Eaint Moe - ILearning Center

Eaint Moe - ILearning Center We Presents: The Best In You !! To offer quality online courses giving you The Knowledge to build A Business to be Really Successful.

Online မှာ လူအများရဲ့ယုံကြည်မှုကိုရတဲ့ခိုင်မာတဲ့
Business တစ်ခုအောင်မြင်အောင်တည်ဆောက်ချင်သူ
တွေအတွက် ရောင်းအားတက်ချင်သူများအတွက်
နည်းလမ်းတွေမျှဝေပေးတဲ့နေရာ ကူညီပေးတဲ့
နေရာလေးဖြစ်ပါတယ်ခ။

To provide quality Coaching, Training & Consulting for you to creating success & happiness in your Business, Health, Wealth & Relationships.

22/08/2026

အမြဲတမ်းထင်ကျန်နေမှာက
အတူတူရှိခဲ့တဲ့ချိန်မှာ
ဖြစ်ပေါ်တဲ့စိတ်ခံစားချက်နဲ့
အမှတ်တရလေးများပါခ 💕

တစ်နှစ်ဆိုတဲ့အချိန်က
အရမ်းမြန်တယ်ပန်းရေ
အတူတူရှိခဲ့တဲ့ချိန်ကို
ချယ်အရမ်းတန်ဖိုးထားတယ်ခ
အရမ်းလဲချစ်တယ်
အရာအားလုံးအတွက်
အရမ်းကျေးဇူးတင်တယ်ခ
ပန်းက ထာဝရချယ့်ရဲ့
မိသားစုပါခ 🫂😘

Video ကစကားပြောပါလိမ့်မယ်ခ🥰




22/08/2026

အနားမှာမရှိပေးနိုင်လို့
ကိုယ်ပွားလေးတွေနဲ့
အချစ်တွေကိုအဝေးကနေပဲ
ပို့ပေးလိုက်ပါတယ် ပန်းရေ 💖

အရမ်းချစ်တယ်နော်ခ 😘
ပန်းဒီနှစ်မွေးနေ့ကစပြီး
ပိုကျန်းမာပါစေ✨
ပိုပျော်ရွင်ပါစေ✨
ပိုအေးချမ်းပါစေ✨
ပိုတောက်ပပါစေ✨
ပိုကျစ်လစ်လှပပါစေ✨
ပိုအောင်မြင်ပါစေ✨
ပိုပြည့်စုံပါစေ✨
ပိုအချစ်ခံရပါစေ✨
ပိုပြီးလူတွေကိုကူညီနိုင်ပါစေလို့
ချယ်ဆုမွန်ကောင်း
တောင်းပေးပါတယ်ခ 🙏😇

Love You & Support You Always 🥰

ပါဝင်အားဖြည့်ပေးတဲ့
ထိုင်းကအမျိုးတွေအားလုံး
ကျေးဇူးပါခ Love You All 💛




Happy Birthday " Pan Lay " 🎂✨🥳iLearning Academy မိသားစုဝင်" Coach Pan - TikTok Marketing Expert " ရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့...
22/08/2026

Happy Birthday " Pan Lay " 🎂✨🥳

iLearning Academy မိသားစုဝင်
" Coach Pan - TikTok Marketing Expert " ရဲ့
ပဲ့ကိုင်ရှင်ဖြစ်တဲ့ Pan Lay
ဒီနေ့ ကျရောက်တဲ့မွေးနေ့
ရက်မြတ်လေးကစပြီး
စိတ်​၏အေးချမ်းခြင်း
ကို​ယ်​၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး
အမှန်တကယ်ကြိုးစားတဲ့သူတွေရဲ့ စံနမူနာ
အင်အားကြီးမားတဲ့ အလင်းတန်းကြီးဖြစ်ပါစေ ✨
ရောင်းအားတွေလဲ အဆ 100 တိုးပြီး✨
အောင်မြင်တဲ့ Leader ကောင်းများ
မြောက်မြားစွာမွေး ထုတ်နိုင်ပါစေ ✨
လူအများရဲ့ လေးစားမှု အချစ်ကိုအပြည့်အဝ
လက်ခံရသူ အပျော်ရွင်ဆုံးလူသားဖြစ်ပါစေ✨
ဆန္ဒ နဲ့ ဘဝ တစ်ထပ်တည်းကျပါစေခ ✨
လို့ ချယ်အိမ့်နဲ့ iLearning မိသားစုက
မွေးနေ့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်ခ 🙏🥰

We Love , We Learn & We Lead ✍️
We are iLearning Family 💛



အိမ့် 32 နှစ်ထိ ဆွဲကိုင်ထားတဲ့ယုံကြည်မှု နှင့် နှလုံးသွင်းမှုများ ✍️ #1ကိုယ့်ကိိုကိုယ်အစစ်အမှန်အပြည့်အဝချစ်တတ်လာတဲ့ခါ တခ...
21/08/2026

အိမ့် 32 နှစ်ထိ ဆွဲကိုင်ထားတဲ့
ယုံကြည်မှု နှင့် နှလုံးသွင်းမှုများ ✍️

#1
ကိုယ့်ကိိုကိုယ်အစစ်အမှန်
အပြည့်အဝချစ်တတ်လာတဲ့ခါ
တခြားသူဆီကအချစ်က
ရလဲကောင်းတယ် မရလဲ
ဘာမှမဖြစ်တော့ဘူး။

#2
ကျန်းမာတဲ့ခါ လုပ်ရမယ့်အလုပ်တွေက
အရမ်းများတယ် မကုန်နိုင်ဘူး
မကျန်းမာတဲ့ခါ အလုပ်က
တစ်ခုပဲကျန်တယ်
ကျန်းမာအောင်ကြိုးစားဖို့တစ်လုပ်ပဲခ။

#3
တကယ်ပေးကမ်းတတ်တဲ့
နှလုံးသားပိုင်ဆိုင်သူသည်
ပေးနေရခြင်းကသာ
ပျော်ရွင်မှုဖြစ်သည်။

#4
မိတ်ဆွေစစ်ဆိုတာ
ကိုယ့်နိမ့်ကျတဲ့ချိန်ပဲကူညီတဲ့သူမဟုတ်ဘူး
ကိုယ်တိုးတက် အောင်မြင်တဲ့ချိန်
ကိုယ့်ကိုတကယ်ဂုဏ်ပြုပေးပြီး
ကိုယ့်ထက်တောင်ပိုပျော်တဲ့သူမျိုးပါ။
(ကိုယ့်ဆီကိုဘာမှ မမျှော်လင့်သူ)

#5
တကယ်အပြောကောင်းတဲ့သူက
ပြောတတ်မယ်လို့မဆိုလိုဘူး
အပြောကောင်းဖို့ထက် တဖက်က
ကြားချင်တာ နဲ့ တဖက်သူအတွက်
အကျိုးရှိတာကို ပြောတတ်ဖို့လဲလိုတယ်။

#6
အပြင်ကသူတွေအပေါ်မကောင်းခင်
အိမ်ထဲကသူကိုအရင်ကောင်းပေးရမယ်
အောင်မြင်မှုအစစ်အမှန် ကိုရရှိဖို့
​အိမ်ထဲမှာ အရင်အောင်မြင်ရမယ်။

#7
ကိုယ့်ဘဝကိုဘယ်သူမှ
တာဝန်လာယူပေးမှာမဟုတ်ဘူး
ကိုယ်တိုင်ပဲ 100% တာဝန်ယူရမှာပါ။

#8
လူတွေကကိုယ့်ဘဝ ကိုယ့်အကြောင်းကို
စိတ်ဝင်စားကြတာမဟုတ်ဘူး။
ကိုယ်ဘယ်လိုလုပ်လို့
အောင်မြင်သွားတာလဲဆိုတဲ့
နည်းလမ်းတွေကိုပဲစိတ်ဝင်စားကြတာပါ။

#9
တခြားသူရဲ့ အောင်မြင်မှုကို ဝမ်းသာပေးပါ။
ကိုယ်လဲ ဒီထက်ပိုပြီး ပျော်ရွှင်ရပါလိမ့်မယ်။

#10
ပြဿနာတွေအခက်အခဲတွေနဲ့
ကြုံလာတဲ့ခါ ရင်ဆိုင်လာရတဲ့ခါ
ငါ့နေရာဆိုရင် သူ့နေရာဆိုရင်
အပြင်လူတစ်ယောက်ဆိုရင်
ငါအရမ်းချစ်တဲ့သူဆိုရင်
ငါလေးစားအားကျရတဲ့သူဆိုရင်
ဆိုပြီး (5) ​နေရာကနေကြည့်ပြီး
တွေးပါ ဖြေရှင်းပါ။

#11
ငွေကိုချစ်မြတ်နိုးမှပဲ
ငွေကလဲကိုယ့်ကိုချစ်မယ်။
ငွေအပေါ်ကိုယ်ထားတဲ့ Mindset က
ကိုယ့်ဘဝ ကိုယ့်ရဲ့ဝင်ငွေအပေါ်
အများကြီးသက်ရောက်မှုရှိတယ်။

#12
ကိုယ်ခုရနေတဲ့ရလဒ်တွေဟာ
အတိတ်ကကိုယ့်ရွေးချယ်မှုပဲဖြစ်တယ်
အနာဂတ်မှာကိုယ်ဘယ်လိုရလဒ်မျိုးရမလဲ
ကိုယ့်ရဲ့လက်ရှိရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်ပေါ်
အများကြီးမူတည်နေပါတယ်။

#13
အခြေအနေတွေတိုင်း လူတိုင်းကို
အပြစ်တင်မယ့်အစား
ကိုယ့်ကိုကိုယ်အပြစ်တင်ပါ
ကိုယ့်ရဲ့ Power ကိုယ့်လက်ထဲရောက်လာပြီး
ကိုယ်ဖြေရှင်းနည်းတွေ့လာပါလိမ့်မယ်။

#14
လောကမှာ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဟာ
ကိုယ့်ရဲ့ကျန်းမာရေး, ကိုယ့်ရဲ့ပျော်ရွင်မှု နဲ့
အသိပညာပေါ် ရင်းနှီးမြှုပ်နှံခြင်းဖြစ်တယ်။

#15
ရှင်းလင်းတဲ့ပန်းတိုင်ရှိခြင်း နဲ့
ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချနိုင်ခြင်းက
ကိုယ့်ရဲ့ Goal ဆီမြန်မြန်ရောက်စေတယ်။

#16
ဘဝမှာကိုယ်မတိုးတက်အောင်
တားဆီးထားတဲ့အရာဟာ
ကိုယ့်ရဲ့အကြီးမားဆုံးရန်သူဟာ
ကိုယ့်ရဲ့ သံသယစိတ် နဲ့
ကြောက်စိတ်ပဲဖြစ်တယ်။

#17
မေးခွန်းသည်အဖြေဖြစ်သည်။
ဘာမေးသလဲ အရေးကြီးသလို
ဘယ်ချိန်မှာ ဘယ်လိုပုံစံမေးတာလဲ
ကလဲ အရေးကြီးပါတယ်။

#18
ကိုယ့်ရဲ့မသိစိတ်က Auto လုပ်မိနေတဲ့
အရာတွေနဲ့ အပြုအမူတွေဟာ
ကောင်းနေဖို့ ကိုယ်လိုချင်တဲ့ဘဝနဲ့
တသားတည်း ဖြစ်ဖို့ Align ဖြစ်ဖို့
အရေးကြီးပါတယ်။

#19
ကိုယ်ဘာရမလဲဆိုတဲ့စိတ်နဲ့စာရင်
ကိုယ်ဘာပေးနိုင်လဲဆိုတဲ့စိတ်နဲ့လာပါ။

#20
ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့စိတ်ခံစားချက်
ကို အထူးဂရုစိုက်ပါ
ကမ္ဘာပေါ်မှာကိုယ်တကယ်နေလို့ရတာ
အဲ့ခန္ဓာကိုယ် ဒီစိတ်နှလုံးသားအိမ်
ဒီတစ်နေရာပဲရှိတယ်။

#21
အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဟာ
မစခင်တည်းက ခေါင်းထဲမှာ
အရင် အောင်မြင်ပြီးသားပါ။

#22
Perfect ဖြစ်တဲ့ထိမစောင့်ပါနဲ့
ရှိတဲ့အရင်းအမြစ်ကိုအပြည့်အဝသုံးပြီး
ချက်ချင်းထလုပ်ပါခ
Perfect ဆိုတာတကယ်တော့မရှိပါဘူး။

#23
ကိုယ့်ရဲ့ ပထမဆုံး Real Fan က
ကိုယ်ပဲဖြစ်ရမယ်။
လူတွေကိုယ့်ကိုသဘောကျလား
အရေးမကြီးဘူး ကိုယ့်ကိုကိုယ်
သဘောကျဖို့ပဲအရေးကြီးတာပါ။

#24
ပျော်ရွင်မှုကို တခြားသူဆီကမရှာပါနဲ့
ကိုယ်တိုင် တည်ဆောက်ယူပါ။

#25
ကိုယ်ရှိတာပဲ သူများကိုပေးလို့ရတယ်
ကိုယ်ဘာလိုချင်လဲ
အဲ့ဒီအရာကို ကိုယ်အရင်ပေးပါ။

#26
Online Business နဲ့ Online Branding ဆိုတာ
သိန်းပေါင်း 1000 ချီ 10000 ချီ
ရှာပေးနိုင်တယ်။

#27
အရာအားလုံး ဆုံးရှုံးလို့ရတယ်
ယုံကြည်မှုကိုတော့
အဆုံးရှုံးခံလို့မရဘူး။

#28
ယုံကြည်မှုဆိုတာ သူများလာပေးလို့
ရနိုင်တဲ့အရာမျိုးမဟုတ်ဘူး
အောင်မြင်မှုသေးသေးလေးတွေ
လုပ်နိုင်ရာကနေ ပိုင်ဆိုင်လာရတဲ့
ကိုယ်တိုင်တည်ဆောက်ယူရတဲ့
အရာမျိုးပါခ။

#29
ကြိုးစားအားထုတ်မှုဆိုတာ
တိုက်ဆိုင်မှုကြောင့်ဘယ်တော့မှ
ဖြစ်ပေါ်လာမှာမဟုတ်ဘူး
တကယ်လေးနက်တဲ့စိတ်ဆုံးဖြတ်ချက်နဲ့
လက်တွေ့ဆက်တိုက်လုပ်ဆောင်မှုရှိမှ
ဖြစ်ပေါ်လာတာမျိုးပါခ။

#30
ကိုယ်စိုက်ပျိုးထားတာကိုပဲ
ကိုယ်ပြန်ရိတ်သိမ်းရမယ်။

#31
ကျေးဇူးတရားကို ရင်ထဲ နှလုံးသားထဲကနေ
သိတတ်နေခြင်းက ကံကောင်းခြင်းတွေကို
ယူဆောင်လာပေးပါတယ်ခ။

#32
စိတ်ရော လူရောကျန်းမာခြင်း ဆိုတာ
ကိုယ့်ဘဝရဲ့ အခြမ်းတိုင်းအတွက်
လိုအပ်တဲ့ အခြေခံအုတ်မြစ်ဖြစ်တယ် ✍️
( အိပ်ကောင်း + စားကောင်း + လုပ်ကောင်း
+ စိတ်ကောင်း + လူကောင်း +
ပတ်ဝန်းကျင်ကောင်း = ဘဝကောင်း )

Bonus ✨
#33
လူတွေကဘယ်လိုလူနားမှာနေချင်တာလဲဆိုရင်
အမြင်ချမ်းသာမှုပေးသူ✨
အကြားချမ်းသာမှုပေးသူ✨
ခံစားချက်ချမ်းသာမှုပေးသူ✨
အနားမှာပဲနေချင်ကြတာပါခ 💛

ကိုယ့်အနားမှာရှိတဲ့သူတွေက
ကိုယ့်ကြောင့် အမြင် အကြား ခံစားချက်
ချမ်းသာနေပြီလား ပြန်ဆန်းစစ်ကြပါနော်ခ 🙏

21.8.2026 ✍️
ချယ်အိမ့် 32 နှစ်ပြည့်
မွေးနေ့ အမှတ်တရ မျှဝေမှု 💛

ဆန္ဒမွန်ဖြင့် အိမ့် 😇



ဒီနေ့ကျရောက်တဲ့ 32 နှစ်ပြည့်မွေးနေ့ကို အရိုးရှင်းဆုံး အပျော်ရွင်ဆုံး ချစ်ရတဲ့မိသားစုနဲ့ဖြတ်သန်းခဲ့ပါတယ်ခ ✍️ 🎂😇🎁💖✨🎉🏃‍♀️🌳🥰...
21/08/2026

ဒီနေ့ကျရောက်တဲ့ 32 နှစ်ပြည့်မွေးနေ့ကို
အရိုးရှင်းဆုံး အပျော်ရွင်ဆုံး
ချစ်ရတဲ့မိသားစုနဲ့
ဖြတ်သန်းခဲ့ပါတယ်ခ ✍️

🎂😇🎁💖✨🎉🏃‍♀️🌳🥰

ကိတ်နဲ့ မွေးနေ့လက်ဆောင်ပို့ပေးတဲ့
တစ်ဦးတစ်ယောက်ချင်းစီတိုင်း
ကျေးဇူးအထူးတင်ပါတယ်ခ 🙏🥰

ဒီနေ့ မွေးနေ့ရက်မြတ်မှာ
မွေးနေ့ဆုတောင်းပေးတဲ့
တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
Chat တွေ မန့်တွေမပြန်နိုင်သေးလို့
ဒီကနေပဲ အားလုံးကို အထူး
ကျေးဇူးတင်လိုက်ပါတယ်ခ 🙏
အားလုံး စိတ်​၏အေးချမ်းခြင်း
ကိုယ်​၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး
ပေးလာတဲ့ဆုလာဘ်တွေတိုငိး
အားလုံးစီကို အဆ 1000 , 10000 ,
100000 , 1 သန်းမက
အားလုံးစီ ပြန်ရောက်ကြပါစေခ 🙏😇✨

Lot of LOVE ..... Eaint ✍️💛




21/08/2026

ဒီနေ့ပြုတဲ့ ကောင်းမှုအစုစု
အမျိုး နဲ့ Youngest တို့အားလုံး
ကုသိုလ်ထပ်တူရကြပါစေခ 🙏💛


#မွေးနေ့အလှူ

အမေက အစောကြီးသူသမီးလေးစီဖုန်းဆက်ပြီးမွေးနေ့မှာပျော်ရွင်ပါစေ✨နေကောင်းကျန်းမာ စိတ်ချမ်းသာပြီး" အလကားဘာမှမလုပ်ထိုင်နေလဲ    ...
21/08/2026

အမေက အစောကြီး
သူသမီးလေးစီဖုန်းဆက်ပြီး
မွေးနေ့မှာပျော်ရွင်ပါစေ✨
နေကောင်းကျန်းမာ စိတ်ချမ်းသာပြီး

" အလကားဘာမှမလုပ်ထိုင်နေလဲ
ငွေဝင်ပါစေ " တဲ့လေ 🤔✨
သူ့သမီးအကြောင်းသိ😝

မယ် နဲ့ ပေါကို ဖုန်းထဲကနေပဲ
ကန်တော့လိုက်ပါတယ်ခ 🙏
သမီးကိုမွေးပေးလို့ ကျေးဇူးပါခ 🥰
Lot of LOVE 💕💕💕




20/08/2026

Birthday Morning Be Like 🏃‍♀️💖✨

မွေးနေ့ရှင်လေးအတွက်
တစ်ယောက်တစ်ခွန်းလောက် ✍️🥰



20/08/2026

Best Wishes Everyone 😇💛✨

အားလုံးပေးလာတဲ့
မွေးနေ့ဆုတောင်းတွေတိုင်း
အားလုံးစီကို အဆ 1000,100000
ပြန်ရောက်ပါစေခ 🙏🥰




Address

Taunggyi

Opening Hours

Monday 09:15 - 22:45
Tuesday 09:15 - 22:45
Wednesday 09:15 - 22:45
Thursday 09:15 - 22:45
Friday 09:15 - 22:45
Saturday 09:15 - 22:45
Sunday 09:15 - 22:45

Telephone

+959444239156

Alerts

Be the first to know and let us send you an email when Eaint Moe - ILearning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eaint Moe - ILearning Center:

Shortcuts

Share