T&T မြန်မာ့အာမခံကိုယ်စားလှယ်

  • Home
  • Myanmar
  • Pyay
  • T&T မြန်မာ့အာမခံကိုယ်စားလှယ်

T&T မြန်မာ့အာမခံကိုယ်စားလှယ် မိသားစု နောင်ရေး စိတ်အေးဖို့ T&T ကို ခ?

20/03/2022
08/09/2021

အာမခံ လုပ်ငန်းဆိုတာ အရမ်းနက်နဲပြီး သတိထားရမယ့် ပွိုင့်လေးတွေကို နောက်ရက်တွေမှာ ပြောပြပေးပါ့မည်

မော်တော်ယာဥ်နှင့် သူတပါးထိခိုက်မှု အာမခံပရီမီယံ     မော်တော်ယာဥ်ပိုင်ဆိုင်သူများအားလုံးသည် ယာဥ်ဝယ်လျှင် ကားအုံနာဘုတ်နှင့...
12/06/2021

မော်တော်ယာဥ်နှင့် သူတပါးထိခိုက်မှု အာမခံပရီမီယံ

မော်တော်ယာဥ်ပိုင်ဆိုင်သူများအားလုံးသည် ယာဥ်ဝယ်လျှင် ကားအုံနာဘုတ်နှင့်အတူ ပရီမီယံစာအုပ်အစိမ်းလေးကို မဖြစ်မနေပါရှိရပါသည်။ ရှေးယခင်ကထဲက နှစ်စဥ်သက်တမ်းတိုးတိုင်း အသုံးမဝင်ပဲအလုပ်ရှုပ်သော ပရီမီယံစာအုပ်အစိမ်းလေးကို ဂရုမပြုမိကြပါပေ။ သို့သော်ယခင်က တစ်ရက်ကြို၍ ပရီမီယံရုံးသို့ သွားရောက်ဆောင်ထားရပါသည်။ နောက်ပိုင်း က.ည.န ရုံးများတွင် မြန်မာ့အာမခံလုပ်ငန်း၌ သူတပါးထိခိုက်မှုအာမခံပရီမီယံဆောင်ရ၍ လွန်စွာအဆင်ပြေခဲ့ရပါသည်။ သူတပါးထိခိုက်မှုအာမခံသည် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းတွင်သာ ဆောင်ရမည်ဖြစ်ပြီး မော်တော်ယာဥ်တိုင်းမဆောင်မနေရဖြစ်ပါသည်။
ယခုအခါ မြန်မာ့အာမခံလုပ်ငန်းသည် ခေတ်နှင့် အညီတိုးတက်လာပြီး လျှင်မြန်လွယ်ကူအောင် ဖြေလျှော့ပေးလျက်ရှိပါသည်။ မကြာမီအချိန်အတွင်း online မှ မြန်ဆန်စွာ သက်တမ်းတိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ယခု covid 19 ကာလတွင်လည်း ကြိုတင်ဆောင်နိုင်ရန် ရုံးဖွင့်လက်ခံ လုပ်ဆောင်ပေးခဲ့ပါသည်။
ယခင်က သူတပါးထိခိုက်မှုအာမခံနစ်နာကြေးတောင်းခံရာတွင် လွန်စွာခက်ခဲပြီးလိုအပ်ချက်များလှပါသည်။ လျော်ကြေးတောင်းခံလွှာစာရွက် ထုတ်ယူရာတွင်ပင် ယာဥ်တိုက်မှု၊ ယာဥ်နံပါတ်၊ ထုတ်ယူသူ စသဖြင့် ခက်ခဲလှသော်လည်း ယခု ၂၀၂၀ မတ်လတွင် ဖြေလျှော့မှုပေါင်းများစွာဖြင့် မည်သူမဆိုလူတိုင်း
http://mminsurance.gov.mm/document_files/Dead%20Form.pdf
တွင် အခမဲ့ download အလွယ်တကူထုတ်၍သော်၎င်း၊ နီးစပ်ရာ မြန်မာ့အာမခံရုံးခွဲများတွင် ဖောင်တောင်း၍သော်၎င်၊ ဤဓါတ်ပုံဖောင်များ print ထုတ်၍သော်၎င်း ထုတ်ယူ၍ လိုအပ်ချက် အထောက်အထားများဖြည့်ကာ တစ်နိုင်ငံလုံးမှ မြန်မာ့အာမခံရုံးခွဲများတွင် တင်ပြတောင်းခံနိုင်ပါသည်။
ယခုအခါ အမှန်တကယ် ယာဥ်မတော်တဆထိခိုက်မှုများတွင် သေဆုံးလျှင်သော်၎င်း၊ ထိခိုက်ဒဏ်ရာရလျှင်သော်၎င်း လျော်ကြေးတောင်းခံလွှာစာရွက်များတွင် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးစာ၊ ဆရာဝန်လက်မှတ်၊ တံဆိပ်တုံး၊ ရဲစခန်းလက်မှတ်၊ ရဲတံဆိပ်တုံးများနှင့် ကိုယ်တိုင်/ မိသားစုဝင်များမှ တောင်းခံလွှာဖြည့်ကာ မြန်မာ့အာမခံလုပ်ငန်းရုံးများတွင် နစ်နာကြေးတောင်းခံနိုင်ပါသည်။ စာရွက်စာတမ်းပြည့်စုံပါက တစ်ပတ်/ နှစ်ပတ်အတွင်း နစ်နာကြေး ရရှိနိုင်မည်ဖြစ်ပါသည်။
ကျွန်တော့်ကိုယ်တွေ့ မိမိဝန်ထမ်းတစ်ယောက် မတော်တဆ ယာဥ်တိုက်မှုတွင် ခြေထောက်ကျိုး၊ စတီးရိုးထည့်ရကာ၊ ခြေချောင်းလည်းကျိုး၊ မှန်ကွဲစဒဏ်ရာများရ၍ ဆေးရုံကြီးတွင် တစ်လကျော်တက်ရပြီး ဆေးစာအုပ်၊ ရဲစခန်းထောက်ခံစာများနှင့် ဝန်ထမ်းအမျိုးသမီးအား ဟသ်ာတမြို့မြန်မာ့အာမခံရုံးတွင် နစ်နာကြေးတောင်းခံရာ တစ်ပတ်ကျော်အကြာတွင် -၃၇၀၀၀၀/-( သုံးသိန်းခုနစ်သောင်းကျပ် ) ရရှိခဲ့၍ အလုပ်မလုပ်နိုင်သေးစဥ် စားစရိတ်၊ ဆေးစရိတ် ရရှိခဲ့ရပါသည်။
Global Life Insurance တွင် ဝန်ထမ်းအား ကျန်းမာရေးအာမခံ အခြေခံအာမခံအကာအကွယ် ( ၁ ) ယူနစ်ဝယ်ပေးထား၍ ဆေးရုံတက်ရက် ( ၃၃ ) ရက်အတွက် -၃၃၀၀၀၀/-( သုံးသိန်းသုံးသောင်းကျပ် ) လျော်ကြေးရရှိခဲ့ပါသည်။
လူနာမှာ ဆေးရုံတွင် ဆေးကုသစရိတ်၊ ဓါတ်မှန်၊ ဆေး၊ စတီးရိုး၊ CT scan ရိုက်၊ သွေးစစ်၊ စားစရိတ်များနှင့် လူနာတင်ယာဥ်ကားငှားခများ ( ၃၃ ) ရက်အတွင်း -၁၅၀၀၀၀/-( တစ်ဆယ့်ငါးသိန်းကျော် ) ကျွန်တော်ကုန်ကျခံခဲ့ရပါသည်။ ( သို့သော် ဖန်ခွက်ထဲတွင် ရေတစ်ဝက်သာရှိသည်ကို ဘာမှမရှိတာထက် ရှိတဲ့ရေတစ်ဝက်က ရေငတ်ပြေမှာဆိုသော ဖြေတွေးနိုင်မှ အဆင်ပြေမည်ဖြစ်သည်။ )
သူတပါးထိခိုက်မှု အာမခံအကြောင်းကိုယ်တွေ့မျှဝေပါသည်။

⭐ AZT ⭐

28/06/2020

နောက်ရက်ကျရင် မီးအာမခံအကြောင်းလေး ရေးတင်ပေးပါ့မယ် ခင်ဗျာ ...

အလုံးစုံမော်တော်ယာဉ်အာမခံလျော်ကြေး ပေးအပ်ခြင်းဦးအောင်ဇော်သက် အမည်ဖြင့် GWI တွင် အာမခံထားရှိသော(7M/****)Mitsubishi Fuso F...
11/06/2020

အလုံးစုံမော်တော်ယာဉ်အာမခံလျော်ကြေး ပေးအပ်ခြင်း

ဦးအောင်ဇော်သက် အမည်ဖြင့် GWI တွင် အာမခံထားရှိသော(7M/****)Mitsubishi Fuso Fighter အမျိုးအစားယာဉ်သည် မြန်အောင် မှ ရန်ကုန်သို့အလာ ဓနုဖြူနားအရောက်တွင် ရှေ့မှရပ်ထားသော သူတစ်ပါးယာဉ်မှာ အချက်ပြမီး မပြထားပဲရပ်ထား၍ နောက်မှဝင်တိုက်မိပြီး ယာဉ်ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ပျက်စီးသွားသောအာမခံထားသူ၏ ယာဉ်အတွက်လျော်ကြေးငွေ ကျပ်သိန်း- ၁၀၇,၈၀,၀၀၀/- (ကျပ်တစ်ရာ့ခုနှစ်သိန်းရှစ်သောင်း) တိတိ ကို GWI က ၂၂.၅.၂၀၂၀ ရက်နေ့၌ အမှတ် (၆၂)၊ ဗဟိုစည်အိမ်ရာဝင်း၊ ဝါးတန်းလမ်း၊ ရန်ကုန်မြို့ရှိ GWI ရုံးချုပ်တွင် အာမခံထားသူအား ပေးအပ်ခဲ့ပါသည်။

Global World Insurance အနေဖြင့် အလုံးစုံမော်တော်ယာဉ်အာမခံကို ဆောင်ရွက်လျက်ရှိပြီး မတော်တဆ ယာဉ်ထိခိုက်မှုဖြစ်ပါက ၂၄ နာရီ အာမခံဝန်ဆောင်မှုဖြင့် မြန်ဆန်တိကျစွာ လျော်ကြေးငွေ ပေးအပ်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

🛵ဆိုင်ကယ်ပျောက်ရင် ဆိုင်ကယ်တန်ဖိုးပြန်ရတယ်ဆိုတာ သင်သိပါသလား.... ?----------------------------------🛵တစ်ရက်ကို ၁၅၀ ကျပ်လေ...
07/06/2020

🛵ဆိုင်ကယ်ပျောက်ရင် ဆိုင်ကယ်တန်ဖိုးပြန်ရတယ်ဆိုတာ သင်သိပါသလား.... ?
----------------------------------
🛵တစ်ရက်ကို ၁၅၀ ကျပ်လောက်သုံးရုံနဲ့
ကိုယ့်ရဲ့ဆိုင်ကယ်လေးပျောက်သွားရင်
တန်ဖိုးအတိုင်းပြန်ရနိုင်ပါပြီ။ 💡

🚨လွန်ခဲ့တဲ့သုံးလလောက်က ပျောက်သွားတဲ့
customer တစ်ယောက်ရဲ့ဆိုင်ကယ်အတွက်
လျော်ကြေးငွေ 20,00,000/- (သိန်း ၂၀ ကျပ်) ကို
ဒီနေ့ YOUNG Insurance ကနေ ထုတ်ပေးပါတယ်။
Covid ကာလ အခက်အခဲများကြားကနေ
အကောင်းဆုံးဆောင်ရွက်ပေးတဲ့
YOUNG Insurance ကို ကျေးဇူးအထူးတင်ရှိပါတယ်။
Crd Young

06/06/2020
03/06/2020
🙏🏻🙏🏻🙏🏻 အခမဲ့ ဝန်ဆောင်မှု့ပေးပါရစေ 🙏🏻🙏🏻🙏🏻လူကြီးမင်းတို့ သိထားသင့်တဲ့အရာ တခုကကတော့ #အာမခံကိုယ်စားလှယ်(insurance agent) ဆိုတ...
28/05/2020

🙏🏻🙏🏻🙏🏻 အခမဲ့ ဝန်ဆောင်မှု့ပေးပါရစေ 🙏🏻🙏🏻🙏🏻

လူကြီးမင်းတို့ သိထားသင့်တဲ့အရာ တခုကကတော့
#အာမခံကိုယ်စားလှယ်(insurance agent) ဆိုတာဘာလဲ???
အာမခံကိုယ်စားလှယ်ဆိုတာပါဘဲ

အာမခံထားချင်သူတွေ တနည်းပြော
ရရင် အနာဂတ်အရေးကြိုတင်စီမံတတ်
သူတွေကို အကြံဉာဏ်ပေးရသလို
သူတို့လိုချင်တဲ့ အာမခံအကာအကွယ်
တွေကို အခမဲ့ဝန်ဆောင်မှုပေးနေရတဲ့
သူတွေဖြစ်ပါတယ်။
အာမခံကုမ္ပဏီနဲ့ အာမခံဝယ်လိုသူကြား
အကောင်းဆုံးဝန်ဆောင်မှုပေးနေရသူဆိုရင် မမှားပါဘူး။
လူကြီးမင်းများ အာမခံနှင့်ပတ်သက်ရင် T&T ကိုသတိရပေးပါခင်ဗျာ
လူကြီးမင်းတို့နှစ်သက်ရာ အာမခံ company မှာ အာမခံထားနိုင်ပါတယ်

World Insurance
(We Always With You)

National Insurance
(သောကကင်းဝေး ဘေးကင်းစေနိုင် FNI)

Insurance
(ယုံကြည်အားထား IKBZအာမခံစွမ်းအား)

Guardian Insurance
(Securing Your Future)

Myanmar Insurance
(လက်တွဲတစ်သက်တာ ဧရာမြန်မာ)

Thitsa Oo Insurance
(ဆုံးရှုံးမှုအန္တရာယ်ဘေး မျှဝေခံစားပေးမှာ အောင်သစ္စာဦးအာမခံပါ)

Insurance
(သောကကင်းဝေး နေနိုင်ရေးအတွက် မြန်မာ့အာမခံနှင့်ဆက်သွယ်ပါ)

အာမခံထားရှိရေးအတွက် လိုအပ်သည့်ကိစ္စများကို ပြီးပြည့်စုံအောင် အခမဲ့ ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ
T&T Insurance Agent (ပြည်)
09 255 888 996

09/05/2020

ဖွံ့ဖြိုးလာမယ့် အာမခံကဏ္ဍ
=============
အစိုးရအနေဖြင့် ဘဏ္ဍာရေးအခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ပြုပြင်ပြောင်းလဲမှုများကို ၂၀၁၈ ခုနှစ်အတွင်း အားစိုက် လုပ်ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ယင်းတို့အနက် ၂၀၁၈ နှစ်ကုန်ပိုင်းကာလတွင် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအချို့လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းက ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွင်းက အထင်ကရတစ်ခု ဖြစ်ခဲ့သည်။

လာမည့် ၂၀၁၉ အတွင်း ဘဏ္ဍာရေးအခြေခံ အဆောက်အအုံနယ်ပယ်မှ တစ်ခုအပါအဝင်ဖြစ်သော အာမခံလုပ်ငန်း ကဏ္ဍသည်လည်း ဖြေလျှော့မှုမျာLiberalization ပြုလုပ်ပြီး ယင်းကဏ္ဍ ပြောင်းလဲမှုတစ်ခုကို မြင်တွေ့ ရနိုင်သည်။ အဆိုပါ ပြောင်းလဲမှုသည် နိုင်ငံတကာလုပ်ငန်းများကို ပြည်တွင်း အာမခံဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် မကြာမီကာလအတွင်း ခွင့်ပြုဖွယ် ရှိနေခြင်းဖြစ်သည်။

အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားအာမခံ လုပ်ငန်းများကို ပြည်တွင်းအာမခံလုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်ခွင့်ပြုရန် စီစဉ်နေသည်ဟု ပြောဆိုထားသည်။

နိုင်ငံနှင့် အာမခံထားရှိမှု

ခေတ်အဆက်ဆက်တွင် အာမခံလုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းကသာ လုပ်ကိုင်ခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်ဖြစ်သော ၂၀၁၃ ခုနှစ်တွင်မှ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုကို အာမခံ လုပ်ငန်း လုပ်ကိုင်ရန် စတင် ခွင့်ပြုခဲ့သည်။

အာမခံစနစ်၏ သဘောသဘာဝသည် ဆုံးရှုံးမှုများကို ကြိုတင်အကာအကွယ်ယူခြင်းဖြစ်ပြီး တစ်ဦးချင်းသော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် သော်လည်းကောင်း အာမခံထားရှိပါက ဆုံးရှုံးနစ်နာမှု တစ်စုံတစ်ရာဖြစ်ပေါ်လာချိန်တွင် ပြန်လည်ကုစားပေးနိုင်သော စနစ်တစ်ခု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် အာမခံထားသော အလေ့အထနှင့် နှစ်ပေါင်းများစွာ ကင်းဝေးခဲ့သည်။ နိုင်ငံအတွင်း ပြည်သူများ အာမခံ ထားရှိမှု လွန်စွာနည်းပါးခြင်းက အာမခံလုပ်ငန်း၏ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် အဖြစ်ရှိနေသည်။

"မိမိပိုင် ငွေကြေးဥစ္စာတွေကို ငွေကြေးအနည်းငယ်နဲ့ အာမခံကို အသုံးပြုပြီးဘယ်လို အကာအကွယ် ယူလို့ရလဲဆိုတာကို သိပ်မသိကြသေးပါဘူး။ တစ်နှစ်တစ်နှစ်ကို ငွေကြေးအနည်းငယ် သုံးပြီး စနစ်တကျနဲ့ ကာကွယ်လို့ရတယ်ဆိုတာ သိတဲ့သူတွေက အာမခံထားကြပါတယ်။ ဒါပေမဲ့လည်း ငါးနှစ်အတွင်းမှာတော့လျင်လျင်မြန်မြန် ဈေးကွက်ဖွံ့ဖြိုးလာတာကို တွေ့ရပါတယ်"ဟု မြန်မာနိုင်ငံအာမခံအသင်း အတွင်းရေးမ·း ဦးသောင်းဟန်က ပြောသည်။

လက်ရှိတွင် အစိုးရအနေဖြင့် သက်တမ်းငါးနှစ်ကျော်သာ ရှိသေးသည့်ပုဂ္ဂလိက အာမခံလုပ်ငန်းနယ်ပယ်သို့ နိုင်ငံခြားအာမခံလုပ်ငန်းများ ဝင်ရောက်ခွင့်ပြုရန် စီစဉ်နေခြင်းအပေါ် ပြည်တွင်းပုဂ္ဂလိက အာမခံအသိုင်း အဝိုင်းကစိုးရိမ်မှုအချို့ ရှိနေသည်။ အဓိကအချက်သည် ပြည်တွင်းအာမခံ လုပ်ငန်းများအနေဖြင့် နိုင်ငံခြား အာမခံလုပ်ငန်းနှင့် ယှဉ်ပြိုင်ရာတွင် အရင်းအနှီး ငွေကြေးအားနည်းခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်းတို့သည် အဓိက စိန်ခေါ်မှုများဖြစ်နေသည်။

"စီးပွားရေးတိုးတက်ဖို့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့ လိုတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့ ကျွန်တော်တို့ အဓိက မဏ္ဍိုင်က ဘဏ်လုပ်ငန်း ကောင်းရမယ်၊ အာမခံကောင်းရမယ်၊ ကုန်သွယ်ရေးကောင်းရမယ်၊ ဥပဒေရေးရာတွေ ကောင်းရမယ်။ဒါတွေကို မှန်းပြီး ဘဏ်လုပ်ငန်းဆိုင်ရာလည်း ဖြေလျှော့မှု(Liberalize) လုပ်နေပြီ၊ အာမခံလည်း(Liberalize) လုပ်ရပါမယ်" ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင် ရှိသော အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(IBRB)အတွင်းရေးမ·း ဦးဇော်နိုင်က ပြောသည်။

နိုင်ငံခြားအာမခံနှင့် စိန်ခေါ်မှုများ

အစိုးရက မူဝါဒအားဖြင့် အာမခံလုပ်ငန်းနယ်ပယ်တွင် နိုင်ငံခြား အာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုရန် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ပြည်တွင်းပုဂ္ဂလိက အသိုင်းအဝိုင်းဘက်က အနည်းငယ် စောနေသေးသည် ဟူသော ယူဆချက်များလည်း ရှိသည်။

တစ်ဖက်တွင်လည်း နိုင်ငံခြားအာမခံလုပ်ငန်းများ ဝင်ရောက်လာမှုကြောင့် ငွေကြေးနှင့် နည်းပညာတို့အပြင် ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုကြောင့် ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း အကျိုးရလဒ်တို့ ရနိုင်သည်ဟုသော ယူဆချက်များလည်းရှိသည်။

"ဒီလိုခွင့်ပြုတာကြောင့် နိုင်ငံတော်ဘက်က ဝင်ငွေရမယ်။ ပြည်သူတွေအနေနဲ့လည်း ဈေးချိုပြီး အရည်အသွေးကောင်းတဲ့ အာမခံအမျိုးအစားတွေကို ကျယ်ကျယ်ပြန့်ပြန့် ရယူနိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အဆင်သင့် ဖြစ်ပြီလားဆိုတဲ့အပိုင်းရှိတယ်။ လုပ်ထုံးလုပ်နည်း စည်းမျဉ်းပိုင်းကို အစိုးရပိုင်းက စဉ်းစားထားမှာပါ။ ကုမ္ပဏီတစ်ခု ပျက်ရင် ဈေးကွက်ပုံရိပ်ကိုပါ ထိပါမယ်။ ဒါကြောင့် အကူးအပြောင်းကာလ လိုပါမယ်"ဟု မြန်မာ့အာမခံလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမ·း ဒေါ်စန္ဒာဦးက ပြောသည်။

အစိုးရကလည်း အသက်အာမခံ အမျိုးအစားကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပြု၍ အထွေထွေ အာမခံအမျိုးအစားကို ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရန်စီစဉ်နေသည်ဟု ဦးဇော်နိုင်က ဆိုသည်။

"အသက်အာမခံထားရှိမှု အရမ်းနည်းတော့ အသက်အာမခံအပိုင်းမှာ တိုးတက်လာဖို့ မျှော်ကိုးပြီး ၁၀ဝ ရာခိုင်နှုန်းထားမယ်၊ ဖက်စပ် ဖွဲ့ချင်လည်း ဖွဲ့လို့ရတယ်။ အထွေထွေအာမခံအတွက်တော့ ၁၀ဝ ရာခိုင်နှုန်းပေးဖို့ စဉ်းစားမထားဘူး။ ဘာလို့လဲဆိုတော့ ဈေးကွက်တိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် ဖက်စပ်အနေနဲ့ စပေးဖို့ စဉ်းစားထားတယ်"ဟု ၎င်းက ပြောသည်။

"Liberalization က ကောင်းတာဘက်ကို ပိုများပါတယ်လို့ ပြောချင်ပါတယ်။ အဓိက တိုင်းပြည်၊ ပြည်သူအတွက် ကောင်းတယ်။ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုချင်းအနေနဲ့ ပြောရရင်တော့ အားနည်းတဲ့ကုမ္ပဏီတွေကတော့ နည်းနည်းနောက်ကျပြီး ကျန်ရစ်နိုင်တယ်။ ကုမ္ပဏီတွေဘက်က ကိုယ်ခံအားကောင်းအောင် ကြိုးစားရမှာပါ။ တစ်ဦးတစ်ယောက်ချင်း အကျိုးစီးပွားထက်စာရင်တော့ တိုင်းပြည်နဲ့ ပြည်သူအကျိုးစီးပွားကို ကြည့်ရမှာ ဖြစ်ပါတယ် "ဟု မြန်မာနိုင်ငံ အာမခံအသင်း အတွင်းရေးမ·း ဦးသောင်းဟန်က ဆိုသည်။

အလားအလာ

လက်ရှိတွင် နိုင်ငံ့ လူဦးရေသန်း ၅၀ ကျော်တွင် လူဦးရေ နှစ်သန်းခန့်သာ အာမခံထားရှိမှု ရှိသေးသည့်အတွက် ကောင်းမွန်သော ဈေးကွက်အလားအလာ ရှိခြင်းကြောင့် နိုင်ငံခြား အာမခံလုပ်ငန်းများသည် စိတ်ဝင်စားမှု များပြားလျက်ရှိသည်ဟု မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမ·း ဒေါ်စန္ဒာဦးက ပြောသည်။

"နိုင်ငံခြားအာမခံတွေကို ဗီယက်နမ်က ၁၀ဝ ရာခိုင်နှုန်း လုပ်လိုက်တဲ့အခါမှာ ပြည်တွင်းက လုပ်ငန်းတွေက ထိခိုက်သွားတယ်။ ထိုင်း၊ အိန္ဒိယ၊ မလေးရှားမှာ ဖက်စပ်ပေးပြီး တဖြည်းဖြည်းချင်း ချဲ့သွားတယ်။ အရှိန်ရလာမှ ဖက်စပ်ရာခိုင်နှုန်း တိုးတိုးပေးတယ်။ ကျွန်တော်တို့လည်Transition Period (အကူးအပြောင်းကာလ) တစ်ခုထားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟုအာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(IBRB)အတွင်းရေးမ·း ဦးဇော်နိုင်က ပြောသည်။

ပြည်တွင်းအာမခံဈေးကွက်အတွင်း ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ကျွမ်းကျင်ဝန်ထမ်း နည်းပါးခြင်း၊ နည်းပညာဆိုင်ရာ တိုးတက်ရန် လိုအပ်ခြင်း၊ အများပြည်သူအနေဖြင့် အာမခံအသိပညာ နည်းပါးခြင်းတို့သည် အဓိက စိန်ခေါ်မှုများ ဖြစ်သလို အာမခံထားရှိမှု နည်းပါးရသည့် အကြောင်းရင်းများတွင် တစ်ဦးချင်းဝင်ငွေ နည်းပါးမှုသည်လည်း အဓိကအချက်အဖြစ် ပါဝင်သည်။

အာမခံလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ရှေ့လျှောက် အာမခံအသိပညာ ဖြန့်ဝေခြင်း၊ ဝန်ဆောင်မှုနှင့် ဈေးကွက်က လိုအပ်နေသော အာမခံအမျိုးအစား အသစ်များ တိုးမြှင့်ခြင်းနှင့် သင့်တင့်သောနှုန်းဖြင့် အာမခံပရီမီယံကြေးများဖြင့် ဈေးကွက်ကို ပိုမိုဖြန့်ကြက်နိုင်အောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ အာမခံအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်စန္ဒာဦးက ပြောသည်။

"နိုင်ငံခြားအာမခံကို ဖွင့်ပေးသင့်တယ်။ ဒါပေမဲ့ ဖွံ့ဖြိုးစ ပြည်တွင်းအာမခံကုမ္ပဏီတွေ ယိုင်နဲ့သွားတာ၊ ပြိုလဲသွားတာ မဖြစ်အောင် အကန့်အသတ်နဲ့ ဖွင့်ပေးဖို့တော့ လိုပါတယ်"ဟု ယခင်အစိုးရလက်ထက် ဘဏ္ဍာရေး ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းသည် အာမခံအမျိုးအစားပေါင်း ၂၀ ကျော်လုပ်ကိုင်နေပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများသည် အထွေထွေအာမခံ ၁၃ မျိုးနှင့် အသက်အာမခံ အမျိုးအစားတို့ကို လုပ်ကိုင်နေသည်။ လက်ရှိ အာမခံဈေးကွက်အတွင်း အသက်အာမခံ၊ မော်တော်ယာဉ် အာမခံ၊ စုပေါင်းအသက်အာမခံ၊ ခရီးသွားအာမခံ၊ ကျန်းမာရေးအာမခံ၊ ရေကြောင်းကုန်ပစ္စည်း အာမခံတို့သည် အာမခံထားရှိမှု အများဆုံး အမျိုးအစားများ ဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံအတွင်း နိုင်ငံပေါင်း ၁၄ နိုင်ငံက နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံးခွဲပေါင်း ၃၀ ကျော် လာရောက်ဖွင့်လှစ်ထားပြီး ဖြစ်သည်။

လက်ရှိတွင် နိုင်ငံခြား အာမခံလုပ်ငန်းများကို ပြည်တွင်း အာမခံဈေးကွက် အတွင်း လုပ်ကိုင်ရန် ခွင့်မပြုသေးသော်လည်း သီလဝါအထူးစီးပွားရေးဇုန် အတွင်း လုပ်ကိုင်ရန်အတွက်မူဂျပန်နိုင်ငံက အာမခံကုမ္ပဏီ သုံးခုကို လုပ်ကိုင်ခွင့် ပြုထားသည်။

Credit: Myanmar Time
T&T Myanamar Insurance Agent
09 255 888 996

🚖အလုံးစုံမော်တော်ယာဉ်အာမခံ ဆိုတာဘာလဲ???🚖မိမိ၏ မတော်တဆမှုကြောင့် မိမိယာဉ်နှင့် သူတစ်ပါးယာဉ်ပျက်စီးမှုများအတွက် လျော်ကြေးပြန...
09/05/2020

🚖အလုံးစုံမော်တော်ယာဉ်အာမခံ ဆိုတာဘာလဲ???🚖
မိမိ၏ မတော်တဆမှုကြောင့် မိမိယာဉ်နှင့် သူတစ်ပါးယာဉ်ပျက်စီးမှုများအတွက် လျော်ကြေးပြန်လည်ရရှိနိုင်ခြင်းနှင့် မိမိတို့ ပိုင်ဆိုင်သော မော်တော်ယာဉ်အား အခြားယာဉ်မှ မတော်တဆထိခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား လျော်ကြေးပြန်လည်ရရှိခြင်းကို အလုံးစုံမော်တော်ယာဉ်အာမခံဟုခေါ်ပါတယ်ဗျ
🚕အလုံးစုံမော်တော်ယာဉ်အာမခံထားရှိခြင်း၏အကျိုးခံစားခွင့်...
- မတော်တဆယာဉ်တိုက်မိခြင်း
- ယာဉ်တိမ်းမှောက်ခြင်း
- မီးလောင်ပျက်စီးခြင်း
- ယာဉ်အလိုအလျောက်မီးလောင်ခြင်း
- ယာဉ်အား မလိုတမာဖျက်ဆီးခံရခြင်း
- မိုးကြိုးပစ်ခြင်း
- ယာဉ်ပေါ်သို့ပစ္စည်းပြုတ်ကျခြင်း
- သပိတ်မှောက်၊ အဓိကရုဏ်း၊ ဆူပူထကြွခြင်းများကြောင့် မိမိယာဉ်ပျက်စီးခြင်းတို့အတွက် လျော်ကြေးပြန်လည်ရရှိခြင်း

🚕မိမိယာဉ်ကြောင့်
- သူတပါးယာဉ် ထိခိုက်ပျက်စီးခြင်း
- လူသေဆုံးခြင်း
- ဒဏ်ရာရခြင်းများအတွက် လျော်ကြေးများရရှိနိုင်မှာဖြစ်ပါတယ်ဗျ

🚕အလုံးစုံမော်တော်ယာဉ်အာမခံထားရာတွင် အာမခံထားမည့်ယာဉ်၏ ကာလပေါက်ဈေးကို အာမခံတန်ဖိုး အဖြစ်ထားရှိနိုင်ပါတယ်ဗျ
ကာလပေါက်ဈေးထက်လျော့ပြီး အာမခံထားပါက ယာဉ်ပျောက်ဆုံးခြင်းနှင့်အပြင်အထန်တိုက်ခိုက်မိခြင်း(Total loss) များဖြစ်ပေါ်ပါက မိမိလျော့ထားတဲ့အာမခံဈေးအတိုင်းသာ ပြန်လည်ရရှိမှာဖြစ်တဲ့အတွက် ကာလပေါက်ဈေးထက်လျော့ထားခြင်းများ မလုပ်ကြပါရန် တိုက်တွန်းလိုပါတယ်ခင်ဗျာ

🚕အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိရာတွင်...
-ကိုယ်ပိုင်ယာဉ်(နံပါတ်အနက်)များအတွက် ယာဉ်တန်ဖိုး၏ ၁% သာကျင့်မှာဖြစ်ပါတယ်ဗျ
{ဥပမာ သိန်း၁၀၀တန်ဖိုးရှိကားကို ၁သိန်းနှုန်း}
-လုပ်ငန်းသုံးယာဉ်၊အငှားယာဉ်(နံပါတ်အနီ...)များအတွက် ယာဉ်တန်ဖိုး၏ ၁.၆%သာကျသင့်မှာဖြစ်ပါတယ်ဗျ
{ဥပမာ သိန်း၁၀၀တန်ဖိုးရှိကားကို ၁သိန်း၆သောင်းနှုန်း}
-အာမခံသက်တမ်း(၁) နှစ်အတွက် ဖြစ်ပါတယ်ဗျ
အလုံးစုံမော်တော်ယာဉ်အာမခံထား ပါကလိုအပ်ချက်...
-အုံနာဘုတ်
-ဝှီးတတ်
-ယာဉ်မောင်းလိုင်စင်
-ကားမျက်မြင်စစ်ဆေး၊ဓါတ်ပုံရိုက်ခြင်း များလိုအပ်ပါမယ်ဗျ

အာမခံနှင့်ပတ်သက်ရင် ကူညီပါရစေ...
အာမခံထားရှိရေးအတွက် လိုအပ်သည့်ကိစ္စများကို ပြီးပြည့်စုံအောင် #အခမဲ့ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ🧍🧍crd

T&T Myanmar Insurance Agent
09 255 888 996

Address

အမှတ် ၆၆၀ ကျောင်းကြီးအိုးတန်းရပ်ကွက်
Pyay
053

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+95 9 255 888 996

Website

Alerts

Be the first to know and let us send you an email when T&T မြန်မာ့အာမခံကိုယ်စားလှယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category