HTA Electrical Installation Services

HTA Electrical Installation Services CCTV & ELECTRICAL INSTALLATION

15/05/2024

တစ်ညလုံး Game တွေဆော့ပြီး လုံးဝ မအိပ်ဖြစ်ဘူး
မနက် 4 နာရီ 5 နာရီလောက်မှ အိပ်ဖြစ်တယ်
နေ့လည်ခင်းလောက်မှ အိပ်ယာထတယ် ပြီးတော့
ဘော်ဒါတွေနဲ့ အပြင်သွားတယ် ဆိုင်တွေထိုင်တယ်
အိမ်ပြန်ရောက်ရင်လည်း Phone ပြန်ကြည့်တယ်
ညဘက်ရောက်တော့ တညလုံး Game ပြန်ဆော့တယ်
ပြီးမှ တနေ့လုံး အိပ်တယ်... နေ့တိုင်း ဒီလိုချည့်ပါပဲ
ဒါက ကျွန်တော်အတွက် ပုံမှန် နေထိုင်မှုလိုဖြစ်နေပြီပေါ့…

…..အဲ့ဒီလိုပဲ နေထိုင်လာရင်းနဲ့ ...
လုံးဝ မေ့လို့မရနိုင်တဲ့ နေ့ကို ရောက်လာခဲ့တယ်
အဲ့ဒီနေ့က နေ့လည် 12 နာရီမှာ ဘော်ဒါတစ်ယောက်က
ဖုန်းဆက်လို့ ကျွန်တော်အိပ်နေရင်းနဲ့ လန့်နိုးသွားတယ်
ဒီကောင်ကျွန်တော်ကို Beer ဆိုင်ထိုင်ဖို့ လှမ်းခေါ်တာ
အဲ့ဒီတော့ အမေ့ရဲ့ ပိုက်ဆံအိတ်ထဲကနေ 60000 ကို
အမေ မသိအောင်ယူပြီး ဆိုင်ကိုသွားတယ် တကယ်တော့
အမေ့အိတ်ထဲမှာ 120,000 ပဲရှိတာ ကျွန်တော်က
တစ်ဝက်တိတိ" ကိုယူသွားလိုက်တာ ……

Beer ဆိုင်ရောက်တော့.... သူငယ်ချင်းတွေ
ပျော်ပျော်ပါးပါးပဲ သောက်ကြစားကြတယ်... ဒီလိုနဲ့
ငွေရှင်းတော့ တစ်ယောက် တစ်ဝက်ရှင်းကြမယ်တဲ့
သုံးယောက်သောက်တာ 150,000 ကျတယ်ဆိုတော့
ဘာမှတွေးမနေဘူး 500,00 ပေးလိုက်တယ် ပြီးတော့
ပိုတဲ့ 100,00 နဲ့တောင် ဆေးလိပ် ဝယ်လိုက်သေးတယ်
ကျွန်တော် ရူးရူးမိုက်မိုက်ပဲဗျာ ဘာမှ မတွေးမိခဲ့ဘူး...
အိမ်ပြန်ရောက်တော့ အမေက ပိုက်ဆံပျောက်လို့
မေးပါလေရော သားပိုက်ဆံယူထားရင် ပြန်ပေးပါတဲ့
ကျွန်တော်လည်း ဆေးလိပ်ဝယ်တုန်းက ပိုတဲ့ 5500 ကို
ပြန်ပေးလိုက်တယ် အဲ့ဒီအချိန်မှာ အမေက ကျွန်တော်ကို
စကားတစ်ခွန်းပြောတယ်….

……..အမေပြောတဲ့ စကားက ……
( အော်.... သားရယ် အဲ့တာလေးနဲ့ အမေဈေးသွားရမှာ အခု
600,00 ထဲနဲ့ အမေဘယ်လိုသွားရပါ့မလည်း ) ဒါပဲဗျ ဒီလောက်ပဲ
ဒီထက်ပိုမပြောဘူး....မဆူဘူး၊ မဆဲဘူး၊ မရိုက်ဘူး လေသံမာမာနဲ့
မပြောဘူး.... ကျွန်တော်လည်း ဘာမှပြန်မပြောလိုက်ဘူး….
ကျန်တော့် စိတ်ထဲမှာတော့ ( ပိုက်ဆံလေး 500,00 လောက်ကို
အမေတို့က ဖြစ်ပျက်နေလိုက်ကြတာ ) ဘာညာပေါ့... 😡😡😡
အမေက ဈေးသည်ဆိုတော့ စျေးသွားတာကိုသိတယ်။
ဘယ်အချိန်တွေသွားလဲ ကျွန်တော်မသိဘူး သိုသော် အဲ့ဒီနေ့က
ဈေးလိုက်ပို့ဖို့ ကျန်တော့်ကို လာပြောခဲ့တယ်။

ကျွန်တော်လည်း တော်တော်လေးကို အံ့ဩသွားတယ်...
စျေးလိုက်ပို့ခိုင်းတာကြောင့် မဟုတ်ဘူးဗျ….. ဈေးသွားရမယ့်
အချိန်ကြောင့် အံ့ဩသွားတာ၊ ဘယ်အချိန်လည်းသိလား
မနက် 3:30AM မှာ ဈေးသွားဖို့လာပြောတာ။သားအဖေကို
မနှိုးချင်တော့လို့ သားလိုက်ပို့မှာလားတဲ့ အမြတ်များများရအောင်
ဈေးသက်သာတဲ့ ညဈေးခေါ် -တောစျေး ကိုသွားရတာ
သူ့မှာကျန်တဲ့ ငွေ 60,000 နဲ့ပေါ့။ ဟုတ်အမေ သားလိုက်ပို့ဆိုပြီး
သားမိနှစ်ယောက် သွားခဲ့တယ်...

ဆိုင်ကယ်မောင်းနေရင်း အတွေးပေါင်းစုံနဲ့ အဖေနဲ့ အမေက
အမြဲတမ်း ဒီအချိန် သွားကြတာလား……
ငါကဘာလို့မသိရတာလည်း……ဒီလိုနဲ့ပဲ ဈေးရောက်တော့
“သား ဆိုင်ကယ်မှာပဲ စောင့်နေတဲ့ အမေစျေးဝယ်ပြီး ပစ္စည်းတွေ
လာလာထားမယ်တဲ့ အဲ့တော့ ဟုတ်အမေပေါ့..အမေက
ပစ္စည်းတွေကို လာထားတယ်-ပြန်ဝယ်တယ်...
ကျွန်တော်သုံးလိုက်လို့ နည်းနည်းပဲကျန်တော့တဲ့ ငွေလေးနဲ့
အမေ ရအောင် လောက်ငှအောင် ဝယ်တယ်၊ ပြီးတော့ အမေ့ကို
အဝေးကနေ ငေးကြည့်နေမိတယ်…..

အမေ ချွေးတွေထွက်နေတာကိုတွေ့တယ်……
အမေ ပင်ပန်းနေတယ် …..
ဒါကို ငေးကြည့်မိရင်းပဲ ကျန်တော် ဝမ်းနည်းတဲ့ အတွေးတွေ
ဝင်လာခဲ့တယ်… အမေက ကန်စွန်းရွက် ဆယ်စီး ရောင်းကုန်တော့မှ
500 လောက်မြတ်တာ၊ ငါးတွေအကုန် ရောင်နိုင်တော့မှ 5000 လောက်
မြတ်တာကို ငါက ဒီနေ့မှာတင်ပဲ 50000 လောက်ကို အသာလေး
သုံးလိုက်ခဲ့တယ်ဆိုပြီပေါ့……. အမေ ဘယ်လိုရှာနေလည်း အရင်က
မသိချင်ခဲ့ဘူး၊ ငါမသိခဲ့ဘူး အမေတော်တော်လေး ပင်ပန်းနေမှာပဲ
ကိုယ့်ကိုယ်ကိုလည်း အပြစ်ရှိသလိုခံစားလာရတယ်၊
တုန်လှုပ်လာပြီး မိသားစုအပေါ် တာဝန်မကျေသလို ခံစားလာရခါ……

အမေ ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ မနက်အစောကြီး
ဈေးသွားဝယ်ရ အိမ်ပြန်ရောက်တော့ စျေးခင်းထားလို့ရပေမယ့်
မြန်မြန်ရောင်းကုန်ချင်တဲ့စိတ်နဲ့ ဈေးဗန်းကြီးကိုရွက်ပြီး
နေရာအစုံလိုက်ရောင်းတယ်၊ ပြီးရင်လည်း အိမ်မှာ
စားသောက်ဖို့ ချက်ရ-ပြုတ်ရနဲ့.... ငါက အေးဆေးအိပ်နေချိန်မှာ
အမေက နားချိန်မရှိခဲ့ဘူး ငါသုံးလိုက်တဲ့ငွေပမာဏရဖို့ အမေ
တော်တော်လေး ပင်ပန်းခဲ့ရတာ သို့ပေမယ့်လည်း
အမေ အပြုံးမပျက်ခဲ့ဘူး၊ တချက်မငြီးခဲ့ဘူး……
ဒီလောက်ကောင်းတဲ့ မိဘအပေါ် ကျွန်တော်က
မိုက်မိုက်ကန်းကန်းနဲ့ ကျေးဇူးမသိတတ်တဲ့ကောင်
ဖြစ်ခဲ့တယ်…….🥹🥹🥹

အဲ့ဒီနေ့ကစပြီးတော့
ကျွန်တော် စောက်ချိုးတွေကို အကုန်ပြင်တယ်.... 🧎‍➡️🧎‍➡️🧎‍➡️
Game တွေကိုလည်း ဖျက်တယ်🙅🏻🙅🏻🙅🏻
ညဘက် မအိပ်ချင်တဲ့ မျက်လုံးတွေကိုလည်း
အတင်းပိတ်ပြီး 😣😣😣 ရအောင်အိပ်တယ် ပြီးတော့
မနက်စောစောထပြီး အမေလုပ်ရမယ့် အလုပ်တွေကို
ဝင်ပြီးလုပ်ပေးခဲ့တယ် ပြီးတော့ အရင်လိုလည်း ပိုက်ဆံ
မဖြုန်းတော့ဘူး အဲ့လိုပြင်လိုက်တာတွေကို
အမေ မြင်နေရတော့ အမေက ကျွန်တော်ကို ပြောတယ်...

(သား... သားက မသိတတ်သေးရင်တောင် အမေက
အပြစ်မပြောပါဘူး သားရယ်….သားက အရင်တိုင်းပဲ
နေသေးတယ် ဆိုရင်တောင် အမေ မသေခင်ထိတော့
ထမင်း မငတ်စေရပါဘူးတဲ့… )ကြည့်ပါဦးဗျာ
မိဘမေတ္တာ ကြီးမားလိုက်တာ..... ကျန်တော်
ဝမ်းနည်းလွန်းလို့ မျက်ရည်မကျအောင် ထိန်းထားရတယ်😢😢😢
နောက်မကျခင် ပြင်ခွင့်ရတဲ့အတွက်လည်း အရာအားလုံးကို
ကျေးဇူးတင်လိုက်တာ.....

Brother တို့ကရော နောက်ကျသွားပြီလား…….?
အချိန်မှီသေးလား …….?
ပြင်လို့ရသေးရင် အခွင့်ရှိသေးရင် ပြင်လိုက်ကြဖို့
ဒီနေရာကနေပဲတိုက်တွန်းချင်းပါတယ်။

Credit to original writer✍🏻✍🏻
မှုရင်းရေးသားသူအား
လေးစားစွာ Credit ပေးပါသည်

Leap Year 2024.2.29
29/02/2024

Leap Year
2024.2.29

အိမ်တွင်းမီးတပ်ဆင်ခြင်း ပြုပြင်ခြင်းCCTV တင်ဆင်ခြင်း ပြုပြင်ခြင်းAir Con တပ်ဆင်ခြင်း ပြုပြင်ခြင်း400 Volt Line တည်ဆောက်ြ...
04/07/2023

အိမ်တွင်းမီးတပ်ဆင်ခြင်း ပြုပြင်ခြင်း
CCTV တင်ဆင်ခြင်း ပြုပြင်ခြင်း
Air Con တပ်ဆင်ခြင်း ပြုပြင်ခြင်း
400 Volt Line တည်ဆောက်ခြင်း ပြုပြင်ခြင်း
High Voltage 11kv 22kv line တည်ဆောက်ခြင်း ပြုပြင်ခြင်း များအား စိတ်တိုင်းကျ ဆောင်ရွက်ပေးနေပါသည်

AC indoor unit ကို Gypsum Board မျက်နှာကျက်ထဲ ထည့်ထားတာ Store
04/07/2023

AC indoor unit ကို Gypsum Board မျက်နှာကျက်ထဲ ထည့်ထားတာ
Store

Bath Room ပန်ကာပါ မီး ပန်းချီကား 😜😜😜 Storeps ပြတင်းပေါက်က ပန်းချီကားနဲ့ တူနေတာပါ
04/07/2023

Bath Room ပန်ကာပါ မီး
ပန်းချီကား 😜😜😜
Store
ps ပြတင်းပေါက်က ပန်းချီကားနဲ့ တူနေတာပါ

Living Room LED Ceiling Lamp Store
04/07/2023

Living Room LED Ceiling Lamp
Store

Light mode 4မျိုးပါ 4ဆင့် LED Ceiling lamp @ PNLa Store
04/07/2023

Light mode 4မျိုးပါ 4ဆင့် LED Ceiling lamp
@ PNLa Store

24/07/2022
14/05/2022

Address

No. 41, Quarter (3), Main Road
Tachileik
06272

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when HTA Electrical Installation Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share