ပြည့်စုံအောင် စက်ဆီ၊ ချောဆီ ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Pyay
  • ပြည့်စုံအောင် စက်ဆီ၊ ချောဆီ ရောင်းဝယ်ရေး

ပြည့်စုံအောင် စက်ဆီ၊ ချောဆီ ရောင်းဝယ်ရေး အင်ဂျင်ဝိုင် ဆီစစ် လေစစ် ကားအလှဆင်ပစ္စည်း အရောင်းဆိုင်

အင်ဂျင်ပူတာကို အမြန်ဆုံးထိန်းချုပ်ပေးမယ့် PETRONAS Syntium 800​ကားမောင်းနေရင်း အင်ဂျင်အပူချိန်တက်လာလို့ စိတ်ပူနေရပါသလား?...
15/05/2026

အင်ဂျင်ပူတာကို အမြန်ဆုံးထိန်းချုပ်ပေးမယ့် PETRONAS Syntium 800
​ကားမောင်းနေရင်း အင်ဂျင်အပူချိန်တက်လာလို့ စိတ်ပူနေရပါသလား? 🤔
Petronas Syntium 800 10W-40 ကို သုံးစွဲခြင်းဖြင့် သင့်ကားအင်ဂျင်ကို အကောင်းဆုံးကာကွယ်ပေးလိုက်ပါ။
​✅ CoolTech™ Technology: အင်ဂျင်အတွင်း ဖြစ်ပေါ်လာတဲ့ အပူလွန်ကဲမှုတွေကို ထိရောက်စွာ လျှော့ချပေးပြီး အင်ဂျင်သက်တမ်းကို ပိုမိုရှည်ကြာစေပါတယ်။
✅ Semi-Synthetic: အဆင့်မြင့် နည်းပညာသုံး Semi-Synthetic အင်ဂျင်ဝိုင်ဖြစ်လို့ အင်ဂျင်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။
✅ API SN/CF: ဓာတ်ဆီရော ဒီဇယ်အင်ဂျင်တွေမှာပါ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
​အင်ဂျင်သံငြိမ်ငြိမ်နဲ့ ခရီးဝေးမောင်းနှင်ဖို့အတွက် PETRONAS Syntium ကို ခုပဲ ရွေးချယ်လိုက်ပါ! 🚗💨
🏠 ပြည့်စုံ​အောင် စက်ဆီ​ချောဆီ​ ​ရောင်းဝယ်​ရေး ပြည်မြို့
09699957830

Hybrid ကားပိုင်ရှင်များအတွက် အထူးသတင်းကောင်း! 🚗🔋​Hybrid ကားတစ်စီးရဲ့ အင်ဂျင်ဟာ ခဏခဏ ရပ်လိုက်၊ နိုးလိုက် လုပ်ရတဲ့အတွက် သာ...
15/05/2026

Hybrid ကားပိုင်ရှင်များအတွက် အထူးသတင်းကောင်း! 🚗🔋
​Hybrid ကားတစ်စီးရဲ့ အင်ဂျင်ဟာ ခဏခဏ ရပ်လိုက်၊ နိုးလိုက် လုပ်ရတဲ့အတွက် သာမန်ကားတွေထက် အပူဒဏ်နဲ့ ပွတ်တိုက်မှုကို ပိုခံရတတ်ပါတယ်။ ဒါကို အကောင်းဆုံး ကာကွယ်ပေးဖို့ PETRONAS Syntium 7000 Hybrid 0W-20 ရှိပါတယ်။
​✨ ဘာကြောင့် ရွေးချယ်သင့်တာလဲ?
​CoolTech+™ နည်းပညာ: အင်ဂျင်အတွင်းပိုင်း အလွန်အမင်း ပူပြင်းလာမှုကို ထိန်းချုပ်ပေးပြီး အစိတ်အပိုင်းတွေ ပျက်စီးမှုကို ကာကွယ်ပေးတယ်။
​Eco-Friendly: ဆီစားနှုန်းကို အထိရောက်ဆုံး လျှော့ချပေးပြီး Carbon ထုတ်လွှတ်မှုကို သက်သာစေတယ်။
​Ultimate Protection: အင်ဂျင်စတင်နိုးချိန် (Cold Start) မှာ ပွတ်တိုက်မှုဒဏ်ကို အထူးသက်သာစေတယ်။
​Industry Standards: API SP နဲ့ ILSAC GF-6A စံနှုန်းတွေအပြင် Mercedes-Benz တို့လို ကမ္ဘာကျော် Brand တွေရဲ့ ထောက်ခံချက်ရရှိထားပါတယ်။
​သင့် Hybrid ကားရဲ့ အင်ဂျင်သက်တမ်းကို ပိုမိုကြာရှည်စေဖို့နဲ့ မောင်းနှင်မှုတိုင်းမှာ စွမ်းဆောင်ရည်အပြည့်ရဖို့ Petronas ကို အခုပဲ ပြောင်းလဲအသုံးပြုလိုက်ပါ။
​🛒 အခုပဲ မှာယူလိုက်ပါ! ပြည့်စုံ​အောင် စက်ဆီ ​ချောဆီ​ ​ရောင်းဝယ်​ရေး ပြည်မြို့
09699957830

15/03/2026

ကားအင်ဂျင်ဝိုင်ဗူးခွံတွေမှာ တွေ့ရလေ့ရှိတဲ့ API ဆိုတာ ဘာလဲ? 🤔

​ကားချစ်သူတော်တော်များများ အင်ဂျင်ဝိုင်လဲရင် SAE 5W-30 တို့ 10W-40 တို့ကိုပဲ ကြည့်ပြီး လဲလေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အင်ဂျင်ရဲ့ "စွမ်းဆောင်ရည်" ကို သတ်မှတ်ပေးတာက API စံနှုန်းပါ။
​✅ API (American Petroleum Institute) ဆိုတာ အင်ဂျင်ဝိုင်ရဲ့ အရည်အသွေးကို အသိအမှတ်ပြုပေးတဲ့ အမေရိကန်စံနှုန်းဖြစ်ပါတယ်။
​🔹 ဓာတ်ဆီကားဆိုရင် (S): API SP က လက်ရှိအမြင့်ဆုံးနဲ့ အကောင်းဆုံးပါ။ (SN ထက် ပိုသာပါတယ်)
🔹 ဒီဇယ်ကားဆိုရင် (C): API CK-4 က ခေတ်မီအင်ဂျင်တွေအတွက် အသင့်တော်ဆုံးပါ။
​အက္ခရာ နောက်ကျလေလေ (ဥပမာ- N ထက် P က ပိုကောင်း) အင်ဂျင်ကို ပိုမိုကာကွယ်ပေးနိုင်လေလေ ဖြစ်ပါတယ်။ 🛡️
​သင့်ကားအတွက် အကောင်းဆုံး API စံနှုန်းကို ရွေးချယ်ဖို့ မမေ့နဲ့နော်။

09/03/2026

အင်ဂျင်ဝိုင် ပုံမှန်မလဲရင် ဘာဖြစ်မလဲ?

​ကားတစ်စီး ဒါမှမဟုတ် ဆိုင်ကယ်တစ်စီးရဲ့ သက်တမ်းဟာ အင်ဂျင်ဝိုင် ပေါ်မှာ အများကြီး မူတည်ပါတယ်။ အင်ဂျင်ဝိုင်က အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းတွေ ပွတ်တိုက်မှုကို လျှော့ချပေးသလို အပူချိန်ကိုလည်း ထိန်းညှိပေးပါတယ်။
​ပုံမှန်မလဲရင် ဘာဖြစ်မလဲ?
​အင်ဂျင်သံဆူလာမယ်: ဆီရဲ့ စေးပျစ်မှုအားနည်းသွားတဲ့အတွက် သံချင်းပွတ်တိုက်သံတွေ ကြားလာရပါမယ်။
​ဆီစားပိုလာမယ်: အင်ဂျင်က ပိုရုန်းရတဲ့အတွက် ဆီစားနှုန်း သိသိသာသာ တက်လာပါလိမ့်မယ်။
​အင်ဂျင်အပူလွန်ကဲမယ် (Overheat): ဆီဟောင်းတွေက အပူကို ကောင်းကောင်း မစုပ်ယူနိုင်တော့လို့ အင်ဂျင်အပူတက်ပြီး လမ်းမှာတင် ရပ်သွားနိုင်ပါတယ်။
​ပြုပြင်စရိတ် အဆမတန် ကုန်ကျမယ်: အဆိုးဆုံးကတော့ အင်ဂျင်အတွင်းပိုင်း ပျက်စီးသွားပြီး အင်ဂျင်ချရတဲ့အထိ ဖြစ်နိုင်ပါတယ်။
​အကြံပြုချက်: သင့်ကား/ဆိုင်ကယ်ရဲ့ Manual စာအုပ်ထဲကအတိုင်း (သို့မဟုတ်) သတ်မှတ်ထားတဲ့ ကီလိုမီတာပြည့်တိုင်း အင်ဂျင်ဝိုင် လဲလှယ်ပေးဖို့ မမေ့ပါနဲ့။

09/03/2026

"ချစ်ရတဲ့ ဇနီးမယားကို ရွှေဆွဲကြိုး ဆင်သလိုပဲ... သင့်ကားကိုလည်း အင်ဂျင်ဝိုင်ကောင်းကောင်း တိုက်ကျွေးပါ။ အင်ဂျင်ဝိုင်ဆိုတာ အင်ဂျင်ရဲ့ သွေးကြောပါ။ သွေးမသန့်ရင် လူဖျားသလို၊ အင်ဂျင်ဝိုင် မသန့်ရင် ကားနာတတ်ပါတယ်။"

ငွေတွေ သုံးမကုန်အောင် ပေါနေရင် အင်ဂျင်ချက်မီးကို ကျော်/ခွ/ဖျက်လိုက်ပါ===အင်ဂျင်ချက်မီး လင်းလာလို ဝပ်ရှော့ ပြေးရတာစိတ်ဒုက...
12/07/2024

ငွေတွေ သုံးမကုန်အောင် ပေါနေရင် အင်ဂျင်ချက်မီးကို ကျော်/ခွ/ဖျက်လိုက်ပါ
===

အင်ဂျင်ချက်မီး လင်းလာလို ဝပ်ရှော့ ပြေးရတာ
စိတ်ဒုက္ခရောက်ရတာမျိုးတွေ ကြုံဖူးလား?
ဘယ်လောက် ဆိုးဆိုးရွားရွား ကြုံဖူးကြလဲ?
ဒီပိုစ်လေးမှာ ချက်မီးလင်းတာနဲ့ ပတ်သက်ပြီး
အတတ်နိုင်ဆုံးလေး ရှင်းပြပေးပါမယ် 🤗
အင်ဂျင်ချက်မီး ဆိုတာ ဘာကြီးလဲ 🤔

🛑 အင်ဂျင်ချက်မီး (Check Engine Light) ဆိုတာ
ကားတွေရဲ့ ကိုယ်တိုင်စစ်ဆေးရေးစနစ် (OBD) ရဲ့
အစိတ်အပိုင်းတစ်ခုပါ။ သူက အင်ဂျင်မှာ ဘာတွေ
ဖြစ်နေပြီ ဆိုတာ စောင့်ကြည့်ပြီး အချက်ပေးတာပါ။

🛑 OBD စနစ်က ပြဿနာတစ်ခုခုတွေ့တဲ့အခါ
အင်ဂျင်ချက်မီးကို ပွင့်စေပြီး ယာဉ်မောင်းကို
သတိပေးတာပါ။

🛑ဒိုင်ခွက်မှာ အင်ဂျင်ပုံစံ အဝါရောင်/လိမ္မော်ရောင်
မီးလေး လင်းလာတာကို ချက်မီးလင်းတယ်
ခေါ်တာပါ။ ဖြစ်တဲ့ ပြဿနာပေါ်မူတည်ပြီး
အမြဲလင်းတာ/ မှိတ်တုပ်မှိတ်တုပ် ခုန်တာ/
လင်းလိုက် မှိတ်လိုက် ဖြစ်တာ စတာတော့
မတူပါဘူး။

ချက်မီး ဘာလို လင်းတာလဲ🤔
✨✨လင်းရတဲ့ အကြောင်းတွေက အများကြီးပါ။
သေးသေးမွှားမွှားလဲ ဖြစ်နိုင်သလို
ကြီးကြီးမားမားလည်း ဖြစ်နိုင်ပါတယ်။

✨အဖြစ်များတာတွေက ...
>ဆီတိုင်ကီဖုံး မလုံတာ
>အောက်ဆီဂျင်ဆင်ဆာ မကောင်းတာ
>အင်ဂျင်ပေါက်ကွဲပုံ မူမမှန်တာ
>အိတ်ဇောစနစ်နဲ့ ကျောက်ဇကာ တခုခုလွဲတာ
>ဝါယာရိန်းပိုင်း ပြဿနာနဲ့
>ကွန်ပျူတာဘောက် (ECU) error
ဒါက ဖြစ်လေ့ရှိတာ လေးတွေပါ။
တခြားဖြစ်နိုင်တာတွေလည်း အများကြီး
ရှိပါသေးတယ်။
ချက်မီးလင်းတဲ့ အကြောင်းတွေက
ဘာလို များနေရတာလဲ 🤔
🧐စောင့်ကြည့်ပေးရတဲ့ အစိတ်အပိုင်းက
များနေလိုလို လွယ်လွယ်ဖြေပါရစေ။
အားလုံးသိတဲ့အတိုင်း ...
ကားစနှိးဖို သော့ဖွင့်ပြီဆိုတာနဲ့
ဒိုင်ခွက်က မီးလေးတွေ လင်းလာမယ်။
Error မရှိရင် ပြန်မှိတ်သွားမယ်။
ဒါ ပုံမှန် ပါပဲ။
ဘက်ထရီမကောင်းရင် ဘက်ထရီပုံလင်းမယ်။
အင်ဂျင်ဝိုင်ပိုင်းဆို အာလာဒင်မီးခွက်က ဆီကျနေတဲ့ပုံ လင်းမယ်။
ကျန်တဲ့ ABS, Air Bag, ခါးပတ် အတူတူပဲ။
ဒါမကောင်းရင် ဒီမီးလင်းမယ်။
ဒီမီးလင်းရင် ဒါကိုစစ်/ပြင် ရှင်းတယ်။
အင်ဂျင်ချက်မီးကျ အဲ့လို မရှင်းတော့ဘူး။
အာရုံခံ စောင့်ကြည့်ရတာတွေများသလို
လင်းရတဲ့ အကြောင်းကလည်း များတယ်။
အလွယ်ဆုံး ဝါးလုံးသိမ်း ရိုက်ရရင်
စောစောကလို သီးသန့်အချက်ပြမီး
မပါတဲ့ ကိစ္စအားလုံး ချက်မီးရဲ့ တာဝန်ဖြစ်သွားတယ်။
(အလွယ်ဆုံး ပြောပြတာပါနော်။ အသေးစိတ်ဆို
စာရှည်မှာ စိုးလို။)
အင်ဂျင်ချက်မီးလင်းလာရင် ဘာလုပ်မလဲ 🤔
နီးစပ်ရာ ဝပ်ရှော့မှာ နားလည်တဲ့သူနဲ့ပြပြီး
စက်ထိုးစစ်ပါ။ မီးလင်းရတဲ့ အချက်တွေကို
ရှာပါ။ စစ်ပါ။ ပြင်ပါ။ လဲပါ။
ကိုယ်တိုင်လုပ်ကြည့်လိုမရဘူးလား 🤔
ရပါတယ်။ လိုင်းပေါ်မှာလည်း စာတွေ
ပွထနေတာမို ရှာဖွေပြီး လိုက်လုပ်ကြည့်မယ်ဆို
မတားပါဘူး။ ဒါပေမဲ့ .....
ကိုယ့်ကိုယ်ကို မလိမ်မိပါစေနဲ့။
တကယ့်ကို ကားအကြောင်းသိပြီး
ပြင်တတ်တာလား?
ပိုက်ဆံနှမြောလို တတ်ယောင်ကားလုပ်ပြီး
စမ်းကြည့်မှာလား?
စာဖတ်သူကို စော်ကားပြီး ပြောတာ မဟုတ်ဘူးနော်။
ကား ဆိုတာ အားလုံးသိတဲ့အတိုင်း သတိတချက်လွတ်တာနဲ့
“ကား” ကနဲ ဖြစ်သွားတတ်တာပါ။ အသက်တွေနဲ့ ဆက်စပ်နေတဲ့
ယာဥ်တစ်ခုမို သတိဆိုတာ ပိုတယ်မရှိပါဘူး။ ဒါကြောင့်မို....
တတ်ကျွမ်းသူနဲ့ လိုအပ်တဲ့စက်တွေနဲ့ စစ်ဆေးပြုပြင်တာ
အကောင်းဆုံးပါလို အကြံပြုချင်ပါတယ်။
ဒီထိတောင် ရောက်လာပြီဆိုတော့ မိတ်ဆွေက စိတ်ဝင်စားမှု
ရှိတယ်လို ယုံကြည်ပါတယ်။ အချိန် နည်းနည်းပေးပြီး
ဆက်ဖတ်ကြည့်ပါ။ အကျိုးမယုတ်စေရပါဘူး။
>>> ခေါင်းစဥ်နဲ့ ဆက်စပ်တာက ခုမှလာမှာပါ။
အင်ဂျင်ချက်မီးလင်းလာခဲ့ရင် ဒီမှာ အများစု
ထမင်းစားရေသောက်လို လွယ်လွယ်လေး
လုပ်နေကြတာက ကျော်/ခွ/ဖျက် ပစ်တာပါ။
သိပ် စိုးရိမ်စရာကောင်းပါတယ်။ ဖြစ်နိုင်ရင်
လုံးဝ မလုပ်ပါနဲ့။
ဥပမာတစ်ခုနဲ့ ရှင်းပြပါရစေ။
ကိုယ့်ကို လူတစ်ယောက်က ခဲနဲ့ ပစ်တယ်ဆိုပါတော့။
ပစ်တဲ့ ခဲကို ရှောင်မယ်။ ပစ်တဲ့သူကို မတားဘူး။
ဒါဆို ဘယ်လောက်ကြာကြာ ရှောင်နိုင်မှာလဲ။
တစ်ချိန်မဟုတ် တစ်ချိန်တော့ ထိတော့မှာပေါ့။
အဲ့လိုပါပဲ။ အင်ဂျင်ချက်မီးဆိုတာ “ခဲ” နဲ့တူပါတယ်။
ပျက်တဲ့ပစ္စည်းက “ပစ်တဲ့လူ”ပါ။
အင်ဂျင်ချက်မီးကို ကျော်/ခွ/ဖျက်တာက ခဲ ကို
ရှောင်တာပါ။ ပျက်တဲ့ဟာက ကောင်းမသွားပါဘူး။
အချိန်မီ မပြင်လို ပိုတောင် ဆိုးသွားနိုင်ပါတယ်။
အင်ဂျင်ချက်မီးလင်းရင် OBD Scan Tools (စက်ထိုး)
စစ်ပါ။ မကောင်းတဲ့ဟာ ပြင်ပါ။ လဲပါ။ ဒါမှ ရေရှည်
အတွက် အကောင်းဆုံး ဖြစ်မှာပါလို အကြံပြုချင်ပါတယ်။
>>> စက်ထိုးပြီး ဖျက်ပစ်လိုက်တာ။
>>> ဘက်ထရီ အကြာကြီး ဖြုတ်ထားလိုက်တာ။
>>> စက် နှိးလိုက် ရပ်လိုက် ပြန်နှိးလိုက် ခနခန လုပ်တာ။
ဒါတွေက ချက်မီး ပျောက်အောင် သုံးတဲ့ အလွယ်နည်းတွေပါ။
မလုပ်ပါနဲ့။ ခဲကို ရှောင်နေယုံနဲ့ မပြီးဘူးဆိုတာ သတိရပါ။
တကယ်လို ကြီးကြီးမားမား ပြဿနာဖြစ်နေတာကိုလွယ်လွယ်ကူကူ ချက်မီးဖျောက်ပြီး လုပ်လိုက်ရင်
အင်ဂျင်အလုံးလိုက်လဲရတာ၊
ကွန်ပျူတာဘောက်လဲရတာ၊
မောင်းနေရင်း ထိုးရပ်လို ဆွဲရတာ၊
အမြန်လမ်းလိုနေရာမျိုးမှာ ထိုးရပ်သွားလို
မတော်တဆဖြစ်တာ ..... မျိုးစုံပါပဲ။
မဖြစ်စေချင်လို လေးလေးနက်နက် အကြံပြု
ပေးနေရတာ ဖြစ်ပါတယ်။ ငွေတွေ သုံးမကုန်အောင် ပေါနေလို ဂရုစိုက်စရာ မလိုဘူးဆိုရင်တော့ အလွယ်လမ်းလိုက်ပြီး ကျော်/ခွ/ဖျက် လုပ်လိုက လုပ်လိုက်ပါ။ငွေကုန်ရုံနဲ့ ပြီးရင်
တော်သေး.... အသက်တွေ.... ဘဝတွေနော်။
စာက ရှည်နေပြီ ဆိုပေမယ့်
ကိုယ်တွေ့ကြုံတာလေး ထည့်ပြီး မျှဝေချင်ပါသေးတယ်။
စာရေးသူ လွန်ခဲ့တဲ့ နှစ်တွေက အညာဖက်ကို
ခရီးတစ်ခု သွားဖို ကြုံလာပါတယ်။
သူများကားကို ကူညီပြီးလိုက်မောင်းပေးရမှာပါ။
တစ်ရက်ကြို ကားသွားယူပြီး အင်ဂျင်ဝိုင်လဲတာ။
တာယာလဲတာ။ အောက်ပိုင်းစစ်တာတွေ လုပ်ပါတယ်။
ကားက AD Van (နွားကြီးပါ)။ ယူလာကတည်းက
ချက်မီးလေး လင်းနေပါတယ်။ တခြားဟာတွေ
လုပ်နေတော့ ချက်မီးကိစ္စ မလုပ်ဖြစ်ဘဲ
ညနေစောင်းမှ ဝပ်ရှော့တစ်ခုမှာ သွားပြခဲ့ပါတယ်။
စက်ထိုးစစ်ကြည့်တော့ CMP (ကင်းမရှပ်ဆင်ဆာ)
Error ပြတာပါ။ အဲ့ ဝပ်ရှော့မှာက ပစ္စည်းအဆင်သင့်
ရှိမနေပါဘူး။ အချိန်ကလည်း နှောင်းနေပါြပီ။
စက်ဆရာနဲ့ တိုင်ပင်တော့ . . .
“ရတယ်၊ ဘာမှ မဖြစ်ဘူး၊ မောင်းသွားလိုက်၊ ချက်မီး
ဖျောက်ပေးလိုက်မယ်”တဲ့။
ဒီလိုနဲ့ မောင်းသွားလိုက်တာ ချောချောမောမော
ရောက်သွားပါတယ်။ နောက်ရက် စျေးဝယ်ထွက်မှ
ပြဿနာက တက်ပါပြီ။ ဆိုင်ရှေ့ကားရပ်ပြီး စျေးဆင်းဝယ်
ပြန်တက်တော့ နှိးမရတော့ပါဘူး။ တတ်သလောက်
မှတ်သလောက် လုပ်ကြည့်ပေမယ့် ဘယ်လိုမှကို မနိုးတာပါ။
ဒါနဲ့ ဆိုင်ကယ်ငှား အနီးဆုံးဝပ်ရှော့ (မိနစ် ၂၀) မောင်း။
စက်ဆရာခေါ်။ သူတို ကားနဲ့ လိုက်လာပြီး စစ်ပေးတော့
CMP ဆင်ဆာက လဲကို လဲမှရမယ် ဖြစ်ပါရော။
ခု ဖြစ်တာက နယ်မြို သေးသေးလေး။ ပစ္စည်းက မရှိ။
အနီးဆုံး မြိုကြီး (မိနစ် ၄၀) ကို ဝပ်ရှော့ဆရာကားနဲ့
သွားပြီး ပစ္စည်းဝယ်။ ပြန်လာလဲနဲ့ အလုပ်လည်း
အတော် ရှုပ်သွားသလို ငွေလည်း တော်တော် ထွက်ပါတယ်။
ဆင်ဆာစျေးကိုက ရန်ကုန်နဲ့ နယ် စျေးက ကွာပါတယ်။
ဒီကြားထဲ ကားဆီဖိုး ဘာညာ လက်ခနဲ့ဆို အတော်ကျွတ်ခဲ့တာပါ။
ဒါ့အပြင် အရေးကြီးချိန်းထားတာပါ နောက်ရက်ရွှေ့ခဲ့ရလို
မျက်နှာ ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ကိုယ်တိုင်ကြုံခဲ့ရတာပါ။
ဒီနေရာမှာ ....
နှိးမရတာက အမြန်လမ်းပေါ် ဖြစ်ခဲ့ရင်
ထိုးရက်တာက ကီလို (၁၀၀)နဲ့ မောင်းနေတုန်း ဖြစ်ခဲ့ရင်
ကိုယ်ကလည်း အ‌ဖော်မပါ တစ်ယောက်တည်းဆိုရင်..
တွေးစရာတွေ အများကြီးပါ။
စာဖတ်သူတွေရော ဒီလိုလေးတွေ ကြုံဖူးကြလား?
နောက်လူတွေ ဗဟုသုတရ‌အောင်
ကွန်မန့်မှာ ဝေမျှပေးခဲ့ကြပါဦးနော်။
IF You Copy that , Pls Credit Thank .....🙏

ပြည့်စုံအောင် စက်ဆီချောဆီရောင်းဝယ်ရေး နှင့် လက်တွဲလုပ်ကိုင်နိုင်ရန် ဝန်ထမ်း ကျား (၁)ဦး အလိုရှိပါသည်▫️အခြေခံလိုအပ်ချက်......
22/05/2024

ပြည့်စုံအောင် စက်ဆီချောဆီရောင်းဝယ်ရေး နှင့် လက်တွဲလုပ်ကိုင်နိုင်ရန် ဝန်ထမ်း ကျား (၁)ဦး အလိုရှိပါသည်
▫️အခြေခံလိုအပ်ချက်....
အထက်တန်းအောင် (ကျောင်းကိစ္စကင်းရှင်းရမည်)
ဆိုင်ကယ်ကျွမ်းကျင်စွာမောင်းနှင်တတ်ရမည်(က လိုင်စင် ကိုင်ဆောင်ထားသူ)
စကားအပြောအဆိုယဉ်ကျေးပြီး လူမှုဆက်ဆံရေးကောင်းမွန်ရမည်
ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်
🙂 အရည်အချင်းပေါ်မူတည်ပြီး လစာညှိနှိုင်းနိုင်ပါသည်
▫️အလုပ်ချိန်
မနက် ၇ခွဲ -ညနေ ၅ခွဲ
အလုပ်လျှောက်ရန် CV Form တမျိုးတည်းသာ လိုအပ်ပါသည်
သိရှိလိုသည်များကို chat box မှ စုံစမ်းနိုင်ပါသည်
🙂 ဆိုင်လိပ်စာ အမှတ်၂၆ ဗိုလ်ချုပ်လမ်း ရွာဘဲရပ်ကွက် ပြည်မြို့

17/04/2024

Address

အမှတ် (၂၆) ဗိုလ်ချုပ်လမ်း နှင့် ဦးဝင်းမြလမ်းထောင့် ပြည်မြို့
Pyay

Opening Hours

Monday 07:30 - 17:30
Tuesday 07:30 - 17:30
Wednesday 07:30 - 17:30
Thursday 07:30 - 17:30
Friday 07:30 - 17:30
Saturday 07:30 - 17:30
Sunday 07:30 - 15:30

Telephone

+9595310791

Website

Alerts

Be the first to know and let us send you an email when ပြည့်စုံအောင် စက်ဆီ၊ ချောဆီ ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည့်စုံအောင် စက်ဆီ၊ ချောဆီ ရောင်းဝယ်ရေး:

Share