April May

April May 💓

25/06/2025

ဂျပန်စာတိုက် (Japan Post) လုပ်ငန်းလိုင်စင် ပယ်ဖျက်ခံရ 🚚
ဂျပန်နိုင်ငံရဲ့ အကြီးဆုံး စာတိုက်လုပ်ငန်းဖြစ်တဲ့ Japan Post ဟာ အပြင်းထန်ဆုံး အရေးယူမှုကို ခံလိုက်ရပါတယ်။

အစိုးရက ကုမ္ပဏီရဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ကို ပယ်ဖျက်လိုက်တဲ့အတွက် ထရပ်ကားနဲ့ ပို့ဆောင်ရေးဗန်ကား အစီး ၂,၅၀၀ ကျော် ၅ နှစ်အထိ အသုံးပြုခွင့် ပိတ်ပင်လိုက်ပါတယ်။ 😱

အကြောင်းရင်းကတော့ ယာဉ်မောင်းတွေကို အရက်သောက်ထားခြင်း ရှိ၊ မရှိ စနစ်တကျ မစစ်ဆေးခဲ့တဲ့အတွက် အခုလို အပြင်းထန်ဆုံး အရေးယူခံလိုက်ရတာပါ။

ဒါဟာ ကုန်စည်ပို့ဆောင်ရေး ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်ပြီး ကုမ္ပဏီကြီးတစ်ခု ဒီလိုအရေးယူခံရတာ အလွန်ရှားပါးတယ်လို့ဆိုပါတယ်။

ကုမ္ပဏီဥက္ကဋ္ဌကတော့ ဒီအဖြစ်အပျက်အတွက် အလေးအနက် တာဝန်ယူပြီး နောက်နောင်ထပ်မဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ဂျပန်နိုင်ငံရဲ့ ကုန်စည်ပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

အရေးကြီးတဲ့စာရွက်စာတမ်းတွေ ပို့မယ်ဆို စောစောပို့ဖို့
အကြံပေးချင်ပါတယ်။🫶👨‍💻

22/06/2025

စစ်ပွဲထဲ အမေရိကန် ဝင်ပြီ...အမေရိကန် စတို-က်ပြီ 😱

"အမေရိကန်က အီရန်ကို ဝင်ရောက်တို-က်ခိုက်ပြီ"

အမေရိကန် စစ်လေယဥ်များက အီရန်နိုင်ငံရှိ နြူကလီးယားစီမံကိန်း စက်ရုံများရှိရာ သုံးနေရာအား ယနေ့မနက်က ဝင်ရောက်ဗုံ-းကြဲတို-က်ခိုက်ခဲ့ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။

အီရန်ရှိ တောင်တစ်ခုအောက်တွင် ပေရာပေါင်းများစွာတူး၍ တည်ဆောက်ထားသည့် ဖော်ဒိုအမည်ရ နြူကလီးယားစီမံကိန်းနေရာကို အမေရိကန်ပိုင်ဆိုင်ထားသည့် ဗုံ-းကြဲလေယဥ်များဖြင့် ပေါင်သုံးသောင်း အလေးချိန်ဗုံ-းများအသုံးပြုကာ တို-က်ခိုက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်က အီရန်ကိုတို-က်ခိုက်လာပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များအား လက်တုံ့ပြန်သွားမည်ဟု အီရန်ဖက်ကပြောဆိုထားပြီး၊ အယာတိုလာအလီခါမီနီကလည်း ၎င်းကျဆုံးသွားပါက ၎င်းကိုဆက်ခံရန် လူသုံးဦးကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

#အီရန်
#အမေရိကန်

14/06/2025
06/06/2025
27/05/2025
25/05/2025

ချစ်သူနဲ့အတူနေရဖို့ စပွန်ဆာသကြားဖေဖေဉီးလေးကြီးနဲ့ တူတူနေရဲတဲ့ အထက်တန်းကျောင်းသူလေး..
Zweman Hiro
ဒီတစ်ခေါက် ဂျပန်သတင်းကတော့ အပျိုဖော်ဝင်စမိန်းကလေးငယ်တချို့ရဲ့ အချစ်ကိုကိုးကွယ်လွန်ပြီး ရူးရူးမိုက်မိုက်မလုပ်သင့်တာကိုလုပ် သွေးဆောင်ဖျား‌ယောင်းလို့ရတဲ့အရွယ် မစဉ်းစားမဆင်ခြင်နိုင်တဲ့အရွယ်သာရှိသေးတာမို့ အသုံးချခံရလို့ခံရမှန်းမသိတဲ့ဘဝရောက်သွားခဲ့ရတာကို မိဘတွေလည်းသင်ခန်းစာယူ ဆုံးမသင်ကြားပေးနိုင်ဖို့ ဒါလေးကို ဘာသာပြန်လိုက်ပါတယ်.

ကော်ဖီဆိုင်ဝန်ထမ်း အဖြစ်လုပ်ကိုင်နေတဲ့ ၂၁နှစ်အရွယ်ကောင်လေးမှ ဆိုင်ကိုလာအားပေးတဲ့ အထက်တန်းကျောင်းသူအရွယ်မိန်းကလေးကို သကြားဖေဖေ(စပွန်ဆာအဘိုးကြီး)နဲ့တူတူနေခိုင်းလို့ အဆိုပါကောင်လေးကို ရဲကလာဖမ်းသွားပါတယ်.

ဒီကောင်မလေးကလည်း ကာစတမ်မာဆိုပေမဲ့ ဖွန်ကြောင်တဲ့သဘောနဲ့လာအားပေးပုံရပါတယ်.ရုပ်ရှင်ကားတွေကလို အထက်တန်းကျောင်းသူလေးက ရူးမိုက်ကြည့်ပုံပါ.
ဒါကိုအသုံးချလို့ရနိုင်မဲ့အရာအဖြစ်ရှုမြင်တဲ့ ဆိုင်ဝန်ထမ်းမှ ကျောင်းသူလေးကို ခုလိုပြောပါတယ်.
ဆိုင်ဝန်ထမ်း- မင်းနဲ့ငါအတူတူလောကမှာ နံပါတ်တစ်ဖြစ်ချင်တယ်.မင်းကလည်းကြိုးစားပေးမယ်ဆိုရင် ငါတို့အတူတူနေနိုင်မယ် ဆိုပြီးဖျားယောင်းအသုံးချပါတယ်.

အိခဲဘုခုရိုမှာဖွင့်ထားတဲ့ ဒီကော်ဖီဆိုင်ရဲ့ဝန်ထမ်းက ၁၇နှစ်အရွယ်ကျောင်းသူကို သူတို့၂ယောက်အတူနေနိုင်ဖို့ ငွေစုနိုင်ဖို့ စပွန်ဆာဘဲကြီး(သကြားဖေဖေ)နဲ့ တူတူနေပေးဖို့ဖျားယောင်းခဲ့ပြီး ဟိုတယ်ခေါ်ကာ သကြားဖေဖေနဲ့ လိင်ပိုင်းလုပ်ခိုင်းခဲ့တာပါ.

ဒီကနေ ယန်းတစ်သန်းခွဲလောက် သူရခဲ့ပါတယ်.
မိန်းကလေးရဲ့ နုံအချက်ကတော့ ကော်ဖီလည်းအားပေးရ ဘဝလည်းပျက်
ပိုက်ဆံတောင်ပြန်အမ်းရတာပါ. သူကတော့ ချစ်သူအတွက် ကြိုးစားပေးတယ်ထင်ပုံပါ .
ခုမှ အထက်တန်းကျောင်းသူ ၁၇နှစ်အရွယ်လေးပဲရှိပါသေးတယ်. ကိုယ်ဘယ်လိုဘဝရောက်သွားတာတောင် မမြင်တော့တဲ့ထိ ရူးမိုက်သွားတာပါ..

လူတွေကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မဟုတ်တာလုပ်တဲ့ လူငယ်အမျိုးသားကို ပြစ်တင်ရှုံချကြပါတယ်.
Zweman Hiro

24/05/2025

အခြားသူတွေတော့မသိဘူး … ကိုယ့်အတွက် တော့ တစ်ကားလုံးမှာ အကျိုးကြေရဆုံး စကားလုံးဟာ
" အရမ်းအပူပင်ကင်းတယ် " ဆိုတဲ့
Dialogue ပဲ
Mai ကို ရည်ရွယ်ပြီးပြောတာမျိုး မဟုတ်ရင်တောင် ချစ်ရသူဆီက လာတဲ့စကားဖြစ်တာကြောင့် အနာရှိတဲ့သူက စပ်မိမှာပဲ မဟုတ်လား ။
Mai ဟာ ဘဝဆိုးက လာခဲ့တာ …
Mai မှာ Trauma တွေရှိတယ် …
Mai ဟာ အပူတွေအရမ်းများခဲ့ရတာ ။
ဒါကို သူအသိဆုံးဖြစ်တယ် ။
ဝေးသွားချိန်မှာ သူကိုယ့်ကို မေ့နိုင်ဖို့ ကြိုးစားခဲ့တဲ့အရာဟာ တစ်ချိန်က သူသိပ်ကို ကာကွယ်ပေးချင်ခဲ့တဲ့ ကိုယ့်ရဲ့ အားနည်းချက်ကိုတဲ့လား ဆိုတဲ့ ခံစားချက်မျိုးရသွားနိုင်တာပဲ
သူ့ကိုအချစ်ပိုခဲ့တာဟာ အဲ့ဒီကာကွယ်ပေးချင်တဲ့ သူ့ရဲ့စိတ်ကြောင့်လေ
ရင့်ကျက်သန်မာပြီး မာနကြီးတဲ့ Mai ကို မျက်ရည်ကျသွားစေတာဟာ အဲဒီစကားကြောင့်လို့ ထင်မိတယ် ။
ကိုယ်ဆိုလည်း အဲ့လိုဖြစ်မှာပဲ
သိတယ်မို့လား … အားနည်းချက်တွေနဲ့လူပါလို့ ပြောခဲ့တာတောင် ရပါတယ် အဆင်ပြေပါတယ် ဆိုပြီး အတင်းချစ်ခဲ့သူက နောက်ဆုံးကိုယ့်ကို မေ့နိုင်သွားတာဟာ
ကိုယ်ယုံယုံကြည်ကြည်ချပြခဲ့တဲ့ အားနည်းချက်ကိုသုံးပြီးတော့တဲ့လေ
အဲ့ဒီအားနည်းချက်ကို သုံးပြီး သာတဲ့သူကို ရွေးသွားခြင်း ခံရရင်တော့ Mai ထက်ပိုပြီးခံစားရတာပေါ့
အနည်းဆုံးတော့ Mai က ဝေးမဲ့လမ်းကို ကိုယ်တိုင်ရွေးခွင့်ရခဲ့သေးတာပဲလေ။

(ဂရုအဟောင်းမှ User တဦးရဲ့ ပို့ကို ပြန်လည်တူးဖော်တင်ပြသည်။)

ဇာတ်ကားလင့်

CM App >>> https://www.cmapp.tv/?share=C2BD0B21A538AC3

CM Web>>> https://www.channelmyanmar.to/mai-2024/

23/05/2025

ထိုင်းမှာ ကူးစက်မှု ပြန်လည် မြင့်မားလာနေတဲ့ ကိုဗစ် ‼️

မေလ၂၁ရက်နေ့က ထုတ်ပြန်ထားသော သတင်းအရ ထိုင်းနိုင်ငံတွင် ၁ပတ်အတွင်း (မေ ၁၁မှ ၁၇အထိ) COVID-19 ကူးစက်မှု ၄၉,၀၆၅ ခု ရှိခဲ့ပြီး လာမည့် ၂-၃ လအတွင်း ဆက်လက်မြင့်တက်နိုင်ကြောင်း သိရပါတယ်။ 📈

--------------------------

အထူးသတိထားရမည့်သူများ ⚠️

- အသက် ၆၅ နှစ်အထက် လူကြီးများ
- နာတာရှည်ရောဂါရှိသူများ (ပန်းနာ၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ လေဖြတ်ဖူးသူများ)
- ကိုယ်ခံအားနည်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ အဝလွန်သူများ (BMI ၃၅ အထက်)
- အသက် ၃ နှစ်အောက်ကလေးငယ်များ

--------------------------

ကာကွယ်နည်းများ 😷

ကိုဗစ်နဲ့ အတူယှဥ်တွဲနေလာတာ ၅နှစ်ခန့် ရှိပြီ ဖြစ်ပေမယ့် ကာကွယ်နည်းလေးတွေကို ပြန်လည်မျှဝေပေးပါရစေခင်ဗျာ

1. နှာခေါင်းစည်း တပ်ပါ – လူထူထပ်သောနေရာများ (ဆေးရုံ၊ ဘတ်စ်ကား) တွင် အထူးသတိထားပါ။
2. လက်ကို မကြာခဏဆေးပါ – ဆပ်ပြာ/အရက်ပြန်ဖြင့် မကြာခဏ ဆေးကြောပါ။
3. နေမကောင်းလျှင် အိမ်တွင်နားပါ
4. နှစ်စဥ် covid ကာကွယ်ဆေးများထိုးနှံပါ။

--------------------------

အိမ်နီးနားချင်းနိုင်ငံမှာ ဖြစ်နေတဲ့အတွက် မြန်မာပြည်မှာလည်း အချိန်မရွေး ကူးစက်မှု မြင့်မားလာနိုင်ပါတယ်။ မြန်မာမှာနေသူတွေရော ထိုင်းမှာနေသူတွေရော မပေါ့ဆကြဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ 🇲🇲 🇹🇭

--------------------------

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast ‼️

Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

21/05/2025

TOEICစာမေးပွဲတွေကိုအခငွေယူလူစားထိုးဝင်ရောက်ဖြေဆိုနေသူကျိုတိုတက္ကသိုလ်ဘွဲ့လွန်တက်နေသူတရုတ်ကျောင်းသားအဖမ်းခံရ
==============
ကျိုတိုတက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသားဖြစ်တရုတ်နိုင်ငံသား Wang Likun (27) နှစ်ဖြစ်ပြီးအခကြေးငွေယူကာ TOEIC အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲ နေရာကို အခြားသူ၏ အစား အစားထိုးစာမေးပွဲ ဖြေဆိုရန် ရည်ရွယ်ချက်ဖြင့် စာမေးပွဲခန်းမတွင်းဝင်ရောက်မှုနဲ့ဖမ်းဆီးခံခဲ့ရပါသည်။

၁၈ ရက်နေ့က တိုကျိုမြို့ Itabashi Ward ရှိ TOEIC စာမေးပွဲစင်တာသို့ အခြားသူ၏အမည်ဖြင့် စာမေးပွဲဖြေခွင့်လက်မှတ်ကို တရားဝင်အကြောင်းပြချက်မရှိဘဲ ဝင်ရောက်လာခဲ့ပြီး
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အဆိုပါသံသယရှိသူသည် လွန်ခဲ့သည့်နှစ် ဇွန်လနှင့် ယခုနှစ် မတ်လတွင် တိုကျိုမြို့ရှိ နေရာများနှင့် အခြားနေရာများတွင် တရုတ်နိုင်ငံသားဟု ယူဆရသည့် အမည်နှစ်ခုဖြင့် သူ့ဓာတ်ပုံကို ဝင်ခွင့်လက်မှတ်မှာ ကပ်ထားကာ စာမေးပွဲတွေကို ဖြေဆိုခဲ့ကြောင်း သိရသည်။

ယခုလအစောပိုင်းတွင် Nogata Police Station သည် TOEIC အုပ်ချုပ်မှုကော်ပိုရေးရှင်းထံမှ "စာမေးပွဲကျင်းပနေစဉ်ခန်းမအတွင်း တရုတ်ဘာသာစကားများဖြင့်ပြောနေသူများရှိနေကြောင်း နှင့် "တရုတ်လူမျိုး စာမေးပွဲဖြေဆိုသူများသည် အမှတ် 900 ကျော်ရမှတ်များ သဘာဝလွန် မြင့်မားစွာရနေကြသည်" ဟူသောအချက်ကို သတင်းပေးလက်ခံရရှိခဲ့တာကြောင့်ဟုဆိုပါတယ်။

သံသယရှိသူအဆိုပါဘွဲ့လွန်တရုတ်ကျောင်းသားကို ဖမ်းမိသောအခါတွင် ၎င်း၏နှာခေါင်းစည်းအတွင်း၌ အရွယ်အစား ၃ မှ ၄ စင်တီမီတာခန့်ရှိသော မိုက်ခရိုဖုန်းကို ဝှက်ထားတားတာတွေ့ရပြီး စာမေးပွဲခန်းရှိ အခြားတရုတ်လူမျိုး များအားအဖြေများပြောပြရန်ရည်ရွယ်ထားပုံရပါသည်။
တက္ကသိုလ်ဘွဲ့လွန်ကျောင်းသားWang Likun က သူငွေရှာချင်လို့အခုလိုလုပ်မိတာပါဟု ဝန်ခံကြောင်းသိရပါတယ်။

အဆိုပါနေ့ကစာမေးပွဲဖြေဆိုသူ ၅၀ ခန့်တွင် ဖြေဆိုမည့်တရုတ်၁၅ဦးခန့်သည်ပျက်ကွက်ခဲ့ကြပြီးပျက်ကွက်သူများသည် သံသယရှိသူထံမှ အဖြေများကို ကြားနာရန် စီစဉ်ထားသော်လည်း တစုံတရာမှားယွင်းနေကြောင်း သတိပြုမိပြီး ပျက်ကွက်ခဲ့ကြတာဖြစ်နိုင်ကြောင်းလည်းရဲဌာနက ဆိုပါတယ်။
မေလ20 ရက်နေ့တွင် နိုဂတရဲစခန်းမှ သူ့အား ပိုင်နက်ကျူးလွန်မှု၊ အတုအပပြုလုပ်မှု၊ တံဆိပ်ပါသော ကိုယ်ပိုင်မဟုတ်စာရွက်စာတမ်းကို အသုံးပြုမှုစသည်တို့ဖြင့် တိုကျိုခရိုင် ပြည်သူ့အစိုးရရှေ့နေများတရားရုံးသို့ ပေးပို့ခဲ့သည်ဟုဆိုပါသည်။
#ဂျပန်

13/05/2025

ဂျပန်မှာ တကယ့်လက်တွေ့နဲ့ မြန်မှနိုင်ငံကဂျင်းများ👀

-မြန်မာမှာသင်ခဲ့ရတယ် ဂျပန်တွေက အသက်မေးတာမကြိုက်ဘူးတဲ့
(အမလေးးးး စရောက်တာနဲ့ အသက်ဘယ်လောက်လဲကအရင်စမေးတာ သူတို့အသက်လည်းပြောပြကြပါတယ်)

-မြန်မာနိုင်ငံမှာ ကိုယ်သင်ခဲ့ရတဲ့ တစ်ချို့စကားလုံးတွေက ဂျပန်မှာ လက်တွေ့စကားပြောနေတဲ့ အသုံးနှုန်းတွေနဲ့ အနည်းငယ်ကွဲပါတယ်

-ဂျပန်လူမျိုးတွေက အချိန်တိကျတယ်
(အမြဲနောက်ကျတတ်တဲ့သူတွေရှိတယ် ပြီးတော့ သူ့ရဲ့အလုပ်ချိန်ကို ကြိုဖုန်းဆက်အကြောင်းကြားတာမျိုးမဟုတ်ဘဲနဲ့ အလုပ်မလာလို့ ကျန်တဲ့သူတွေဒုက္ခရောက်ခဲ့ရတာမျိုးတွေတောင်ရှိခဲ့ဖူးတယ်)

-ဂျပန်လူမျိုးတွေက အလုပ်ကြိုးစားတယ်
(အလုပ်ထဲမှာ အချောင်ခိုတဲ့လူတွေ အများကြီးဆိုတာ ဒီရောက်ရင်သိလာလိမ့်မယ်)

-ဂျပန်လူမျိုးတွေက တိကျတယ်
(ဒါတော့မှန်တယ် စာအုပ်ကြီးတိုင်းတွေ ကိုယ်သိတဲ့နည်းက ပိုကောင်းလို့ သူတို့ကိုအဲ့နည်းအတိုင်းလုပ်စေချင်လည်းမရဘူး သူတို့နည်းဘဲအချိန်ကုန်ခံလုပ်တယ်)

-ဂျပန်လူမျိုးတွေက သဘောကောင်းကြတယ်
(အပြင်ပန်းမှာ အင်မတန်သဘောကောင်းကြပါတယ် အဲ့ထဲကအများစုကတော့ ကွယ်ရာရောက်ရင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အတင်းတုပ်ကိုတုပ်ပါတယ်)

-ဂျပန်က ကမ္ဘာ့အလုပ်ခြုံဆုံးနိုင်ငံတဲ့
(လက်တွေ့မှာတော့ ခဏခဏ အကြောင်းပြချက်မရှိ လူသ*တ်မှုတွေဖြစ်နေတယ် နွေရာသီရောက်ရင်ပိုဆိုးပါတယ် စိတ္တ*ဇလူသ*တ်သမားတွေ ပေါ်ပေါ်လာတယ်)

-ဂျပန်တွေကစိတ်ရှည်တယ်
(ရှည်တဲ့သူတွေရှည်ကြပါတယ် အများစုကတော့ အဲ့လိုမဟုတ်ဘူး လူသစ်ရောက်လာလို့ အလုပ်အကြောင်းသင်ပေးရရင် သူတို့မသင်ပေးချင်ဘူး မြန်မာတွေချည်း လက်လွှဲတာ ဂျပန်လူမျိုးဝန်ထမ်းအသစ်ရောက်လာလည်း ဂျပန်တွေအချင်းချင်းသင်မပေးဘူး မြန်မာတွေဘဲသင်ပေးရတယ် အကုန်တတ်သွားရင်လည်း ရင်ဝကိုခြေစုံကန်ပြီး ဆရာမကြီးဖြစ်သွားရော)

-ဂျပန်‌တွေက အသံကျယ်ကျယ်နဲ့ စကားပြောတာမကြိုက်ဘူး
(အလုပ်ထဲမှာတော့ အဒေါ်ကြီးတွေအဆိုးဆုံးဘဲ လူငယ်လေးတွေကတော့ငြိမ်ကြပါတယ်)

-ဂျပန်တွေအရမ်းဉာဏ်ကောင်းတယ်
(အလုပ်ထဲကဂျပန်အယောက်၄၀ရှိရင် ၃၉ယောက်က အင်္ဂလိပ်လို မတတ်ဘူး တော်ရုံအင်္ဂလိပ်စာမတတ်တာ လက်ခံပေးလို့ရသေးတယ် ကိုယ်နဲ့တန်းတူရွယ်တူ ဘွဲ့ရထားတဲ့သူက အခြေခံအင်္ဂလိပ်စာ twenty ထက်ကျော်ရင် သူတို့မသိတော့ဘူး)
တော်တဲ့သူတွေလည်းရှိမှာပါ ကိုယ့်အလုပ်ထဲမှာတော့မရှိဘူး ကိုယ်ကအင်္ဂလိပ်သီချင်းလေးများ လွှတ်ခနဲဆိုမိရင် သူတို့မှာအထင်တွေကြီးလို့🤣

-ဂျပန်တွေက တာဝန်ယူချင်စိတ်ရှိတယ်
(နိုးနိုး ဘော်လီဘောလိုဘဲ ပုတ်နေကြတာ သူ့အမှားကို ကိုယ့်အမှားဖြစ်အောင်လုပ်တတ်တယ် အလုပ်ထဲမှာဆို ခဏခဏခံရတယ် ကိုယ့်ဘက်ကသက်သေပြနိုင်မှကိုရတာ မဟုတ်ရင် အတင်းတုပ်ပြီဘဲ သက်သေပြနိုင်လို့ ကိုယ်မှန်နေပြန်ရင်လည်း ရီပြီး"အယ်...ဟုတ်သားဘဲ"နဲ့ကိစ္စက ပြီးသွားရော)

-ဂျပန်နိုင်ငံနေလို့ ပိုက်ဆံအိတ်ပြုတ်ကျခဲ့ရင် အဲ့နေရာမှာဘဲပြန်တွေ့တယ်
(အဲ့လိုတွေ့တဲ့အခါလည်း ရှိကောင်းရှိပါမယ် အခုဂျပန်ကအရင်ခေတ်နဲ့မတူတော့ဘူး လူမျိုးပေါင်းစုံနေတော့ ဘယ်သူကိုယ်ကျင့်တရားဖောက်လည်းမသိရဘူး ရဲစခန်းကလည်း သေချာမဖြေရှင်းပေးနိုင်ဘူး ဂျပန်ကရဲတွေက မြန်မာဇာတ်ကားထဲက ရဲမြညွန့်‌တို့နဲ့ နင်လားငါလားဘဲ စက်ဘီးအခိုးခံရလို့ ရဲစခန်းသွားတိုင်တယ် ဘာမှလုပ်မပေးဘူး စက်ဘီးထားတဲ့‌ေနရာကိုမြင်ရတဲ့ CCTVလည်းရှိတယ် နောက်တစ်ကြိမ်ထပ်ပြီးအခိုးခံရပြန်တယ် အားကိုးပြီးတိုင်ပါတယ်ဆိုမှ ဘာမှလုပ်မပေးတော့ အဆုံးဘဲခံလိုက်ရတယ်)

-ဂျပန်တွေကယဉ်ကျေးတယ်
(အလုပ်ထဲမှာကျ လင်မယားလိုပေါင်းပြီး အပြင်ကျ အချင်းချင်း တစ်ခါမှမဆုံဖူးကြတဲ့လူတွေလိုဘဲ အခုရီပြချိုသာပြီး ခဏနေရင် အကြောင်းပြချက်မရှိ ကိုယ့်ကိုဘဲ စိတ်ကောက်နေသလိုလိုတွေ ပေါကြောင်ကြောင်လည်း လုပ်တတ်တယ်)

-ဂျပန်တွေက ချီးကျူးတတ်တယ်
(တစ်ခုခုဆို သေးသေးလေးလုပ်နိုင်ရင်တောင် すごいဆိုပြီး ချီးကျူးတတ်ကြတယ် တကယ်မထင်လိုက်နဲ့နော် အမိတို့ မှားသွားမယ် ဟန်ဆောင်ချီးကျူးတာတွေပါ)

-ဂျပန်တွေက Communicationကောင်းကြတယ်
(မှန်ပါတယ် တစ်ချို့သူတို့တော်တဲ့နေရာ ထပ်ရှိသေးတယ် မြန်မာကနေ ချစ်ချစ်ခင်ခင်နဲ့ရောက်လာတဲ့ သူငယ်ချင်းတွေကို သွေးခွဲတတ်တဲ့ပညာ သူတို့တတ်တယ် "နင်ကလေ သူ့ထက်ပိုတော်တယ် သူကဘလာဘလာ #$@... ငါကနင့်ကိုအခင်ဆုံးဘဲသိလား" ဆိုတာကပါသေးတယ်)

-ဂျပန်ကဆေးပညာတော်တယ်
(အင်းပါ လက်ခံပါတယ် ဒါမယ့် နေမကောင်းလို့ဆေးခန်းသွားတာ ဘိုကင်ယူရင်း အဖျားပျောက်သွားလောက်အောင်ထိ တော်ကြပါတယ် ဘိုကင်ခဏခဏယူရင်ကို အဖျားပျောက်တဲ့ မှော်အတတ်တွေပါ တတ်မယ်ထင်တယ် တစ်ခါတလေဆို ဘိုကင်ရတဲ့ရက်မှ ကိုယ်ကဖျားပေးရမလိုလို)

-ဂျပန်မှာ ဘာသာမဲ့တွေပေါပါတယ်
(အလုပ်ထဲမှာတော့ တန်ခိုးကြီးတဲ့သူတွေ ပေါတယ် ဘယ်ပုဂ္ဂိုလ်ကို ကိုးကွယ်လို့ကိုးကွယ်ရမှန်းမသိဘူး အကုန်တန်ခိုးရှင်တွေချည်းဘဲ)

ဒါတောင် လက်တွေ့ဘဝနဲ့ရင်တွင်းဖြစ်တွေကျန်သေးတယ် လက်ညောင်းလာလို့ဆက်မရေးတာ

ခြောက်‌ပြောနေတာမဟုတ်ဘူးနော် အဲ့တာတွေက ကိုယ်တွေ့တွေ

ဒါ‌ပေမယ့်ဂျပန်ကိုလာခဲ့ပါ
အခုမြန်မာနဲ့ယှဥ်ရင်တော့ ပိုကောင်းပါတယ်
ရွေးချယ်ဖို့ကိုယ့်မှာ အခွင့်ရေးရှိရင်တော့ အခြားတစ်နေရာကိုရွေးခြယ်ပါ

ကိုယ်ကတော့ ဒီလို ဂျပန်လူနေမှုဘဝကို စိတ်ကုန်‌လို့ တစ်နေရာပြောင်းဖို့ စိတ်ကူးနေမိပါပြီ

✍️Sandi’s Home
#စန္ဒီ့အိမ်🍀

#စန္ဒီ့အိမ်🍀

Address

14/Ka Thazin 2 Road
Taunggyi

Telephone

09776743489

Website

Alerts

Be the first to know and let us send you an email when April May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share