Inle Professional Women Network - IPNet

Inle Professional Women Network - IPNet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inle Professional Women Network - IPNet, Professional Networking, Nyaungshwe.

ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ ရှိ အမျိုးသမီးတို့ရဲ့ဘဝတိုးတက်မြင့်မားစေရန်နှင့် ဒေသအကျိုးအတွက် ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားသော အရပ်ဖက် အမျိုးသမီးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်ရှင်…

မင်္ဂလာပါရှင် အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း - IPNet မှ ယနေ့ ၂၀၂၆ခုနှစ် မတ်လ ၃၁ရက်နေ့တွင် မီးဘေးသင့်၍ ပျက်စီး...
31/03/2026

မင်္ဂလာပါရှင်
အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း - IPNet မှ ယနေ့ ၂၀၂၆ခုနှစ် မတ်လ ၃၁ရက်နေ့တွင် မီးဘေးသင့်၍ ပျက်စီးသွားသော တောင်ပို့ကြီးကျေးရွာရှိ အိမ်များသို့ သွားရောက်ပြီး မိသားစုဝင်များနှင့် တွေ့ဆုံ နှစ်သိမ့်အားပေး ကူညီ ခဲ့ကြပါတယ်ရှင်…

အဆိုပါ အိမ်များမှာ ဒေါ်မြင့်မြင့်ထွေး မိသားစုနေအိမ် ၊ ဒေါ်အေးအေးမော် မိသားစု နေအိမ် နှင့် ဒေါ်စိန်ရီ မိသားစုနေအိမ်များ ဖြစ်ကြပါတယ်ရှင် …
အိမ်ထောင်စု တစ်စု စီ အတွက် ငွေသား ၈၃၀၀၀၀ ကျပ်နှင့် ဆီ ၊ ကော်ဖီ ၊ မုန့် ၊လက်ဖက်ထုတ် နှင့် အဝတ်အစားများ ဖြင့် ကူညီပေးခဲ့ကြပါတယ်ရှင်..

ယခုလိုမိမိတို့ ဒေသတွင်းမှာ လိုအပ်နေသောနေရာများအတွက် တက်ညီလက်ညီ ဝိုင်းဝန်း ကူညီပေးကြပါသော IPNet အသင်းဝင်ညီအမများ နှင့် အသင်းဝင်များကိုယ်စား အချိန်ပေးပြီး အရောက်သွားပေးကြသော ညီအမများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်…

အားလုံးပဲ ကပ်ကြီး၃ပါး ရန်သူမျိုး ၅ပါးဘေးမှ ကင်းလွှတ်ကြပါစေရှင် .. 🙏🏼🙏🏼🙏🏼

်းပြန်ကြား #တောင်ပို့ကြီးကျေးရွာ #မီးဘေးသင့်အလှူ

မင်္ဂလာပါရှင်… အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင် အသင်း - IPNet မှ ငလျင်ကြောင့်ပျက်စီးသွားသော ဟန်ချိုရွာရှိ ဦးကျော်တင်...
27/03/2026

မင်္ဂလာပါရှင်…
အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင် အသင်း - IPNet မှ ငလျင်ကြောင့်ပျက်စီးသွားသော ဟန်ချိုရွာရှိ ဦးကျော်တင့် +ဒေါ်သဉ္ဇာဦး တို့ နေအိမ် အတွက် Mr Paolo Cerati မှတဆင့်လှုဒါန်းလာသော အီတလီ နိုင်ငံရှိ N’amahoro Band (Italian Rock Band) မှ လှူဒါန်းကူညီပေးထားသော အဆိုပါ အိမ်အား ပြီးစီးမှုအခြေအနေကို ယနေ့ ၂၀၂၆ခုနှစ် မတ်လ ၂၇ ရက်နေ့ (သောကြာနေ့) တွင် သွားရောက်ကြည့်ရှုပြီး အိမ်သစ်တက် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပါတယ်ရှင်…

ထိုမှတဆင့် နေ့လည်ပိုင်းတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးသွားသော ဆည်ခေါင်း အခြေခံမူလတန်းကျောင်းနှင့် ၊ အင်းပေါခုံရွာသစ် အလယ်တန်းကျောင်း တို့၏ လိုအပ်ချက်များကိုသွားရောက်ကြည့်ရှုမှတ်တမ်းယူ ခဲ့ကြပါတယ်ရှင်…

ယခုလို ဒေသခံများ၏ လိုအပ်ချက်များကို ကူညီပေးပါသော N’amahoro Band ( Italian Rock Band ) နှင့် Mr Paolo Cerati တို့ အား IPNet အသင်းမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်..

🍀အမှတ်တရ ပုံလေးများဖြင့် မှတ်တမ်းတင်လိုက်ပါတယ်ရှင်…
🍀ကောင်းသောနေ့လေးဖြစ်ကြပါစေရှင်…

်းပြန်ကြား #ဟန်ချိုရွာ #အင်းလေးငလျင် #ပြန်လည်ထူထောင်ရေး

မင်္ဂလာပါရှင်… အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင် အသင်း - IPNet မှ ငလျင်ကြောင့် ယိုင်နှဲ့ပျက်စီးနေသော တောင်ခြေရွာမှ ကိ...
20/03/2026

မင်္ဂလာပါရှင်…
အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင် အသင်း - IPNet မှ ငလျင်ကြောင့် ယိုင်နှဲ့ပျက်စီးနေသော တောင်ခြေရွာမှ ကိုအောင်မျိုးခိုင် + မစံပယ် တို့၏ အိမ်ကို အလှူရှင်များ ကိုယ်စား သွားရောက်ကူညီပေးခဲ့ကြပြီး ဖြစ်ပါတယ်ရှင်…

ယနေ့ ၂၀၂၆ခုနှစ် မတ်လ ၂၀ရက်နေ့ တွင် ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု ပြီး မှတ်တမ်း ယူခဲ့ကြပါတယ်ရှင်…

ငလျင်ဘေးသင့်သော အင်းလေးဒေသခံပြည်သူ များအတွက် လှူဒါန်းကူညီပေးကြပါသော ရပ်နီးရပ်ဝေးမှ အလှူရှင်များအားလုံးကို ဒေသခံများကိုယ်စား IPNet အသင်းမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်…

အမှတ်တရ ပုံလေးနဲ့ မှတ်တမ်းတင်လိုက်ပါတယ်ရှင်…

်းပြန်ကြား #တောင်ခြေရွာ #အင်းလေးငလျင် #ပြန်လည်ထူထောင်ရေး

မင်္ဂလာပါရှင်… အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း -IPNet မှ ရွာကြီးမြောက်ရွာတွင် ၂၀၂၆ခုနှစ် မတ် လ  (၁၁) ရက်နေ့  မ...
13/03/2026

မင်္ဂလာပါရှင်…
အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း -IPNet မှ ရွာကြီးမြောက်ရွာတွင် ၂၀၂၆ခုနှစ် မတ် လ (၁၁) ရက်နေ့ မှ (၁၃ )ရက်နေ့ထိ ၃ ရက်တာ သစ်သီးယိုမျိုးစုံ ပြုလုပ်ခြင်း သင်တန်းကို Myanmar Medical Online Campus - MMOC Community Service ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပံ့ပိုးကူညီမှု ဖြင့် သွားရောက် ကျင်းပပေးခဲ့ကြပါတယ်ရှင်…

သင်တန်းသို့ သပြေပင်ရွာမှ ဆရာမ ဒေါ်သန်းထွေးနု မှ သင်ကြားပေးပြီး လယ်ခြေရွာ ၊ ရွာကြီးတောင်ရွာ ၊ ရွာကြီးမြောက်ရွာ၊ ရွာကြီးရှေ့လယ် ရွာနှင့် ဖွဲကုန်းရွာမှ အမျိုးသမီး (၁၀)ဦးတက်ရောက်ခဲ့ကြပါတယ်ရှင့် ….

သင်တန်းတက်ရောက်လာကြသော အမျိုးသမီးများအတွက် MMOCမှ တစ်ဦးလျှင် ၁၀သိန်း၃သောင်းကျပ်စီ ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပံ့ပိုးငွေအဖြစ် ပံ့ပိုးကူညီပေးခဲ့ပါတယ်ရှင့် …
💜ပံ့ပိုးငွေလေးတွေနဲ့ တနိုင်တပိုင်လုပ်ငန်းလေးတွေ ဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေး ၊ စက်ချုပ်လုပ်ငန်းအတွက် လိုအပ်ပစ္စည်းများ ဝယ်ယူခြင်း နှင့် အိမ်ဆိုင်ရောင်းဝယ်ရေး စသည့် လုပ်ငန်းများ တိုးချဲ့ခြင်း ၊ စတင်ဖြစ်မြောက်အောင် လုပ်ကိုင်နိုင်စေခြင်းတို့အတွက် များစွာ ဝမ်းသာရပါတယ်ရှင်…
💜လုပ်ငန်းများလဲ ဒီထက်မက အဆင်ပြေစေပြီး တိုးတက် အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်…

ဒေသခံများ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီပေးပါ သော Myanmar Medial Online Campus- MMOC ၊ စေတနာ မေတ္တာတို့ဖြင့် အချိန်ပေးသင်ကြား ပေးပါသော ဆရာမ ဒေါ်သန်းထွေးနု ၊ ကျေးရွာခေါင်းဆောင်ကိုသက်နိုင်ဦး နှင့် အင်အားအချိန်ပေးခဲ့ကြသော အသင်းဝင်ညီအမများ ကိုလဲ IPNet အသင်းဝင်များအားလုံးမှ ကျေးဇူးအထူး တင်ရှိပါတယ်ရှင်…

အမှတ်တရပုံလေးတွေနှင့် မှတ်တမ်းတင်လိုက်ပါတယ်ရှင်…
ကောင်းသောနေ့ပါရှင် …

်းပြန်ကြား #အသက်မွေးဝမ်းကျောင်းဆိုင်ရာပံ့ပိုးကူညီမှု #ရွာကြီးမြောက်ရွာ #သစ်သီးယိုလုပ်ငန်းသင်တန်း

မင်္ဂလာပါရှင်😊 ၂၀၂၆ မတ်လ ၈ရက်နေ့ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရ...
09/03/2026

မင်္ဂလာပါရှင်😊
၂၀၂၆ မတ်လ ၈ရက်နေ့ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မှာ အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင် အသင်း -IPNet မှ အခမ်းအနား နှင့် စျေးရောင်း ပွဲငယ် လေးကို Ever Joy ခန်းမတွင် ကျင်းပခဲ့ကြပါတယ်ရှင့် …

အခမ်းအနားပွဲလေးသို့ ကြွရောက် အမှာစကားပြောကြားပေးပါသော ကမ်းလက်မေတ္တာမှ ဆရာမ ဒေါ်ကိန္နရီ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ဌာနဆိုင်ရာမှ ဧည့်သည်တော်များ ၊ အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော်များ ၊ စျေးရောင်းပွဲတော်သို့ လာရောက်အားဖြည့်ပေးကြသော ရောင်းသူ ဝယ်သူများ ၊ Bamboo Delight မှ ညီအမများ ၊ လာရောက်အားဖြည့်ဖျော်ဖြေပေးသော Band မှ ဆရာကျော်စိုးဝင်းနှင့်အဖွဲ့ ၊ Ever Joy ခန်းမမှ တာဝန်ရှိသူများ နှင့် တစ်ဦးတစ်ယောက်စီတိုင်းကို IPNet အသင်းမှ ကျေးဇူးအထူး တင်ရှိပါတယ်ရှင်…

အမှတ်တရ ပုံလေးများနှင့် အတူ International Women Day- 2026 ကို မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါတယ်ရှင်…
ကောင်းသောနေ့လေးဖြစ်ကြပါစေရှင် …

်းပြန်ကြား #စျေးရောင်းပွဲတော် ်းမ

Happy International Women’s Day ပါရှင်..✨မင်္ဂလာရှိသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့လေးဖြစ်ပါစေရှင်…💜       #အင်းလေး...
08/03/2026

Happy International Women’s Day ပါရှင်..✨
မင်္ဂလာရှိသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့လေးဖြစ်ပါစေရှင်…💜

#အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်း

1 Day to Go - ၁ ရက်သာလိုတော့သည် 💜IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Wome...
07/03/2026

1 Day to Go - ၁ ရက်သာလိုတော့သည် 💜
IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Women’s Day IWD 2026 - အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲနှင့် အမျိုးသမီးစျေးရောင်းပွဲငယ်လေးရောက်ရှိဖို့ ၁ ရက်သာလိုပါတော့တယ်ရှင်..

See you tomorrow 😍

#မတ်လ၈ရက်၂၀၂၆

3 Days to Go - ၃ ရက်သာလိုတော့သည် 💜IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Wom...
05/03/2026

3 Days to Go - ၃ ရက်သာလိုတော့သည် 💜
IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Women’s Day IWD 2026 - အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲနှင့် အမျိုးသမီးစျေးရောင်းပွဲငယ်လေးရောက်ရှိဖို့ ၃ ရက်သာလိုပါတော့တယ်ရှင်..

#မတ်လ၈ရက်၂၀၂၆

4 Days to Go - ၄ ရက်သာလိုတော့သည် 💜IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Wom...
04/03/2026

4 Days to Go - ၄ ရက်သာလိုတော့သည် 💜
IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Women’s Day IWD 2026 - အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲနှင့် အမျိုးသမီးစျေးရောင်းပွဲငယ်လေးရောက်ရှိဖို့ ၄ ရက်သာလိုပါတော့တယ်ရှင်..

#မတ်လ၈ရက်၂၀၂၆

5 Days to Go - ၅ ရက်သာလိုတော့သည် 💜IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Wom...
03/03/2026

5 Days to Go - ၅ ရက်သာလိုတော့သည် 💜
IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Women’s Day IWD 2026 - အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲနှင့် အမျိုးသမီးစျေးရောင်းပွဲငယ်လေးရောက်ရှိဖို့ ၅ ရက်သာလိုပါတော့တယ်ရှင်..

#မတ်လ၈ရက်၂၀၂၆

မင်္ဂလာပါရှင်..  မတ်လ (၈) ရက် နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲလေးကို ညောင်ရွှေမြို့ E...
03/03/2026

မင်္ဂလာပါရှင်..
မတ်လ (၈) ရက် နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲလေးကို ညောင်ရွှေမြို့ Ever Joy ခန်းမတွင် အင်းလေးအမျိုးသမီးများ စွမ်းဆောင်ရှင်အသင်း- IPNet မှ ကြီးမှူးကျင်းပမှာဖြစ်ပါတယ်ရှင်..

🙋🏻‍♀️အမျိုးသမီးလုပ်ငန်းများပါဝင်တဲဲ့ စျေးရောင်းပွဲငယ်လေးလဲပါမှာဖြစ်ပြီး ပါဝင်အားဖြည့်ကြမည့် အမျိုးသမီးလုပ်ငန်းများကတော့….

၁) The Home Town ဒေသအစားအစာနှင့် အမှတ်တရပစ္စည်း
၂) Daisy Day အင်းလေးချည်ထည် Daisy Day
၃)မယ်ချေ စားသောက်ကုန်လုပ်ငန်း
၄)Aqua Lily Hand made Acessories
၅)Lady Wyne အင်းလေးချည်ထည်
၆)ကြယ်စင်မင်း ဟင်းခတ်အမွှေးအကြိုင်
၇)68-အသင့်စား အစားအစာ
၈)သင်းရနံ့ ဆပ်ပြာနှင့် အမွှေးဖယောင်း ်
၉)Tarrot Ashley Phyu - တားရော့ဗေဒင်
၁၀)လွိုင်ကော် Hand Made
၁၁)အန်တီမေ ဆန်ချိုအေး
၁၂)ကံပွင့် လက်ဖက်နှင့်အကြော်စုံ
၁၃)Phoo Phoo ပန်းထိုးပုဝါနှင့် ညဝတ်အကျီင်္
၁၄)ခြံထွက်သီးနှံ
၁၅)ကြံသကာနှင့်ဒေသအစားအစာများ
၁၆)အင်းလေးချည်ထည်အမျိုးမျိုး
၁၇)စားသောက်ကုန်မျိုးစုံ
၁၈)ရွှေလက်ရဲ့ လက်မှုပစ္စည်းများ
၁၉)Cheesy Bites မှ
ကြက်ဘာဂါ၊ အသားလုံးခေါက်ဆွဲ၊ နံရိုးခေါက်ဆွဲ၊ Corn Dog ….. စသည်တို့ဖြင့် ဆိုင်ငယ်လေးများခင်းကျင်းရောင်းချပေးသွားမှာဖြစ်လို့ မည်သူမဆို လာရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ရှင့် ….

🎬🎬 ဖျော်ဖြေရေးအစီစဉ်လေးတွေလဲ ပါရှိတာကြောင့် ပျော်ရွှင်စရာ စျေးရောင်းပွဲလေးဖြစ်မှာမို့ အရောက် လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်…

🎉🎉 အားလုံးနဲ့အတူ ရင်ခုန်နေပါပြီရှင်..

နေ့ရက် -၈.၃.၂၀၂၆ (တနင်္ဂနွေနေ့)
အချိန် - ၁၁:၀၀ နာရီမှ ၄:၀၀နာရီထိ
နေရာ - Ever Joy ခန်းမ

်းပြန်ကြား #စျေးရောင်းပွဲတော်

6 Days to Go - ၆ ရက်သာလိုတော့သည် 💜IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Wom...
02/03/2026

6 Days to Go - ၆ ရက်သာလိုတော့သည် 💜
IPNet - အင်းလေးအမျိုးသမီးများစွမ်းဆောင်ရှင်အသင်းမှကြီးမှူးကျင်းပမည့် International Women’s Day IWD 2026 - အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ပွဲနှင့် အမျိုးသမီးစျေးရောင်းပွဲငယ်လေးရောက်ရှိဖို့ ၆ ရက်သာလိုပါတော့တယ်ရှင်..

#မတ်လ၈ရက်၂၀၂၆

Address

Nyaungshwe

Alerts

Be the first to know and let us send you an email when Inle Professional Women Network - IPNet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share