Seven Star Air-Con&refrigerator Service Center Pku

Seven Star Air-Con&refrigerator Service Center Pku 09 971 123 124

အလုပ်တွေမအားလို့ပို့စ်လေးတွေမတင်ဖြစ်တာကြာနေလို့မေ့နေကြလားဗျ😍 လိုအပ်ရင်Helloလိုက်ပါဗျ09 971 123 12409 40157 9939
24/03/2025

အလုပ်တွေမအားလို့ပို့စ်လေးတွေမတင်ဖြစ်တာကြာနေလို့မေ့နေကြလားဗျ😍

လိုအပ်ရင်Helloလိုက်ပါဗျ
09 971 123 124
09 40157 9939

အသစ်ဆင်လေးတစ်ဖြတ်
24/03/2025

အသစ်ဆင်လေးတစ်ဖြတ်

နွေရာသီမှာအရမ်းပူလို့အဲယားကွန်းကလဲတပ်ချင်တယ်Mitsubishi ထဲကလဲသုံးချင်တယ်ငွေအများကြီးလဲမသုံးချင်ဘူးဆိုရင်တော့ဒီကောင်လေးရှိ...
05/04/2024

နွေရာသီမှာအရမ်းပူလို့အဲယားကွန်းကလဲတပ်ချင်တယ်
Mitsubishi ထဲကလဲသုံးချင်တယ်
ငွေအများကြီးလဲမသုံးချင်ဘူးဆိုရင်တော့ဒီကောင်လေးရှိပါ့မယ်ဗျ😁
photo. credit ပေးပါတယ်ဗျ

နွေရာသီအကြိုလေးအတွက် ကျေးဇူးပါခင်ဗျာ🙏Sevenstars Air Con Servicr09 971 123 12409 40157 9939
15/02/2024

နွေရာသီအကြိုလေးအတွက် ကျေးဇူးပါခင်ဗျာ🙏
Sevenstars Air Con Servicr
09 971 123 124
09 40157 9939

Hello!December
09/12/2023

Hello!December

အလုပ်ဆိုဒ်လေးအတွက်ကျေးဇူးပါခင်ဗျာ🙏🙏🙏
01/09/2022

အလုပ်ဆိုဒ်လေးအတွက်ကျေးဇူးပါခင်ဗျာ🙏🙏🙏

air con အအေးနှုန်းသည်ပြင်ပအပူချိန်နဲ့တိုက်ရိုက်အချိုးကျပါတယ်----------------------------------⏯️* air con များသည် ဘယ် Br...
25/05/2022

air con အအေးနှုန်းသည်ပြင်ပအပူချိန်နဲ့
တိုက်ရိုက်အချိုးကျပါတယ်

----------------------------------

⏯️* air con များသည် ဘယ် Brand မဆို အအေးနှုန်း
သည် ပြင်ပအပူချိန်နဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။

⏯️အကြမ်းအားဖြင့် မိုးနဲ့ဆောင်းရာသီလိုမျိုးပြင်ပအပူ
ချိန်နည်းတဲ့ အချိန်မျိုးမှာပိုပြီးတော့အေးတတ်ပါတယ်။

⏯️* Peak Season လို့ပြောကြတဲ့ march ၊April၊May
လိုမျိုးအချိန်တွေမှာအပူချိန်တအားပြင်းတတ်လို့
သေသေချာချာတွက်ချက်ထားတာမဟုတ်လျင်
လိုချင်တဲ့အအေးနှုန်းမရတာမျိုးကြုံတတ်ပါတယ်။

*⏯️နည်းနည်းအေးလျင်တော်ပါပြီဆိုပြီးဝယ်တပ်ထားတဲ့သူများအတွက်တော့ တကယ့်ကိုဒုက္ခရောက်တဲ့ရာသီလို့ပြောနိုင်ပါတယ်။

*⏯️ပြောချင်တာက မြန်မာနိုင်ငံကိုသွင်းကြတဲ့ air con
တော်များများသည် Standard အနေဖြင့်
ပြင်ပအပူချိန် (Outdoor Temp-DB-35 ' C )နှင့်
အခန်းအပူချိန်(Room temp-DB-27 ' C) ကို
စံသတ်မှတ်ပြီး Design လုပ်ထားကြပါတယ်။

*⏯️အဲဒါကြောင့်မို့လို့ ပြင်ပအပူချိန် 35 ' C မှာ တစ်ကောင်အားအပြည့်ရပေမယ့် 35 C ကျော်သွားရင်တော့ သတ်မှတ်ထားတဲ့အအေးနှုန်းထက် စတင်ပြီးတော့ကျဆင်းလာပါပြီ။မြန်မာနိုင်ငံလိုအပူဆုံးအချိန် 40 'C ကျော်သွားရင်တော့ လေအေးပေးစက်ရဲ့အအေးနှုန်းကတော့ကျပြီးရင်ကျပေါ့ဗျာ၊၊

*⏯️ထိုအတွက်ကြောင့် လွန်ခဲ့သော လေးငါးဆယ်နှစ်ကတစ်ကောင်ရတဲ့အခန်းက ယခုလက်ရှိအခြေအနေမှာတစ်ကောင်နဲ့ရချင်မှရပါတော့မယ်။

*⏯️ပြင်ပအပူချိန်ပြင်းလွန်ပါကတချို့ air con တွေဆိုလျင် Outdoor Unit ခဏခဏ Over Heat နဲ့ရပ်တာမျိုးဖြစ်တတ်ပါတယ်။

*⏯️ဆိုတော့ air con တွေဟာ Outdoor အပူချိန်ဘယ်လောက်အထိ ပဲ အလုပ်လုပ်နိုင်တယ်ဆိုတာရှိပါသေးတယ်၊၊

*⏯️အဲဒီလိုဆိုလျင် အပူဒဏ်ကိုမခံနိုင်လို့ air con တပ်တဲ့ရည်ရွယ်ချက် ပျောက်သွားပါလိမ့်မယ်။

⏯️* အဲဒါကြောင့်မို့လို့ တစ်နှစ်ပတ်လုံးအေးချင်တယ်ဆိုရင်တော့ကျွမ်းကျင်သူများနှင့်တိုင်ပင်ပြီးမှဝယ်ယူတပ်ဆင်သင့်ပါတယ်။

⏯️ကျွန်တော်တို့ air con ဆရာတွေကလည်းကိုယ့် Customerတွေကိုနားလည်အောင်ရှင်းပြပြီသင့်တော်တဲ့စက်ရွေးချယ်ပေးတတ်ဖို့အရေးကြီးလှပါတယ်ခင်ဗျာ

လေးစားတန်ဖိုးထားလျက်
Credit # #
Chan Nyein Zaw
Con Supporting Team

အသစ်တပ်ဆင် အဟောင်းပြုပြင်😊ခိုင်ခန့်လှပ သပ်ရပ်ခန့်ငြား ဆဲဗင်းစတား7️⃣🌟ကိုအောင်သူထွန်း☎️0️⃣9️⃣ 9️⃣7️⃣1️⃣1️⃣2️⃣3️⃣1️⃣2️⃣4️⃣
17/03/2022

အသစ်တပ်ဆင် အဟောင်းပြုပြင်😊

ခိုင်ခန့်လှပ သပ်ရပ်ခန့်ငြား ဆဲဗင်းစတား7️⃣🌟

ကိုအောင်သူထွန်း
☎️0️⃣9️⃣ 9️⃣7️⃣1️⃣1️⃣2️⃣3️⃣1️⃣2️⃣4️⃣

Mitsubishi Timeစိတ်ချယုံကြည်စွာ အလုပ်အပ်နှံပေးတဲ့ အန်တီ ကျေးဇူးပါခင်ဗျာ🙏သန့်ရှင်းခိုင်ခံ့ သပ်ရပ်ခန့်ငြား ‌ဆဲဗင်းစတား7️⃣🌟...
10/03/2022

Mitsubishi Time
စိတ်ချယုံကြည်စွာ အလုပ်အပ်နှံပေးတဲ့ အန်တီ ကျေးဇူးပါခင်ဗျာ🙏

သန့်ရှင်းခိုင်ခံ့ သပ်ရပ်ခန့်ငြား ‌ဆဲဗင်းစတား7️⃣🌟

☎️0️⃣9️⃣ 9️⃣7️⃣1️⃣1️⃣2️⃣3️⃣1️⃣2️⃣4️⃣
ကိုအောင်သူထွန်း

မီးမပျက်ခင်လေး အပြေးအလွှား သုံးလုံးတဖြတ်🥰ယုံကြည်စိတ်ချစွာ အလုပ်ပေးတဲ့အတွက်ကျေးဇူးပါဗျသန့်ရှင်း ခိုင်ခန့် သပ်ရပ် ခံ့ငြား ...
09/03/2022

မီးမပျက်ခင်လေး အပြေးအလွှား သုံးလုံးတဖြတ်🥰
ယုံကြည်စိတ်ချစွာ အလုပ်ပေးတဲ့အတွက်ကျေးဇူးပါဗျ

သန့်ရှင်း ခိုင်ခန့် သပ်ရပ် ခံ့ငြား ဆဲဗင်းစတား7️⃣🌟

☎️0️⃣9️⃣ 9️⃣7️⃣1️⃣1️⃣2️⃣3️⃣1️⃣2️⃣4️⃣
ကိုအောင်သူထွန်း

သင်ဆရာ မြင်ဆရာ ကြားဆရာ အပေါင်းတို့ကိုဦးထိပ်ပန်ဆင်လျက်🙏🙏🙏ဒီရက်ပိုင်းထဲလုပ်ဖြစ်တာလေးတွေပါဗျ😊လူကြီးမင်းတို့ရဲ့လုပ်ငန်းသုံး ...
31/01/2022

သင်ဆရာ မြင်ဆရာ ကြားဆရာ အပေါင်းတို့ကိုဦးထိပ်ပန်ဆင်လျက်🙏🙏🙏

ဒီရက်ပိုင်းထဲလုပ်ဖြစ်တာလေးတွေပါဗျ😊

လူကြီးမင်းတို့ရဲ့လုပ်ငန်းသုံး အိမ်သုံးAir-Con ရေခဲသေတ္တာ အဝတ်လျှော်စက် Aircooler ရေပူစက်
လျှပ်စစ်ပစ္စည်းအမျိုးမျိုး တို့ကို အသစ်တပ်ဆင်ခြင်း အဟောင်းပြုပြင်ခြင်းများကို လူကြီးမင်းတို့စိတ်တိုင်းကျဆောင်ရွက်ပေးနေပါသည်ခင်ဗျ🙏

လူကြီးမင်းတို့ရဲ့စိတ်တိုင်းကျကျေနပ်မှုသည်

ကျွန်ုပ်တို့ရဲ့ အောင်မြင်မှုပါ🙏
Air-Con&refrigerator Service Center PKU
#ကိုအောင်သူထွန်း
#09971123124
0️⃣9️⃣ 9️⃣7️⃣1️⃣1️⃣2️⃣3️⃣1️⃣2️⃣4️⃣

🔻Inverter Type Air Con တွေမှာ သူရဲ့ Original Sensor တပ်သင့်တဲ့ အကြောင်းလေးပြောချင်ပါတယ်။🔻🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔷ဒီပို့လေးကို သုံ...
29/12/2021

🔻Inverter Type Air Con တွေမှာ သူရဲ့ Original Sensor တပ်သင့်တဲ့ အကြောင်းလေးပြောချင်ပါတယ်။🔻

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

🔷ဒီပို့လေးကို သုံးစွဲသူ (End User or Customer) တွေရော ၊ ကျွန်တော်တို့ Air Con ဆရာတွေ ရော ကိုပါ မေတ္တာရပ်ခံပြီးပြောပြချင်တာမို့လို့ ပညာရပ်ဆန်ဆန်မရေးဘဲ သိလွယ် မြင် သာအောင် တိုတိုတုတ်တုတ်ရေးချင်ပါတယ်။ စာရှည်သွားရင်လည်း မဖတ်မှာစိုးရသေးပါတယ်။

🔷ပွင့်ပွင့်လင်းလင်းပြောရရင် Inverter တွေရဲ့ Original Sensor တွေ ကလည်း ဈေးကြီးရိုးအမှန်ပါပဲ။တချို့ Japan Brand တွေဆိုရင် Dollar $ 30 ခန့်ရှိမယ်ထင်ပါတယ်။ အခုခေတ် ငွေဈေးနဲ့ဆို မြန်မာငွေ ၅၀၀၀၀ ကျော် ၊ ၆၀၀၀၀ ခန့်ရှိမယ်ထင်ပါတယ်။ ကျန်တဲ့ Parts တွေဆိုရင်ပို ဈေးကြီးမယ်ဆိုတာ မှန်းကြည့်တာနဲ့သိပါတယ်။

🔷Inverter တွေမှာက Indoor/Outdoor ပေါင်းရင စုစုပေါင်း Temp Sensor (၅) ခုရှိပါတယ်။ Indoor မှာ (၂) ခု ၊ Outdoor မှာက (၃) ပါ။ အဲဒီ Sensors တွေကတော့

✅(၁) Room Temperature Sensor(Indoor Unit)

အခန်းရဲ့ အပူချိန်ကိုအာရုံခံတာပါ။ လိုအပ်တဲ့ Setting အပူချိန်ကိုရောက်ပြီဆိုရင် Compressor Speed ကိုနှေးတန်နှေး /လိုအပ်လျင်မြန်တန်မြင်လုပ်ဖို့အာရုံခံဖို့လည်းပြောလို့ရပါတယ်။

✅(၂) Coil Temperature Sensor (Indoor Unit)

Indoor Coil ရဲ့ အပူချိန်ကိုအာရုံခံတာပါ။အအေးနှုန်း ပေးတဲ့လုပ်ငန်းစဉ်မှာ Over Cooling ဖြစ် ခြင်းမှ ကာကွယ်ဖို့အတွက်ဖြစ်ပါသည်။

✅(၃) Outdoor Air Sensor (Outdoor Unit)

Outdoor ပတ်ဝန်းကျင် အပူချိန်ကိုအာရုံခံတာပါ။ တနည်းပြင်ပအပူချိန်ကိုအာရုံခံတာပါ။

✅(၄) Outdoor Coil Sensor (Outdoor)

Outdoor Coil ရဲ့ အပူချိန်ကိုအာရုံခံတာပါ။ အအေးနှုန်းပေးတဲ့လုပ်ငန်းစဉ်မှာ Over Heating ဖြစ်ခြင်းမှ ကာကွယ်ဖို့အတွက်လည်းဖြစ်ပါတယ်။

✅(၅) Compressor or Discharge Temp Sensor (Outdoor)

Compressor အပူချိန် သို့ Discharge Pipe ကိုအာရုံခံတာပါ။တနည်း Compressor Over Heat (အပူလွန်ကဲခြင်း) သို့ Discharge Temp ပုံမှန်ထက်မြင့်တက်လာပါက Compressor ကိုဖြတ်ချပစ်ဖို့အဓိက အလုပ်လုပ်ခြင်းဖြစ်ပါတယ်။ပြောရရင်တော့ Compressor ပျက်စီးခြင်းမှ ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။

🔷ဖော်ပြပါ Sensors အကုန်လုံးဟာ Compressor Speed နှင့် Fan Motor ကို PCB Control Card ကနေပြီးတော့ ချိတ်ဆက်ပြီးတော့ နှေးတန်ရင်နှေး/မြန်တန်ရင်မြန် အလုပ်လုပ်ပေးပါတယ်။

🔷အဲဒီ Sensor တွေ ပုံမှန်မဟုတ်တာပဲဖြစ်ဖြစ်၊ သူ့မူလ Original Sensor မသုံးစွဲတာပဲဖြစ်ဖြစ် Compressor ဟာ ပုံမှန်လည်နှုန်းကို မရောက်လာတော့ဘဲ low speed နဲ့ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် Medium Speed လောက်အထိ ခဏလေးပေးလည်ပြီး low speed ပြန်ရောက်သွားလိုက်,၊ ဖြတ်ချလိုက် နဲ့အခန်းက လုံလောက်တဲ့အအေးနှုန်းကိုမရောက်ဘဲဖြစ်နေတတ်ပါတယ်။

🔷တကယ်တော့ အဲဒီ Temp Sensors တွေဟာ ဖြင့် အပူချိန်ကိုလိုက်ပြီး ခုခံမှု Ohm တန်ဖိုးပြောင်းလဲတဲ့သဘောရှိတာပါ။Sensor တွေဟာပူလျင် Ohm တန်ဖိုးတွေနည်းတတ်ပြီး ၊ အေးလျင် Ohm တန်ဖိုး များပါတယ်။ အဲဒါကြောင့် Sensor တွေရဲ့ KΩ ကိုပြောရင် ဘယ်လောက် ဒီဂရီစင်တီဂရိတ်မှာ ဘယ်လောက် KΩ ရှိတယ်လို့ပြောသင့်ပါတယ်။ဥပမာ - (5KΩ-25 C) ၊ 25 C တွင် 5 KΩ ရှိတယ်လို့ ပြောသင့်ပါတယ်။

🔷ကျွန်တော်ပြောချင် တာက အခုမှရောက်တာ ။ Sensor တွေဆိုတာမျိုးက သူ့ Brand နဲ့သူ ၊ သူ စံနှုန်းနဲ့သူ၊ သူ့ Sensors တွေရဲ့ Ohm ပြောင်းလဲနှုန်းနဲ့ သူ့ Control Card စရှိသဖြင့်ဆိုတာတွေက Brand တစ်ခုနှင့် တစ်ခု မတူပါ။နောက်မြင်သာအောင်ပြောရရင် သူ့ Original Sensor က (၁) ဒီဂရီလောက်အအေးနှုန်း ကျသွားရင် KΩ တန်ဖိုးက 1 KΩ ခန့် တန်ဖိုးတက်လာပြီး တခြား Sensorက(၁ )ဒီ ဂရီလောက် အအေးနှုန်းကျသွားရင် 1 KΩ တက်ချင်မှတက်မှာပါ။ ၁ ဒီဂရီလောက် ကျသွားလည်း 0.5 KΩ ပဲ တက်ချင်တက်မှာပေါ့ ။ ဆိုတော့ Control Card က သူ့ Sensor ရဲ့စံနှုန်းကိုပဲ နားလည်တာဆိုတော့ Compressor တို့ Fan Motor တို့ကို ဘယ်လို ပြန်ခိုင်းရမှန်းမသိတော့ပါ။

🔹ဆိုလိုချင်တာက သူ့ Original Sensor ရဲ့ အပူချိန်အပေါ်မူတည်၍ ပြောင်းလဲနှုန်းကို သူ့ Control Card က နားလည်ပြီး တခြား(Other Sensor) Sensor တွေရဲ့ ပြောင်းလဲနှုန်းကိုတော့ Control Card က ဘယ်လိုမှ နားမလည်တဲ့အတွက် ကြာလာရင်တော့ PCB များပျက်စီးခြင်း ၊ Compressor များ ပျက် စီးခြင်းတို့နဲ့ကြုံရလိမ့်ရှိပါတယ်။

♦️ဂျပန် Brand တွေဆိုရင် Sensor တွေဟာ အင်မတန်မှတိကျလွန်းလှတာကို ကျွန်တော့်အတွေ့ အကြုံအရတွေ့ရှိရပါတယ်။အဲဒါကြောင့်မို့လို့ Inverter ရဲ့ အကယ့်အနှစ်သာရဖြစ်တဲ့ မီးအာ’စားသက် သက်ခြင်းဆိုတဲ့ ရလဒ်ကိုလိုချင်ရင်တော့ သူရဲ့ Original ပစ္စည်းတွေကိုသုံးစွဲပေးမှသာ အမှန်မီးအား စား သက်သာစေမှာပါ။ နောက်မဟုတ်လို့က မီးအားစားမသက်သာသည့်အပြင် Sensor ကြောင့်မို့လို့ PCB ပါထိသွားရင် Japan Brand Inverter Type တွေ့ရဲ့ Spare Parts တွေက ဈေးအရမ်းကြီးပါ ကြောင်း မေတ္တာရှေ့ထားတာ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

♦️အပူချိန်အပေါ်မူတည်၍ Ohm တန်ဖိုးပြောင်းလဲပုံ Chart လေးကိုလေ့လာနိုင်အောင်လို့ Panasonic၊ Mitsubishi ၊Daikin နှင့် Chigo Brand အောက်မှာဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

✡️✡️မှတ်ချက်၊၊ ၊၊ ဒီ POST အတွက်အခန်းနှင့် AIR CON (HP or Btu/hr)ညီမျှတယ်လို့ယူဆပါတယ်ခင်ဗျာ

☺️☺️တစ်ခုပြောချင်တာကတော့ဒီ Post ကို Share သူများကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့

Flare Tool 1set
High Pressure Gauge 1 set
Low Pressure Gauge 1set
3in 1Benderစသည်တို့ကို
မဲဖောက်ပေးပါမယ်ခင်ဗျာ

အစဥ်လေးစားလျက်

Chsn Nyein Zaw
ACST

Address

No(10)Quarter
Pakokku
086179

Opening Hours

Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00

Telephone

+959971123124

Website

Alerts

Be the first to know and let us send you an email when Seven Star Air-Con&refrigerator Service Center Pku posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share