22/04/2026
အထွက်နှုန်းတိုးဖို့ လျှို့ဝှက်ချက်က ဒီလို "အတွဲအစပ်" မှာ ရှိတယ်
တောင်သူဦးကြီးတို့ရေ... မိမိတို့ရဲ့ စိုက်ခင်းမှာ အပင်ကလည်း သန်ချင်တယ်၊ အသီးကလည်း အောင်ချင်တယ်ဆိုရင်တော့ အာဟာရကို ပြည့်စုံအောင် ကျွေးဖို့က အဓိကပဲဗျ။
ဒီနေရာမှာ ကျွန်တော်တို့ရဲ့ "ရွှေကောင်း A1 နဲ့ A2" က တစ်ယောက်ကိုတစ်ယောက် အားဖြည့်ပေးတဲ့ အတွဲအစပ်လေးပါ။
အပင်အတွက် လိုအပ်တဲ့ အပင်သန်စွမ်းမှု (A1) နဲ့ အပွင့်အသီး အားကောင်းမှု (A2) ကို တစ်ပြိုင်တည်း ရရှိသွားအောင် ဒီနှစ်မျိုးကို ရောစပ်ပြီး အသုံးပြုပေးရုံပါပဲ။
ဘာလို့ ဒီလိုတွဲသုံးတဲ့ အတွဲအစပ်က ပိုထူးခြားတာလဲ?
၁။ အစပြုချိန်မှာ အားမာန်အပြည့်နဲ့ A1 (အပင်သန်စေတဲ့အားဆေး)
အပင်စိုက်ပြီး ၂၀-၂၅ ရက်သားလောက်မှာ အပင်က "လူပျိုပေါက်" လိုပဲ အင်တိုက်အားတိုက် ကြီးထွားဖို့ ပြင်ဆင်ပါတယ်။ အဲဒီအချိန်မှာ A1 (11:13:9 + TE) ကို သုံးပေးပါ။
• သူဘာလုပ်ပေးမှာလဲ?
အမြစ်ကို မြေကြီးထဲ ခိုင်ခိုင်ဝင်စေမယ်၊ အရွက်တွေကို စိမ်းစိုဖြိုးဝေစေပြီး အစာချက်လုပ်မှု အားကောင်းစေမယ်။
• ရလဒ်ကတော့ - အပင်က ကျန်းမာသန်စွမ်းပြီး နောက်လာမယ့် အပွင့်အသီးအတွက် အုတ်မြစ်ကောင်းကောင်း ချပေးလိုက်တာပေါ့။
၂။ အောင်ပွဲခံချိန်မှာ အစွမ်းပြမယ့် A2 (အပွင့်အသီးအတွက် အဓိက main အားဆေး)
အပင်က အပွင့်စပွင့်ပြီ၊ အသီးစတင်ပြီဆိုတာနဲ့ သူ့ရဲ့လိုအပ်ချက်က ပြောင်းသွားပါပြီ။ အဲဒီအချိန်မှာ A2 (0:26:17 + TE) က ဇာတ်လိုက်ဖြစ်လာပါတယ်။
• သူဘာလုပ်ပေးမှာလဲ? နိုက်ထရိုဂျင်ကို လုံးဝမသုံးဘဲ ဖော့စဖောရပ်နဲ့ ပိုတက်စီယမ်ကိုပဲ အဓိက သုံးထားလို့ အပွင့်တွေ ဝေေဝဆာဆာ ပွင့်စေမယ်၊ အပွင့်မကြွေအောင် ထိန်းပေးမယ်။
• ရလဒ်ကတော့ - သီးတောင့်တွေက အစေ့အဆန် ပြည့်ဝမယ်၊ အလေးချိန် စီးမယ်။ (၈% ကနေ ၁၅%) အထိ အလေးချိန် ပိုစီးစေလို့ တောင်သူတို့ အိတ်ထဲ ငွေပိုဝင်စေမှာပါ။
ဒီလိုအာနိသင်တွေနဲ့ အားဆေးလေး၂မျိုးကို ဆေးဖျန်းပုံးတစ်ပုံးထဲမှာ A1 ရော A2 ပါ တစ်ခါတည်း ရောစပ်ဖျန်းပေးလိုက်တဲ့အခါ...
• အပင်က အမြစ်ရော၊ အရွက်ရော အားကောင်းလာသလို
• တစ်ဖက်ကလည်း အပွင့်တွေ ဝေေဝဆာဆာနဲ့ အသီးတင်ဖို့ အသင့်ဖြစ်နေမှာပါ။
ဒါကြောင့်မို့လို့ ဆေးဖျန်းတဲ့အခါတိုင်းမှာ A1 နဲ့ A2 ကို ဗူးခွံ တစ်ဗူးစီ (ဒါမှမဟုတ် ၂၅-၃၀ စီစီစီ) အချိုးကျ ရောထည့်ပြီး သုံးစွဲပေးပါ။
အလုပ်တစ်ခါတည်း ပြီးသလို အပင်ကလည်း လိုအပ်တဲ့ အာဟာရစုံကို တစ်ပြိုင်တည်း ရရှိသွားမှာဖြစ်လို့ အထွက်နှုန်းမှာ သိသိသာသာ ကွာခြားသွားပါလိမ့်မယ်။
ပဲမျိုးစုံ၊ စပါး၊ ပြောင်းနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာ ဒီအတွဲလေးကိုသာ လက်စွဲပြုကြည့်ပါ။
အပင်တွေက တောင့်တင်းခိုင်မာပြီး အသီးအနှံတွေကလည်း အောင်မြင်ဖြစ်ထွန်းလာတာကို လက်တွေ့ မြင်တွေ့ရပါလိမ့်မယ်ဗျို့။
ရွှေကောင်း စိုက်ပျိုးရေး မြေဩဇာများအတွက် အသေးစိတ်အချက်အလက်များသိချင်လိုပါက သို့မဟုတ် တိုက်ရိုက်ဝယ်ယူလိုပါက
ဆက်သွယ်ရန်ဖုန်း-
☎️09420 555 405
☎️094040 4 7373
☎️094040 4747 4
☎️09454580805
☎️09404042426
☎️09-404047474(Viber)
☎️09-404042426(Viber)တွင်ဆက်သွယ်မေးမြန်းနိုင်ပါသည်။