Phyu Phyu - Strategy

Phyu Phyu - Strategy ကိုယ် ကိုယ်တိုင်အသုံးပြုနေတဲ့ ငါးဖမ်းနည်းပေးလိုခြင်း

ရွှေမင်းသမီးစိန်ရွှေရတနာဆိုင် page အဟောင်းလေးဆယ်မရလို့ ဒါကအသစ်လေးပါ ချစ်သောတို့ရေ followပေးကြပါဦးဗျ😘
04/01/2026

ရွှေမင်းသမီးစိန်ရွှေရတနာဆိုင် page အဟောင်းလေးဆယ်မရလို့ ဒါကအသစ်လေးပါ
ချစ်သောတို့ရေ followပေးကြပါဦးဗျ😘

🌾ဒီလောကကြီးထဲမှာ လူတိုင်းဟာ သာမာန်ပဲ🌾ဘယ်သူမှထူးခြားတဲ့သူမဟုတ်ဘူး        သာမာန်လူတယောက်က ဘဝမှာထူးခြားတဲ့အခြေအနေတွေကြုံတွေ...
05/09/2025

🌾ဒီလောကကြီးထဲမှာ လူတိုင်းဟာ သာမာန်ပဲ
🌾ဘယ်သူမှထူးခြားတဲ့သူမဟုတ်ဘူး

သာမာန်လူတယောက်က ဘဝမှာထူးခြားတဲ့အခြေအနေတွေကြုံတွေ့ရတဲ့အခါ အဲဒီလူကထူးခြားတဲ့သူဖြစ်လာတယ်....
ထူးခြားတဲ့အခြေအနေတွေဆိုတာကဘာတွေလဲ?
*ရှုံးနိမ့်မှုတွေ*

ရှုံးနိမ့်မှူက ငါတို့ကိုအရေးကြီးတဲ့သင်ခန်းစာတခုပေးတယ်....
ရှုံးနိမ့်သွားတဲ့သူကို ဘယ်သူကမှမရေတွက်ဘူး....
အနိုင်ရဖို့မှတပါး တခြားရွေးချယ်စရာမရှိဘူး....

ဒါကြောင့်
ရှုံးနိမ့်သူတိုင်း အနိုင်ရဖို့ပြင်ဆင်ထားပါ💪
အနိုင်ရသူတိုင်းရှုံးနိမ့်ဖို့ပြင်ဆင်ထား💪

ဒီလောကကြီးက ဘယ်လောက်ပဲမှန်းဆမရဖြစ်နေပါစေ မင်းလိုချင်တဲ့အရာအားလုံးကို သေချာပေးမယ် မင်းကိုစောင့်ဆိုင်းခိုင်းပီးအတိုးနဲ့ကူညီပေးလိမ့်မယ်....

လူတွေက ငွေကြေး ပိုက်ဆံတခုကိုပဲသိကြတယ်....
အမှန်က
ငွေထက်အရေးကြီးတာ အချိန်ပဲ...

လူတဦးဆီမှာ ပိုက်ဆံပမာဏကကွဲပြားတယ်....
ဒါပေမယ့် တူညီတာကအချိန်
ဆုံးရှုံးသွားတဲ့ ပိုက်ဆံနဲ့ပစ္စည်းတွေကပြန်ရှာလို့ရတယ်....
ဆုံးရှုံးသွားတဲ့အချိန်နဲ့လူတွေကိုပြန်မရဘူး.....

တတိယမြောက်သမီးတော်

ဖခင်ကြီးမှ သမီးဖြစ်သူအားလေဆိပ်လိုက်ပို့🤭
19/08/2025

ဖခင်ကြီးမှ သမီးဖြစ်သူအားလေဆိပ်လိုက်ပို့🤭

ရွှေမင်းသမီးဆိုင်တွေက team memberလေးတွေ သွေးလှူကြတယ်ဆို အဲနေ့ကိုခွင့်ပေးပီး ပြန်နားခိုင်းတာတောင် မနားပဲ ဆိုင်မှာအလုပ်ပြန...
26/10/2024

ရွှေမင်းသမီးဆိုင်တွေက team memberလေးတွေ သွေးလှူကြတယ်ဆို အဲနေ့ကိုခွင့်ပေးပီး ပြန်နားခိုင်းတာတောင် မနားပဲ ဆိုင်မှာအလုပ်ပြန်ဆင်းကြတယ် .....
💝အရမ်းတော်တဲ့ကလေးတွေ🥰😘

ကိုယ်တွေ သွေးလှူတဲ့နေ့ဆို ကုတင်ပေါ်ကနေ
"ဟိုလူလာ ဟိုဟာယူခဲ့ ဒီလူလာ အဲဒါယူခဲ့ပါ ငါ ခုနေ့ သွေးလှူထားလို့နော် "ဘာညာ သနားအောင်ပြော အလုပ်ကိစ္စတွေ ဘာမှလာမပြောနဲ့ ခေါင်းတွေမကြည်လို့ပါပေါ့😌
၃ရက်လောက် အခန်းထဲကမထွက်တော့ဘူး😅

ဘာတခုတော့ခေါ်လို့ရလည်းဆို

"မမဖြူရေ ခုနေ့လူစုံတယ် ဂေါက်ကွင်းလိုက်လို့ရလား"လို့မေးရင်
"ခုလား"ဆိုပီး ထလိုက်တယ်🫢🙄

🩸၃၁ကြိမ်မြောက်သွေးလှူခြင်းအထိမ်းအမှတ်❣️

တတိယမြောက်သမီးတော်

အခမဲ့ ပညာအလှူHotelရွှေမင်းသမီးမှာ (18.8.2024 တနင်္ဂနွေနေ့)အသိပညာဆိုင်ရာ အလှူပွဲလေးကို ရွှေမင်းသမီးဖောင်ဒေးရှင်းနဲ့ MESI ...
17/08/2024

အခမဲ့ ပညာအလှူ

Hotelရွှေမင်းသမီးမှာ (18.8.2024 တနင်္ဂနွေနေ့)အသိပညာဆိုင်ရာ အလှူပွဲလေးကို ရွှေမင်းသမီးဖောင်ဒေးရှင်းနဲ့ MESI university တို့ပူးပေါင်းကျင်းပဖို့ရှိပါတယ် .....
တက်ရောက်ချင်သူများ ဆက်သွယ်နိုင်ပါတယ်ချစ်သောတို့ရေ.....

အသတ်ခံရတော့မယ့် နွားသားအမိလေးအတွက် ဇီဝိတဒါန💕💕💕          တရားရုံးမှာ (၁)လကျော်ထိမ်းသိမ်းခံရပီး စောင့်ရှောက်ပေးတဲ့သူတွေကမန...
10/08/2024

အသတ်ခံရတော့မယ့် နွားသားအမိလေးအတွက် ဇီဝိတဒါန💕💕💕

တရားရုံးမှာ (၁)လကျော်ထိမ်းသိမ်းခံရပီး စောင့်ရှောက်ပေးတဲ့သူတွေကမနိုင်တော့လို့ အစာရေဆာငတ်နေတဲ့အပြင် သားသတ်ရုံကို အရောင်းပို့ခံရတော့မယ့် နွားသားအမိလေးရဲ့သတင်းကို သဒ္ဓါအားကြီးတဲ့
🙏🙏🙏အမကြီးဒေါ်မူမူစန်းကြားတော့ မနေနိုင်ဘူး အပြေးသွား အလှူငွေပေးဝယ်ပါလေရော....ကိုယ်တွေမိသားစုကိုးကွယ်တဲ့ မာရ်အောင်ဓမ္မာစရိယတက္ကသိုလ်ဘုန်းကြီးကျောင်း ခနထား ပီးမှ ဘေးမဲ့လွှတ်ပေါ့လေ....

ခုလိုဇီဝိတဒါနကို အချိန်မရွေး အခါမရွေး ပုဂ္ဂိုလ်သတ္တာဝါမရွေး လှူနိုင်လိုက်တယ်ဆိုတာက အလှူခံပုဂ္ဂိုလ်နွားလေးတွေရဲ့ဘုန်းကံ အလှူရှင်ရဲ့စေတနာစွမ်းအားပေါ့...

ပြောချင်တာက
အခု ကျမတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘေးဆိုးကပ်ဆိုးအချိန်တွေမှာ ကိုယ်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုအားကြီးရင်ကြီးသလောက် အဲဒီကောင်းမှုတွေအမှတ်ရ သစ္စာဆိုဆုတောင်းမယ်ဆို ဘေးကင်းပီးလွတ်နိုင်ပါတယ်လို့.....😅

တတိယမြောက်သမီးတော်

ချစ်ရတဲ့အမကိုရှင်းပြထားတာလေး တင်ပေးလိုက်ပါတယ်

(ကိုယ့်ကိုသေစေလိုတဲ့အနေနဲ့ ကျားဆိုးတကောင်လာရန်မူရင်တောင် တုံ့ပြန်တိုက်ခိုက်ဖို့မစဉ်းစားပဲ ထွက်ပြေးရင်ပြေး မပြေးနိုင်ဘူးဆို ပြုခဲ့ဖူးတဲ့ဇီဝိတဒါနနဲ့သစ္စာဆိုရင်လွတ်ပါတယ် မလွတ်ဘူးဆို ပြုသူအသစ်ဖြစ်သူဟောင်းအနေနဲ့ ကိုယ်လုပ်ခဲ့ဖူးလို့ခံရတာမို့ ပြုသူအပေါ်မေတ္တာမပျက်ပဲကျေနပ်စွာလက်ခံမှ ဘဝအဆက်ဆက်ကြေမှာပါ မကျေနပ်ရင် ထပ်ထပ်ခံရဦးမှာပါ သံသရာကအကြွေးတွေကို အကြေဆပ်နိုင်ဖို့ကြိုးစားနေပါတယ်😇😇😇
ဒီလို တန်ဖိုးကြီးတဲ့မြတ်စွာဘုရားအဆုံးအမတရားတွေကို နားလည်လက်ခံနိုင်ဖို့ကလည်း တရားများများနာထားမှ တရားအားထုတ်ထားမှ ရမယ်လို့ 🙏🙏🙏မယ်တော်ဒေါ်ဝီရကာရီက ခနခနဆုံးမပါတယ် ဘာ့လို့ဆို တကယ့်လောကဓံနဲ့ ကိုယ်တိုင်တွေ့ကြုံလာပီဆို မြတ်စွာဘုရားတရားတွေဟာ ဟုတ်ပဟုတ်ပါမလားလို့ သံသယတွေနဲ့အတူ တော်ရုံနဲ့နားလည်လက်ခံဖို့မလွယ်လို့ပါတဲ့)ရ

အမရယ် ကလေးကို ဘာ့လို့ ဒီလိုအရွယ်လေးနဲ့ နိုင်ငံခြားလွှတ် အလုပ်တွေခိုင်းရတာလဲ?တဲ့ဖဲမွေ့ယာ ရွှေကော်ဇောနဲ့ ပန်းခင်းလမ်းကိုလျ...
08/08/2024

အမရယ် ကလေးကို ဘာ့လို့ ဒီလိုအရွယ်လေးနဲ့ နိုင်ငံခြားလွှတ် အလုပ်တွေခိုင်းရတာလဲ?တဲ့

ဖဲမွေ့ယာ ရွှေကော်ဇောနဲ့ ပန်းခင်းလမ်းကိုလျှောက်နေတဲ့ကလေးတွေက လောကအလယ်မှာ ဘဝအတွေ့အကြုံထဲ ဒုက္ခလို့မရှိဘူး အရာရာအလွယ်တကူပဲဖြစ်နေကြတာ...မိဘတွေရဲ့လောင်းရိပ်နဲ့အတူ မသန်မာတတ်ကြဘူး...
ကိုယ်တိုင်ဖန်တီးထားတဲ့ ဘဝတစ်ခုရပ်တည် တည်ဆောက်ဖို့အတွက်က ကိုယ်တိုင်စတင်ထိုးဖောက် လျှောက်လှမ်းမှ တကယ်ကိုယ်ပိုင်တဲ့ဘဝရောက်မှာလို့ ရှင်းပြလိုက်ပါတယ်...(ပြောတတ်ရတာပေါ့😅)

အန္တရာယ်ကင်းဘေးရှင်းစေဖို့ ဘဝထဲမှာ ဓမ္မအသိနဲ့နေဖို့ မှာကြားဆုံးမပေးလိုက်ရင်း သတိရနေပါတယ်....ချစ်ဆုံးလေးရေ💝

06/04/2024

💦သင်္ကြန်မိုး💦

တနေကုန်လေ့ကျင့်နေပီး တကယ်လည်းဆိုရော စာမမြင်ရလို့ မင်းတုန်းသံနဲ့ဝါးချ😅

05/04/2024

အယ်နီညိုကြောင့် အိပ်ရေးမဝတဲ့ ပြည်က ချစ်ရတဲ့သူတွေ အေးအေးလေးအိပ်နိုင်ပါစေကြောင်း🎋

မလှူတတ်ရင် hotelလုပ်ငန်းလုပ်😅💖

♻️ရွှေမင်းသမီးရဲ့ Chairman ဒေါ်မူမူစန်း(သီဟသုဓမ္မသိင်္ဂီ)ဖြစ်ချင်လို့        တာဝန်တွေအများကြီးယူ အပင်ပမ်းခံခဲ့တာမဟုတ်ဘူး...
03/04/2024

♻️ရွှေမင်းသမီးရဲ့ Chairman ဒေါ်မူမူစန်း(သီဟသုဓမ္မသိင်္ဂီ)ဖြစ်ချင်လို့
တာဝန်တွေအများကြီးယူ အပင်ပမ်းခံခဲ့တာမဟုတ်ဘူး.....

♻️တာဝန်တွေအများကြီးယူ အပင်ပမ်းခံခဲ့လို့
ဒေါ်မူမူစန်းChairman(သီဟသုဓမ္မသိင်္ဂီ)ဖြစ်တာ....

တတိယမြောက်သမီးတော်

27.3.2024 မှာ မင်းတုန်းမြို့ နဂါးရုံကျောင်းတိုက်အတွင်း ရွှေမင်းသမီးမိသားစုမှ သိန်း(၁၀၀၀)ကျော် မ တည်၍
တရားစခန်းပွဲများ
ယဉ်ကျေးလိမ္မာသင်တန်းများကျင်းပနိုင်ရန် ဆောက်လုပ်လှူဒါန်းထားသော မဂ္ဂင်ရွှေကျောင်းဓမ္မာရုံ ကျောင်းလွှတ်ရေစက်ချပွဲအခမ်းအနားအမှတ်တရပုံရိပ်များ

Address

No/802 ဗိုလ်ချုပ်လမ်း
Pyay
ALWAYS

Website

Alerts

Be the first to know and let us send you an email when Phyu Phyu - Strategy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share