နေလ တိုက်ခန်း၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်

  • Home
  • Myanmar
  • Tamwe
  • နေလ တိုက်ခန်း၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်

နေလ တိုက်ခန်း၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် အိမ် ၊ ခြံ ၊ မြေဆို…
မြန်ဆန် ၊ စိတ်ချ ( နေလ ) ရှိပြီ…!!! လက်လီ/လက်ကား ရောင်းဝယ်ရေး

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉🙏...
02/12/2024

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

🙏 ရန်ကုန် ⏩ မြဝတီသို့ ခရီးစဥ်များကတော့…
🚊 ကားထွက်ချိန် 🚊
🕣 နံနက် ၈-နာရီခွဲ ၁-ကြိမ် နေစဉ်ရှိပါတယ်။
🚊 ရန်ကုန်ကားဂိတ်က အောင်မင်္ဂလာအဝေးပြေးမှ စတင်ထွက်ခွါပေးမှာဖြစ်ပါတယ်ရှင်…

🙏 လက်မှတ် အရောင်းဠာန 🙏

💖 နေလ 💖
☎️ ဖုန်းနံပတ် : 09 988 122 649

👉 Viber No : 09 988 122 649

#သဘာဝ #တိုင်းရင်းဆေးနည်းများ #သဘာဝတိုင်းရင်းဆေးနည်းများ #နေလ #နေလသဘာဝတိုင်းရင်းဆေးနည်းများ #နေလWaxCandy

16/08/2023

💥 ကောက်ညှင်း ဘိန်းမုန့် လုပ်နည်းနှင့်၊
💖 ဘိန်းမုန့် လုပ်နည်း။
🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘🥘
✨ လုပ်ရတာလွယ်ပြီး ပါဝင်ပစွည်းတွေကလဲ ဝယ်ရတာလွယ်လို့
🥳 အာလပ်ရက် အိမ်မှာ Home made လေးလုပ်စားကြည့်ပါနော်…
👇👇👇👇👇👇👇👇👇

✨ ဘိန်းမုန့် (၆-ခုစာ) ❤️❤️❤️❤️❤️❤️
------------------------------------
နေ့လည်စာ အစာပြေ ဘိန်းမုန့်လေးပါ။ ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျုံဘိန်းမုန့် အစုံရှိတဲ့ အထဲမှာ ၀တ်ရည် လုပ်စားဖြစ်တာကတော့ ဆန်ဘိန်းမုန့်ပါ။ ဒီတခါ ပိုမိုထူးခြားသွားအောင် မြေပဲအစား သီဟိုရ်စေ့သုံးပေးထားတော့ ဘိန်းမုန့်က အရသာပိုစိမ့်ပြီး စားလို့ အရမ်းကောင်းပါတယ်ရှင်။ ကဲဒါဆိုရင် အိမ်လုပ် ဘိန်းမုန့်ကို ခုပဲ လုပ်စားကြည့်ကြရအောင်…
------------------------------------
🥗 ပါ၀င်ပစ္စည်းများ
* ဆန်မှုန့် – ၃ခွက် (ကောက်ညှင်းမှုန့်)
* ရေ – ၁ခွက်ခွဲ
* ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း
* ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်
* ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
* သီဟိုဌ်စေ့ – စားပွဲတင်ဇွန်း ၂ဇွန်း (ထပ်ခြမ်းခြမ်းပေးပါ)
* ဘိန်းစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း
* အုန်းနို့ – တခြမ်း (အုန်းသီးများကို ၁လက်မအရှည် အရွယ် ပါးပါး လှီးထားပါ)
* ထန်းလျက် – ၂၀၀ ဂရမ်
------------------------------------
ပြုလုပ်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဆန်မှုန့်၊ ဆိုဒါ၊ Yeast, ဆား တို့ကို သမအောင် ရောနယ်လိုက်ပါ။

၂။ ပြီမှ ရေ(၁ခွက်ခွဲ) ထည့်ကာ သမအောင် ရောမွှေပေးပြီ ဆန်နှစ်ရည်ကို အနည်းဆုံး ၄-နာရီ (သို့) တညသိပ် ထားပါ။

၃။ ဆန်နှစ်ရည် ၄-နာရ်ီခန့် သိပ်ပြီလျှင် ထန်းလျက်ကြိုပါမည်။ ထန်းလျက်(၂၀၀ ဂရမ်) ကို ရေ(၃၀၀ မီလီလီတာ)ဖြင့် ညော်စေးသည်အထိ ကြိုပေးပါ။

၄။ ထန်းလျက်များ ညော်စေးလာပြီဆိုလျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ ဖြစ်သည်)

၅။ ပြီနောက် ထန်းလျက်များကို ဆန်နှစ်ရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၆။ ဘိန်းမုန့် စလုပ်ပါမည်။ ဒယ်ပူလာလျှင် ထောပတ် ထည့်ပြီ မုန့်နှစ်(ယောက်ချို) တဇွန်းကို လောင်းထည့်လိုက်ပါ။

ရ။ မုန့်နှစ်အပေါ်မှ အမြုပ်လေးများ ထလာလျှင် အုန်းသီး၊ ဘိန်းစေ့၊ သီဟိုရ်စေ့ အပေါ်မှ ဖြူးပေးပါ။

၈။ ဘိန်းမုန့် အောက်ဖက်အညှိရောင်သန်းလာလျှင် နောက်တဖက်သို့ လှန်ပေးပါ။ ထောပတ် ထပ်ထည့်ပေးပါ။

၉။ ဆန် ဘိန်းမုန့်ပူပူလေးကို အုန်းသီးများဖြူး၍ သုံးဆောင်လို့ရပါပြီရှင်…

Crd : Owner (Sayar/ Sayarma)
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
✨ နောက်တစ်နည်း
🌟 ဘိန်းမုန့်လုပ်နည်း။

🥗 ထောပတ်၊ ကြက်ဥ ဘိန်းမုန့် ပူပူမွှေးမွှေးလေး
(အချပ် အကြီး ၃-ချပ်စာ)

💖 ဘိန်းမုန့်လုပ်နည်း မေးထားတဲ့သူတွေအတွက် အရသာရှိရှိနဲ့ ချက်ချင်းလုပ်စားလို့ရတဲ့နည်းပါ။
ဘိန်းမုန့်ကို ဆန်နဲ့ ဂျုံနဲ့ ၂-မျိုးရှိတဲ့အထဲက အိစံက ဆန်နဲ့လုပ်တဲ့ ဘိန်းမုန့်ကိုပြုလုပ်ထားတာပါ။ ဘိန်းမုန့်ကို Yeast နဲ့လုပ်တာ အချိန်ကြာတာမို့ Yeast နဲ့မဟုတ်ပဲ စားဆော်ဒါနဲ့ ရှာလကာရည်ကို အသုံးပြုပြီး ဆန်ကိုအချဉ်ဖောက်ထားတာပါ။ ရှာလကာရည်နဲ့အချဉ်ဖောက်တဲ့နည်းကိုတော့ နိုင်ငံခြားမုန့်တွေလုပ်တဲ့နည်းကရခဲ့တာပါ။ ချက်ချင်းလဲ လုပ်စားလို့ရပြီး ထောပတ်အနံ့လေး မွှေးမွှေးလေးနဲ့မို့ အချိန်ကုန်သက်သာပြီး အရမ်းစားလို့ကောင်းတဲ့နည်းပါ။ လုပ်နည်းကလဲ လွယ်ကူလို့လုပ်စားကြည့်နော်။

🥗 ပါ၀င်သောပစ္စည်းများ
၁။ ဆန်မှုန့် - ၁ ခွက်
၂။ ကြက်ဥ - ၁ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
၄။ ညော်၊ စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက် တ၀က် (အိစံကရေနွေးဓါတ်ဗူးထဲက ရေကို အပြင်မှာ ၃-မိနစ်လောက်ထားပြီး လက်နဲ့စမ်းကြည့်လို့ လက်ကအပူခံနိုင်တဲ့အနေအထားရေနွေးကိုထည့်ပါတယ်။)
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဆော်ဒါ (Baking soda) - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - အနည်းငယ်
၉။ အခွံချွတ်ထားသော မြေပဲလှော် - အနည်းငယ်
၁၀။ ဘိန်းစေ့ - အနည်းငယ်
၁၁။ ဆား - အနည်းငယ်
( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 Tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 Tablespoon = 5 ml)

💖 ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။ ဆန်မှုန့်၊ ဆား နှင့် ဆော်ဒါမှုန့်တို့ကို ဇလုံတခုထဲထည့်၍ သမအောင်လုပ်ပါ။
၂။ ဆန်မှုန့်ထဲကို ရှာလကာရည်ထည့်၍ သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ဆမ်း၍ ထည့်ပါ။ မုန့်အချဉ်ပေါက်ရာမှာ အလွန်အသုံး၀င်ပါတယ်။)
၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်၍ သမအောင်လုပ်ပါ။ ခလောက်စရာမလိုပါ။ (မုန့်သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။)
၄။ နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျက်ရည်တို့ကိုထည့်၍ သမအောင်လုပ်ပါ။ မုန့်အနှစ်ရပါပြီ။
၅။ မကပ်တဲ့ ဒယ်အိုး အသေးဆုံးကို အသုံးပြုပါ။ ဒယ်အိုးထဲကို ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်၍ ထောပတ်ပူလာလျှင် မုန့်အနှစ်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း ခပ်၍ ထည့်ပါ။ မီးကို အေးအေးထား၍ မုန့်ပြုလုပ်ပါ။ မုန့်အနှစ်အပေါ်ကို ဘိန်းစေ့ အရင်ဖြူး ၊ ပြီးလျှင် မြေပဲနှင့် အုံးသီးဖတ်ကို ဖြူး၍ မုန့်အလည်မှာ အပေါက်ကလေးတွေ တော်တော်များများဖြစ်လာမှ အဖုံးကို ခဏ အုပ်ပါ။
၆။ ဘေးသားများ ကြွပ်လာပြီး အောက်ဖက် မုန့်သား ကျက်လျှင် နောက်တဖက်ကိုလှန်ရ်ျ ၁ မိနစ်ခန့်ထားပါ။
၇။ ထောပတ်အနံ့မွှေးမွှေးနဲ့ အလွန်စားလို့ကောင်းတဲ့ဘိန်းမုန့်ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

Crd : Owner (Sayar/ Sayarma)

💥 Pressure Cooker (Aluminium)(ရှုးရှုးပေါင်းအိုး အသားနူး၊ အရိုးနူး ပေါင်းအိုး)😀ဈေးနူန်း = 54,000 ကျပ် (2-Litres)😀ဈေးနူန်...
13/08/2023

💥 Pressure Cooker (Aluminium)
(ရှုးရှုးပေါင်းအိုး အသားနူး၊ အရိုးနူး ပေါင်းအိုး)

😀ဈေးနူန်း = 54,000 ကျပ် (2-Litres)
😀ဈေးနူန်း = 60,000 ကျပ် (3-Litres)

💖 ဒါလေးက အချိန်တိုတွင်း (နာရီဝက်နဲ့) အသားနူးဖို့ဆို ဒီအိုးလေးနဲ့ အဆင်အပြေဆုံးမို့ မင်မင် အကြိုက်ဆုံး ပေါင်းအိုးလေးပါ။

💖 ငါးသလောက်အပြင် အခြားအသားငါးတို့ကိုလည်း အလွယ်တကူပေါင်းစားလို့အဆင်ပြေတဲ့ အိုးလေးပါရှင့်။

💖 ဟင်းတွေကို ရိုးရိုးပေါင်းပြီးမှ စားချင်ပါတယ်ဆိုတဲ့ သူလေးတွေအတွက် Pressure Cooker (ရှူးရှူးပေါင်းအိုးလေး) ရောက်ပါပြီနော်။

💖 အိမ်ရှင်မတွေအတွက် အချိန်ကုန်သက်သာပြီး ချက်ပြုတ်ရတာ အဆင်ပြေစေဖို့ ...တလုံးလောက်တော့ ဝယ်ထားသင့်ပါတယ်။

😍 ဆိုင်တွင်ဝယ်ယူသော Customer တိုင်းအတွက် K-Pay ဖြင့် ငွေပေးချေနိူင်ပါပြီနော့်…

📦📦 ပစည်းမှာယူမယ်ဆိုရင်
📝 CB မှာ
👉 ဝယ်ယူလိုသော ပစ္စည်းပုံ
👉 မှာယူသူ နာမည်
📞 ဖုန်း နံပတ်
👉 နေရပ်လိပ်စာ ပြည့်စုံစွာရေးပေးပါရှင်။

🚚 ရန်ကုန်မြို့တွင်းဆို အိမ်ရောက်ငွေချေစနစ်နဲ့ 1-2ရက် တွင်းပို့ဆောင်ပေးပါတယ်ရှင်…😘

🚚 နယ်က Customer တွေအတွက် 25,0000ဖိုးနဲ့အထက်ဆိုပို့ပေးပါတယ်နော်၊ အများနဲ့ဆက်ဆံရတာမို့လို့ ငွေချေပြီးမှ အနီးဆုံးကားဂိတ်ထိ ပစ္စည်းပို့ပေးပါတယ်ရှင်…။

⏱ဆိုင်ဖွင့်ချိန် ~ပိတ်ချိန်
🔓မနက် 6:30 နာရီ
🔒ညနေ 2:30 နာရီ

💛 လပြည့်/ကွယ် ဆိုင်ပိတ်ပါတယ်ရှင်…

💛 ဆိုင်လာဝယ်ရင် တစ်ခုဝယ်လည်း လက်ကားစျေးနဲ့ရမှာနော်… အသဲတို့ 💖

💛 လက်ကားဆိုင် ဖြစ်တာမို့ ဆိုင်မှာဝယ်ယူတဲ့ပစ္စည်းတွေကို သေချာစွာစစ်ဆေးပြီးမှဆိုင်မှထွက်ခွာပေးကြပါရှင်…

💛 စက်ပစ္စည်းများအားလုံးကိုလဲ သေချာစွာစစ်ဆေးပြီးမှ ယူပေးကြပါ၊ ဆိုင်မှထွက်ခွါပြီးတဲ့ပစ္စည်း လုံးဝပြန်မလဲပေးပါဘူးနော်…

💛 Delivery ဖြင့်မှာယူတဲ့ချစ်တို့လည်း deli သမားများရှေ့မှာမိမိပစည်းကို သေချာစစ်ဆေးပြီးမှ လက်ခံပေးကြပါနော်။ Deli သမားများထွက်သွားပြီးမှဖြစ်တဲ့ Error လုံးဝ တာဝန်မယူပေးပါဘူးရှင်။

💛 လက်ကားစျေးနဲ့ရောင်းပေးရတာဖြစ်လို့နားလည်ပေးစေချင်ပါတယ်နော်။

💛 မိတ်ဟောင်း၊ မိတ်သစ်များနှင့် ဝယ်ယူအားပေးတဲ့ ချစ်ဖောက်သည်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။

💖 မိတ်ဟောင်း၊ မိတ်သစ်အပေါင်းတို့အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ လိုအင်ဆန္ဒ တလုံးတဝ ပြည့်စုံကြပါစေနော်…။



#ရှူးရှူးပေါင်းအိုး
#နေလ-လူသုံးကုန်နှင့်မီးဖိုဆောင်ပစ္စည်းအမျိုးမျိုး

29/04/2023
26/08/2022

✨ မုန့်ဖုတ်စက်မလို၊ မုန့်ဖုတ်စက်မရှိလည်းဘဲ
အိမ်မှာ အလွယ်တကူလုပ်စားလို့ရမယ့်
💖 ဆနွင်းမကင်းအစုံ မုန့်လုပ်နည်းများ စုစည်းမှု 👇🏻😋

(၁) မုန်လာဥနီ ဆနွင်းမကင်း
https://www.facebook.com/108060428639584/posts/124347993677494/

(၂) ရွှေကြည် ဆနွင်းမကင်း
https://www.facebook.com/101909295946194/posts/111798774957246/

(၃) ပဲ ဆနွင်းမကင်း
https://www.facebook.com/107553438727566/posts/116976677785242/

(၄) ပိန်းဥ ဆနွင်းမကင်း
https://www.facebook.com/108340765302213/posts/117820637687559/

(၅) အာလူး ဆနွင်းမကင်း
https://www.facebook.com/106340672173576/posts/112888928185417/

(၆) ကန်စွန်းဥ ဆနွင်းမကင်း (ခရမ်းရောင်)
https://www.facebook.com/106340672173576/posts/118102320997411/

(၇) ဌက်ပျော ဆနွင်းမကင်း
https://www.facebook.com/101909295946194/posts/107521958718261/

(၈) ရွှေကန်စွန်းဥ ဆနွင်းမကင်း
https://www.facebook.com/109945531785348/posts/124310770348824/

#ဆနွင်းမကင်း #မုန့်
Crd : မူရင်းရေးသားသူရဲ့Fb Acc 👇
https://www.facebook.com/profile.php?id=100054717034496
Photo Crd : မိသားစု Online Cooking

25/07/2022
ကိုရီးယားထမင်းသုတ် (Bibimbap)* ပါဝင်ပစ္စည်းများ- ကြက်သား ၂၀ကျပ်သား- ဟင်းနုနွယ် ၁စည်း- မုန်လာဥနီ ၁လုံး- ငရုပ်ပွဝါ ၁လုံး- ...
12/12/2021

ကိုရီးယားထမင်းသုတ် (Bibimbap)

* ပါဝင်ပစ္စည်းများ
- ကြက်သား ၂၀ကျပ်သား
- ဟင်းနုနွယ် ၁စည်း
- မုန်လာဥနီ ၁လုံး
- ငရုပ်ပွဝါ ၁လုံး
- ပဲပင်ပေါက် ၅ကျပ်သား
- ရှီတာကီမှို ၃ပွင့်
- သခွါးသီး ၁လုံး
- ရေညှိရွက် ၁ရွက်
- ဆား အနည်းငယ်
- ကြက်ဥ ၃လုံး
- နှမ်းဖြူ, မဲ အနည်းငယ်
- ပဲငံပြာရည် အကြည် (သို့) တရုတ်ပဲငပိ
- ဆီ
- နှမ်းဆီမွှေး
- ငရုပ်ဆီ
- သကြား
- ဆန် ဗီနီကာ (Seasoned rice vineger)

* ပြုလုပ်ပုံ
- ကြက်သားကို ပါးပါးလှီး၍ ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊,နှမ်းဆီမွှေးတို့နှင့် နယ်
ပြီး ခဏနှပ်ထားပါ။
- ပဲပင်ပေါက်၊ ဟင်းနုနွယ်ကို ရေနွေးဖျောပြီး
ရေအေးစိမ်ရေစစ်ကာ နှမ်းဆီမွှေး၊ ဆားတို့
နှင့်နယ်ထားပါ။
- ကျန်အသီးအရွက်များကို အနေတော်
လှီးဖြတ်၍ ဆီအနည်းငယ်ဖြင့်၂ မိနစ်ခန့်
ကြော်ထားပါ။
- ရှီတာကီမှိုကို ရေစိမ်ပါးပါးလှီးပြီး ကြက်
သွန်နီ ခပ်ကြမ်းကြမ်းလှီးပြီး ပဲငံပြာရည်ဖြင့်
ကြော်ထားပါ။
- ကိုရီးယား ငရုပ်နှစ်ထဲသို့ ပဲငံပြာရည်၊ ဆန်၊ ဗီနီကာ၊ နှမ်းဆီထည့် မွှေထားပါ။
- အားလုံးအဆင်သင့်ဖြစ်လျှင် ထမင်းပူပူ
ပေါ်ကြက်သား၊ အသီးအရွက်များ၊
ရေညှိများ တင်ပါ။ ကြက်ဥကို အကာကျက် အောင်ကြော်ထည့်ပါ။ ငရုပ်နှစ်၊ နှမ်းဆီမွှေးထည့်ပါ။ နှံ့အောင်မွှေပြီး နှမ်းဖြူးကာ
သုံးဆောင်နိုင်ပါပြီ။
ကိုရီးယားကားကြည့်ရင် အစားချင်ဆုံးပဲ
လုပ်စားကြည့်နော်။

Crd : ချက်ကြည့်ကြစို့
ကျန်းမာရေးနဲ့ ဟင်းချက်နည်းများ လေ့လာနိုင်ရန် Page ကို Like & Follow လုပ်ထားနှိင်ပါတယ်။
👇👇👇https://www.facebook.com/swe.wholesale/

Address

Shop No. 13-14, Yar Pyae New Market, East Horse Race Course Road
Tamwe
11221

Alerts

Be the first to know and let us send you an email when နေလ တိုက်ခန်း၊ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share