ရွာထင်ကျေးရွာ ပုလဲမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး

  • Home
  • Myanmar
  • Palè
  • ရွာထင်ကျေးရွာ ပုလဲမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး

ရွာထင်ကျေးရွာ ပုလဲမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး ရွာသားတွေအတွက် ဖွင့်ထားခြင်းဖြစ်ပ?

14/04/2018
11/04/2018

“မောင်နှမတွေကို ချစ်တတ်အောင် သင်ပေးပါ“

လောကမှာ အချစ်တွေအမျိုးမျိုးရှိတဲ့ အထဲမှာ မောင်နှမချစ်၊ ညီအစ်မချစ်၊ ညီအကိုချစ်ဆိုတာ ဘ၀အတွက် တကယ်ကို အဖိုးတန်တဲ့ချစ်ခြင်းတစ်မျိုးပါ။

မောင်နှမချစ်ဆိုတာ မေတ္တာဓါတ်ကဲတဲ့ အချစ်ဖြစ်တဲ့အတွက်
ကိုယ့်ကို အေးချမ်းစေတယ်၊ ကိုယ့်ဘ၀အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ အင်မတန်ကောင်းမွန်တဲ့အချစ်တစ်မျိုးပါလို့မြင်မိတယ်။

ဒါကလည်း သားတို့သမီးတို့မောင်နှမတွေရဲ့အပြန်အလှန်ထားရှိနေတဲ့စိတ်ကလေးတွေကို မြင်တွေ့ပြီးမှ မောင်နှမချစ်၊ မေတ္တာချစ်ဆိုတာကို သုံးသပ်မိပြီး နားလည်လာရတာပါ။

သားဟာ သူ့ညီမလေးတွေကို ကျမထက်တောင်ပိုပြီး ဂရုတစိုက်နဲ့စဉ်းစားပေးတတ်တာတွေရှိတယ်။ညီမလေးတွေရဲ့ မနက်စာကို ဂရုတစ်ိုက်နဲ့စီစဉ်ပေးတာ၊။အဲဒီလိုစားစရာစီမံပေးရင် သူ့ညီမလေးတွေ ကြိုက်တာကိုပဲ ဦးစားပေး စီမံပေးတယ်။

တစ်ခါတစ်ခါ မိသားစု အိမ်အပြင်ထွက်စားကြမယ်ဆို …သားက သူစားချင်တာမရွေးဘဲနဲ့သူ့ညီမလေးတွေ စားချင်တာကိုပဲ ရွေးပြီးလိုက်စားပေးလေ့ရှိတယ်။

တစ်ခါတုန်းက သားကို သူ့သူငယ်ချင်းတစ်ယောက်က အိမ် လာခဲ့မယ်လို့ပြောတယ်၊ သားက လုံးဝ မခေါ်ဘူး။သားက ပြောတယ်၊“ကျတော့်မှာ ညီမလေး ၂ယောက်ရှိတယ်လေ၊ မာမီ”တဲ့ ခပ်တည်တည်ပဲ ပြောပြီး သူ့သူငယ်ချင်းကို အိမ်အောက်ရောက်တဲ့အခါ ဖုန်းဆက်ပါ၊ သူ ဆင်းလာပေးမယ်လို့ပြောတယ်။

ညီမလေးတွေအပေါ်ညှာတာတတ်တဲ့အကိုတစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်ဘက်ကလည်း ညီမတွေအပေါ် နမျောတွန့်တိုတတ်တဲ့သူ ဖြစ်လာပြန်တယ်။ သူ့ညီမလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကစ သူဝင်ပါတတ်လို့ကျမက သူတို့ကြိုက်တာတွေ ၀တ်ပါစေ..လို့ ပြောဖူးတယ်။

သူ့ညီမလေးတွေကလည်း သူ့အကိုရွေးပေးတာ သူတို့အတွက်ကောင်းမွန်တယ်ဆိုတာကိုလည်း ယုံကြည်စွာ လက်ခံကြပါတယ်။

ပြီးတော့ကျမတို့အိမ်မှာ ကူညီလုပ်ကိုင်ပေးတဲ့သူရှိပေမဲ့အားလုံးက ကိုယ့်အခန်း ကိုယ်ရှင်းရမယ်၊ ကိုယ့်အတွင်းခံတွေ ကိုယ်လျှော်ရမယ်ဆိုတဲ့စည်းကမ်းထားထားတယ်။

တစ်ရက်တော့ သမီးတို့အခန်းထဲမှာ သမီးကြီးတာတာက သူ့ညီမလေးကို ကြိတ်ပြီး ဆူနေတဲ့အသံကြားတယ်၊ ကျမ နားစွင့်ထားလိုက်မိတယ်။

သမီးကြီး တာတာက သူ့ညီမကို “ကိုယ့်အကိုကို အတွင်းခံလျှော်ခိုင်းတယ်ဆိုတာ မဖြစ်သင့်ဘူးလေ၊ နောက်အဲဒီိလို မလုပ်နဲ့နော်” လို့သူ့ညီမကို သွန်သင်တယ်။

သမီးငယ်လေးက သမီးကြီးထက်စာရင် နည်းနည်းလေးပိုပျင်းတယ်၊ သူရေချိုးရင်း မလျှောက်ချင်လို့သူအကိုအ၀တ်စိမ်ထားတဲ့ထဲကို သွားထည့်လိုက်တာပါ။ သမီးငယ်က ပျင်းပေမဲ့ သူ့အကိုကိုတော့ညတိုင်း အိပ်ရာ ခင်းပေးတတ်တယ်။

သမီးကြီးကတော့ အေးအေးဆေးဆေးနေတတ်သလို အိမ်အလုပ်တွေလည်း လုပ်လေ့ရှိတယ်။ သူ့ရဲ့အားလပ်ချိန်မှာတော့ စာဖတ်ပြီး ပန်းချီဆွဲတယ်။

သူတစ်ခုခုစားတော့မယ်ဆိုရင် သူ့အကိုနဲ့ညီမကိုပါ စားမလား၊ တစ်ခါတည်း လုပ်ပေးမယ်ဆိုပြီးမေးပြီး လုပ်ပေးတတ်တယ်။

သမီးငယ်လေးကတော့ အားတဲ့အချိန်မှာ ကာတွန်းကားကြည့်တယ်၊စာဖတ်တယ်၊ ပြီးတော့ ခုလို အသက် ၉ နှစ်အရွထိ ဆော့ကစားတတ်တယ်။ ဒါပေမဲ့ သူ့မှာ လူကြီးဆန်တဲ့ စွန့်လွှတ်ပေးဆပ်တတ်တဲက စိတ်ကလေးရှိတာလည်း တွေ့ရပါတယ်။

တစ်ခါတုန်းက သူ့အစ်မက မင်းသားတွန်ခရုအကြောင်း ရေးထားတဲ့စာအုပ်ဝယ်ချင်တယ်။ သူ့မှာ ရှိတဲ့ မုန့်ဖိုးနဲ့ မလောက်ဘူး။ ဒါကို ညီမဖြစ်တဲ့သူက သိတော့ သူ့ရဲ့တစ်ပတ်စာ မုန့်ဖိုးကို သူ့အစ်မကို ပေးပြီး သူ အငတ်ခံပြီး နေနေတယ်။

အဲဒီလို မထင်မှတ်ထားတဲ့အခြေအနေလေးတွေကနေ သူတို့မောင်နှမလေးတွေမှာ တစ်ယောက်အပေါ် တစ်ယောက်အပြန်အလှန် မေတ္တာတရားနဲ့ချစ်ခင်နေကြတာပဲ ဆိုတာကို သိရတော့ ၀မ်းသာကြည်နှူးမိတယ်။

ကျမတို့ မောင်နှမတွေလည်း ငယ်တုန်းက ခုလိုပဲ ချစ်ခဲ့ကြမှာပါ၊ကျမ ညီမလေးနဲ့နှလုံးသားချင်း မဝေးပေမဲ့ မောင်လေးနဲ့တော့ ဝေးနေသလို ခံစားရပါတယ်။

တကယ်တော့
မိဘလိုပဲ အစားထိုးလို့မရတဲ့ ထဲမှာ မောင်နှမသားချင်းတွေ ပါဝင်ကြတယ်ဆိုတာ ခုလို အသက် ၄၀ကျော်ပြီးချိန်မှာ ပိုသိလာခဲ့ရတယ်။ သွေးဆိုတာ ရေထက်ပျစ်တယ်ဆိုတာကိုလည်း ကျမ ပိုပြီး လက်ခံလာမိတယ်။

ဘာကြောင့်လဲ ဆိုရင် ခန္ဓာကိုယ်ထဲမှာ ပါတဲ့သွေးက မေမေ့ဆီကတစ်ဝက်ရတယ်၊ ဖေဖေ့ဆီက တစ်ဝက်ရတယ်။ အဲဒီလိုပဲ ကိုယ့်မောင်နှမတွေမှာလည်း အဖေရဲ့သွေးတစ်ဝက်နဲ့ အမေရဲ့သွေးတစ်ဝက်ပါတယ်။ ကိုယ့်အဖေမှာတော့ ကို်ယ်နဲ့တူတဲ့သွေးက တစ်ဝက်ပဲပါတယ်လေ။

ဒါကြောင့်မောင်နှမတွေဟာ ဘယ်အသက်ရွယ်မှာပဲ ဖြစ်နေပါစေ၊ ဘယ်လို ဘ၀အနေအထားမှာပဲ ရောက်နေပါစေ၊တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဂရုစိုက်ရမယ်၊ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်က ဖြည့်တွေးပေးဖို့၊အပြန်အလှန် နားလည်ပေးဖို့ ၀တ္တရားရှိတယ်လို့ နားလည်လာရတယ်။

သူတို့မောင်နှမတွေ ပျော်ရွှင်နေတာကို ငေးကြည့်မိတိုင်းတစ်ခါတစ်လေမာ ကျမတို့ မိဘတွေက သူတို့တွေကို တစ်ယောက်နဲ့တစ်ယော စိတ်ဝမ်းကွဲစေမဲ့စကားမျိုးတွေ မပြောမိအောင်၊ ရန်တိုက်ပေးသလို မဖြစ်မိအောင် ဂ၇ုစိုက်ရမယ်ဆိုတဲ့အသိနဲ့သတိလည်း ၀င်ရပါတယ်။

အချင်းချင်းချစ်နေတဲ့သူတွေကြာထဲမှာ ကိုယ့်စကားလေးတစ်ခွန်းကြောင့်သူတို့ရဲ့စိတ်ထဲမေတ္တာပျက်ရတယ်ဆိုတာမျိုး မဖြစ်ရလေအောင် မိဘတွေက သားသမီးချင်းယှဉ်ပြောတာ၊ တစ်ယောက်ယောက်ကို ဦးစားပေးတာမျိုး မလုပ်မိအောင် ဂရုစိုက်ရမှာပါ။

ပြီးတော့သူတို့အပေါ် ခုလိုပဲ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးရမယ်၊ လိုအပ်တာရှိရင် ဖြည့်ဆည်းပေးနေတာကိုလည်း ကောင်းမွန်ကြောင်း
အသိအမှတ်ပြုပြီးပြောဆိုပေးသင့်ပါတယ်၊ ဒါမှ ဒါဟာ မောင်နှမကြားမှာ ရှိနေတဲ့
မေတ္တာနဲ့ စေတနာဆိုတာကို သူတို့လည်း တွေ့မြင်နားလည်ပြီး ခံစားနိုင်မှာပါ။

အဲဒီအချက်ကို သားတို့သမီးတို့က အသက်အရွယ်အလိုက် နားလည်ထားရင် နောင်တစ်ချိန်မှာ အခြားသူတစ်ယောက်ယောက်ရဲ့ စကားတစ်ခွန်းကြောင့်ပဲ ဖြစ်ဖြစ်၊ ဘယ်သူ့ရဲ့ပရောဂကြောင့်မှ ကိုယ့်အကို၊ ကိုယ့်အစ်မ၊ ကိုယ်ညီမတွေအပေါ် သံသယဖြစ်တာ၊ သူတို့အပေါ် မေတ္တာပျက်တာတွေ မဖြစ်ကြတော့ဘူး။

တကယ်လို့များ စိတ်ဆိုးမိတာ ဒေါသထွက်မိတာ အထင်လွဲမိတာရှိရင်လည်း သူရောကိုယ်ပါ စိတ်တည်ငြိမ်တဲ့အချိန်ထိ အချိန်ယူပါ၊ပြီးတော့ တောင်းပန်သင့်တာ တောင်းပန်ပါ၊ အကြီးမို့တောင်းပန်စရာမလိုဘူးဆိုတာ မရှိပါဘူး၊ ဘယ်သူပဲဖြစ်ဖြစ် တောင်းပန်တဲ့အခါ ခွင့်လွှတ်ပါ၊ ဘယ်သူကိုမဆို ခွင့်လွှတ်နိုင်တဲ့သူ၊ နားလည်ပေးနိုင်တဲ့သူ ဖြစ်ပါစေလို့လည်း သွန်သင်ခဲ့မိတယ်။

အရေးကြီးဆုံးကတော့ သားတို့သမီးတို့ဟာ ချစ်တတ်တဲ့သူတွေ မောင်နှမတွေအချင်းချင်း နားလည်ပြီး တစ်ယောက်လိုအပ်ချိန်မှာ ကျန်တစ်ယောက်က အားပေးဖြည့်ဆည်းနိုင်ပြီး အထီးကျန်မှုမဲ့စွာနဲ့ဘ၀ကို အေးချမ်းစွာဖြတ်သန်းနိုင်ဖို့ပါပဲ။

မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

12/03/2018

ယင်ကောင်တွေ မလာအောင်လုပ်နည်း Knowledge February 15, 2018 by ctyadmin 0 comments ယင်ကောင်တွေ မလာအောင်လုပ်နည်း ဆီးဖြူပင်တွင် အံ့ဖွယ်စွမ်းအင....

13/02/2018
12/02/2018

Address

ရွာထင်ကျေးရွာ
Palè

Opening Hours

Monday 09:00 - 17:00
18:00 - 19:00
Tuesday 09:00 - 17:00
18:00 - 19:00
Wednesday 09:00 - 17:00
18:00 - 19:00
Thursday 09:00 - 17:00
18:00 - 19:00
Friday 09:00 - 17:00
18:00 - 19:00
Saturday 09:00 - 17:00
18:00 - 19:00
Sunday 09:00 - 17:00
18:00 - 19:00

Alerts

Be the first to know and let us send you an email when ရွာထင်ကျေးရွာ ပုလဲမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွာထင်ကျေးရွာ ပုလဲမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး:

Share

Category