Meditation in Buddha Philosophy

Meditation in Buddha Philosophy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Meditation in Buddha Philosophy, Business service, Dhat-Lay Meditation Center, Akyab, Arakan State, Sittwe.

ဘယ်လို အတွေ့အကြုံမျိုးပဲဖြစ်ဖြစ် လုပ်စားတတ်ရင် တန်ဖိုးရှိပါတယ်။ဥမ္မာဒန္တီ၊ ဇနပဒကလျာဏီ၊ သိရီမာစတဲ့ အမျိုးသမီးတွေဟာ အရုပ်လ...
26/09/2022

ဘယ်လို အတွေ့အကြုံမျိုးပဲဖြစ်ဖြစ် လုပ်စားတတ်ရင် တန်ဖိုးရှိပါတယ်။
ဥမ္မာဒန္တီ၊ ဇနပဒကလျာဏီ၊ သိရီမာစတဲ့ အမျိုးသမီးတွေဟာ အရုပ်လှရုံသက်သက် မဟုတ်ပဲ ကိုယ်ပိုင် အရည်အချင်းလည်း ရှိကြလို့ပါပဲ။

လူတစ်ယောက်ကို ညှို့အားပြင်းပြင်း ဆွဲဆောင်နိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ တန္တ မန္တရ ဝေဒစုံဖို့လည်း လိုသလို တင်္ခဏုပ္ပတ္တိဉာဏ်လည်း လိုအပ်ပါတယ်။ အဆင့်လိုက် အဆင့်လိုက် ကျော်ဖြတ်ပြီး သံယောဇဉ် ချဉ်နှောင်တတ်ဖို့လည်း လိုပါတယ်။

လူတစ်ဦးက လူတစ်ဦးကို စွဲလမ်းတယ်ဆိုတာ ဆတ် တစ်ခုတည်း မဟုတ်ပဲ လူစိတ်ရှိတဲ့ လူတွေမှာ အမြဲကိန်းနေတတ်တဲ့ မေတ္တာ စေတနာ ကရုဏာ မုဒိတာတွေကြောင့်လည်း အများကြီး ဆိုင်နိုင်ပါတယ်။

အနိဆုံးအဆင့် ပုထုဇဉ် ပုဂ္ဂိုလ်တို့တွင် ပဉ္စမဈာန်ကို ရပြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေမှာ မေတ္တာ စေတနာ ကရုဏာ မုဒိတာ အားနည်းသွားကြပြီး ဥပေက္ခာက အားကြီးသွားကြလို့ သူတို့ကို ဆွဲဆောင်နိုင်ဖို့က မလွယ်ပါဘူး။

အနိဆုံးအဆင့် အရိယာ သောတိပန်မှာ သစ္စာရှိသည်အတွက် သူတို့ကိုလည်း ဆွဲဆောင်ဖို့က မလွယ်ပါဘူး။

တစ်ဖက်လူ၏ အားနည်းချက်ကိုကြည့်ပြီး ဖမ်းယူ ညှို့ယူ ချဉ်နှောင်နှိုင်သော အတတ်က ပညာပါပဲ။

အနောက်တိုင်းသားတွေက ဗုဒ္ဓဘာသာ ရဟန်း သီလရှင် ဓမ္မကထိကတွေကို အမြဲမေးခွန်းထုတ်လေ့ ရှိကြတာက ဆတ်ကိစ္စပါပဲ။ ဘုန်းကြီး သီလရှင်တွေက ဆတ်တွေကို ဘာကြောင့်ရှောင်ကြရသလဲ?လို့ မေးခွန်းထုတ်ကြတဲ့အချိန်တိုင်းမှာ ဘုရားရှင်၏ ပညတ်ချက်ကိုပဲ လက်ညှိုးထိုးပြကာ ဖြေကြားလေ့ရှိကြပါတယ်။

အမှန်ကတော့ ဘုရားရှင်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဘုရားမပွင့်မည်ကတည်းက သူတော်စင်တွေဟာ တောထွက်ပြီး ကျင့်နေကြပါတယ်။ ဇာတ်တော်တွေမှာလည်း ဘုရားမပွင့်မီ ကာလတွေမှာ ရှင်ဘုရင်တွေ တောထွက်ကြပြီး ရသေ့ရဟန်းပြု ကျင့်နေကြပါတယ်။ ဆတ်ကို တားမြစ်တာဟာ ဘုရားပညတ်ကြောင့်လို့ ဘုရားကို တိုက်ရိုက် ပြောလို့မရပါဘူး။

လောဘ ဒေါသ ကိလေသာကို ရှောင်လိုသူတိုင်းက ဆတ်ကို ရှောင်ရမှာပါပဲ။

အနောက်တိုင်းသားတွေ စပ်စုတဲ့ အဖြေက အဲ့ဒါ မဟုတ်လောက်ပါဘူး။
အသက်ငယ်ငယ်ရွယ်ရွယ် ရဟန်း သီလရှင်တွေက အဲ့ဒါကို တကယ်ပဲ ရှောင်နိုင်ကြသလား? ဘုရားပညတ်လို့သာ မတတ်သာလို့ ရှောင်နေကြရတာလား? အဲ့ဒါဖြစ်ဖို့ ပို များပါတယ်။

အဖြေမှန်က
သတိပဋ္ဌာန် သုတ်တော်၊ ဝိသုဒ္ဓမဂ်တွေကို ကိုးကားပြီး။ ဆီ အပြည့် အနားတိုက် ထည့်ကာ လမ်းလျှောက်ခိုင်းသူကို နောက်ကနေ သံလျက်မိုးလျက်လိုက်နေတဲ့ ဥပမာလိုပါပဲ။ ဆီတစ်စက် မှိတ်ကျရင် ခင်ဗျားဦးခေါင်းကို ဖြတ်ပစ်မည်ဟု သံလျက်မိုး နောက်ကလိုက်နေရင် ဆီခွက်ကိုင်တဲ့သူက ဆီ မှိတ်မကျရအောင် သတိကြီးစွာထားပြီး သွားမှာပဲ။
အသုဘ၊ ကောဋ္ဌာသတွေကို ဆီခွက်ကိုင်သူကဲ့သို့ သတိထား အမြဲရှုနေမည်ဆိုရင် ဆတ်ကို စိတ် မဝင်စားတော့ပါဘူး။ တစ်နေ့မဟုတ် တစ်လမဟုတ် အနှစ်နှစ် အလလ ရဟန်း သီလရှင်တွေဟာ အသုဘ ကောဋ္ဌာသတွေကို ဆီခွက်ကိုင်သူကဲ့သို့ ဝတ်တက်တိုင်း ပုတီးစိုက်တိုင်း ရှုတ်မှတ်ပွားများနေမည်ဆိုရင် အဲ့ဒါတွေက ရှိတော့မှာ မဟုတ်ပါဘူး။

ထိုင်းမက ဘယ်လောက်ပဲ ပညာသင်ပေး သင်ပေး ဘယ်လိုမှ လှုပ်မရ မျက်ရည်ကျ ပြန်သွားရမှာပါပဲ။

မဟာမုနိ ရုပ်ရှင်တော်မြတ်
19/02/2022

မဟာမုနိ ရုပ်ရှင်တော်မြတ်

It is SaṁsarāThe saṁsarā is food of Kushala & Akusala therefore they are dead.
15/01/2022

It is Saṁsarā
The saṁsarā is food of Kushala & Akusala therefore they are dead.

13/01/2022

It is āsannakamma
Near by his life 🧬

ထေရဝါဒနဲ့ မဟာယန ကွာခြားချက်"""""""""""""""""""""""""""""""""""""""""""""""""သုမေဓာ ရှင်ရသေ့က ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ တ...
17/11/2021

ထေရဝါဒနဲ့ မဟာယန ကွာခြားချက်
"""""""""""""""""""""""""""""""""""""""""""""""""

သုမေဓာ ရှင်ရသေ့က ဒီပင်္ကရာ မြတ်စွာဘုရားနဲ့ တွေ့ပါလျက် အဘယ်ကြောင့် သာသနာထဲကို မဝင်ရောက်ပဲ ရသေ့ဘဝနဲ့သာ နေခဲ့ပါသလဲ?

အဖြေ။
ဒီပင်္ကရာ မြတ်စွာဘုရားနောက်တော်လိုက်ပြီး ရဟန်းပြုခဲ့ရင် ယင်းဘဝမှာပင် အသဝကုန်ခန်း ရဟန္တာဖြစ်ပါလိမ့်မည်။
သို့သော် လောကသားများအတွက် သံသရာဝဲ ဩဃမှ ကယ်တင်ရန် ရည်ရွယ်ချက်ဖြင့် ပါရမီဖြည့် ပရဟိတလုပ်ကာ ရသေ့ဘဝနဲ့ပင် နေခဲ့ပါသည်။

လွန်ခဲ့သော သာသနာတော်နှစ် ၁၀၀ ခရစ်တော်မပေါ်မီ ဘီစီ ၄၄၃ ကတည်းက မဟာယန ဂိုဏ်းထူထောင်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပရဟိတလုပ်ပြီး လူထုနဲ့ သဟဇာတဖြစ်အောင်နေကာ ဘုရားဆုပန် ဘုရားဖြစ်ရန်ကိုသာ အဓိက ရည်ရွယ်ခဲ့ပါသည်။

ပရဟိတအလုပ်တွေကတော့ "ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသပါရမီယော ဒသဥပပါရမီယာ ဒသပရမတ္ထပါရမီယောတိ သမတ္တိံသပါရမီယာ ပဉ္စမဟာ ပရိစ္စာဂေ လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိဿော စရိယာယော ပစ္ဆမဘာဝေ ၌ သဗ္ဗညုတဉာဏ်ကို ရည်ရွယ်ကြတာပါပဲ။

Money action
17/11/2021

Money action

Recovery from Covid-19 today
29/07/2021

Recovery from Covid-19 today

စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက်ဆရာတော်ထံတွင် ကိုဗစ်ပိုး တွေ့ရှိDMG ၊ ဇူလိုင် ၁၉စစ်တွေမြို့၏ အထင်ကရဆရာတော်ကြီးတစ်ပါးဖြစ်သ...
19/07/2021

စစ်တွေမြို့ ဓာတ်လယ်ကျောင်းတိုက်ဆရာတော်ထံတွင် ကိုဗစ်ပိုး တွေ့ရှိ

DMG ၊ ဇူလိုင် ၁၉

စစ်တွေမြို့၏ အထင်ကရဆရာတော်ကြီးတစ်ပါးဖြစ်သော ဓာတ်လယ်ဆရာကျောင်းတိုက်ဆရာတော် အရှင်ဘဒ္ဒန္တသုဝဏ္ဏ (ကမ္မဋ္ဌာနာစရိယ)ထံတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ဆရာတော်ကြီးသီတင်းသုံးရာကျောင်းတိုက်ကို Lock Down ချထားကြောင်း သိရသည်။

ဆရာတော်ဖျားနာနေသည်မှာ တစ်ပတ်ခန့်ရှိလာနေသည့်အတွက် ယနေ့နံနက်ပိုင်းက စစ်တွေဆေးရုံတွင် သွားရောက်စစ်ဆေးခဲ့သည့်အခါ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တစ်ပြိုင်နက် ကျောင်းသို့ပြန်လာကာ ကျောင်းကို Lock Down ချထားခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်၏ တူဖြစ်သူ ကိုဇာနည်က DMG သို့ပြောသည်။

“လက်ရှိမှာဆရာတော်ကတော့ စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ ဆရာတော်နေမကောင်းတုန်းက အနီးကပ်ပြုစုတဲ့ ဆရာတော်နှစ်ပါးလည်း အဲ့ဒီမှာကျန်ခဲ့တယ်။ ဆရာတော်က နေမကောင်းကတည်းက သီးခြားခွဲပြီး သီတင်းသုံးခဲ့တာဆိုတော့ ကျောင်းကကျန်တဲ့သူတွေအတွက် သိပ်စိုးရိမ်စရာမရှိပါဘူး” ဟု ၎င်းကရှင်းပြသည်။

လက်ရှိတွင် ဆရာတော်ကြီးမှာ အနည်းငယ်ဖျားနာရုံသာရှိပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည့်အနေအထားတွင် မရှိကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်ပြည့်စောင့်ကြည့်လျှက်ရှိကြောင်း ကိုဇာနည်ကပြောသည်။

“အရမ်းစိတ်ပူရလောက်တဲ့အထိ အသက်ရှူကြပ်တာတွေ၊ အောက်ဆီဂျင်ကျတာတွေမရှိပါဘူး။ ကျွန်တော်တို့က စိတ်ချရအောင်လို့ သွားစစ်ဆေးလိုက်တာပါ။ နည်းနည်းပါးပါးဖျားတာလောက်ပဲရှိပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကျောင်းတိုက်ကို Lock Down ချထားသည့်အတွက် ကျောင်းရှိသံဃာများနှင့် ကျောင်းသားများ၏ စားဝတ်နေရေးအတွက်လည်း အဆင်ပြေဆုံးဖြစ်အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုဇာနည်ကဆိုသည်။

ယနေ့နံနက် ကိုးနာရီခန့်ကလည်း စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်ရှိ တန်ခိုးဘုန်းတော်ကြီးကျောင်းတိုက်မှ စာချသံဃာတော်တစ်ပါးထံတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် သက်ဆိုင်ရာများမှ လာရောက်ကာ Lock Down ချထားကြောင်း သိရသည်။

စစ်တွေ ဝင်ကမ္ဘာကွင်းအနီးရှိ မဏိရတနာ ဆရာတော်ကြီးတွင်လည်း ကိုဗစ်-၁၉ ပိုး တွေ့ရှိရ၍ ဆေးရုံတက် ကုသနေရသည်။

ဆရာတော်အားလုံးကတော့ ကျန်းကျန်းမာမာပဲ ရှိနေကြတာပါ။

ဆီးချို၊ သွေးချို ဝေဒနာရှင်များသည်မဟာ သတိပဋ္ဌာန် တရား အားထုတ်နည်းကိုသာ အားထုတ်သင့်ပါသည်သွားသိ၊ လုပ်သိ၊ ထိုင်သိ၊ စားသိ၊ ပ...
15/05/2021

ဆီးချို၊ သွေးချို ဝေဒနာရှင်များသည်
မဟာ သတိပဋ္ဌာန် တရား အားထုတ်နည်းကိုသာ အားထုတ်သင့်ပါသည်

သွားသိ၊ လုပ်သိ၊ ထိုင်သိ၊ စားသိ၊ ပြောသိ

သွားစဉ် - အခြားအရာများကို စဉ်းစားခြင်းသည် ဥနှောက်ကို ခြောက်စေပြီး ရေဆာစေပါသည်။

ကိုယ်က သွားနေ - စိတ်က အခြားရောက်နေလျင်....
ထိုပုဂ္ဂိုလ်၌ လုပ်နေသော အလုပ်မှာ နှစ်ခု ဖြစ်နေပါသည်။

သွားနေသည်ကိုလည်း ဥနှောက်က အာရုံစိုက်နေရသလို အခြားတစ်ဖက်သို့လည်း စိတ်ရောက်နေသောကြောင့် အာရုံကြောများ ပင်ပန်းလာတတ်ပြီး ခေါင်းကိုက် ခေါင်းမူးစေပါသည်။

သွားနေသည်ကို သွားနေသည်ဟု သိပါ
ခြေလှမ်း လှမ်းနေသည်ကို လှမ်းနေသည်ဟု သိနေသောအားဖြင့် စိတ်သည် အာရုံတစ်ခုတည်းတွင်သာ မွေ့ပျော်နေသည့်အတွက် ဧကဂ္ဂတာ သမာဓိဖြစ်သလို အာရုံကြောတွေလည်း မပင်ပန်းသည့်အတွက် ဆီးချို သွေးချို ဝေဒနာကို သက်သာစေပါသည်။

#သွေးတိုး_သွေးချို_ဆီးချို_သတင်းများ_စုစည်းရာ

Address

Dhat-Lay Meditation Center, Akyab, Arakan State
Sittwe

Website

Alerts

Be the first to know and let us send you an email when Meditation in Buddha Philosophy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share