29/07/2026
❝ တရားရတနာ၊ သံဃာရတနာ စတင်ပေါ်ထွန်းခဲ့တဲ့ မွန်မြတ်လှတဲ့ သမိုင်းဝင် အခါတော်နေ့ 📜🖋️ ❞
ခရစ်နှစ် သက္ကရာဇ် - ၂၀၂၆ ခုနှစ်✨
ဇူလိုင်လ (၂၉) ရက်နေ့✨
လွန်လေပြီးတဲ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ရဲ့ ညချမ်းမှာ မြတ်စွာဘုရားရှင်ဟာ မိဂဒါဝုန်တောအုပ်အတွင်းမှာ ပဉ္စဝဂ္ဂီ ၅ ပါးတို့အား ပထမဆုံး တရားတော်ဖြစ်တဲ့ "ဓမ္မစကြာတရားတော်" ကို စတင်ဟောကြားတော်မူခဲ့ပါတယ်။ ဒါ့ပြင် ဝါဆိုလပြည့်နေ့ဟာ ဘုရားအဖြစ်သို့ ရောက်တော်မူခြင်း၊ ဓမ္မစကြာတရားတော် စတင်ဟောကြားခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်ခြင်းနဲ့ ဂေါတမဗုဒ္ဓလောင်းလျာ ပဋိသန္ဓေယူတော်မူခြင်းဆိုတဲ့ "စက်လေးပါး ကြုံကြိုက်ရာ" ထူးခြားမွန်မြတ်လှတဲ့ သမိုင်းဝင် အခါတော်နေ့ကြီးလည်း ဖြစ်ပါတယ်ရှင်။
တရားရတနာ၊ သံဃာရတနာ စတင်ဖြစ်ပေါ်ပြီး ရတနာသုံးပါး စုံလင်စွာ ပေါ်ထွန်းခဲ့တဲ့ ဒီလို မဟာကုသိုလ်များ တိုးပွားရာ အခါတော်နေ့မှာ “ အောင်ပန်းဖြူ ပုံနှိပ်တိုက် “ မိသားစုမှ မိတ်ဆွေများအားလုံးအတွက် အစဉ်ထာဝရ ဆုမွန်ကောင်းများ ပို့သပေးလိုက်ပါတယ်နော်…🥰🕯️
🕯️မြတ်စွာဘုရားရှင်၏ တရားတော် အလင်းရောင်ကြောင့် မိတ်ဆွေတို့၏ ဘဝလမ်းကြောင်းတိုင်း အလင်းဆောင်နိုင်ပါစေ။
🕯️စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံပြီး စိတ်ဆင်းရဲစရာ အပေါင်းမှ ကင်းဝေးကြပါစေ။
🕯️ဓမ္မစကြာတရားတော်များ၊ ဝါဆိုသင်္ကန်းနဲ့ ကုသိုလ်တော် မှတ်တမ်းများ ရိုက်နှိပ်ပူဇော်ရင်း သဒ္ဓါတရားများ ပိုမိုတိုးပွားနိုင်ကြပါစေ။
🕯️ ကြံစည်သမျှ လုပ်ငန်းဆောင်တာတိုင်း မင်စာမပျက် ခိုင်မာစွာ အောင်မြင် ဖြစ်ထွန်းကြပါစေ။
🕯️ယနေ့ကျရောက်တဲ့ နေ့ထူးနေ့မြတ်မှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများကို အပြည့်အဝ ပွါးများအားထုတ်နိုင်ကြပါစေရှင်။🙏✨
#အောင်ပန်းဖြူပုံနှိပ်တိုက် #ဝါဆိုလပြည့်နေ့