ကိုယ်စားလှယ် အလွဲှခံရသူများအကြောင်း သိကောင်းစရာ၊ စာ ၂၇၊၂၈)။ ဓာတ်ပုံ -အင်တာနက် ။

ကိုယ်စားလှယ်လွှဲစာ
==========

တရားရုံးနှင့် သက်ဆိုင်သော အမှုကိစ္စအတွက်ဖြစ်စေ၊ အခြားပြင်ပကိစ္စများ အတွက်ဖြစ်စေ မည်သည့်ကိစ္စ တွင် မဆို ပဋိညာဉ်အက်ဥပဒေအရ အရွယ်မရောက်သေးသူနှင့် ရှုးသွပ်သူမှတစ်ပါး မည်သူ့ကိုမဆို ကိုယ်စားလွှဲ အပ် စေပြီး ဆောင်ရွက်နိုင်သည်။ကိုယ်စားလှယ်လွှဲအပ်ရာတွင် စာဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ လွှဲအပ်သည့်သဘော သက်ရောက်စေခြင်းဖြင့်ဖြစ်စေ လွှဲအပ်နိုင်သည်။

ကိုယ်စားလှယ်ဆိုသည်မှာ အထူးကိစ္စရပ်အတွက် ဆောင်ရွက်ရန် လွှဲအပ်သည့် ကိုယ်စားလှယ်နှင့် အထွေးထွေ ကိစ္စများအတွက် ဆောင်ရွက်ရန် လွှဲအပ်သည့် ကိုယ်စားလှယ်ဟူ၍ ရှိသည်။ ယေဘုယျအားဖြင့် ကိုယ်စားလှယ် လွှဲစာများကို စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေအရ မှတ်ပုံမတင်ဘဲ နေနိုင်သည်။ သို့သော် စာချုပ်စာတမ်း မှတ်တင် အက်ဥပဒေပုဒ် ၃၂ ပါ ပြဋ္ဌာန်းအချက်များ အရ ရုံးတွင် ဆိုင်ရာဆိုင်ခွင့်တောင်းဆိုရန် ဒီကရီအတည်ပြု ဆောင်ရွက်ရန်စသည် တို့အတွက် ကိုယ်စားလှယ်ဟုတ်မှန်ကြောင်းအသိအမှတ်ပြုသည့် အနေဖြင့် ယင်းဥပဒေ ပုဒ်မ ၃၃ အရ မှတ်ပုံတင်ရန်လိုသည်။ မှတ်ပုံတင်သည့်အခါ တံဆိပ်ခေါင်း အက်ဥပဒေဇယား ၁ အပုဒ် ၄၈ အရ သတ်မှတ်သည့် တံဆိပ်ခေါင်းထမ်းဆောင်ရမည်။

ကိုယ်စားလှယ်လွှဲစာများကို မှတ်ပုံတင်ခြင်း မတင်ခြင်းသည် လုပ်ဆောင်သော လုပ်ငန်းကိစ္စပေါ် မူတည်သည်။ အချို့မှတ်ပုံမတင်ဘဲလည်း ရှိ၏။ အချို့မှာ နိုထရီပဗ္ဗလစ်ရှေ့နေထံ မှတ်ပုံတင်သည်လည်းရှိ၏ အချို့မှာ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရသည်လည်းရှိ၏။ တစ်နည်းဆိုသော် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ နှင့် စပ်လျဉ်းသည် ကိစ္စမျိုးဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည် ဖြစ်ပေသည်။ ကိုယ်စား လှယ်လွှဲစာကို တရားရုံးနှင့်သက်ဆိုင်သော ကိစ္စရပ်တွင် လည်းကောင်းအခြားပြင်ကိစ္စများတွင် လည်း ကောင်း အသုံးပြုကြသည်။

(စာညွှန်း- ဦးကျော်ဇေယျ၊ ကိုယ်စားလှယ်လွှဲသူ ကိုယ်စားလှယ် အလွှဲခံရသူများအကြောင်း သိကောင်းစရာ၊ စာ ၂၇၊၂၈)။ ဓာတ်ပုံ -အင်တာနက် ။

18/08/2024

အသိုင်းအဝိုင်း အခြေပြု အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း
By မြင့်မိုရ်ဆွေ
On Thu, 2017-12-21 22:30 Issue No. အတွဲ (၁၆)၊ အမှတ် (၄၁)


ဖွံ့ဖြိုးဆဲ နိုင်ငံများရဲ့ မြို့ပြ ဒေသတွေမှာအိမ်ရာမဲ့ ပြည်သူ အများစုဟာ အိမ်ထောင်စုဝင်ငွေ အလွန်နိမ့်ကျပြီး ဆင်းရဲနွမ်းပါးသူ များဖြစ်ကြပါတယ်။ မိမိတို့ဝင်ငွေ နဲ့ တတ်နိုင်တဲ့ ပစ္စည်းတွေ ဝယ်ယူ သုံးစွဲပြီး ဖြစ်သလိုဆောက်လုပ် ထားတဲ့ အိမ်တွေမှာ ဖြစ်သလိုနေ ထိုင်ကြတဲ့အတွက် သူတို့နေထိုင် တဲ့ ရပ်ကွက်တွေကို အဆင့်နိမ့်ရပ် ကွက် (Slums) လို့ ဝိဂြိုဟ်ပြုခြင်း ခံရပါတယ်။ ပုဂ္ဂလိကပိုင်မြေ (သို့ မဟုတ်) ဌာနဆိုင်ရာ မြေတွေမှာ ဖြစ်ကတတ်ဆန်း တရားမဝင်နေ ထိုင်ကြခြင်းဖြစ်တဲ့အတွက် နည်း လမ်းတကျ တည်ထောင်မှုမရှိတဲ့ အိမ်ရာများ (Informal Settle-ments) လို့ သုံးစွဲခေါ်ဝေါ်ကြတာ လည်း တွေ့ရှိရပါတယ်။
မျက်မှောက်ခေတ် ဖွံ့ဖြိုးဆဲ နိုင်ငံအများစုဟာ အထက်ပါအိမ် ရာတွေကို မြို့ပြစည်ပင်ရေးအ ကြောင်းပြပြီး မူလနေရာမှ ဖျက် ရှင်းခြင်း (Eviction) နည်းလမ်းနဲ့ ပပျောက်အောင် ဆောင်ရွက်ကြ မယ့်အစား တရားဝင်အိမ်ရာတွေ ရရှိရေးအတွက် ဘယ်လိုဖြည့် ဆည်းနိုင်မလဲဆိုတဲ့ ဖြေရှင်းရေး အမြင်ကို စွဲကိုင်ပြီး နည်းလမ်းရှာ ဖွေဆောင်ရွက်ပေးကြပါတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ အများ အားဖြင့် အောက်ပါနည်းလမ်းနှစ် သွယ်ကို ကျင်သုံးကြကြောင်း လည်း တွေ့ရှိရပါတယ်။
(က) ထုတ်လုပ်ဖြည့်ဆည်းမှုအခြေ ပြုဖွံ့ဖြိုးရေးစီမံကိန်း (Supply- driven Dev; Projects)
(ခ) အသိုင်းအဝိုင်းအခြေပြု ဖွံ့ဖြိုး ရေးစီမံကိန်း (Community- driven Dev; Projects)
ပထမနည်းလမ်းဖြစ်တဲ့ ထုတ်လုပ်ဖြည့်ဆည်းမှု အခြေပြုအိမ်ရာ စီမံကိန်းများမှာ အထူးကျော်ကြား ပြီး လူသိများတဲ့ စီမံကိန်းကတော့ UN HABITAT II ညီလာခံက ချမှတ်တဲ့ 'Adequate and Affor-dable Housing for all' ဆိုတဲ့ အခြေခံမူနဲ့အညီ ပေါ်ထွန်းလာတဲ့ ‘ဝင်ငွေနှင့် လက်လှမ်းမီသော အိမ်ရာစီမံကိန်းများ’ (Affordable Housing Projects) များပဲ ဖြစ်ပါ တယ်။

2
အဲဒီစီမံကိန်းအရ တန်ဖိုး နည်းအိမ်ရာတွေ ဆောက်လုပ်ပြီး နေရာချထားပေးမယ်။ ကုန်ကျ စရိတ်သက်သာရေး၊ အမြတ်အ စွန်းလျော့နည်းရေးကို ဦးတည်ရ မယ်။ အရည်အသွေးပြည့်ဝတဲ့ အိမ်ရာ (Adequate Housing) ဖြစ်စေရန် နည်းပညာသာမက ငွေ ကြေးထောက်ပံ့မှုနဲ့ပါ ကျားကန် ပေးမယ်။ နောက်ပြီး ဆောက်လုပ် တဲ့အိမ်ရာတွေဟာ ဆင်းရဲသား ပြည်သူတို့ရဲ့ လစဉ်မိသားစုဝင်ငွေ ၃၀ ရာခိုင်နှုန်းကို သုံးစွဲပြီး အရစ် ကျဝယ်ယူနိုင်တဲ့ စွမ်းရည် (Affor-dability) နဲ့ ကိုက်ညီရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ထားရှိပါ တယ်။ ဒါကို တန်ဖိုးနည်းအရောင်း အိမ်ရာစီမံကိန်း (Home Owner-ship Housing Scheme) များမှာ လိုက်နာကျင့်သုံးကြပြီး မိသားစု ဝင်ငွေ ၃၀ ရာခိုင်နှုန်းနဲ့ ဝယ်ယူရန် လက်လှမ်းမမီတဲ့ ဝင်ငွေနည်း မိသားစုတွေအတွက်တော့ ငှား ရမ်းခသက်သာတဲ့ အငှားအိမ်ရာ (Rental Housing Scheme) တွေ ကို တည်ဆောက်ပေးကြတာဖြစ် ပါတယ်။
ဒုတိယစီမံကိန်းက မြို့ပြ ဒေသမှာ အရေအတွက် အလွန် များပြားလှတဲ့အပြင် ဟိုတစ်စု ဒီ တစ်စုတည်ရှိပြီး နှစ်စဉ်တိုးပွားနေ တဲ့ ကျူးအိမ်ရာတွေကို ပထမနည်း လမ်းတစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့အဆုံး အစီအစဉ်သစ် တစ်ရပ်အဖြစ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ကျူးအိမ်များမှာ ကာလကြာရှည် နေထိုင်ကြတဲ့ အိမ်ထောင်စုများ အတွက် ၎င်းတို့ လူမှုအသိုင်းအ ဝိုင်းရဲ့ အင်အားကို ဗဟိုပြုပြီး စုပေါင်းအကောင်အထည်ဖော်တဲ့ အိမ်ရာစီမံကိန်းဖြစ်ပါတယ်။ ဒါကို ‘Community-based Project’လို့ ခေါ်ဆိုကြပြီး အမျိုးအစားအား ဖြင့် ငါးမျိုးရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။
ပထမအမျိုးအစားက ‘မူလ နေရာမှာ အဆင့်မြှင့်တင်ခြင်း’ (On-Site Upgrading) နည်းလမ်း ဖြစ်ပါတယ်။ ကျူးရပ်ကွက်တည်ရှိ တဲ့မြေနဲ့ အိမ်ရာအရေအတွက်ကို တိုင်းတာစစ်ဆေးမှု (Survey) ပြု လုပ်ပြီး မူလအတိုင်း ဝင်ဆံ့မယ်ဆို ရင် အဆင့်မြှင့်တင်မှုပြုလုပ်ပေး ပါတယ်။ မြေနေရာအတွက် လစဉ်သင့်လျော်တဲ့ ငှားရမ်းခကို ပေး သွင်းစေပြီး နှစ်ရှည်နေထိုင်ခွင့်ပြု ခြင်း (သို့မဟုတ်) လစဉ်အရစ်ကျ ငွေသွင်းပြီး စုပေါင်းဝယ်ယူနိုင်ရန် အတွက် ကူညီပံ့ပိုးတဲ့ စီမံကိန်းဖြစ် ပါတယ်။ ဒုတိယအမျိုးအစားက ‘မူလနေရာမှာ အိမ်ရာကွက်အချို့ ကို ရွှေ့ပြောင်း၍ အဆင့်မြှင့်တင် ခြင်း’ (On-Site Reblocking) နည်းလမ်းဖြစ်ပါတယ်။ ယေဘုယျ အားဖြင့် မူလနေရာမှာ ဝင်ဆံ့ပေ မယ့် အကွက်ချပုံစံ (Layout) အ သစ်အရ မလွတ်ကင်းတဲ့အိမ်အ ချို့ကို ရွှေ့ခြင်း၊ ရှေ့တိုးနောက် ဆုတ်ပြုခြင်းဖြင့် အဆင့်မြှင့်တင် တဲ့ စီမံကိန်းဖြစ်ပါတယ်။
တတိယအမျိုးအစားက မူလ နေရာမှာ အားလုံးအသစ်ပြန်လည် ချထားခြင်း (On-Site Recon-struction) နည်းလမ်းပဲဖြစ်ပါ တယ်။ တည်ရှိနေတဲ့ အိမ်ရာအား လုံးကို ဖျက်သိမ်းပြီး အကွက်ချပုံစံ အသစ်အရ အိမ်ရာကွက်အသစ် များမှာ နေရာပြန်လည်ချထားပေး ပြီး အဆင့်မြှင့်တင်ပေးတဲ့ စီမံ ကိန်းဖြစ်ပါတယ်။ ဒါကို ပြန်လည် ဖွံ့ဖြိုးရေး (Redevelopment) လို့လည်း ခေါ်ဝေါ်ကြပါတယ်။ စတုတ္ထအမျိုးအစားက ပုဂ္ဂလိက မြေပေါ်မှာ ခွဲဝေနေရာချထားခြင်း (Land Sharing) နည်းလမ်းပဲဖြစ် ပါတယ်။ ပုဂ္ဂလိကမြေပေါ်မှာ နှစ် ပေါင်းများစွာ ကျူးနေတဲ့အိမ်ရာ များအတွက် ပုဂ္ဂလိကနဲ့ ညှိနှိုင်းပြီး မြေကို ခွဲဝေပေးတဲ့အစီအစဉ်ဖြစ် ပါတယ်။ တစ်စိတ်တစ်ပိုင်းကို ကျူးအိမ်ရာများအတွက် ခွဲဝေပေး သလို ကျန်တဲ့မြေနေရာကို ပုဂ္ဂလိ ကသို့ ပြန်လည်အပ်နှင်းရတဲ့ စီမံ ကိန်းပါပဲ။
ပဉ္စမအမျိုးအစားက အခြား နေရာသို့ နေထိုင်သူအားလုံးကို ပြောင်းရွှေ့နေရာချထားခြင်း (Re-location) နည်းလမ်းပဲဖြစ်ပါ တယ်။ စာရေးသူတို့နိုင်ငံမှာ ကျင့် သုံးတဲ့ မြေကွက်ဖော်ထုတ်ပြီး ပြန် လည်နေရာချထားခြင်း (Site and Services) စီမံကိန်းနဲ့တူညီပါ တယ်။ မူလနေရာမှာ ဘယ်လိုမှ ပြန်လည်နေရာချထားလို့ မဖြစ်တဲ့ အတွက် အိမ်ရာအားလုံးကို အနီး စပ်ဆုံးနေရာသစ်တစ်ခုမှာ မြေ ကွက်သစ်ဖော်ထုတ်ပြီး နေရာချ ထားပေးတာ ဖြစ်ပါတယ်။
3
အထက်ပါ နည်းလမ်းငါးမျိုး နဲ့အညီ အသိုင်းအဝိုင်းအခြေပြု အိမ်ရာစီမံကိန်းများကို အောင်မြင် အောင် ဆောင်ရွက်နေတဲ့ နိုင်ငံ တစ်နိုင်ငံကို ပြပါဆိုရင် အိမ်နီး ချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်း နိုင်ငံကို ဖော်ပြရမှာ ဖြစ်ပါတယ်။ စာရေးသူဟာ ၂၀၁၇ ခုနှစ် ဒီဇင် ဘာ ၈ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရဌာနတစ် ခုဖြစ်တဲ့ လူမှုအသိုင်းအဝိုင်းအဖွဲ့ အစည်းများ ဖွံ့ဖြိုးရေးဌာန (Com-munity Organizations Deve-lopment Institute- CODI) က တာဝန်ယူဆောင်ရွက်တဲ့ အသိုင်း အဝိုင်းအခြေပြုအိမ်ရာစီမံကိန်း များကို လေ့လာကြည့်ရှုခွင့်ရရှိခဲ့ ပါတယ်။ လေ့လာရေးခရီးမှာ မြို့ ပြစီမံကိန်းနဲ့ ဗိသုကာပညာရှင် ဦးဝင်းမြင့်၊ ဦးထင်မြိုင်၊ ဒေါ်သင်း သင်းအေးနဲ့ NGO တစ်ခုဖြစ်တဲ့ Woman for the World မှ ဒေါ်ဗင် နလီဇာအောင်တို့လည်း ပါဝင်ကြ ပါတယ်။
ထိုင်းနိုင်ငံမှာ အမျိုးသားအိမ် ရာဖွံ့ဖြိုးရေး အာဏာပိုင်အဖွဲ့ (National Housing Authority- NHA) ကို ၁၉၇၃ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဝင်ငွေ နဲ့ လက်လှမ်းမီတဲ့ အိမ်ရာများကို အစိုးရဘဏ်မှ ချေးငွေထုတ်ပေး ပြီး အနှစ် ၃၀ အရစ်ကျ ပြန်လည် ပေးသွင်းတဲ့စနစ်နဲ့ ရောင်းချပေး ကြောင်း တွေ့ရှိရပါတယ်။ ထောင်ပေါင်းများစွာရှိတဲ့ အိမ်ခန်းများကို ‘ကျွန်ုပ်တို့သည် အိမ်ရာကို အ လေးထားသည်’ (We care for Housing) ဆောင်ပုဒ်နဲ့အညီ ဖြည့် ဆည်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ ပေမဲ့ ၂၀၀၈ ခုနှစ် သုတေသနပြု ချက်များအရ ထိုင်းနိုင်ငံမှာ ဆင်း ရဲနွမ်းပါးတဲ့ ဝင်ငွေနည်းအိမ် ထောင်စုပေါင်း ၁ ဒသမ ၆ သန်းရှိ ပြီး ၇ ဒသမ ၂ သိန်းဟာ ဘန် ကောက်မြို့မှာရှိနေကြောင်း သိရှိ ရပါတယ်။ ၎င်းတို့အတွက် NHA ရဲ့ ထုတ်လုပ်ဖြည့်ဆည်းမှု အခြေ ပြုအိမ်ရာစီမံကိန်းများနဲ့ စဉ်ဆက် မပြတ် လုံလောက်စွာ ဖြေရှင်းပေး နိုင်မှုမရှိခြင်း၊ အချို့ ဆင်းရဲသား ပြည်သူများရဲ့ အသက်မွေးမှုလုပ် ငန်းသဘာဝ (တွန်းလှည်းဖြင့် ဈေး ရောင်းသူများ၊ ဆိုင်ကယ်ကယ်ရီ များနဲ့ အိမ်တွင်းလက်မှုလုပ်ငန်း များ)ဟာ တိုက်ခန်းနေထိုင်မှုနဲ့ ဆီ လျော်မှုမရှိခြင်း စတဲ့အကြောင်းများကြောင့် ၂၀၀၀ ပြည့်နှစ်မှာ အစိုးရဟာ CODI (ကိုဒီ)ကို ထပ်မံ ဖွဲ့စည်းထူထောင်ပြီး ‘အသိုင်းအဝိုင်းအခြေပြုစီမံကိန်းများ’ကို အထက်ပါ နည်းလမ်းငါးမျိုးနဲ့ နိုင်ငံတစ်ဝန်းလုံးမှာ အကောင်အထည် ဖော်စေခဲ့ကြောင်း တွေ့ရှိရပါတယ်။
CODI (ကိုဒီ)ကို စတင်ထူ ထောင်ရာမှာ အစိုးရက အမေရိ ကန်ဒေါ်လာ ၈၂ ဒသမ ၈၅ သန်း မ,တည်ငွေပေးအပ်ခဲ့ပါတယ်။
ကျူးရပ်ကွက်ထဲမှ အဆင့်မြှင့်တင် ပေးနိုင်မယ့် နေရာ ၁၀ ခုကိုရွေး ပြီး ရှေ့ပြေးစီမံကိန်းအဖြစ် စတင် အကောင်အထည်ဖော်ခဲ့တာ ဖြစ် ပါတယ်။ ၁၄ နှစ်အတွင်း ဘန် ကောက်မြို့မှာ စီမံကိန်း ၂၀၀ ကျော်ရှိလာပြီး တစ်နိုင်ငံလုံးမှာ စီမံကိန်း ၁,၀၀၀ ကျော်အထိ တိုး ချဲ့ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိ ရပါတယ်။ ယခုအခါ CODI မှာ ထောက်ပံ့ငွေ (Subsidy) နဲ့ ချေး ငွေ (Loan) ဆိုပြီး ဘဏ္ဍာငွေ နှစ် မျိုးခွဲခြားထားပါတယ်။
အဆင့်နိမ့်ရပ်ကွက် (Slum) ကို အဆင့်မြှင့်နိုင်ဖို့ နေထိုင်ရာ ရပ်ကွက်ရှိ ပြည်သူများအနေနဲ့ အားလုံးပါဝင်တဲ့ Community (ခေါ်) အသိုင်းအဝိုင်းအဖွဲ့အစည်း တစ်ရပ်ကို ဖွဲ့စည်းကြရပါမယ်။ စုဆောင်းငွေ (Saving Fund) တစ် ရပ်ကိုလည်း ထူထောင်ကြရပါ မယ်။ အခြေခံအဆောက်အအုံ အ ဆင့်မြှင့်တင်ရေး ဆောင်ရွက်ရန် အတွက် အိမ်ထောင်စုတစ်စုလျှင် အမေရိကန်ဒေါ်လာ ၇၁၅ ဒေါ်လာ နှုန်းသတ်မှတ်ပြီး အဖွဲ့အစည်းကို ထောက်ပံ့ငွေပေးအပ်ပါတယ်။ နေအိမ်အသစ် ပြန်လည်တည် ဆောက်မှု (Reconstruction) ပြု လုပ်ရလျှင် အိမ်ထောင်စုတစ်စုကို အမေရိကန်ဒေါ်လာ ၁,၀၀၀ နှုန်း ထောက်ပံ့ငွေပေးအပ်ပါတယ်။ ကျူးကျော်ရပ်ကွက်ရဲ့မြေဟာ ဌာနဆိုင်ရာ မြေဖြစ်လျှင် ၁၅ နှစ် အတွက် လစဉ်ငှားရမ်းခပေးသွင်း စေပြီး ငှားရမ်းခွင့်ရဖို့ CODI က ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးပါ တယ်။
အကယ်၍ ပုဂ္ဂလိကမြေကို ဝယ်ယူရမယ်ဆိုပါက မြေနဲ့အိမ် အတွက် ချေးငွေအဖြစ် အိမ် ထောင်စုတစ်စုလျှင် အမေရိကန် ဒေါ်လာ ၉,၀၀၀ နှုန်း ထုတ်ချေး ပါတယ်။ အကယ်၍ အိမ်ထောင်စု ၁၀၀ ရှိလျှင် ဒေါ်လာ ကိုးသိန်းရရှိ မှာ ဖြစ်ပါတယ်။
4
အဲဒီငွေနဲ့ ပုဂ္ဂလိ ကထံမှ မြေကို စုပေါင်းဝယ်ယူနိုင် ပါတယ်။ ချေးငွေအတွက် အတိုး နှုန်း ၄ ရာခိုင်နှုန်းယူပြီး အသိုင်းအ ဝိုင်းအဖွဲ့အစည်းကိုသာ ထုတ်ချေး ခြင်းဖြစ်ပါတယ်။ အဖွဲ့က တာဝန် ယူကောက်ခံပြီး ပြန်လည်ပေး သွင်းရာမှာ ဝန်ဆောင်ခအပါအ ဝင် ပျက်ကွက်မှုရှိလျှင် ပေးလျော် နိုင်ရန်အတွက် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း ထပ်ဆောင်းပြီး စုစု ပေါင်း ၆ ရာခိုင်နှုန်း (သို့မဟုတ်) ၇ ရာခိုင်နှုန်းအတိုးနဲ့ တစ်ဦးချင်းကို ထုတ်ချေးတာဖြစ်ပါတယ်။ မြေဖိုး ငွေကျေတာနဲ့ အဲဒီရပ်ကွက်မြေ တစ်ကွက်လုံးကို စုပေါင်းပိုင်မြေ အဖြစ် မှတ်ပုံတင်ရပါတယ်။ မည် သူမျှ မိမိအိမ်နဲ့မြေကို အခြား ပုဂ္ဂိုလ်ထံ တိုက်ရိုက်လွှဲပြောင်း ရောင်းချခွင့်မရှိဘဲ အသိုင်းအဝိုင်း အစုအဖွဲ့ကိုသာ အပ်နှံပြီး ရောင်း ချကြရတာ ဖြစ်ပါတယ်။
အရေးအကြီးဆုံးအချက်က အသိုင်းအဝိုင်းအစုအဖွဲ့ဝင်တစ်ဦး ဟာ အထက်ပါချေးငွေရရှိနိုင်ရန် အတွက် ချေးငွေရဲ့ ၁၀ ရာခိုင်နှုန်း ကို မလွဲမသွေ စုဆောင်းထားပြီး ဖြစ်ရပါမယ်။ ကျန်တဲ့ ၉၀ ရာခိုင် နှုန်းကိုသာ ချေးငွေအဖြစ် ရရှိနိုင် ခွင့်ရှိတာကို တွေ့ရှိရပါတယ်။ ဒီ နေရာမှာ ဘဏ်တွေက ငွေချေးရင် မရဘူးလား၊ CODI ကိုဖွဲ့စည်းပြီး ဘာဖြစ်လို့ ချေးရတာလဲလို့မေးရင် ‘Banks never goes to the poor’ (ဆင်းရဲသားရှိရာ ဘဏ်မလာ)လို့ ဆိုရိုးရှိကြောင်း ဖြေကြားကြပါ တယ်။ CODI (ကိုဒီ)ဟာ ချေးငွေ အတွက် လှည့်ပတ်ရန်ပုံငွေတစ် ရပ် ထူထောင်ထားတာဖြစ်ပြီး အ ရင်းမပျောက်တိုးပွားငွေအဖြစ် လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်နိုင် ကြောင်းလည်း တွေ့ရှိရပါတယ်။
စာရေးသူတို့နိုင်ငံမှာ ကျူး ကျော်အိမ်ရာများကို ထုတ်လုပ် ဖြည်းဆည်းမှု အခြေပြုဖွံ့ဖြိုးရေး အမြင်နဲ့ အိမ်ရာတွေဆောက်လုပ် မှု (ဥပမာ-ရန်ကုန်မှာ ကျူးအိမ် ထောင်စု ၁ ဒသမ ၅ သိန်းခန့်အ တွက် အိမ်ခန်း သိန်းချီဆောက် လုပ်ပေးခြင်း)ဆိုတဲ့ လမ်းကြောင်း တစ်ရပ်တည်းနဲ့ ဖြေရှင်းမှာလား၊ အသိုင်းအဝိုင်းအခြေပြုဖွံ့ဖြိုးရေး အမြင်နဲ့ ထိုင်းနိုင်ငံလို နည်းလမ်း သစ်တစ်ရပ် ရှာဖွေဆောင်ရွက်ပြီး ဖြေရှင်းပေးမှာလားဆိုတာကို အ လေးအနက်စဉ်းစားဖို့ လိုအပ်လာ ပါပြီ။
ကမ္ဘာပေါ်မှာ ထိုင်းနိုင်ငံသာ မက ဖွံ့ဖြိုးဆဲနိုင်ငံ အစိုးရတိုင်း ဟာ အသိုင်းအဝိုင်းအခြေပြုနည်း လမ်းကို အောင်မြင်စွာ လက်ခံ ကျင့်သုံးနေကြတဲ့အကြောင်းကို သုံးသပ်ဖော်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်။။
(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)
7 day jounal

အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုဟူသည်Byခိုင်ကြည်သစ်On  Fri, 2019-08-02 03:44Issue No.အတွဲ(၁၈)၊ အမှတ်(၂၁)(၁)ရန်ကုန်မြို့ကြီးက...
03/08/2024

အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုဟူသည်
By
ခိုင်ကြည်သစ်
On
Fri, 2019-08-02 03:44
Issue No.
အတွဲ(၁၈)၊ အမှတ်(၂၁)

(၁)

ရန်ကုန်မြို့ကြီးကိုကြည့်ရ တာ လဲလျောင်းနေရာကနေကုန်း ရုန်းထနေတဲ့လူတစ်ယောက်ကို ကြည့်နေရသလိုပါပဲ။ နှစ်အနည်း ငယ်လေးအတွင်းမှာ ရန်ကုန်မြို့ ကြီးက မိုးတိုးမတ်တတ်ကြီးကိုဖြစ် လာနေတယ်။ ဟိုနားကြည့်လိုက် လည်း အထပ်မြင့်တိုက်၊ ဒီနား ကြည့်လိုက်ရင်ကွန်ဒိုမီနီယံကြီး၊ ဟောဟိုနားမှာက ကုန်တိုက်အ သစ်။

အရပ်ရှစ်မျက်နှာ မြင်မြင် ရာမှာ မြင့်မားသစ်လွင်တဲ့အ ဆောက်အအုံတွေ တွေ့နေရ တယ်။ ရန်ကုန်မြို့ထဲကို နေ့စဉ် ရောက်နေတဲ့သူတွေအတွက်သိပ် မသိသာလှပေမယ့် အရောက် အပေါက်နည်းဖြစ်တဲ့သူတွေအ တွက်ဆိုရင် တစ်ခေါက်နဲ့တစ် ခေါက်ကြားပြောင်းလဲသွားတဲ့အ နေအထားတွေကို ပိုပြီးသတိထား မိစေနိုင်ပါတယ်။ ယေဘုယျပြော ရရင်တော့ ဒါဟာကောင်းတဲ့ လက္ခဏာပါပဲ။ ဖွံ့ဖြိုးတိုးတက် လာမှုကို ထင်ဟပ်ပြနေတာပါပဲ။ ရန်ကုန်မှ မဟုတ်ပါဘူး။ မန္တလေး မြို့လည်းဒီလိုပါပဲ။ ကျွန်တော်က အလုပ်ကိစ္စနဲ့ တစ်လတစ်ခေါက် လောက်မန္တလေးရောက်ဖြစ်နေ တာမို့ သတိထားမိပါတယ်။ ရောက်ဖြစ်တိုင်းမှာ ဟိုနေရာလေး ကတော့ ဘယ်လိုပြောင်းလဲသွား တယ်၊ ဒီနေရာလေးကတော့ဒီလို ပြောင်းလဲသွားတယ် စသည်ဖြင့် သတိထားမိပါတယ်။ အထင်ရှား ဆုံးကတော့ မန္တလေးကျုံးပတ် လည်က တိုးတက်ပြောင်းလဲလာ တဲ့မြင်ကွင်းတွေပါပဲ။

(၂)

ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ကိုစဉ်းစားမိရင်းက အတွေးတစ် စပေါ်လာပါတယ်။ အမှန်တ ကယ်ဖွံ့ဖြိုးတိုးတက်မှုဆိုတာဘာ လဲဆိုတဲ့အချက်ပါ။ နိုင်ငံတစ် နိုင်ငံ၊ ဒေသတစ်ခုဘယ်လောက် ဖွံ့ဖြိုးတိုးတက်လာသလဲဆိုတာ ကို တိုင်းတာတဲ့စံတွေအများအ ပြားရှိပါတယ်။ ဘယ်စံကမှ အ မှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုဆို တာကို တိတိကျကျ၊ မှန်မှန်ကန် ကန်၊ ပြည့်ပြည့်စုံစုံဖော်ပြနိုင်တာ မျိုးရှိမယ်မထင်ပါဘူး။ တိုင်းတဲ့ ပေတံတစ်ခုချင်းစီကိုပဲ အာရုံထား ပြီး တိုင်းတာကြတာမို့အားလုံးကို ခြုံမိတဲ့တိုင်းတာမှုမျိုးဖြစ်မှာ မ ဟုတ်ပါဘူး။ ဥပမာ စီးပွားရေးအ ညွှန်းကိန်းတွေက စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာမှုကိုပဲ အဓိက ထားတိုင်းတာပြီး သဘာ၀ပတ် ကျင်ပျက်ယွင်းမှုတွေ၊ လူသား တွေရဲ့ကျန်းမာရေးအခြေအနေ တွေကို ထည့်သွင်းတွက်ချက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လည်း တချို့က အမှန်တကယ်ဖွံ့ဖြိုးတိုး တက်မှုအညွှန်းကိန်း (Real Development Index) ဆိုတာ မျိုးကို သုံးဖို့အကြံပြုကြပါတယ်။ စီးပွားရေး၊ လူမှုရေး၊ သဘာ၀န်း ကျင်စသည်ဖြင့် နယ်ပယ်ပေါင်းစုံ က အညွှန်းကိန်းပေါင်းစုံကို ခြုံငုံ သုံးသပ်ပြီးမှ အမှန်တကယ်ဖွံ့ဖြိုး တိုးတက်မှုအညွှန်းကိန်းအဖြစ် တစ် ဆင့်ထပ်မံသတ်မှတ်တာဖြစ် ပါတယ်။ ပညာရှင်တစ်ယောက်မ ဟုတ်လို့အဲဒီအညွှန်းကိန်းတွေ အကြောင်းကို ဂဃနဏမသိပေ မယ့်ဘက်စုံ၊ ကဏ္ဍစုံကို ထည့် သွင်းပြီး စဉ်းစားတာကသဘာ၀ ကျတယ်လို့တော့ ယူဆမိပါတယ်။

တစ်ချိန်တည်းမှာ ခေတ်စား လာနေတဲ့ ဝေါဟာရတစ်ခုကို သ တိရမိပြန်ပါတယ်။ ရေရှည်တည် တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှု (Sustain-able Development) ဆိုတဲ့ ဝေါ ဟာရဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက် တယ်ဆိုတဲ့စကားရပ်ရဲ့နောက် မှာ အဲဒီဖွံ့ဖြိုးတိုးတက်မှုဟာ ရေ ရှည်ခံဖို့လည်းလိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ပါပဲ။ ‘‘စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသာမကပဲ လူ သားတစ်ရပ်လုံးဟာ ကျန်းမာ ပျော်ရွှင်တဲ့ဘ၀ကို ပိုင်ဆိုင်ဖို့လို အပ်သလို သဘာ၀ပတ်၀န်းကျင် နဲ့သဟဇာတဖြစ်ရမယ်’’ ဆိုတဲ့ အတိုင်း စီးပွားရေး၊ လူမှုရေး၊ သဘာ၀၀န်းကျင်တို့ သုံးနားညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်မှသာ ရေ ရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပါလိမ့်မယ်။ တစ်နည်းအား ဖြင့် ရေရှည်တည်တံ့တဲ့ဖွံ့ဖြိုးတိုး တက်မှုကသာလျှင် အမှန်တကယ်ဖွံံ့ဖြိုးတိုးတက်မှု ဖြစ်ပါတယ်။

(၃)

ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ် သက်ပြီးကျွန်တော်ထပ်ဆင့်အ တွေးပွားမိတာကတော့ လူ့အဖွဲ့ အစည်းတစ်ခုရဲ့ဖွံ့ဖြိုးတိုးတက်မှု ကို လေ့လာရာမှာအထက်မှာတင် ပြခဲ့တဲ့အချက်အလက်တွေ၊ ရှု ထောင့်တွေကအပြင် အဲဒီလူ့အ ဖွဲ့အစည်းရဲ့ လူ့ယဉ်ကျေးမှု (Civilization) ဘယ်လောက်ထွန်း ကားလာသလဲဆိုတာကိုလည်း ထည်သွင်းစဉ်းစားသင့်တယ်ဆို တဲ့အချက်ပဲဖြစ်ပါတယ်။

ဥပမာလေးတစ်ခု ပေးပြီး ကျွန်တော့်ရဲ့အတွေးကို ရှင်းပြ ခွင့်ပြုပါ။ ဆိုကြပါစို့။ စာဖတ်သူ မိတ်ဆွေဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ ကျော်က ဒေသတစ်ခုကို ရောက် ဖူးခဲ့တယ်ဆိုပါစို့။ အဲဒီအချိန်က အဲဒီဒေသလေးမှာ ယဉ်ကျေးမှု ရေချိန်နိမ့်ပါးနေတယ်လို့ ယူဆ ကြည့်ပါ။ ဘယ်လောက်လူ့ယဉ် ကျေးမှုရေချိန်နိမ့်ကျခဲ့သလဲဆို ရင်မိုး၊ လေမှန်ဖို့ လူသတ်၊ ခေါင်း ဖြတ်ပြီး ယဇ်ပူဇော်တဲ့ ဓလေ့ထုံး စံတွေကို ကိုင်ဆွဲထားတုန်းရှိသေးတယ်ဆိုပါစို့။ အဲဒီဒေသလေးဟာ အကြောင်းကြောင်းကြောင့် အနှစ် ၃၀ လောက်အတွင်း ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာပြီး ယဇ်ပူဇော်တဲ့ ဓလေ့တွေပျောက်ပြီး အဖွဲ့အစည်းနဲ့၊ အသိုက်အ၀န်းနဲ့ဖြစ်လာတယ်၊ စာပေနဲ့ယဉ်ကျေးမှုနဲ့ဖြစ်လာတယ်၊ သူတို့အရပ်၊ သူတို့အသိုက်အ၀န်းကို နိုင်ငံရေးအရ အသိအမှတ်ပြုခံလိုသူတွေဖြစ်လာတယ်ဆိုပါစို့။ ဒါပေမဲ့ စီးပွားရေးအရ ဆင်းရဲနုံချာနေတယ်ဆိုပါစို့။ စာဖတ်သူတို့ အနေနဲ့ အဲဒီဒေသရဲ့ ပထမအနှစ် ၃၀ ဖွံ့ဖြိုးတိုးတက်မှုကို အမှတ်ဘယ်လောက် ပေးချင်ပါသလဲ။

တကယ်လို့နောက်ထပ်အ နှစ် ၂၀ ကြာတဲ့အခါအဲဒီဒေသ ကို စာဖတ်သူက ပြန်လည်ရောက်ရှိ သွားပြီးလျှပ်စစ်မီးတွေထိန်ထိန် ညီးပြီး ကာစီနိုလောင်းကစားရုံ ကြီးတွေနဲ့၊ အထပ်မြင့် ဟိုတယ် ကြီးတွေနဲ့၊ မော်တော်ကား လမ်းဖြောင့်ဖြောင့်ဖြူးဖြူးတွေနဲ့ ရုပ်၀တ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုတွေ အံ့မခန်းတွေ့ရမယ် ဆိုပါစို့။ စာဖတ်သူအနေနဲ့ အဲဒီ ဒေသရဲ့ ဒုတိယအနှစ် ၂၀ အ တွင်း ဖွံ့ဖြိုးတိုးတက်မှုကို အမှတ် ဘယ်လောက်ပေးချင်ပါသလဲ။

အချင်းချင်းလူသတ်ခေါင်း ဖြတ်ပြီး ယဇ်ပူဇော်တဲ့အလေ့အ ထတွေကိုစွန့်ပယ်ပြီး ယဉ်ကျေးတဲ့ လူ့အသိုက်အ၀န်းအဖြစ်ရပ်တည် လာနိုင်ခဲ့တဲ့ ပထမအနှစ် ၃၀ က ပိုမိုတိုးတက်ပါသလား၊ ယဉ် ကျေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ကနေ စီးပွားရေးကောင်းမွန်ပြီး ရုပ်ပိုင်းဆိုင်ရာ ခမ်းနားကြီးကျယ် မှုတွေကို တည်ဆောက်လာနိုင်တဲ့ ဒုတိယအနှစ် ၂၀ ကပိုမိုတိုးတက် ပါသလား။ စာဖတ်သူများကိုယ် တိုင် တွေးတောစဉ်းစားဆုံးဖြတ် ကြည့်ကြစေလိုပါတယ်။ ကျွန် တော့်အတွေးမှာတော့ဖြင့် ပထမ အနှစ် ၃၀ က ပိုပြီးဖွံ့ဖြိုးတိုးတက် တယ်လို့ ယူဆမိပါတယ်။ ဂုဏ် ယူမိပါတယ်။ ပထမအနှစ် ၃၀ မှာသာ မှားယွင်းတဲ့ အယူအဆ၊ အလေ့အထတွေကို မပယ်သတ် နိုင်ခဲ့ရင် ဒုတိယအနှစ် ၂၀ ဆို တဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကြီး ပေါ် ပေါက်လာမှာမဟုတ်ပါဘူး။

ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှု အကြောင်းပြောတဲ့အခါ လူ့ယဉ် ကျေးမှု ဓလေ့စရိုက်တွေဘယ် လောက်ခေတ်မီတိုးတက်လာသ လဲ၊ ဘယ်လောက်ဆုတ်ယုတ် သွားသလဲဆိုတဲ့ အချက်လေးကို လည်း ထည့်သွင်းစဉ်းစားသင့် တယ်လို့ယူဆမိပါတယ်။ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေသာ မကပဲ လူတွေရဲ့အတွေးအခေါ်၊ အယူအဆ၊ အကျင့်အကြံ၊ အပြု အမူ၊ ကိုယ်ကျင့်တရား၊ ဘ၀တန် ဖိုး၊ လောကအမြင်၊ လောက၀တ်၊ လူ့အသိုက်အ၀န်းရဲ့ စံတန်ဖိုး၊ လူ့ အသိုက်အ၀န်းရဲ့ ဖွဲ့စည်းပုံစတာ တွေပြောင်းလဲတိုးတက်လာဖို့လို အပ်ပါတယ်။

(၄)

ကျွန်တော်တို့နေထိုင်ရာ ရန် ကုန်မြို့တော်ကြီးကော ဘယ် လောက် အဆင့်မြင့်တိုးတက် ပြောင်းလဲလာနေပါပြီလဲ၊ ကျွန် တော်တို့နေထိုင်ရာ မန္တလေးမြို့ တော်ကြီးကော ဘယ်လောက် သာယာလှပနေပြီလဲ၊ ကျွန်တော် တို့နေထိုင်ရာ မြန်မာနိုင်ငံကြီးက ကောဘယ်မျှလောက်ဖွံ့ဖြိုးတိုး တက်သာယာလှပနေပြီလဲ။ မေး ခွန်းတွေဆင့်ကာ ဆင့်ကာထုတ် ကြည့်ရင်း ‘‘ငါတို့နိုင်ငံရဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကကောဘယ်လို အနေအထားရောက်နေပြီလဲ’’ ဆို တဲ့မေးခွန်းရောက်လာပါတယ်။

တိုင်းပြည်ဟာ သူ့ကျွန်ဘ၀ ကလွတ်မြောက်ပြီး လွတ်လပ်တဲ့ နိုင်ငံ၊ လွတ်လပ်တဲ့ လူ့အဖွဲ့အ စည်းအဖြစ် ဂုဏ်ယူခဲ့ကြပေမယ့် တိုင်းပြည်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေကို ပြည်သူ့ကိုယ်စား လှယ်တွေက ပြည်သူ့စိတ်တိုင်းကျ ပြင်ဆင်နိုင်ဖို့လိုအပ်တာထက်ပို ပြီး စကားတွေပြောနေရ၊ အား တွေထည့်နေရ၊ ငြင်းခုံနေရဆဲဖြစ် ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ လွှတ်တော်အဆောက်အအုံကြီး ဟာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုး တက်မှုတစ်ခုဖြစ်ပေမယ့် အဲဒီ လွှတ်တော်ကြီးရဲ့ ဆုံးဖြတ်ချက် တွေကို တစ်စုံတစ်ဦးက ဗီတိုအာ ဏာနဲ့ ပယ်ချခွင့်ပြုထားသေး တယ်ဆိုရင် ဒါဟာနိုင်ငံရေးအရ ယဉ်ကျေးမှု နိမ့်ပါးနေသေးတယ် ဆိုတာကို ပြနေတာပါပဲ။ ပြည်သူ တွေရဲ့ဆန္ဒကို တစ်စုံတစ်ဦးက အဆုံးစီရင်ပိုင်ခွင့်ရှိတဲ့ နိုင်ငံရေး ဟာ ဒီမိုကရေစီလို့ဘယ်လောက် အော်နေပါစေ၊ သက်ဦးဆံပိုင် စနစ်ထက်တစ်ပြားသားမှ မပိုပါ ဘူး။ ကျွန်တော်တို့ပြည်သူလူထု တွေအနေနဲ့ ကိုယ့်ကြမ္မာကို ကိုယ် ဖန်တီးခွင့်ရှိတဲ့ဖွဲ့စည်းပုံအခြေခံဥ ပဒေမျိုးအောက်မှာ နေထိုင်ရ မှသာ နိုင်ငံရေးအရဖွံ့ဖြိုးတိုးတက် လာပြီလို့ဆိုရမှာဖြစ်ပါတယ်။

(၅)

ရန်ကုန်မြို့ မြင်ကွင်းကို ကြည့်ရှုခံစားရင်းအတွေးပွားမိသ မျှပြန်လည်တင်ပြခဲ့ခြင်းဖြစ်ပါ တယ်။ မြန်မာ နိုင်ငံသားအားလုံး စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်မှုအသီး အပွင့်တွေကို ခံစားနိုင်ပါစေလုိ့ ဆိုတောင်းလိုက်ရပါတယ်။ အ ထူးသဖြင့် နိုင်ငံရေးအရစစ်မှန် တဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဖော် ဆောင်နိုင်မယ့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လွှတ်တော် တွင်း ကြိုးပမ်းမှုများ အဆင် ပြေချောမွေ့ပါစေကြောင်း ဆန္ဒ ပြုဆုတောင်းလိုက်ရပါတယ်။ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ပြည်သူ့ဆန္ဒတွေကို ပုဒ်မ ၄၃၆ နဲ့ခေါင်းဖြတ်ပြီး ယဇ်ပူဇော် မပစ်ကြဖို့လည်း မျှော်လင့်မိ ကြောင်းပါခင်ဗျား။။

(ဆောင်းပါးရှင် ခိုင်ကြည်သစ် သည် နိုင်ငံရေး၊ ကျန်းမာရေးနှင့် မျက်မှောက်ရေးရာဆောင်းပါး များ ရေးသားနေသူဖြစ်သည်။)
Share
7 day journal

26/10/2023

ကာလစည်းကမ်းသတ်ဥပဒေအကြောင်းသိကောင်းစရာ
==============================

ဒေါ်တင်မိုးခိုင် (ပြည်)

ကာလစည်းကမ်းသတ် ဥပဒေကို စိတ်ချရမှု ၊ အေးချမ်းမှု နှင့် တရားမျှတမှုတို့အတွက် ပြဋ္ဌာန်းထားသော ဥပဒေ တစ်ရပ် ဖြစ်သည်ဟု အဓိပ္ပါယ်
ဖွင့် ဆိုထားသည်ကို မှတ်သားဖူးသည်။

ကာလစည်းကမ်းသတ် ဥပဒေ၏ ရည်ရွယ်ချက်မှာ လူတစ်ဦးတစ်ယောက်သည် လိမ်လည်ခြင်း ၊ ယုံကြည်မှု ဖောက် ဖျက်ခြင်း မပြုဘဲ ပစ္စည်းတစ် ရပ်ရပ်ကို ဖြစ်စေ၊ အခွင့်အရေး တစ်ရပ်ကိုဖြစ်စေ ဥပဒေက ပြဋ္ဌာန်းထားသည့် ကာလ အတွင်း ခံစားခဲ့ပြီးဖြစ်လျှင် ထိုသူသည် ပစ္စည်း သို့မဟုတ် အခွင့်အရေး ကို အစဉ်တစိုက် အေးချမ်းတည်ငြိမ်စွာ ခံစားခွင့် ရရှိစေရန်ဖြစ်သည်။

ထိုဥပဒေ၏သဘောမှာ ထကြွလုံ့လရှိသူကို အကူအညီပေး၍ မိမိတို့၏ အခွင့်အရေးများကို မေ့လျော့ အိပ်မော ကျ နေခြင်းကို အကူအညီမပေးဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ တစ်ဦးတစ်ယောက်သောသူသည် မိမိ၏ရပိုင်ခွင့်ကို ရရှိစေရန်အတွက် သတ်မှတ်သော ကာလအတွင်းတွင် နိုင်ငံတော်၏ အကူအညီကို လျှောက်ထားရယူရမည် ဖြစ် သည်။သတ်မှတ်ထားသည့် အချိန်ကာလ ကျော်လွန်ပြီးမှ မိမိ၏ အခွင့်အရေးကို တောင်းခံရန်အတွက် နိုင်ငံတော် ၏ အကူအညီကို မရရှိနိုင်ဟု ဆိုခြင်းဖြစ်သည်။

ကာလစည်းကမ်းသတ်ဥပဒေတွင် အမှုအမျိုးအစားအပေါ် လိုက်ကာ မည်သည့်အမှု့ကို မည်သည့်နေ့မှ မည်သည့် အချိန် ကာလအတွင်း တရားစွဲဆိုရမည်ဟု သတ်မှတ်ပြဋ္ဌာန်း ထားသည်။ကာလစည်းကမ်း သတ် အက် ဥပဒေ ပါ ယေဘုယျ ဥပဒေသ၏ ခြွင်းချက်များကို ပုဒ်မ ၄ မှ ပုဒ်မ ၂၅ ပြဋ္ဌာန်းထားသည်။ယင်း ခြွင်းချက်တွင် အကျုံးမဝင် လျှင် ကာလစည်းကမ်းသတ် ကျော်လွန်ခြင်းကို ခွင့်မပြုနိုင်ပေ။

ကာလစည်းကမ်းသတ် ပြဿနာမှာ ဥပဒေပြဿနာ ဖြစ်သည်။ဥပဒေပြဋ္ဌာန်းချက် ရှိသည်ကို မသိပါ၊ နားမလည် ပါဟု အမှုသည်နှင့် ရှေ့နေတို့က စောဒက တက်ခွင့် မရှိပါ။ရှေ့နေရှေ့ရပ်တို့၏ ပေါ့လျော့လစ်ဟင်းမှု သည် အမှု သည် ၏ ပေါ့လျော့မှုပင် ဖြစ်သဖြင့် ရှေ့နေများ သတိကြီးစွားထားရန်လိုအပ်သည်။

ကာလစည်းကမ်းသတ် ဥပဒေအရ တစ်ဖက်အမှုသည်က ရရှိသွားခဲ့သော အခွင့်အရေးကို ပေါ့ပေါ့တန်တန် နုတ် သိမ်းခွင့်ရရှိမည် မဟုတ်ချေ။
ဆိုလွှာကို အပေါ်ကြော ကြည့်ရုံမျှဖြင့် အမှုမှာ ကာလစည်းကမ်းသတ် ကျော်လွန်နေသည်ဟု ထင်ရလျှင် တရား ပြိုင်က တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ တရားရုံးသည် ယင်းအချက်ကို စဉ်းစားရန် တာဝန်ရှိသည့် အပြင် ကျော်လွန်နေကြောင်း ပေါ်လွင်နေပါက တရားမကျင့်ထုံးဥပဒေ အမိန့် ၇ ၊ နည်း ၁၁ (ဃ) အရ ဆိုလွှာကို ပယ်ရသည်။

ဆိုလွှာတစ်ခုတည်း၌ ကာလစည်းကမ်းသတ် မကျော်လွန်သေးသည့် ကိစ္စနှင့် ကာလစည်းကမ်းသတ် ကျော် လွန်သည့်ကိစ္စ အတူတကွတွဲ၍ စွဲဆိုထားလျှင် ကာလစည်းကမ်းသတ် ကျော်လွန်သည့်ကိစ္စကို ချန်လှပ်၍ မကျော် လွန်သေးသည်ကိစ္စကို ဖော်ထုတ်စဉ်းစား၍ မရချေ။

ထို့ပြင် ကာလစည်းကမ်းသတ် ပြဿနာမှာ အကြောင်းခြင်းရာနှင့် စပ် လျဉ်းသည့် အဆုံးအဖြတ်အပေါ် တည်နေ လျှင် ဖြစ်စေ ၊ လိုအပ်သည့် အချက်အလက်များကို သက်သေထင်ရှား ပြမထားလျှင်ဖြစ်စေ ၊ တရား ပြိုင်က ချေလွှာ တင်၍ တင်ပြခြင်း မပြုလျှင်ဖြစ်စေ၊ ကာလစည်းကမ်း သတ် ပြဿနာကို စွန့်လွှတ်လျှင်ဖြစ်စေ တရားရုံးက အဆို ပါ ကိစ္စအပေါ် ဆုံးဖြတ်ခြင်း မပြုနိုင်သကဲ့သို့ တရားပြိုင်ဘက်မှလည်း အယူခံရုံးတွင် ၎င်းပြဿနာကို တင်ပြခြင်း မပြုနိုင်ပါ။

အဘယ်ကြောင့်ဆိုသော် ကာလစည်းကမ်းသတ် ပြဿနာသည် ဆိုလွှာ၌ ပေါ်ပေါက်ခြင်း မရှိဘဲ အကြောင်းခြင်းရာ ပြဿနာပေါ် တည်နေလျှင် တရားပြိုင်ဘက်မှ ယင်းပြဿနာကို မိမိချေလွှာ၌ တရားမကျင့်ထုံးဥပဒေ အမိန့် ၈၊ နည်း ၂ အရ တင်ပြရန် တာဝန်ရှိသောကြောင့်ဖြစ်သည်။

စည်းကမ်းသတ်ကာလကို စတင်ရေတွက်ရမည့် အချိန်ကျရောက်ပြီးနောက်မှ တရားစွဲဆိုရန် မစွမ်းဆောင်နိုင်ခြင်း သော်လည်းကောင်း ၊ တရားစွဲဆိုရန် မဖြစ်နိုင်ခြင်းသော်လည်းကောင်း ဖြစ်ပေါ်လာသည်ကို အကြောင်းပြု၍ စည်း ကမ်းသတ်ကာလ ရေတွက်ခြင်းကို မရပ်စဲစေရ ဟူသော ကာလစည်းကမ်းသတ် ဥပဒေပုဒ်မ ၉ ပြဋ္ဌာန်းချက် အရ ကာလစည်းကမ်းသတ်ကို တစ်ကြိမ်ရေတွက်ခွင့်ရလျှင် ရပ်ဆိုင်းထားခွင့် မရှိချေ။
တရားမမှုတစ်မှုကို အမှုသစ်စွဲဆိုခွင့်ဖြင့် ရုပ်သိမ်းခွင့် ပြုခြင်းသည် ကာလစည်းကမ်းသတ်ရေတွက်မှုကို ရပ်ဆိုင်း ခြင်း သို့မဟုတ် တိုးချဲ့ရန်ခွင့်ပြုခြင်း မဟုတ်ပေ။အမှုသစ်စွဲဆိုလိုလျှင် ကာလစည်းကမ်းသတ်အတွင်း ထပ်မံစွဲဆို နိုင်ရန် အတွက်သာဖြစ်သည်။

ပြဋ္ဌာန်းထားသည့် စည်းကမ်းသတ်ကာလ အပိုင်းအခြားအမှန်ကို သိသာရန် စုံစမ်းသော အခါ၌ဖြစ်စေ၊ ရေတွက် သောအခါ၌ဖြစ်စေ ၊ တရားလွှတ် တော်၏ အမိန့်ကြောင့်သော်လည်းကောင်း ၊ ကျင့်ထုံးကြောင့် သော်လည်း ကောင်း ၊ စီရင်ချက်ကြောင့်သော် လည်းကောင်း ၊ အယူခံသူ သို့တည်း မဟုတ် လျှောက်ထားသူ မှားယွင်းခြင်းကို ပုဒ်မ ၅ အရ ကုစားနိုင်သည်။သို့ရာတွင် လျှောက်ထားသူ သည် ပုဒ်မ ၅ ၏ အခွင့်အရေးကို ခံစားလိုပါက မိမိမှာ ကာလ စည်းကမ်းသတ် ကျော်လွန်သည့်ကာလအတွက် ပေါ့လျော့ခြင်း၊ သို့မဟုတ် ဥပဒေကို လေးစားလျှက် ပြုလုပ်နိုင် ခြင်း မရှိကြောင်းကို ပေါ်လွင်အောင် လုံလောက်သောအကြောင်း ပြဆိုနိုင်မှသာ ပုဒ်မ၅ အရ အကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။ပုဒ်မ ၅ သည် အောက်ပါတို့နှင့်သာ သက်ဆိုင်ပြီး အထူး အက်ဥပဒေများနှင့် မသက်ဆိုင်ပါ။

ပုဒ်မ ၅ နှင့် သက်ဆိုင်သည့်အမှုများမှာ-

၁။ အယူခံမှုများ

၂။ စီရင်ချက်ကိုပြန်လည်စစ်ဆေးပေးရန်လျှောက်ထားမှု

၃။ အယူခံဝင်ခွင့်ရှိစေရန်လျှောက်ထားမှု

၄။ တည်ဆဲဖြစ်သောပြဋ္ဌာန်းသည့် ဥပဒေတစ်ခုခုဖြင့် ဖြစ်စေ၊ အရဖြစ်စေ ဤပုဒ်မနှင့်သက်ဆိုင်စေနိုင်သည့် အခြားလျှောက်ထားမှု တို့ဖြစ်သည်။

ဤပုဒ်မ ၅ အရ လုံလောက်သော အကြောင်းဆိုသည်မှာ ပုဒ်မ ၅၏ အကျိုးကို ရရှိရန်တောင်းဆိုသော အမှုသည် အနေဖြင့် မတတ်စွမ်းနိုင်သော အကြောင်းကိုဆိုလိုသည်။ဥပမာအားဖြင့် ဒီကရီတွင် ရက်မှာခြင်း ၊ဒီကရီတွင် အမှန် တကယ် ဖော်ပြထားသည့် ရက်စွဲကြောင့် အယူခံတရားလိုအနေဖြင့် ရက်မှားရခြင်းသည် အယူခံနောက် ကျရသည့် အတွက် လုံလောက်သောအကြောင်း ဖြစ်သည်။အမှုသည်ဖျားနာခြင်း ၊ ဆင်းရဲနွမ်းပါးခြင်း ၊အယူခံရန် ငွေမရှိခြင်း ၊ဥပဒေကို မသိခြင်း စသည်တို့သည် လုံလောက်သောအကြောင်းမဟုတ်ပါ။

အယူခံဝင်ရောက်ရန်ဖြစ်စေ ၊ စီရင်ချက်ကို ပြန်လည် စစ်ဆေးပေးရန် လျှောက်ထားမှုတွင်ဖြစ်စေ လိုအပ်သော မိတ္တူရရှိရေးအတွက် ကြာ ညောင်းသော အချိန်ကာလကို ထုတ်ပယ်ရမည်ဟု ကာလစည်းကမ်းသတ် ဥပဒေပုဒ်မ ၁၂ တွင်ပြဋ္ဌာန်းထားသည်။ထို့ကြောင့်မိတ္တူကူးယူရန် လျှောက် လွှာကို စီရင်ချက် ချမှတ်ပြီးလျှင်ပြီးချင်း တင်သွင်း ထားသင့်သည်။အဘယ်ကြောင့်ဆိုသော် ဒီကရီကို မည်သည့်နေ့ရက်၌ပင် ရေးဆွဲစေကာမူ စီရင်ချက် ချသည့်နေ့မှ စ၍ ကာလစည်းကမ်းသတ်အချိန်ကို စတင်ရေတွက်သောကြောင့်ဖြစ်သည်။

ဒီကရီရေးဆွဲခြင်း မပြုရသေးသည့်အကြောင်းကြောင့် ဒီကရီမိတ္တူကို ကူးပေးရန် မလျှောက်ထားပဲနေ၍ မရချေ။ လျှောက်ထားခြင်း မပြု၍ ကာလစည်းကမ်းသတ် အချိန် ကျော်လွန်လျှင် ပျက်ကွက်သူ၏တာဝန်သာ ဖြစ် သည်။ ကာလစည်းကမ်းသတ်တွင် စီရင်ချက်ချမှတ်သော နေ့ရက်နှင့် ဒီကရီလက်မှတ်ရေးထိုးသောနေ့အကြား ကြာ ညောင်းသော ကာလကို ထုတ်ပယ်မထားသည်ကို သိရှိရန်လိုအပ်သည်။ ထို့ပြင် အယူခံလွှာတင်သွင်းတွင် တရား မကျင့်ထုံးဥပဒေ အမိန့် ၄၁ ၊ နည်း ၁ အရ ဒီကရီမိတ္တူကို မလွဲမသွေ တင်သွင်းရသော်လည်း စီရင်ချက်မိတ္တူကိုမူ အယူခံရုံးက တင်သွင်းရန်မလိုဟု ခွင့်ပြုနိုင်ကြောင်း ဆရာဦးမြ၏ ကာလစည်းကမ်းသတ်ဥပဒေ၊ စာ- ၂၉ တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

စီရင်ပိုင်ခွင့်အာဏာမရှိသော တရားရုံးတွင် မှားယွင်း၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၊ အမှုဖြစ်အကြောင်းခြင်းရာချင်း လည်း တူညီပြီး သဘောရိုးနှင့် စွဲသည့်ကိစ္စအတွက် ထိုတရားရုံးတွင် ကုန်ခဲ့သောကာလကို ထုတ်ပယ်ခွင့်ရှိကြောင်း ကာလ စည်း ကမ်းသတ်ဥပဒေပုဒ်မ ၁၄ တွင်ပြဋ္ဌာန်းထားသည်။
စည်းကမ်းသတ်ကာလအပိုင်းအခြား မကုန်ဆုံးမီ ပစ္စည်းကို ဖြစ်စေ ၊ အခွင့်အရေးကိုဖြစ်စေ ၊ တောင်းခံခြင်းခံရ သူ က တာဝန်ရှိကြောင်း ရေးသားလက်မှတ်ရေးထိုး၍ ဝန်ခံချက် ပြုလုပ်သောကိစ္စတွင် ထိုသို့ဝန်ခံချက် ပြုသည့်အခါမှ စ၍ စည်းကမ်းသတ်ကာလအပိုင်းအခြားကို အသစ်ရေတွက်ရမည် ဟု ကာလစည်းကမ်းသတ်ဥပဒေ ပုဒ်မ ၁၉ တွင် ပြဋ္ဌာန်း ထား သည်။

မြီစားဖြစ်သူက ကြွေးမြီများရှိကြောင်း တိတိကျကျ ဝန်ခံစရာမလိုပဲ အကြွေးရှိကြောင်း ဝန်ခံလျှင် သို့မဟုတ် ရှိနိုင်ကြောင်း ဝန်ခံလျှင် လုံ လောက်သည်ဟု ၁၉၃၃၊အေအိုင်အာ(ရန်ကုန်-၁၄၇)ဟာမီဒါဘီနှင့် အဒူဂဖာ အမှုတွင် စီရင်ထုံးဖွဲ့ထားသည်ကိုတွေ့ရသည်။

သို့ရာတွင် ထိုသို့ ဝန်ခံချက်သည်လည်း လက်မှတ်ရေးထိုရုံမျှဖြင့် မလုံ လောက်။ကြွေးမြီများကို ပေးဆပ်ရန်တာဝန် ရိှကြောင်း ဝန်ခံရေးသားချက် ဖြစ်ရန်လိုအပ်ကြောင်း ဖတ်ရှူ့မိသမျှ ပြန်လည်မျှဝေလိုက်ပါသည်။

ဒေါ်တင်မိုးခိုင် (ပြည်)

# ကာလစည်းကမ်းသတ်

(Zawgyi)

ကာလစည္းကမ္းသတ္ဥပေဒအေၾကာင္းသိေကာင္းစရာ
==============================

ေဒၚတင္မိုးခိုင္ (ျပည္)

ကာလစည္းကမ္းသတ္ ဥပေဒကို စိတ္ခ်ရမႈ ၊ ေအးခ်မ္းမႈ ႏွင့္ တရားမွ်တမႈတို႔အတြက္ ျပ႒ာန္းထားေသာ ဥပေဒ တစ္ရပ္ ျဖစ္သည္ဟု အဓိပၸါယ္
ဖြင့္ ဆိုထားသည္ကို မွတ္သားဖူးသည္။

ကာလစည္းကမ္းသတ္ ဥပေဒ၏ ရည္႐ြယ္ခ်က္မွာ လူတစ္ဦးတစ္ေယာက္သည္ လိမ္လည္ျခင္း ၊ ယုံၾကည္မႈ ေဖာက္ ဖ်က္ျခင္း မျပဳဘဲ ပစၥည္းတစ္ ရပ္ရပ္ကို ျဖစ္ေစ၊ အခြင့္အေရး တစ္ရပ္ကိုျဖစ္ေစ ဥပေဒက ျပ႒ာန္းထားသည့္ ကာလ အတြင္း ခံစားခဲ့ၿပီးျဖစ္လွ်င္ ထိုသူသည္ ပစၥည္း သို႔မဟုတ္ အခြင့္အေရး ကို အစဥ္တစိုက္ ေအးခ်မ္းတည္ၿငိမ္စြာ ခံစားခြင့္ ရရွိေစရန္ျဖစ္သည္။

ထိုဥပေဒ၏သေဘာမွာ ထႂကြလုံ႔လရွိသူကို အကူအညီေပး၍ မိမိတို႔၏ အခြင့္အေရးမ်ားကို ေမ့ေလ်ာ့ အိပ္ေမာ က် ေနျခင္းကို အကူအညီမေပးဟူ၍ ျဖစ္သည္။ ဆိုလိုသည္မွာ တစ္ဦးတစ္ေယာက္ေသာသူသည္ မိမိ၏ရပိုင္ခြင့္ကို ရရွိေစရန္အတြက္ သတ္မွတ္ေသာ ကာလအတြင္းတြင္ ႏိုင္ငံေတာ္၏ အကူအညီကို ေလွ်ာက္ထားရယူရမည္ ျဖစ္ သည္။သတ္မွတ္ထားသည့္ အခ်ိန္ကာလ ေက်ာ္လြန္ၿပီးမွ မိမိ၏ အခြင့္အေရးကို ေတာင္းခံရန္အတြက္ ႏိုင္ငံေတာ္ ၏ အကူအညီကို မရရွိႏိုင္ဟု ဆိုျခင္းျဖစ္သည္။

ကာလစည္းကမ္းသတ္ဥပေဒတြင္ အမႈအမ်ိဳးအစားအေပၚ လိုက္ကာ မည္သည့္အမႈ႕ကို မည္သည့္ေန႔မွ မည္သည့္ အခ်ိန္ ကာလအတြင္း တရားစြဲဆိုရမည္ဟု သတ္မွတ္ျပ႒ာန္း ထားသည္။ကာလစည္းကမ္း သတ္ အက္ ဥပေဒ ပါ ေယဘုယ် ဥပေဒသ၏ ႁခြင္းခ်က္မ်ားကို ပုဒ္မ ၄ မွ ပုဒ္မ ၂၅ ျပ႒ာန္းထားသည္။ယင္း ႁခြင္းခ်က္တြင္ အက်ဳံးမဝင္ လွ်င္ ကာလစည္းကမ္းသတ္ ေက်ာ္လြန္ျခင္းကို ခြင့္မျပဳႏိုင္ေပ။

ကာလစည္းကမ္းသတ္ ျပႆနာမွာ ဥပေဒျပႆနာ ျဖစ္သည္။ဥပေဒျပ႒ာန္းခ်က္ ရွိသည္ကို မသိပါ၊ နားမလည္ ပါဟု အမႈသည္ႏွင့္ ေရွ႕ေနတို႔က ေစာဒက တက္ခြင့္ မရွိပါ။ေရွ႕ေနေရွ႕ရပ္တို႔၏ ေပါ့ေလ်ာ့လစ္ဟင္းမႈ သည္ အမႈ သည္ ၏ ေပါ့ေလ်ာ့မႈပင္ ျဖစ္သျဖင့္ ေရွ႕ေနမ်ား သတိႀကီးစြားထားရန္လိုအပ္သည္။

ကာလစည္းကမ္းသတ္ ဥပေဒအရ တစ္ဖက္အမႈသည္က ရရွိသြားခဲ့ေသာ အခြင့္အေရးကို ေပါ့ေပါ့တန္တန္ ႏုတ္ သိမ္းခြင့္ရရွိမည္ မဟုတ္ေခ်။
ဆိုလႊာကို အေပၚေၾကာ ၾကည့္႐ုံမွ်ျဖင့္ အမႈမွာ ကာလစည္းကမ္းသတ္ ေက်ာ္လြန္ေနသည္ဟု ထင္ရလွ်င္ တရား ၿပိဳင္က တင္ျပသည္ျဖစ္ေစ၊ မတင္ျပသည္ျဖစ္ေစ တရား႐ုံးသည္ ယင္းအခ်က္ကို စဥ္းစားရန္ တာဝန္ရွိသည့္ အျပင္ ေက်ာ္လြန္ေနေၾကာင္း ေပၚလြင္ေနပါက တရားမက်င့္ထုံးဥပေဒ အမိန္႔ ၇ ၊ နည္း ၁၁ (ဃ) အရ ဆိုလႊာကို ပယ္ရသည္။

ဆိုလႊာတစ္ခုတည္း၌ ကာလစည္းကမ္းသတ္ မေက်ာ္လြန္ေသးသည့္ ကိစၥႏွင့္ ကာလစည္းကမ္းသတ္ ေက်ာ္ လြန္သည့္ကိစၥ အတူတကြတြဲ၍ စြဲဆိုထားလွ်င္ ကာလစည္းကမ္းသတ္ ေက်ာ္လြန္သည့္ကိစၥကို ခ်န္လွပ္၍ မေက်ာ္ လြန္ေသးသည္ကိစၥကို ေဖာ္ထုတ္စဥ္းစား၍ မရေခ်။

ထို႔ျပင္ ကာလစည္းကမ္းသတ္ ျပႆနာမွာ အေၾကာင္းျခင္းရာႏွင့္ စပ္ လ်ဥ္းသည့္ အဆုံးအျဖတ္အေပၚ တည္ေန လွ်င္ ျဖစ္ေစ ၊ လိုအပ္သည့္ အခ်က္အလက္မ်ားကို သက္ေသထင္ရွား ျပမထားလွ်င္ျဖစ္ေစ ၊ တရား ၿပိဳင္က ေခ်လႊာ တင္၍ တင္ျပျခင္း မျပဳလွ်င္ျဖစ္ေစ၊ ကာလစည္းကမ္း သတ္ ျပႆနာကို စြန္႔လႊတ္လွ်င္ျဖစ္ေစ တရား႐ုံးက အဆို ပါ ကိစၥအေပၚ ဆုံးျဖတ္ျခင္း မျပဳႏိုင္သကဲ့သို႔ တရားၿပိဳင္ဘက္မွလည္း အယူခံ႐ုံးတြင္ ၎ျပႆနာကို တင္ျပျခင္း မျပဳႏိုင္ပါ။

အဘယ္ေၾကာင့္ဆိုေသာ္ ကာလစည္းကမ္းသတ္ ျပႆနာသည္ ဆိုလႊာ၌ ေပၚေပါက္ျခင္း မရွိဘဲ အေၾကာင္းျခင္းရာ ျပႆနာေပၚ တည္ေနလွ်င္ တရားၿပိဳင္ဘက္မွ ယင္းျပႆနာကို မိမိေခ်လႊာ၌ တရားမက်င့္ထုံးဥပေဒ အမိန္႔ ၈၊ နည္း ၂ အရ တင္ျပရန္ တာဝန္ရွိေသာေၾကာင့္ျဖစ္သည္။

စည္းကမ္းသတ္ကာလကို စတင္ေရတြက္ရမည့္ အခ်ိန္က်ေရာက္ၿပီးေနာက္မွ တရားစြဲဆိုရန္ မစြမ္းေဆာင္ႏိုင္ျခင္း ေသာ္လည္းေကာင္း ၊ တရားစြဲဆိုရန္ မျဖစ္ႏိုင္ျခင္းေသာ္လည္းေကာင္း ျဖစ္ေပၚလာသည္ကို အေၾကာင္းျပဳ၍ စည္း ကမ္းသတ္ကာလ ေရတြက္ျခင္းကို မရပ္စဲေစရ ဟူေသာ ကာလစည္းကမ္းသတ္ ဥပေဒပုဒ္မ ၉ ျပ႒ာန္းခ်က္ အရ ကာလစည္းကမ္းသတ္ကို တစ္ႀကိမ္ေရတြက္ခြင့္ရလွ်င္ ရပ္ဆိုင္းထားခြင့္ မရွိေခ်။
တရားမမႈတစ္မႈကို အမႈသစ္စြဲဆိုခြင့္ျဖင့္ ႐ုပ္သိမ္းခြင့္ ျပဳျခင္းသည္ ကာလစည္းကမ္းသတ္ေရတြက္မႈကို ရပ္ဆိုင္း ျခင္း သို႔မဟုတ္ တိုးခ်ဲ႕ရန္ခြင့္ျပဳျခင္း မဟုတ္ေပ။အမႈသစ္စြဲဆိုလိုလွ်င္ ကာလစည္းကမ္းသတ္အတြင္း ထပ္မံစြဲဆို ႏိုင္ရန္ အတြက္သာျဖစ္သည္။

ျပ႒ာန္းထားသည့္ စည္းကမ္းသတ္ကာလ အပိုင္းအျခားအမွန္ကို သိသာရန္ စုံစမ္းေသာ အခါ၌ျဖစ္ေစ၊ ေရတြက္ ေသာအခါ၌ျဖစ္ေစ ၊ တရားလႊတ္ ေတာ္၏ အမိန္႔ေၾကာင့္ေသာ္လည္းေကာင္း ၊ က်င့္ထုံးေၾကာင့္ ေသာ္လည္း ေကာင္း ၊ စီရင္ခ်က္ေၾကာင့္ေသာ္ လည္းေကာင္း ၊ အယူခံသူ သို႔တည္း မဟုတ္ ေလွ်ာက္ထားသူ မွားယြင္းျခင္းကို ပုဒ္မ ၅ အရ ကုစားႏိုင္သည္။သို႔ရာတြင္ ေလွ်ာက္ထားသူ သည္ ပုဒ္မ ၅ ၏ အခြင့္အေရးကို ခံစားလိုပါက မိမိမွာ ကာလ စည္းကမ္းသတ္ ေက်ာ္လြန္သည့္ကာလအတြက္ ေပါ့ေလ်ာ့ျခင္း၊ သို႔မဟုတ္ ဥပေဒကို ေလးစားလွ်က္ ျပဳလုပ္ႏိုင္ ျခင္း မရွိေၾကာင္းကို ေပၚလြင္ေအာင္ လုံေလာက္ေသာအေၾကာင္း ျပဆိုႏိုင္မွသာ ပုဒ္မ၅ အရ အက်ိဳးခံစားခြင့္ကို ရရွိမည္ျဖစ္ပါသည္။ပုဒ္မ ၅ သည္ ေအာက္ပါတို႔ႏွင့္သာ သက္ဆိုင္ၿပီး အထူး အက္ဥပေဒမ်ားႏွင့္ မသက္ဆိုင္ပါ။

ပုဒ္မ ၅ ႏွင့္ သက္ဆိုင္သည့္အမႈမ်ားမွာ-

၁။ အယူခံမႈမ်ား

၂။ စီရင္ခ်က္ကိုျပန္လည္စစ္ေဆးေပးရန္ေလွ်ာက္ထားမႈ

၃။ အယူခံဝင္ခြင့္ရွိေစရန္ေလွ်ာက္ထားမႈ

၄။ တည္ဆဲျဖစ္ေသာျပ႒ာန္းသည့္ ဥပေဒတစ္ခုခုျဖင့္ ျဖစ္ေစ၊ အရျဖစ္ေစ ဤပုဒ္မႏွင့္သက္ဆိုင္ေစႏိုင္သည့္ အျခားေလွ်ာက္ထားမႈ တို႔ျဖစ္သည္။

ဤပုဒ္မ ၅ အရ လုံေလာက္ေသာ အေၾကာင္းဆိုသည္မွာ ပုဒ္မ ၅၏ အက်ိဳးကို ရရွိရန္ေတာင္းဆိုေသာ အမႈသည္ အေနျဖင့္ မတတ္စြမ္းႏိုင္ေသာ အေၾကာင္းကိုဆိုလိုသည္။ဥပမာအားျဖင့္ ဒီကရီတြင္ ရက္မွာျခင္း ၊ဒီကရီတြင္ အမွန္ တကယ္ ေဖာ္ျပထားသည့္ ရက္စြဲေၾကာင့္ အယူခံတရားလိုအေနျဖင့္ ရက္မွားရျခင္းသည္ အယူခံေနာက္ က်ရသည့္ အတြက္ လုံေလာက္ေသာအေၾကာင္း ျဖစ္သည္။အမႈသည္ဖ်ားနာျခင္း ၊ ဆင္းရဲႏြမ္းပါးျခင္း ၊အယူခံရန္ ေငြမရွိျခင္း ၊ဥပေဒကို မသိျခင္း စသည္တို႔သည္ လုံေလာက္ေသာအေၾကာင္းမဟုတ္ပါ။

အယူခံဝင္ေရာက္ရန္ျဖစ္ေစ ၊ စီရင္ခ်က္ကို ျပန္လည္ စစ္ေဆးေပးရန္ ေလွ်ာက္ထားမႈတြင္ျဖစ္ေစ လိုအပ္ေသာ မိတၱဴရရွိေရးအတြက္ ၾကာ ေညာင္းေသာ အခ်ိန္ကာလကို ထုတ္ပယ္ရမည္ဟု ကာလစည္းကမ္းသတ္ ဥပေဒပုဒ္မ ၁၂ တြင္ျပ႒ာန္းထားသည္။ထို႔ေၾကာင့္မိတၱဴကူးယူရန္ ေလွ်ာက္ လႊာကို စီရင္ခ်က္ ခ်မွတ္ၿပီးလွ်င္ၿပီးခ်င္း တင္သြင္း ထားသင့္သည္။အဘယ္ေၾကာင့္ဆိုေသာ္ ဒီကရီကို မည္သည့္ေန႔ရက္၌ပင္ ေရးဆြဲေစကာမူ စီရင္ခ်က္ ခ်သည့္ေန႔မွ စ၍ ကာလစည္းကမ္းသတ္အခ်ိန္ကို စတင္ေရတြက္ေသာေၾကာင့္ျဖစ္သည္။

ဒီကရီေရးဆြဲျခင္း မျပဳရေသးသည့္အေၾကာင္းေၾကာင့္ ဒီကရီမိတၱဴကို ကူးေပးရန္ မေလွ်ာက္ထားပဲေန၍ မရေခ်။ ေလွ်ာက္ထားျခင္း မျပဳ၍ ကာလစည္းကမ္းသတ္ အခ်ိန္ ေက်ာ္လြန္လွ်င္ ပ်က္ကြက္သူ၏တာဝန္သာ ျဖစ္ သည္။ ကာလစည္းကမ္းသတ္တြင္ စီရင္ခ်က္ခ်မွတ္ေသာ ေန႔ရက္ႏွင့္ ဒီကရီလက္မွတ္ေရးထိုးေသာေန႔အၾကား ၾကာ ေညာင္းေသာ ကာလကို ထုတ္ပယ္မထားသည္ကို သိရွိရန္လိုအပ္သည္။ ထို႔ျပင္ အယူခံလႊာတင္သြင္းတြင္ တရား မက်င့္ထုံးဥပေဒ အမိန္႔ ၄၁ ၊ နည္း ၁ အရ ဒီကရီမိတၱဴကို မလြဲမေသြ တင္သြင္းရေသာ္လည္း စီရင္ခ်က္မိတၱဴကိုမူ အယူခံ႐ုံးက တင္သြင္းရန္မလိုဟု ခြင့္ျပဳႏိုင္ေၾကာင္း ဆရာဦးျမ၏ ကာလစည္းကမ္းသတ္ဥပေဒ၊ စာ- ၂၉ တြင္ ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

စီရင္ပိုင္ခြင့္အာဏာမရွိေသာ တရား႐ုံးတြင္ မွားယြင္း၍ တရားစြဲဆိုခဲ့ျခင္းျဖစ္ၿပီး ၊ အမႈျဖစ္အေၾကာင္းျခင္းရာခ်င္း လည္း တူညီၿပီး သေဘာ႐ိုးႏွင့္ စြဲသည့္ကိစၥအတြက္ ထိုတရား႐ုံးတြင္ ကုန္ခဲ့ေသာကာလကို ထုတ္ပယ္ခြင့္ရွိေၾကာင္း ကာလ စည္း ကမ္းသတ္ဥပေဒပုဒ္မ ၁၄ တြင္ျပ႒ာန္းထားသည္။
စည္းကမ္းသတ္ကာလအပိုင္းအျခား မကုန္ဆုံးမီ ပစၥည္းကို ျဖစ္ေစ ၊ အခြင့္အေရးကိုျဖစ္ေစ ၊ ေတာင္းခံျခင္းခံရ သူ က တာဝန္ရွိေၾကာင္း ေရးသားလက္မွတ္ေရးထိုး၍ ဝန္ခံခ်က္ ျပဳလုပ္ေသာကိစၥတြင္ ထိုသို႔ဝန္ခံခ်က္ ျပဳသည့္အခါမွ စ၍ စည္းကမ္းသတ္ကာလအပိုင္းအျခားကို အသစ္ေရတြက္ရမည္ ဟု ကာလစည္းကမ္းသတ္ဥပေဒ ပုဒ္မ ၁၉ တြင္ ျပ႒ာန္း ထား သည္။

ၿမီစားျဖစ္သူက ေႂကြးၿမီမ်ားရွိေၾကာင္း တိတိက်က် ဝန္ခံစရာမလိုပဲ အေႂကြးရွိေၾကာင္း ဝန္ခံလွ်င္ သို႔မဟုတ္ ရွိႏိုင္ေၾကာင္း ဝန္ခံလွ်င္ လုံ ေလာက္သည္ဟု ၁၉၃၃၊ေအအိုင္အာ(ရန္ကုန္-၁၄၇)ဟာမီဒါဘီႏွင့္ အဒူဂဖာ အမႈတြင္ စီရင္ထုံးဖြဲ႕ထားသည္ကိုေတြ႕ရသည္။

သို႔ရာတြင္ ထိုသို႔ ဝန္ခံခ်က္သည္လည္း လက္မွတ္ေရးထို႐ုံမွ်ျဖင့္ မလုံ ေလာက္။ေႂကြးၿမီမ်ားကို ေပးဆပ္ရန္တာဝန္ ရိွေၾကာင္း ဝန္ခံေရးသားခ်က္ ျဖစ္ရန္လိုအပ္ေၾကာင္း ဖတ္ရႉ႔မိသမွ် ျပန္လည္မွ်ေဝလိုက္ပါသည္။

ေဒၚတင္မိုးခိုင္ (ျပည္)

# ကာလစည္းကမ္းသတ္

Address

Naypyitaw
Naypyitaw

Telephone

+95673407547

Website

Alerts

Be the first to know and let us send you an email when Housing Management Section,DUHD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Housing Management Section,DUHD:

Share