15/10/2026
🛶 ရိုးရာဓလေ့ကို တန်ဖိုးထားလျက် (၉) နှစ်ပြည့် ကုသိုလ်အဖြစ် ပါဝင်အားဖြည့်ခြင်း 🪷
💜မင်္ဂလာပါရှင်…
🛶အင်းလေးဒေသ၏ အထင်ကရ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သော အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား အင်းတိန်စံကျောင်းတော်သို့ ဒေသစာရီ ကြွချီအပူဇော်ခံသည့် အခါသမယတွင် ကျွန်မတို့ အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း (IPNet) မှ အသင်း၏ (၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကုသိုလ်တော်တစ်ရပ်ကို ပြုလုပ်ခဲ့ကြပါသည်။
🛶ဘုရားပွဲတော်ကြီး၏ အဓိကအင်အားဖြစ်ပြီး ရိုးရာအစဉ်အလာကို လက်ဆင့်ကမ်း ထိန်းသိမ်းကုသိုလ်ယူနေကြသည့် ဆွဲလှေသမားများ ခွန်အားပြည့်ဝစေရန်အတွက် “ကြာဖက် ဟင်းနုနွယ်ခေါက်ဆွဲ” အထုပ် (၄၀၀) ကို သွားရောက် လှူဒါန်းပေးအပ်ခဲ့ပါသည်ရှင့်။
💜IPNet 9နှစ်ပြည့် နေ့လေးရဲ့.....ကြည်နူးစရာ ပျော်ရွှင်စရာပီတိဖြစ်စရာတွေဟာ အင်းလေးကန်သာရဲ့ ရေဇလာမှာ မြူးလွန့်ဝင့်ကြွားနေပါတယ်။
💜IPNet မောင်နှမတွေရဲ့ တသွေးတသားထဲ စီးဆင်းနေတဲ့ ကုသိုလ်တရားတွေဟာ ကမ္ဘာအလှဆုံး အင်းလေးကန်မှာ ပေးကမ်းချင်တဲ့ စေတနာ သဒ္ဓါ တရားက မောင်နှမတတွေရဲ့ စည်းလုံးမှု အင်အား အပင်ပမ်းခံ လှုပ်ရှားမှုတွေဟာ "ပီတိ"ဆိုတဲ့ စကားလုံးအောက်မှာ မောပမ်းမှုတွေ ကင်းခဲ့ရတယ်။
💜ကိုယ်အား၊ ဉာဏ်အားဖြင့် ဘုရားပင့်ဆောင်ကြသော ဆွဲလှေသမားများအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
💜ယခုလ်ို လှူဒါန်းနိုင်စေရန်အတွက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြသည့် အသင်းဝင်ညီအစ်မများ နှင့်တကွ အားတက်သရော ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကူညီ လှူဒါန်းဝေငှပေးခဲ့ကြသော IPNet အသင်းသူ ညီအစ်မများအားလုံးကိုလည်း အသင်း၏ကိုယ်စား လှိုက်လှဲစွာ အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်ရှင့်။
💜(၉) နှစ်တာ ကာလမှသည် ရှေ့ဆက်လျှောက်လှမ်းမည့် ခရီးစဉ်တစ်လျှောက်တွင်လည်း ဒေသအကျိုးနှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် အတူတကွ ဆက်လက်လက်တွဲ ဆောင်ရွက်သွားကြပါမည်။
💜ကျွန်မတို့၏ ပြုသမျှ ကုသိုလ်ကောင်းမှု အစုစုကို အားလုံးပဲ ထပ်တူရရှိပြီး ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေရှင်...
သာဓု... သာဓု... သာဓု... 🙏🙏🙏
#အင်းလေးဖောင်တော်ဦးဘုရားပွဲ #အင်းတိန် #ရိုးရာဓလေ့ #အာဟာရဒါန
🛶 Valuing Tradition: Participating in Good Deeds for Our 9th Anniversary 🪷
Greetings everyone...
On the auspicious occasion of the grand Inle Phaung Daw Oo Pagoda festival—a renowned cultural heritage of the Inle region—where the sacred Buddha images reside at the Inthein Monastery for public veneration, the Inle Professional Women Network (IPNet) carried out a meritorious deed to mark our 9th Anniversary.
To provide energy and sustenance to the traditional leg-rowers (boat pullers), who are the main strength of this great festival and continue to preserve this rich tradition, we donated 400 packs of Lotus Leaf Spinach Noodles.
We sincerely pray that all the dedicated boat rowers, who carry the sacred Buddha images with physical strength and wisdom, remain safe, healthy, and joyful.
We would like to extend our heartfelt gratitude and tribute on behalf of the association to all our member sisters who generously contributed donations to make this possible, as well as those who actively joined in person to help distribute the food. 💛
From our 9-year milestone onwards, we will continue to walk hand-in-hand to work for the benefit of our local community and the empowerment of women.
May everyone share in the merit of our good deeds and express joy by calling out Sadhu...
Sadhu... Sadhu... Sadhu... 🙏🙏🙏