Women & Small Business

Women & Small Business ဟေသာအဆီကျလက်ဖက်ခြောက်
အညာမြေရှားစောက်းလတ်ပတ်
ကရင်ပြည်နယ်ဒေသထွက်Coffee ပျားရည် လက်လီလက်ကားရသည်။

လူစိတ်ရှိတဲ့ယောက်ျားကိုယူရင်...အလုပ်မနားရတဲ့မိန်းမကို ပင်ပန်းနေပြီးလားအိပ်ရေးဝရဲ့လားအနားယူပါဆိုပြီးစာနာသိတတ်အစစအရာရာအတွက...
11/03/2025

လူစိတ်ရှိတဲ့ယောက်ျားကိုယူရင်...
အလုပ်မနားရတဲ့မိန်းမကို
ပင်ပန်းနေပြီးလား
အိပ်ရေးဝရဲ့လား
အနားယူပါဆိုပြီးစာနာသိတတ်အစစအရာရာအတွက်
ကျေးဇူးတင်ပါတယ်ပြောလိမ့်မယ်

လူစိတ်မရှိတဲ့ ယောက်ျားကိုယူရင်
ပင်ပန်းလဲသိမှာမဟုတ်
အိပ်ရေးမဝလဲသိမှာမဟုတ်
ပျော်လားမပျော်လားလဲသိမှာမဟုတ်
အဆင်ပြေလားမပြေလားလဲသိမှာမဟုတ်
ဘယ်လောက် ကောင်းအောင်နေနေ
သားသမီးအတွက်ဘာတွေကြိုးစားလုပ်ပေးလုပ်ပေး ဘာမှသိမှာမဟုတ်
ထစ်ခနဲရှိ သုံးမကျဘူးပဲ ပြောလိမ့်မယ်

ထို့ကြောင့် မိန်းကလေးတို့
လူစိတ်ရှိ စာနာတတ်တဲ့ ယောက်ျားကောင်းကို ရွေးယူကြပါ
လူတော်ကြီးပဲ ဖြစ်ဖို့မလိုပါဘူး
လူကောင်းဖြစ်ဖို့လဲ လိုပါတယ်
မပြည့်စုံတာက နားလည်မှုနဲ့ အတူတူကြိုးစားလို့ရပါတယ်
ပြည့်စုံအောင်ထားတာပဲဆိုပြီး သူ့သဘော
သူပြောတာအမှန် သူလုပ်ချင်တာလုပ်

တဖက်သားရဲ့နှလုံးသားကို နင်းချေရိုက်ချိုး
အကျဉ်းချဖြတ်စီးတာ
တဖက်လူ စိတ်ကိုတဖြည်းဖြည်းနဲ့သေစေနိုင်ပါတယ်

ဘာမှလဲ တိုးတက်လာမှာမဟုတ်ဘူး
ထစ်ခနဲရှိအကြောက်တရားတွေ
အပြစ်တင်ခံရခြင်းတွေနဲ့ စိုးရိမ်စိတ်တွေလွှမ်းမိုးအုပ်စိုင်းနေမှာ

မိန်းမဆိုတာ မွေးဖွားလာကတည်းက အရှက်တရားနဲ့
မွေးဖွားလာခဲ့ရတာပါ

သူ့ကို အရှက်ရစေမဲ့စကားတွေခဏခဏ ပြောဆိုခံခဲ့ရရင် သူ့ဘဝလဲ အမြဲအကြောက်တရားတွေ ဘာလုပ်လုပ်ငါအပြောခံရမလားစိတ်နဲ့
ရှေ့ကိုတက်နိုင်မှာမဟုတ်ဘူး
စိတ်ကိုသတ်ခြင်းက ဘဝကိုသတ်ခြင်းတမျိုးပါ

က်ိုယ်ကချစ်နေလို့လဲမပြီးဘူး
ကိုယ်ကိုချစ်ဖို့လဲလိုပါတယ်

ကိုယ်ကိုချစ်တဲ့သူက ကိုယ့်အားငယ်တတ်တဲ့စိတ် ရင်ထဲက နှလုံးသားကို
အသိဆုံးသူဖြစ်မှာပါ
မသိဘူးဆိုရင်တော့ သူက ကိုယ့်ကိုချစ်တာမဟုတ်ပဲအနိုင်ကျင့်ဖို့သတ်သတ်ပဲ ဖြစ်ပါလိမ့်မယ်

ဘဝကတိုပါတယ်
တိုတဲ့ဘဝမှာ ကိုယ့်အနားကလူက
ချိုမြိန်ဖို့ပဲလိုပါတယ်
ကိုယ့်စိတ်ကိုသေစေတဲ့သူကို ရှောင်ပါ
လေးစားစွာဖြင့်

အမျိုးသမီးတွေ ကိုယ်တိုင် ယှက်ထားတဲ့ ဂျပ်ခုတ် အထည်လေးတွေ.... အသင့်ရှိပါ..... #ရိုးရာnaturalproduct    #ဂျပ်ခုတ်အထည်094302...
10/03/2025

အမျိုးသမီးတွေ ကိုယ်တိုင် ယှက်ထားတဲ့ ဂျပ်ခုတ် အထည်လေးတွေ....
အသင့်ရှိပါ.....
#ရိုးရာnaturalproduct

#ဂျပ်ခုတ်အထည်
0943024420
တောင်ငူမြို့

ဂရုပြုပါ မိန်းမတယောက်က မင်းကို လမ်းခွဲစကား ပြောပြီဆိုရင်သူ့စိတ်ထဲမှာ မင်းကိုထားခဲ့တာ ကြာပြီဆိုတာ မင်းသိပါသလား....?သူတို့...
10/03/2025

ဂရုပြုပါ မိန်းမတယောက်က
မင်းကို လမ်းခွဲစကား ပြောပြီဆိုရင်
သူ့စိတ်ထဲမှာ မင်းကိုထားခဲ့တာ ကြာပြီဆိုတာ
မင်းသိပါသလား....?

သူတို့မှာ အဆင့်များစွာရှိသည်။

ပထမအဆင့်-
သူတို့က မင်းကို စကားပြောပြီး ရှင်းပြတယ်။
သူတို့ ဘာလိုအပ်လဲ ဆိုတာကိုပေါ့။
[ဒါပေမယ့် မင်း သူ့ကို ဂရုမစိုက်ဘူး]

အဲ့ဒီနောက် သူတို့ အဆင့် 2 သို့သွားပါတယ်။

အဲ့ဒီအဆင့်မှာ မင်းနဲ့ပတ်သ-တ်ပြီး ဘယ်​အရာက သူကိုဝမ်းနည်းစေတယ်။

ဘယ်အရာက သူကို ငိုကြွေးစေတယ် ဆိုတာ မင်းကိုပြောတယ်။
[ဒါပေမယ့် မင်း သူ့ကို ဂရုမစိုက်သေးပါဘူး]

နောက်တဆင့်တတ်ပြီ -
ဒီအဆင့်က မင်းအတွက် အဆိုးဆုံးအဆင့်ပါ။

အဲ့ဒီ အဆင့်မှာ အရာရာ မင်းလုပ်သမျှ သူမကို အနှောက်အယှက်ဖြစ် ကြောင်းပြသပါတယ်။
မင်းတို့နှစ်ယောက်လုံး တယောက်နဲ့တယောက် တိုက်ပွဲဝင်နေပုံ ဖြစ်လာပါပြီ။

တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်သလိုပါပဲ။
ဒါတောင်...
[ မင်း သူ့ကို ဂရုမစိုက်သေးပါဘူး... ]

နောက် အဆင့်ရောက်လာပါပြီ။
အဲ့ဒီ အဆင့်မှာ ယော/က်ျားများအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါပြီ။

မင်း လိုချင်တာကို ပြောလို့ရတယ်။
မင်းလုပ်ချင်တာ လုပ်လို့ရတယ်။
မင်းအလိုရှိရာကိုသွားလို့ရတယ်။
မင်းကို သူဘာမှမပြောတေ့ဘူး....
ပြောင်းလဲသွားပြီ။

အဲ့ဒီနောက် မင်းသူ ကိုပြောလိမ့်မယ်...
'' နင် ငါ့အ​ပေါ်ပြောင်းလဲသွားပြီ....''လို့။

ပြီးတော့ မင်းပြောသလိုပါပဲ။
သူမပြောင်းလဲသွားပြီ...
သူမ အလုပ်တွေကို အရင်ထက်ပိုကောင်းအောင် လုပ်လာပါတယ်။ မင်းနဲ့လည်းရ/န်မဖြစ်တော့ပါဘူး ။

သူမဟာ မင်းကို ဘာမှအနှောက်အယှက်မဖြစ်စေတော့ဘူး။

ဒီပြောင်းလဲမူတွေက မင်းတို့နှစ်ယောက် ဆက်ဆံရေး ကောင်းလာလိမ့်လိမ့်မယ်လို့ မင်းယုံကြည်ချိန်မှာ....

သူမရဲ့ အိတ်ဆောင်အိတ်ထဲ လိုအပ်တာတွေ ယူပြီး မင်းကို ထားခဲ့လိုက်ပါပြီ။

မင်းကတော့ စဥ်းစားနေမှာပါ။
'' ဘာဖြစ်သွားတာလဲ...? '' ပေါ့။

တကယ်တော့...
သူ့စိတ်ထဲမှာ မင်းကိုထားခဲ့တာ ကြာခဲ့ပါပြီ။crd.

ငါညံ့ရင်  ငါခံရမယ်သူများကို အပြစ်မတင်ဘူး ။ငါလဲရင် ငါထရမယ်တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။ငါပျင်းလို့ ငါဖျင်းတာကြိုးစားတဲ့သူက...
11/05/2024

ငါညံ့ရင် ငါခံရမယ်
သူများကို အပြစ်မတင်ဘူး ။

ငါလဲရင် ငါထရမယ်
တွဲထူမယ့်သူလဲ ငါမမျှော်ဘူး ။

ငါပျင်းလို့ ငါဖျင်းတာ
ကြိုးစားတဲ့သူကို မနာလိုမဖြစ်ဘူး ။

ငါမလေ့လာလို့ ငါမတက်တာ
သူများနှိမ်လဲ မနာဘူး ။

ငါ့လိုအပ်ချက် ငါဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လည်း ငါမမြင်ဘူး ။

ငါကောင်းအောင် ငါနေရမယ်
ငါမကောင်းတဲ့အခါ

အပေါင်းအသင်းကြောင့်လို့
ခေါင်းစဉ်မတတ်ဘူး ။

ငါ့အကြောင်း ငါသိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ် ။

Credit

😘
18/04/2024

😘

အမျိုးသမီးတို့ရေ .. ကမ္ဘာကြီးက ရွာငယ်လေး တစ်ခု ဖြစ်သွားတဲ့ ခေတ်ရောက်နေပါပြီ အချိန်တန်ရင် လင်ယူသားမွေး အမှုကို ပြုပြီး လက...
18/04/2024

အမျိုးသမီးတို့ရေ ..

ကမ္ဘာကြီးက ရွာငယ်လေး တစ်ခု ဖြစ်သွားတဲ့
ခေတ်ရောက်နေပါပြီ

အချိန်တန်ရင် လင်ယူသားမွေး အမှုကို ပြုပြီး
လကုန်ရက် ယောကျာ်း ပြန်အပ်မဲ့ လစာကို
မီးဖိုချောင်ထဲမှာ အချိန်ဖြုန်း စောင့်ရမဲ့ ခေတ်မဟုတ်တော့ပါဘူး

ငါဟာ လှလှလေးနေရင် ငါက ချစ်ဖို့ကောင်းရင်
လင်ကောင်း သားကောင်း ရမှာဘဲ
တကယ်ချစ်တဲ့ ယောကျာ်းနဲ့ တွေ့ရင် ငါ့တစ်ဘဝ လုံးဝ ရင့်ကျက်စရာမလိုဘဲ ကလေးဆန်ဆန် ဖြတ်သန်းလို့ရမယ်ဆိုတဲ့ ခပ်ညံ့ညံ့အတွေး မျိုး လုံးဝမတွေးပါနဲ့

အရည်ချင်းရှိတဲ့ ယောက်ျားလေးတွေဟာ
ထက်မြက်တဲ့ မိန်းကလေးကိုဘဲ လိုချင်တာပါ
အရမ်း လှတဲ့ မိန်းကလေးကို လိုချင်တာမဟုတ်ပါဘူး

ကိုယ့်ဘဝကို ပိုပြီးတောက်ပြောင်အောင်
အရောင်တင်ပေးနိုင်မယ့်သူ
ကိုယ်တိုင်ပင်လို့ရမဲ့သူ ကိုယ့်ကို စိတ်ရောလူပါ Support ပေးနိုင်တဲ့ မိန်းကလေးဘဲ လိုချင်တာပါ

ထက်မြက်တဲ့ မိန်းကလေးက ဘာလဲ
ပညာတတ်တာလား ရုပ်ချောတာလား
မဟုတ်ဘူး .

နယ်ပယ်တစ်ခု လူအသိုက်ဝန်းတစ်ခုမှာ
ကျွမ်းကျင်တာ လုပ်ရဲကိုင်ရဲ ရှိတာ
Gendar ခွဲခြား ခြင်းတွေကို နောက်ပို့ပစ်ပါ

အိမ်ထောင်တစ်ခုပြုတဲ့အခါ ကိုယ့်အမျိုးသားအပေါ်မှာ
ဘယ်လောက် Support ပေးနိုင်လဲ
သားသမီး ကို ဘယ်လောက်မြေတောင်မြောက်ပေးနိုင်လဲ
ဒါကို တွေးပါ

တစ်ယောက်တည်း Single life နဲ့နေတဲ့အခါ
ငါ့ဘဝ အတွက် ဘယ်လောက်ကြိုးစားပြီးပြီလဲ
ဘယ်လောက်စုမိပြီလဲ ငါဘယ်လောက် Strong ဖြစ်လဲ
တွေးပါ

ကမ္ဘာကြီးကို ထွက်ကြည့်လိုက်ပါ
နယ်ပယ် အသီးသီးမှာ အောင်မြင်နေကြတဲ့
အမျိုးသမီးတွေ အိမ်ထောင်ရှင်မတွေ မရေတွက်နိုင်အောင် အများကြီးပါဘဲ

ငါဟာ အိမ်ထောင်ကွဲဖူးတာလား
အပျိုစင် ဘဝကို ထိပါးခံခဲ့ရတာလား
အတန်းပညာ ဆုံးခန်းမတိုင်ခဲ့တာလား
ဒါတွေက မင်းရဲ့ တန်ဖိုးကို တိုင်းတာလို့မရဘူး

ကိုယ့်တန်ဖိုးကို ကိူယ်ကိုတိုင်မြင့်ရတာ
ဘယ်သူ့ပါးစပ်က စကားလုံးကမှ အရေးမပါဘူး
ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းကိုမီအောင် ကြိုးစားပါ

ရည်မှန်းချက် ကြီးကြီးထားပါ
လောကကြီးကို ရဲရဲကြီး ပျံသန်းပါ
ပိုက်ဆံရှာပါ စုပါ
သန်မာအောင်နေပါ Smart ကျပြီး ထက်မြက်တဲ့ အမျိုးသမီးအဖြစ်ရပ်တည်ပါ

လိုချင်တာ ရှိတိုင်း လင်ယောက်ျားကို ပူဆာစရာမလိုတဲ့
တစ်ခုခု ဝယ်ချင်တိုင်း ပိုက်ဆံအိတ်ကလေးကို ငုံ့ကြည့်ပြီး ချင့်ချိန်စရာ မလိုတော့တဲ့ အထိ ကြိုးစားပါ

အမျိုးသမီးတို့ရေ .

မင်းတို့ဟာ မင်းတိူ့ထင်ထားတာထက် ပိုသန်မာပါတယ်

Crd

အညာမြေ မှာ ထန်းလျက် ပါလို့ ဆီးချိုသမားတွေ အစားသင့်ဘူးလို့ထင်နေတုန်းဘဲလား.....ဆီးချိုသမားတွေ စားလို့ရကြောင်းReview ပေးလာသ...
05/03/2024

အညာမြေ မှာ ထန်းလျက် ပါလို့ ဆီးချိုသမားတွေ အစားသင့်ဘူးလို့ထင်နေတုန်းဘဲလား.....
ဆီးချိုသမားတွေ စားလို့ရကြောင်းReview ပေးလာသူတယောက်ပါ....
#မြို့ပေါင်း200ကျော်အိမ်ရောက်ငွေချေရပြီနော်

#တောင်ငူမြို့
#ကျန်းမာရေးတွက်အညာမြေရှားစောင်းလတ်ပတ်ချက်ဆေး

လူတွေဟာ ပိုက်ဆံရှိမှ အလုပ်လုပ်စားလို့ရမယ်ထင်နေတာ။ ကတိတည်ရင် အကုန်လုပ်လို့ရတယ်။ပိုက်ဆံရှိအောင် အရင်မလုပ်နဲ့....ကတိတည်ဖို့...
30/01/2024

လူတွေဟာ ပိုက်ဆံရှိမှ အလုပ်လုပ်စားလို့ရမယ်ထင်နေတာ။ ကတိတည်ရင် အကုန်လုပ်လို့ရတယ်။

ပိုက်ဆံရှိအောင် အရင်မလုပ်နဲ့....
ကတိတည်ဖို့သာ အရင်လုပ်...

တသက်လုံး ...အလုပ်တွေ လုပ်လို့ရအောင်

ကတိ ကတိ ကတိ ပဲလိုတယ်

မင်းကဘာလဲ . မင်း ဘယ်သူလဲဆိုတာထက်
မင်းမို့လို့ကို ..ပေးတာ
မင်းကိုယုံကြည်တာမို့ ပေးတာ
မင်းကတိတည်ပါ

ကတိတည်သူကို လူတွေကအရမ်း တန်ဖိုးထားတယ်
Crd

02/05/2023

စမ်းကြည့်ကြတာပေါ့ 😍😍

22/04/2023

သူအသံတိတ်ပြီဆိုတာနဲ့ လုပ်ချင်တာလုပ်ပြီး

အဆီကျဖို့အတွက် ဘာတွေအရေးကြီးလဲ ? 1. လေ့ကျင့်ခန်းလုပ်ပါ။Gym မသွားနိုင်ရင်တောင် အိမ်မှာ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ဒါမှမဟ...
06/04/2023

အဆီကျဖို့အတွက် ဘာတွေအရေးကြီးလဲ ?

1. လေ့ကျင့်ခန်းလုပ်ပါ။
Gym မသွားနိုင်ရင်တောင် အိမ်မှာ လေ့ကျင့်ခန်းလုပ်လို့ရပါတယ်။ ဒါမှမဟုတ် မိမိစိတ်ဝင်စားတဲ့ အားကစားလေ့ကျင့်ခန်းလုပ်ပါ။

2. မှန်ကန်တဲ့ အစားသောက်ရွေးချယ်မှူ။
တစ်နေ့တာ မှာ အသား၊ငါး၊အစီးရွက် မျှတစွာ စားသုံးပါ။

3. အိပ်ချိန်မှန်ပါစေ။ 😴
တစ်နေ့မှာ အိပ်ချိန် ၇နာရီ မှ ၈နာရီ ထိရှိသင့်ပါတယ်။

4. အသား၊ငါး ပိုစားပါ။
အသားပိုစားပြီး Carbohydrates လျော့စားတာမျိုးမလုပ်ပါနဲ့ ၊ နံပက်၂ မှာပြောသလို မျှတမှူရှိဖို့မမေ့ပါနဲ့။

5. တနေ့ ခြေလမ်း ၁သောင်းလျှောက်ပါ။
တနေ့တာ လှူပ်ရှားမှူ နဲ့ နေ့စဥ်ခြေလှမ်းများများရှိဖို့လိုပါတယ်။

6. Calories Deficit ဖြစ်အောင်ကြိုးစားပါ။
Calories In/Out အရေးကြီးတာမို့ နေ့စဥ်စားသောက်နေတာတွေ သေချာဂရုစိုက်လေ အဆီကျဖို့အထောက်ကူရလေပါပဲ။

7. commitment ရှိရပါမယ်။
ဝိတ်ချချင်တယ်၊ခန္ဒာကိုယ်ပြောင်းလဲချင်တယ် အဆီတော့ကျချင်တယ် စိတ်မရှည်ဘူး ဇွဲမကောင်းဘူးဆိုရင် အလကားပါပဲ။


Address

U Moe Lo Road
Taungoo

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+95943024420

Website

Alerts

Be the first to know and let us send you an email when Women & Small Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Women & Small Business:

Share