20/07/2021
Crd မူရင်းပို့စ် copy
Guppy Fish
----------
Guppy ကို ဗင်နီဇွဲလားမှာ Wilhelm Peter ကနေ 1859 မှာ
poecilia reticulata လို့ သိပ္ပံနာမည် ဖော်ပြခဲ့ပါတယ်
1861မှာတော့ De Filippi ကနေ Lebists poecilioides
လို့ ထပ်မံဖော်ပြပါတယ်. လန်ဒန် သဘာဝသမိုင်းပြတိုက်က ပညာရှင်
Albert Gunther က Robert John Lechere Guppy
ကိုအစွဲပြုပြီး Girardinus guppii လို့ပေးပါတယ်
အဲဒါကိုမှ 1913 မှာ Regan ကနေ reclassified လုပ်ပီး
Lebistes teticulatus လို့ပေးခဲ့ပြန်ပါတယ်
1963မှာတော့ Rosen နဲ့ Bailey ကနေ original name
ဖြစ်တဲ့ Poecilia reticulata လို့ပြန်ပြောင်းခဲ့ပါတယ်...
နောက်ပိုင်းမှာတော့Taxonomy ကနေပြီးသိပ္ပံနာမည်တွေ အစား
(GUPPY)လို့အစားထိုးခေါ်ဝေါ်ခဲ့ပါတယ်
Giraridinuss guppii ကိုတော့ Poecilia reticulata ရဲ့
Junior synonym အဖြစ် ထားရှိခဲ့ပါတယ်....
The Guppy သိပ္ပံနာမည် (Poecilia reticulata)
နောက်ပီး (millionfish/rainbow fish)
လို့လည်းခေါ်ကြပါသေးတယ်
ကမ္ဘာအနှံ့အပြား ပြန့်နှံ့နေတဲ့ အပူပိုင်းဒေသ ငါးတွေထဲက
တစ်မျိုးဖြစ်ပြီးနာမည်ကျော်တဲ့ရေချိုအလှမွေးငါးမျိုးစိတ်တစ်ခု
ဖြစ်ပါတယ်...Guppy ကို တောင်အမေရိကရဲ့
အရှေ့မြောက်ဖက်ဒေသမှာ စတင်တွေ့ရှိခဲ့ပြီး...ယခုအခါ
ကမ္ဘာအနှံ့အပြားမှာ တွေ့ရှိနိုင်နေပါပြီ...
Wild Guppy တွေဟာ ရေညှိ ,ရေထဲတွင်မျိုးပွားသော
အင်းဆက်သားလောင်းများ (ဥပမာ-ပိုးလောက်လန်း)
တွေကိုစားသောက်ပါတယ်...
သတ္တဝါတွေလေ့လာတဲ့ပညာရပ်
,ဆင့်ကဲဖြစ်စဉ်တွေ/အပြုအမူတွေသင်ကြားရတဲ့ပညာရပ်တွေမှာ
Guppy ကို model fish အဖြစ် အသုံးပြုကြပါတယ်
Antigue ,Barbuda,Barbardos,Brazil
Guyana,Jamaica,the Netherlands Antilled
,Trinidad,Tobago,the U.S Virgin Island,Colombia
Venezuela ဒေသတွေဟာ Guppy ကို သဘာဝအတိုင်း
တွေ့ရတဲ့ဇာတိ ဒေသတွေဖြစ်ပါတယ်...
အဲ့ဒီ့ကမှတဆင့် နိုင်ငံတော်တော်များများကိုပျံ့နှံ့လာပီး...
ရေခဲနေတဲ့ အန္တာတိက တိုက်မှလွဲ၍ တစ်ကမ္ဘာလုံးကို
နယ်ချဲ့ကြပါတော့တယ်...
Guppy ကို တွေ့ရှိလေ့လာချက်တွေနဲ့သုံးသပ်ပီး
Guppy ဟာခြင်နှိမ်နင်းခြင်းအတွက် ပြယုဂ်တစ်ခု ဖြစ်လာပါတယ်
Guppy တွေဟာခြင်သားလောင်းတွေ စားသောက်ရာမှာတော့
ဘုရင်တစ်ဆူဖြစ်ပါတယ်...ဒါကြောင့်မို့
ငှက်ဖျားရောဂါပျံ့နှံ့ဖြစ်ပွားမှုကိုလျော့ချနိုင်ခဲ့ပါတယ်...
ဒါပေမဲ့..Guppy အုပ်စုတွေဟာ မူလတည်ရှိတဲ့ငါးတွေရဲ့
တိုးပွားမှုအတွက်ထိခိုက်တဲ့သက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်
(ဥပမာ- ရန်ကင်း ဘက်တစ်လျှောက် Guppy များရှိသောရေမြောင်းများအတွင်းတွင်အခြားငါးမတွေ့ရပါ)
ကွင်းဆင်းလေ့လာမှုတွေရဲ့ထုတ်ဖော်ပြောပြချက်အရ
တောင်အမေရိကားမှာရှိတဲ့ ရေချိုရှိတဲ့နေရာတွေ အားလုံးနီးပါးကို
Guppy တွေက နယ်ချဲ့ထားပီးဖြစ်တယ်လို့ဆိုပါတယ်...
Guppy တွေဟာ ပိုမိုများပြားတဲ့တိုးပွားမှုအတွက် ...
စမ်းချောင်းငယ်/ရေကန်ငယ်/ကြီးမားပီးနက်တဲ့ရေကန်ကျယ်များ/
ရေစီးကြမ်းတဲ့ မြစ်/ချောင်းတွေ ထဲမှာလည်း
နေထိုင်ရှင်သန်ခဲ့ကြပါတယ်...
Wild Guppy အမတွေဟာ မီးခိုးရောင် body ရှိပီး
အထီးတွေကတော့ အစက်အပြောက်/အကွက်/ အရောင်စုံအောင်
ရှိတတ်ပါတယ်..
Guppy အထီးတွေဟာ 1.5 -3.5 cm အထိကြီးနိုင်ပြီး
Guppy အမတွေဟာ 3 -6 cm အထိ ကြီးနိုင်ကြပါတယ်...
မြောက်များစွာသော မျိုးရိုးဗီဇတွေထဲကမှ သားဖောက်သူတွေဟာ
ရွေးချယ်သားဖောက်တဲ့အခါမှာတော့ မတူကွဲပြားတဲ့ အရောင်တွေ
အကွက်ပုံစံတွေ အမြှီးအတောင် အရွယ်အစားတွေထွက်လာပါတယ်
အဲဒီကနေစတင်ပေါ်ပေါက်လာတာကတော့ snake skin နှင့်
Grass ဆိုတဲ့ မျိုးကွဲများဖြစ်ပါတယ်...
Guppy တွေမှာ မျိုးဗီဇသယ်ဆောင်တဲ့အမျှင် (chromosomes)
23စုံပါရှိပြီး ၁စုံသာလျှင် လိင်ပိုင်းဆိုင်ရာမျိုးဗီဇအမျှင်
(Sex-chromosomes) ပါဝင်ပါတယ်..
ဒါဟာလူသားတွေနဲ့အတူတူပါပဲ...
နှစ်စဉ်နှစ်တိုင်း မှာ Guppy ကိုသဘာဝအတိုင်းမျိုးစိတ်သစ်
၃မျိုးကိုတွေ့ရလေ့ရှိပါတယ်
ယခုအခါ မျိုးစိတ်ပေါင်း ၃၀၀ခန့် ရှိနေပြီးဖြစ်ပါတယ်..
Guppy တွေဟာ ကောင်းစွာဖွံဖြိုးကြီးထွားနိုင်တဲ့ငါးဖြစ်ပြီး
မွေးဖွားလာတဲ့အချိန်ကစပီး မိဘအမှီအခိုကင်းစွာ
ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ကောင်းမွန်စွာရှင်သန်နိုင်ပါတယ်
Guppy အမတွေဟာ 10 -20 week အတွင်းမှာ
စတင်သားပေါက်နိုင်ပီး 20-24 month တိုင်အောင် သားပေါက်
နိုင်ပါတယ်..အထီးတွေကတော့ 7week or 7 week
ထက်နည်းတဲ့အချိန်မှာတောင် မျိုးပွားဖို့အရွယ်ရောက်လာပါတယ်
သဘာဝအတိုင်းသက်တမ်းကတော့ ၂နှစ်ပတ်လည်
ရှင်သန်နိုင်ကြပါတယ်...
အစာရေစာ(live food) ပေါများမယ်ဆိုရင်
အမရဲ့သားပေါက်နှုန်းဟာတိုးပွားလာမှာပါ...
သူတို့ရဲ့ဘဝသက်တမ်းတလျှောက် စိုစွတ်တဲ့ရာသီဥတုဖြစ်တဲ့
May -December လအတွင်းမှာ ပိုမိုပေါက်ဖွားလေ့ရှိပါတယ်...
၂၁ရက် ကနေ ၃၀ ရက် အတွင်း တစ်ကြိမ်သားပေါက်ပါတယ်...
Guppy တွေမိတ်လိုက်တဲ့စနစ်ကို (Polyandry) လို့ခေါ်ပါတယ်
Guppy အမတွေဟာ အထီးတွေနဲ့ ထပ်ခါထပ်ခါ မိတ်လိုက်ရပါတယ်
ဘာကြောင့်လဲဆိုတော့ မိတ်လိုက်ခြင်းအောင်မြင်မှုဟာ...
သူတို့မိတ်လိုက်တဲ့အကြိမ်
အရေအတွက်နဲ့တိုက်ရိုက်ပတ်သတ်ဆက်နွယ်နေပါတယ်
အထီးတစ်ကောင်မှတစ်ကြိမ်ရရှိတဲ့ s***m ဟာ အရမ်းနဲပြီး
အမကိုလုံလောက်စွာမထောက်ပံ့နိုင်ပါဘူး...တနည်းပြောရရင်
အကြိမ်ကြိမ်မိတ်လိုက်ခြင်းဟာ အမအတွက်
သားပေါက်ရန်လုံလောက်တဲ့အကျိုးဖြစ်စေပါတယ်
Inbreeding ဟာ Guppy ရဲ့ ကျန်းမာခြင်း/လှပခြင်းကို
ဆိုးဝါးစွာထိခိုက်စေပါတယ်....
Guppy အမ အတွက် နောက်တစ်ကြိမ်မိတ်လိုက်ရန်အတွက်
ဒုတိယအထီးဟာ ပထမ မိတ်လိုက်ဖူးတဲ့
အထီးထက်ပိုမိုဆွဲဆောင်မှုရှိပါတယ်
Guppy အမအတွက် တောက်ပတဲ့အရောင်ရှိတဲ့ အထီးက
ပိုပီးဆွဲဆောင်မှုရှိပါတယ်အထူးသဖြင့် body မှာ လိမ်မော်ရောင်
Spot ပါတဲ့အထီးပဲဖြစ်ပါတယ်....
လိမ်မော်ရောင် အကွက်ဟာ ရုပ်ပိုင်းဆိုင်ရာအရ
အခြားအထီးများထက် ပိုမိုကျန်းမာသန်စွမ်းတယ်လို့
ဖော်ပြနေပါသတဲ့ ဘာလို့လဲဆိုတော့ လိမ်မော်ရောင် အကွက်ပါတဲ့
အထီးဟာ ကြမ်းတမ်းတဲ့ရေစီးကြောင်းမှာတောင် ကြာရှည်စွာကူးခပ်
နေနိုင်ပါတယ်တဲ့....
Cross-mating ဟာ ပိုမိုကျန်းမာလှပတဲ့ သားလောင်းများကို
မွေးဖွားစေနိုင်ပါတယ်
Guppy အမကို ပိုးပန်းတဲ့နေရာမှာ နောင်ထပ်ဆွဲဆောင်မှုရှိစေရန်
Guppy အမရဲ့အထင်ကြီးခံရအောင် သို့မဟုတ်
ရွေးချယ်ခြင်းခံအောင်
ပိုးပန်းတဲ့အက (courtship-dance)
(Body ကို "S" ပုံစံကွေးပီး လျင်မြန်စွာတုန်ခါစေခြင်း) ပဲဖြစ်ပါတယ်
Guppy အမရဲ့အထီးရွေးချယ်ခြင်းဟာ
အခြားအမတွေအပေါ်မှာလာ်း ဩဇာလွှမ်းပါတယ်....
အတွေ့အကြုံရှိတဲ့ Guppy အမဟာ
အထီး၂ကောင်ရွေးချယ်ပါတယ်
တစ်ကောင်ဟာ အထီးကျန် Guppy အထီးဖြစ်ပြီး
နောက်တစ်ကောင်ကတော့ အခြားအမတွေပါရွေးချယ်လိုတဲ့ Guppy
အထီးချောချောလေးဖြစ်ပါတယ်...
သူတို့ရဲ့နေထိုင်ရာပတ်ဝန်းကျင်မှာ
များစွာသောသားရဲတွေတွေရှိနေပါတယ်
(ဥပမာ-ငါးကြီးတွေ/ငှက်)တွေပဲဖြစ်ပါတယ်
လှပတဲ့အထီးတွေဟာ အမတွေကိုဆွဲဆောင်နိုင်ပေမယ့်
သူတို့ရဲ့အရောင်ကြောင့် အခြားအရောင်မရှိတဲ့အထီးတွေထက်
အစားခံရတဲ့ဘေးအန္တရာယ်ပိုခံရပါတယ်..
အမတွေဟာ သူတို့ရဲ့သားအိမ်အတွင်းမှာ s***m ကို
၈လအထိသိမ်းထားနိုင်ပါတယ်...
Guppy ဟာ hard water ကိုနှစ်သက်ပြီး
အပူချိန် (25.5 -27.8 °C ) (78 -82°F) ကိုနှစ်သက်ပါတယ်
ရေ၅ဂါလံ (၁၉ လီတာ)ကို ဆားကြမ်း လက်ဖက်ရည် ၁ဇွန်းလိုပါတယ်
(22.2-26.1°C) (72 -79 °F) မှာသားပေါက်ပါတယ်
ကိုယ်ဝန်ရှိတဲ့အမဟာ gravid spot ပိုကြီးပီးနက်လာပါတယ်
သားမပေါက်ခင်မှာ အမဗိုက်ထဲက fryလေးတွေကို
မျက်စိနဲ့မြင်နိုင်ပါတယ်
သားပေါက်ချိန်ဟာ ၁နာရီကနေ ၆နာရီထိ ကြာတတ်ပီး
၂ကောင်ကနေ ၂၀၀ အထိပေါက်နိုင်ပါတယ်
များသောအားဖြင့်တော့ ၃၀ ကနေ ၆၀ အထိသာ ပေါက်လေ့ရှိပါတယ်
အမတွေဟာ fryတွေကို ပြန်စားလေ့မရှိသော်လည်း တစ်ခါတလေ
ပြန်စားတတ်တဲ့အခြေအနေရှိတာကြောင့် fryတွေကို
safeဖြစ်အောင်လုပ်ပေးဖို့လိုအပ်ပါတယ်
အထူးပြုလုပ်ထားတဲ့သားဖောက်ကန်တွေရှိသလို ရိုးရိုးကန်ထဲလည်း
Fry များပုန်းခိုနိုင်အောင်ပြုလုပ်ပေးနိုင်ပါတယ်
Recommended food for fry
Baby brine shrimp,microworms,infusoria,vineger eels...တွေကျွေးသင့်ပြီး
နောက်ထပ်
Ground flake food,egg yolk,liquid fish food
တွေကျွေးလို့ရပါတယ်
အခြားအစာတွေကတော့fryအတွက်ကြီးနေပါလိမ့်မယ်
Ammonia ကတော့ အဆင့်၁ ငါးသတ်သမားပါ
Ph 6.8-7.8 (7.0 is ideal) ထားပေးရပါမယ်
Ammonia ပေါက်နေတဲ့ အချက်တွေကတော့
(၁) ကန်၁ကန်ထဲငါးများနေခြင်း
(၂)အစာတွေ ပိုလျှံနေခြင်း
(၃)Ph မမှန်သောရေ အသုံးပြုခြင်း
(၄)မသန့်ရှင်းသောရေအသုံးပြုခြင်း
(၅)အောက်စီဂျင် ပျော်ဝင်မှုနည်းပါးခြင်းတို့ပဲဖြစ်ပါတယ်
ခင်ဗျာ
ဝီကီပီးဒီးယား
Crd .. . . .